From:...ပရော်ဖက်ဆာဒေါက်တာကြွက်./*.
တကြိမ်မှာဆို တော်တော်လေး စိတ်အနှောက်အယှက်လဲဖြစ် ဒေါသလဲဖြစ်ခဲ့ရတယ်။
ONSOB ဥက္ကဌ ကိုသီဟရဲ့ သတင်းပါဘဲ။ ကျနော်က IDC သွားနေတော့ဘယ်သူတွေဘယ်နေ့လွတ်မယ်၊ ဘယ်သူတွေဆီက လွတ်လာတဲ့သူအတွက်ဘယ်လိုအကူအညီပေးရမယ်ဆိုပြီ အသိပေးပါတယ်။ IDC ကလွတ်တဲ့နေ့မှာရနောင်းကိုပို့ရင်ပြန်တက်လာရတာခက်တယ်။ ရနောင်း ကနေ
ကော့သောင်ဖက်ကမ်းကိုလှေနဲ့ပို့ရင်လဲထောက်လှမ်းရေးနဲ့တိုးမှာမှို့ထိုင်းပုလိပ်နဲ့ငွေပေးပြီး
စံခလဘူလီဘက်ကိုထွက်ကြတယ်။ စံခလဘူလီ ဘက်ကတော့ နေ့ခြင်းပြန်တက်လာလို့ရတယ်။
ကျနော် ကိုသီဟနဲ့မတွေ့ခဲ့ရဘူး၊ ဒါပေမဲ့သူထွက်မှာကတော့သေခြာနေပြီ၊ မတော်တဆ
သူကိုထောက်လှမ်ရေးကနေ ဖမ်းသွားခဲ့ရင် မီဒီယာကနေအော်ပေးဖို့နဲ့သူစိတ်ချရတဲ့နေုရာရောက်မှ ဒီသတင်းကိုထုတ်ဖို့ပါဘဲ။ကျနော်ဒီသတင်းကိုယူလာပြီ JRS မှာပေးပါတယ်။ သေသေခြာခြာလဲမှာခဲ့ပါတယ်
ကိုသီဟ လုံခြုံတဲ့နေရာရောက်မှ ဒီသတင်းကိုထုတ်ပါလို့။ နောက်နေ့ ကျနော်လဲJRS ရောက်ရော သတင်းစာကိုင်ပြီး သူပို့လိုက်တဲ့သတင်းပါလာတယ်ဆိုပြီးရှောက်ကြွားနေတဲ့ သတ္တ၀ါကိုတွေ့လိုက်ရတယ်။ အေးဗျာ--ကိုယဉ်ထွေးတို့ချက်ချင်းစုံစမ်းပေးမှ ကိုသီဟပြန်ရောက်နေတာ
သိရပြီးစိတ်အေးရတော့တယ်။ အပေါ်ယံရှပ်ကြည့်ရင်တော့သတင်းဦးလေးပို့ယုံဘဲထင်ရတာ တကယ်တော့သူ့နေရာမှာတခြားသူတွေမရှိရအောင်ရှင်းလိုက်တာပါ။ ကျနော်ကိုသီဟကို ဒီနေ့ထိ
မတောင်းပန်ရသေးဘူး၊ လိုင်းပေါ်ကနေ ဒီစာနဲ့ဘဲ တောင်းပန်လိုက်ပါတယ်။
JRS ခြံဝင်းရဲ့ ၀င်ဝင်ခြင်းညာဖက်အဆောက်အဦးဟာ ဧည့်ခန်းဖြစ်ပြီး၊ရုံးဝန်ထမ်းတွေထမင်စား ကော်ဖီသောက်ကြပါတယ်။ အပေါ်ထပ်ကိုတော့ မြန်မာကျောင်းသားတွေ ရုံးခန်းလုပ်ထားပါတယ်။
ပြင်ပကဧည့်သယ်တွေလာရင်အောက်ထပ်နေရာလေးမှာဘဲဧည့်ခံကြပါတယ်။ ABSDFကကျောင်းသူ မရီရီထွန်းငှက်ဖျားပိုး ဦဏှောက်ထဲဝင်ပြီးဆေးရုံမှာမဆုံးမီအထိ အပေါ်ထပ်အခန်းလေးထဲမှာ
နေသွားပါတယ်။ကျနော်မှာဦးဝင်းတင်ဆိုတဲ့ မိတ်ဆွေ တဦးရှိပါတယ်။ ဦးဝင်းတင်က ရနောင်းကမြန်မာတွေကို အရမ်းအကူအညီပေးတဲ သူဌေးချိုချိုင်းရဲ့လူယုံဖြစ်ပါတယ်။ IDCကနေလွှတ်လိုက်တဲ့ ကျောင်းသားတချို့ ဦးဝင်းတင် အကူအညီနဲ့သူဌေးချိုချိုင်းရဲ့ ငါးခြောက်ဂိုဒေါင်မှာ ခိုလှုံခဲ့ရဘူးပါတယ်။ တနေ့မိတ်ဆွေကြီးဦးဝင်းတင်က ပြောလာတယ်၊ သူစိတ်တိုနေပုံလဲရပါတယ်။ ( ကျနော်ဒီကောင်ကိုရိုက်မိတော့မယ်တဲ့) ဒါနဲ့အကြိုးအကြောင်းမေးကြည့်တော့၊
နယ်စပ်ကတက်လာတဲ့ ကျောင်းသားလေးတယောက် ရေတောင်းသောက်တယ်တဲ့
ရေသောက်ပြီးတော့ ခလေးကခွက်ကိုမဆေးဘဲချထားလိုက်တယ်၊အဲဒါကိုခွက်ကိုယူပြီးအဲဒိ ကျောင်းသားလေး ရှေ့မှာရေဆေးပြနေတာမပြီးတော့ဘူးဗျာတဲ့၊ ကြေကြေကွဲကွဲပြေရှာတယ်။ တကယ်တော့နယ်စပ်ကတက်လာတဲ့ ခလေးတွေကတော်တော်သနားစရာကောင်းပါတယ်။ အဟာရကလဲချို့တဲ့၊ငှက်ဖျားကလဲပါလာ၊ အ၀တ်အစားကလဲမတော်တရော်၊ တချို့ကတောလမ်းကအသက်စွန့်ပြီးတက်လာ၊အသားအရေကလဲညစ်ပေပေနဲ့ဆိုတော့၊တော်တော်လေးနှိမ့်ချခံကြရတယ်။မတူမတန်သလိုအမူအရာလုပ်ပြတာ၊ဖိုင်တွဲကြီးပိုက်ပြီးအလုပ်များနေတဲ့ပုံစံနဲ့ရုံးခန်းတွေကူးချည်သန်းချည်လုပ်ပြတာလဲခံကြရတယ်။
ကျနော်ကတော့ပုံမှန်ပါဘဲ။ နယ်စပ်သွားတယ်၊အချုပ်ခန်းတွေလဲပုံမှန်သွားကြည့်ဖြစ်ပါတယ်။
ဒီအတောအတွင်းမှာစိတ်အနှောက်အယှက်နဲ့ကြုံလာရပြန်တယ်။ IDC ကပြန်ရောက်ရင်IDC ထဲကနေ UNHCR ရုံးလေးမှာရှိတဲ့သူငယ်ချင်းတွေဆီပေးလိုက်တဲ့စာတွေ နဲ့IDCထဲကထူးတဲ့သတင်းတွေJRS မှာဝင်ပေးပါတယ်၊အဲဒိစာတွေကို ကိုယဉ်ထွေးကရုံးလေးပို့ပေးပါတယ်၊ ပြီးတော့ သူပြန်ပေးတဲ့
ရဲဖမ်းခံထားခံရတဲ့သူတွေရဲ့နာမည်စာရင်းနဲ IDCထဲမှာ လိုက်ရှာပေးရတယ်။ဒါပေမဲ့ (၂)ရက် (၃)ရက်လောက်ရှိနေပြီ JRS ရုံးခန်းတခါးပိတ်ပိတ်ထားတော့အမောဆို့ဆို့သွားတယ်။ ရုံးခန်းထဲမှာလူရှိနေတာ ကျနော်သိနေတယ်။ကိုယဉ်ထွေးကိုတော့ မှာခဲ့ပါတယ် နေ့ခင်းရုံးခန်းပိတ်မထားဖို့၊ဒါပေမဲ့လဲမထူးပါဘူး။ ဘာဖြစ်လို့ပိတ်ထားတာလဲပြောရရင်တော့။ JRSကိုဝင်ထွက်နေတဲ့ Canadian မတယောက်ရှိတယ်၊ သူ့နာမည်က Monique ပါ။ သူက
အမောင်တွေကို လာပြီး အီစီကလီ လုပ်နေတာ။ JRS မှာရွေးစရာတွေကများနေတော့သူလဲ အိုက်စကလင် လုပ်နေရတာပေါ့။ ဒါပေမဲ့ သူ့ကိုသတ်သတ်မှတ်မှတ်ထားပြီအသိအမှတ်ပြုပေးထားခံရတဲ့ သူတယောက်လဲရှိတယ်။ အဲဒိကျောင်းသားလေးကတော့ IDCမှာသွားအဖမ်းခံတဲ့အထဲပါသွားပြီး ဘယ်ရောက်နေမှန်းမသိရသေးဘူး။ ခုတောCanadian မလဲ ရွေးစရာလူမရှိတော့ဘဲ ရုံးခန်းတံခါးပိတ်ပြီး
စာသင်တဲ့အဆင့်ရောက်သွားတော့တာပါဘဲ။ SDC ထဲ ကကိုယ့်ရဲဘော်တယောက်ဘယ်လို
ခံစားရမလဲ။
ဒီလိုနေရင်းနဲ့ဘဲ ကျောင်းသားတွေကို SDC (Special Detention Centre)ပို့လိုက်တယ်လို့ကြားရပါတယ်။ IDC ထဲကကျောင်းသားအချို့ ကိုလဲ SDCပို့လိုက်လို့ SDC ထဲမှာကျောင်းသား၅၀လောက်ဖြစ်သွားတယ်။ သူတို့ထက်အရင်လေယာဉ်ပြန်ပေးဆွဲမှု့နဲ့ နှစ်ရှည်ထောင်ချခံထားရတဲ့ ရဲရင့်နဲ့ရဲသီဟဆိုတဲ့
ကျောင်းသား၂ယောက်လဲရှိသေးတယ်။ သတင်းတွေကတော့ မြန်မာပြည်ပြန်ပို့မယ်၊ကျောင်းသား camp အသစ်ဖွင့်ပြီးအရင်ဆုံးအသုတ်အနေနဲ့ထည့်မယ်၊တွေ့ခွင့်ပေးမယ်၊ စသည်ဖြင့်ပေါ့။ နောက်တော့တွေ့ခွင့်ရပြီဆိုတဲ့သတင်းကြားရလို့အရမ်းဝမ်းသာတယ်။ ခြေမကိုင်မိ လက်မကိုင်မိနဲ့
စိုးရိမ်ကြောက်လန့်နေတာကတော့ ဟိုသတ္တ၀ါလေးဘဲ၊အခွင့်ကောင်းကိုအမိအရဖမ်းပြီး တကိုယ်ရည် journalistတယောက်ဖြစ်ဖို့ကြိုးစားနေတာကလွဲလို့ ဘာမှမယ်မယ်ရရ မလုပ်ထားခဲ့တော့ SDC
ကိုထောင်ဝင်စာတွေ့လို့ရတဲ့အချိန် ဘာသတင်းစကားမှမပါးနှိုင်ခဲ့ဘူး။အထဲကသူတွေ စိတ်ဓါတ်မကျအောင် အပြင်မှာလဲအရမ်းကြိုးစားနေပါတယ်ကွာ ဆိုပြီးချွေးသိပ်ခဲ့ရတယ်။ တကယ်ပါလုပ်ရည်ကိုင်ရည် ရှိပြီးအပြင်မှာ ကျန်နေတဲ့ဘယ်ကျောင်းသားမှ JRS မှာလာပြီးဆွေးနွေးတာလဲမတွေ့ရသလိုကိုယ်တိုင်လဲသွားပြီးဆွေးနွေးတိုင်ပင်လာတာမကြားမိဘူး။ SDC
အထဲမှာလဲရက်တွေကြာလာတော ဦးဆောင်ခဲ့သူတွေလဲ အကွိုင်ခံနေရပြီ။
သတ္တ၀ါလေးကြည့်ရတာရဲဘော်ရဲဘက်တွေ လွတ်လာမှာ
အရမ်းစိုးရိမ်နေပုံရတယ်။သူဟာအခုရနေတဲ့အခင်းအကျင်းမျိုးမှာ သာယာနေပြီး ထိမ်းသိမ်းခံထားရသူတွေ
လွတ်လာရင် သူ့ကိုလွှဲခဲ့တဲ့လုပ်ပိုင်ခွင့်တွေကို ပြန်မအပ်နိုင်တော့ဘူး
(အာဏာရူးဖြစ်သွားတာပေါ့)။
SDC ကကျောင်းသားတွေလွတ်လာတော့မယ်ကြားရလို့ကျနော်တို့တတွေအားလုံး ၀မ်းသာနေတဲ့အချိန်
သူတော်တော်ခြောက်ခြားနေပြီဖြစ်တယ်။ ဒါနဲ့ဘဲ (၉)လနီးပါးမှာ SDCကကျောင်းသားတွေလွတ်လာတယ်၊ ကျနော်အမှန်အတိုင်းဘဲရှင်းပြလိုက်တယ်။သူတို့လဲတော်တော်ကြေကွဲနေပုံရပါတယ်။ အရာရာဟာ ပြောင်းလဲနေပြီးနွေးထွေးစွာကြိုဆိုမှုကို မရတဲ့အပြင်၊လက်တွဲခေါ်ယူဖို့ကိုကန့်ထားသလိုဖြစ်နေတယ်၊ ရဲဘော်ရဲဘက်တွေဟာသူနဲ့တစိမ်းတွေလိုရှိန်နေကြတယ်။ တနေ့မှာတော့ သူတို့အစည်းအဝေးတရပ်ခေါ်ပြီးခေါင်းဆောင်လုပ်မဲ့သူအသစ်ပြန်ရွေးတဲအခါ၊ အဲဒိသတ္တ၀ါရှုံးသွားပါတယ်၊
ဒါပေမဲ့နေရာဖယ်ပေးဖို့ဝေ့လည်ကြောင်ပတ်လုပ်နေပါတော့တယ်။
ထိုင်းအာဏာပိုင်တွေကို သတ္တိပြခဲ့တဲ့သူတွေဟာ လေးစား အသိအမှတ်ပြုခြင်းမခံရဘဲ လူသစ်ကလေးတွေလိုပြန်ဖြစ်နေတော့ မကျေနပ်မှု့တွေဟာ ထိမ်းချုပ်မရဘဲသူတို့ထဲက စကားနဲပြီး အအေးဆုံးကျောင်းသားလေးတယောက်က အုတ်ခဲနဲ့သတ္တ၀ါကိုထုလိုက်ပါတော့တယ်။ အုတ်ခဲလဲကျိုး သတ္တ၀ါလဲဆေးရုံပို့လိုက်ရတယ်။
ဆေးရုံကတော့ ဘန်ကောက်မြို့၊ ဗဟိုယိုထင် လမ်းမကြီးပေါ်မှာရှိတဲ့ ဖရထိုင်း ၂ဆေးရုံပါ။ ခေါင်းမှာလေးငါးချက်လောက်ချုပ်လိုက်ရပြီး၊ နှစ်ညလောက်ဆေးရုံတက်လိုက်ရပါတယ်။ အကြမ်းဖက်ခြင်းဟာ မှားယွင်းတဲ့လုပ်ရပ်ဆိုတာနားလည်ပါတယ်၊ အဲဒိကျောင်းသားငယ်မှားသွားတယ်၊ ဒါပေမဲ့အပြစ်ရှိပြီးတာဝန်ရှိတာ ကျနော်ဖြစ်ပါတယ်။ကျနော်ရဲ့ခံစားချက်ကိုဦးစားပေးတဲ့ စကားတွေကြောင့်
ဒေါသပေါက်ကွဲရတာသာဖြစ်တယ်။ ကျနော်ဆေးရုံကိုမသွားခဲ့ဘူး၊ဆေးရုံသွားကြည့်တဲ့သူတွေကတော ပြောပြတယ်၊ အဖြူတွေရှေ့မှာ “ပဲ”တွေအရမ်းများပြတယ်တဲ့။ ဆေးရုံကုတင်ပေါ်မှာတောင် သနားသွားအောင် lobbyလုပ်လိုက်သေးတယ်။ Alan ရဲ့ ဇနီး Dennies ကတော အရမ်းဝမ်းနည်းပြီး
စိတ်မကောင်းတော်တော်ဖြစ်ရှာတယ်၊ Dennies ကစိတ်ထားသိပ်ပြီးနူးညံ့တယ်၊
ဘာအကူအညီသွားတောင်းတောင်း မရရအောင်ကြိုးစားပြီးချက်ချင်းတုံ့ပြန်တယ်၊သူ့ကို စိတ်မကောင်းစရာသတင်းသွားပြောမိရင် သူကပိုပြီးထိခိုက်လွယ်တယ်။Dennies မသိလိုက်တာကတော သူ့နောက်ကွယ်မှာ ဒီသတ္တ၀ါက ( ဒီကောင်မလေး အရမ်းကိုနန့်တယ်) လို့ပြောခဲ့တာပါဘဲ။ Dennies က သူ့အမေအရွယ်လောက်ရှိပါတယ်။ ဒါနဲ့ကျနော်လဲမှာမပျော်တော့တာနဲ့ JRSက အလုပ်ထွက်လိုက်ပါတယ်။
နောက်တော့ BIG ကနေ ဧရာဝတီသတင်းဌာန ဆိုပြီး ပြောင်းသွားတယ် ကြားတယ်၊
ကျနော် ဧရာဝတီသတင်းကိုမဖတ်ပါဘူး။ ပုဂ္ဂိုလ်ရေးအရ ရွံလွန်းလို့ပါ၊ ဒါပေမဲ့links တွေကနေ ရောက်သွားတော့လည်း ကျနော့်ညီငယ်လေးတွေ(ရဲနည်၊ ကိုသက်)ဧရာဝတီမှာ လုပ်နေတာဘဲလေဆိုပြီးဖြေပါတယ်။ ဗိုလ်ချုပ်အောင်ဆန်း၊ဒေါ်အောင်ဆန်းစုကြည်တို့ကို စော်ကားပြီး အင်တာနက်ဟက်လုပ်ခံရတယ်ပြောတာလဲကြားပါတယ်။ကိုကျော်သန်းတယောက်နပိုလီယံဆိုပြီးရေးလိုက်တာတွေ့တယ်။ နပိုလီယံ နဲ့နှိုင်းရင်တော့နောက်ကွယ်မှာဟားတိုက်တာခံရတာမြင်မိတယ်။ သူ့ဗီဇက သူဆွလိုက်လို့သူများဒေါသထွက်သွားရင် ဟားတိုက်တတ်တဲ့ မညှိုးလုံးဗျ။မန္တလေး မှာ ကိုထွန်းအောင်ကျော်ရဲ့ ညီမ မသင်းသင်းနဲ. မချောအိဖြူတို့ကိုချိုးလိုက်တဲ့ အချိုးမျိုးတွေ JRS မှာ
နယ်စပ်ကလာတဲ့ကျောင်းသားတွေအပေါ်ဆက်ဆံခဲ့တာ ပြန်မြင်မိတယ်။မြောက်ပိုင်းကိစ္စ သူကအစောဆုံး ၁၉၉၆ ကစခဲ့တာပါတဲ့၊ ဟုတ်ပါတယ်။ အဲဒိအချိန်က
အတိုက်အခံတွေဘက်မှာဒီသတင်းကိုမပျံ့စေခြင်သေးဘူး၊ အတိုက်အခံ
အင်အားလျော့သွားမှာစိုးတယ်၊ တချို့လည်းမြောက်ပိုင်းမှာတကယ်ဘဲ
သူလျှိုဝင်ခဲ့တယ်ထင်ကြသလို၊ လွတ်မြောက်လာသူတွေကိုယ်တိုင်က
သူတို့လေးစားဂုဏ်ယူခဲ့တဲ့ ABSDF ရဲ့ဂုဏ်သိက္ခာကိုငဲ့ညှာပြီး ခုလို
ဖွင့်ဟမပြောကြသေးဘဲ ကာလတခုကိုစောင့်ဆိုင်းနေတဲ့အချိန်မှာ
သတင်းဦးအနေနဲ့သတင်းဌာန နာမည်ရဖို့အတွက် အတိုက်အခံ အချင်းချင်းနှိပ်ကွတ်
လိုက်တာပါ။ မြောက်ပိုင်းကလွတ်မြောက်လာတဲ့ကျောင်သားတွေရဲ့
သဘောထားကြီးမှုနဲ့ သည်းခံ စိတ်ရှည်မှုကလဲအံသြစရာပါဘဲ။ နောက်တကြောင်းက NGO
လောကထဲက Donor ငွေတွေရှယ်ပြီးယူနေ ရတဲ့သူတယောက်(ကိုနိုင်အောင်)
ကိုရှင်းလိုက်ရင် သူ့ဆီငွေတွေ ပိုပြီးစီးဆင်းလာဖို့အတွက်ပါ။
မြောက်ပိုင်းကကျောင်သားတွေကို ကရုဏာသက်လို့တော့ဖြစ်ဟန်မတူပါဘူး
မရိုးနိုင်တဲ့ ဟင်္သာကိုးသောင်းဇာတ် ခင်းလိုက်တာပါဘဲ။ လက်ရှိအခြေအနေမှာတော့
တခြားသတင်းထောက်တွေလဲရေးနေကြတာမှို့ သတင်းဦးမဟုတ်တော့တဲ့အတွက်
မြောက်ပိုင်းကိစ္စကသေးသေးလေးဖြစ်သွားတာပေါ့။
(၈၈) အရေးအခင်း ကထွက်လာခဲ့တဲ့ကျောင်းသားတွေဟာ အနာဂါတ်တွေ
ပျောက်မှာစိုးရိမ်လို့တတိယနိုင်ငံတွေထွက်ပြီး ပညာလဲသင်နိုင်ငံရေးလဲလုပ်ဖို့ကြိုးစားကြတယ်။ တကယ်တန်းမှာတော့ကျောင်းသားအချို့လောက်သာအဆင့်မြင့်တက္ကသိုလ်တွေမှာ
အစိုးရချေးငွေနဲ့ပညာသင်ကြားနိုင်ခဲ့ကြတယ်။ တော်တော်များများကလုပ်ငန်းခွင်ထဲဝင်၊ အိမ်ထောင်တွေကျဖြစ်ကုန်ပြီး၊ နေ့ကြီးရက်ကြီးတွေမှာဆန္ဒပြတာထက် သိပ်ပိုပြီးတိုးမပေါက်ခဲ့ပါဘူး။ဘာသာစကားအခက်အခဲကလဲအကြီးမားဆုံးပြဿနာတရပ်ပါဘဲ။ လုပ်ငန်းခွင်ထဲမှာစကားပြောသင်နေလို့ရတာမှမဟုတ်တာဘဲ၊ ကိုယ်အသိုင်းအ၀ိုင်းမှာကြတော့လဲ
ဗမာလိုဘဲပြောကြဆိုကြနဲ့မှို့ အင်္ဂလိပ်စကားကို အလုပ်ဖြစ်လောက်အောင်ဘဲပြောတတ်ကြတယ်ဆိုတော့ မြန်မာ့အရေးလုပ်တော့မယ်ဆိုရင်နိုင်ငံခြားသားတွေဆီမှာ အကူအညီသွားပြီးတောင်းကြရတယ်။ ချင်းမိုင်
ဂွင်ကျတော့ ပြောင်းပြန်ပါ၊ မြန်မာ့အရေးစိတ်ဝင်စားတဲ့ နိုင်ငံခြားသားတွေ၊နိုင်ငံတကာက ကျောင်းသားတွေ ဟာ စာတမ်းပြုစုတာဘဲဖြစ်ဖြစ်သူတို့နိုင်ငံမှာပြန်တင်ပြဖို့ဘဲဖြစ်ဖြစ် မြန်မာတွေဆီမှာ
သိချင်တာလေးတွေလာမေးရတယ်။ ကျောင်းဆင်းလေးတွေ၊ ဂျာနယ်လစ်အသစ်လေးတွေ၊
လူ့အခွင့်အရေးလှုပ်ရှားသူတွေဟာ၊ တလေးတစားနဲလာပြီး သူတိုသိချင်တာလေးတွေ
မြန်မာတွေဆီ တလေးတစားလာ မေးရတဲ့အဆင့်ပါ။ စာအရေးအသားလက်သွေးပြီး
ကူညီချင်သူတွေရှိသလို အင်္ဂလိပ်စကားပြောကြတဲ့အကြောင်းအရာတွေကလဲ
လူအခွင့်အရေး၊ မြန်မာ့ဒီမိုကရေစီအရေး နှဲ့ပတ်သက်တဲ့ အကြောင်းအရာတွေမှို့
စကားပြောရာမှာလဲတိုးတက်ပါတယ်။ Donor တွေဆီက project တင်လို့
ရထားတဲ့ငွေတွေ အသုံးပြုပေးဖို့လာတဲ့ NGO တွေက လုပ်ပေးကိုင်ပေးမဲ့သူ
လာရှာရတာမှို့ ကိုယ်ကအလိုက်သင့်လေး ဆွဲစားယုံပါဘဲ။ NGO တွေဆီမှာ project
တင်နည်းတောင် သင်တန်းပေးပါသေးတယ်။
ပြည်ပက မီဒီယာသမားတွေကတော့ အဲဒိချွေး၊ သွေးတွေနဲ
ပေးဆပ်ထားတဲ့ သတင်းတွေကို ရင်းပြီး နိုင်ငံတကာက အလှူရှင်တွေဆီက
အလှူငွေတွေနဲ့ နှစ်၂၀လောက် လေအေးစက်ပါတဲ့ရုံးခန်း၊ ကိုယ်ပိုင်ကား၊
အသုံးအဆောင်အပြည့်နဲ့ အီဆိမ့်နေအောင်နေခဲ့ကြတယ်။ မြန်မာပြည်ထဲမှာ
မီဒီယာနဲ့ဆက်သွယ်လို့ အဖမ်းခံသွားရပြန်တော့ သူ့လူပါဆိုပြီး
အလှူရှင်တွေဆီအသုံးစရိတ်ပြလို့ကောင်းသွားပြန်ရော။ ခုတော့ အလှူရှင်တွေက
ပြည်ပမှာထက် ပြည်တွင်းကိုစိတ်ဝင်စားလာတယ်၊ သတင်းဌာနတွေထက် လူမှု့ရေး၊
ပညာရေးနဲ့၊ လူငယ်တွေပြုစုပျိုးထောင်ရေးတွေမှာ စိတ်ဝင်စားလာတော့၊
သတင်းဌာနတွေလဲ ၀မ်းရေးအတွက် သူများထက်ဦးအောင်
မြန်မာပြည်ထဲပြေးဝင်ကြရတော့တယ်။ မြန်မာပြည်ကိုချစ်လို့ပြန်လာတာမဟုတ်ပါဘူး
ဂွင်ပျောက်ကုန်လို့ပါ။ ဒီသတ္တ၀ါတကောင်က အခု NLD လဲဝင်ထွက်နေတာမှို့
ကောက်ကျစ်တဲ့ ကောင်ကိုသတိထားဖို့ ဒီစာကိုရေးလိုက်တာပါ။ ဒီကောင့်မှာ
သူ့သတင်းဦးဖို့ကလွဲရင် ဘာ stance မှမရှိပါဘူး။ ခြေလှမ်းတိုင်းဟာ
အကွက်ချထားပြီး သူ့ရဲ့စားခွက်ကို လုမဲ့သူကိုအခွင့်သာရင် နှိပ်ကွတ်ဖို့
အမြဲတန်း အကောက်ကြံနေတတ်တယ်။ ဂျာနယ်လစ် အသစ်လေးတွေကိုလဲမှာပါရစေ၊
တန်ရာတန်ကြေးရမှအလုပ်လုပ်ပါ။ တန်ရာတန်ကြေးဆိုတာ ငွေကြေးထက်၊ လေးစား၊
အသိအမှတ်ပြုခြင်းခံရမှုကိုဆိုလိုတာပါ၊
Press conference တွေမှာထပ်တွေ့ရင်မေးကြည့်ပါ၊ ဘန်ကောက်က ကျောင်းသား
၃၈ယောက် အရေးမှာ ဘယ်အခန်းကဏ္ဍက ပါဝင်ခဲ့ပါသလဲ၊ ဘယ်မျှလောက်
တာဝန်ကျေခဲ့ပါသလဲ။ အဲဒိသတ္တ၀ါ မျက်နှာမှာ
မရှိတဲ့သွေးတောင်ပျောက်သွားအုံးမယ်။
.(မောင်ကျောက်ခဲ အဖွဲ့)
________________________________________________________________
0 ယောက် ဆွေးနွေးခဲ့တယ်:
Post a Comment
မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။