Dec 2, 2013
မိုးဇေငြိမ်း ဘယ်သူလဲ
ရေးသားသူအဖွဲ့  =
မောင်ကျောက်ခဲ
အချိန်=
4:36 PM
8
ယောက် ဆွေးနွေးခဲ့တယ်
ဆိုင်ရာကဏ္ဍ = ပန်ကြားပါရစေ, ပေးစာကဏ္ဍ
Nov 25, 2013
ခွေးချင်းကိုက်သော် မိမိခွေးသာ နိုင်စေချင်
![]() |
မိုးဟိန်း ဘက်ကနေလား
(မောင်ကျောက်ခဲ )
photo credit_အင်တာနက်သတင်းများ
ရေးသားသူအဖွဲ့  =
မောင်ကျောက်ခဲ
အချိန်=
4:54 PM
2
ယောက် ဆွေးနွေးခဲ့တယ်
ဆိုင်ရာကဏ္ဍ = ပန်ကြားပါရစေ
Nov 11, 2013
“သူရိယအလင်းဂျာနယ်က ပြဿနာအိုး ကိုမိုးဟိန်း”
:Fwd Email
ရေးသားသူအဖွဲ့  =
မောင်ကျောက်ခဲ
အချိန်=
10:57 AM
0
ယောက် ဆွေးနွေးခဲ့တယ်
ဆိုင်ရာကဏ္ဍ = ပန်ကြားပါရစေ, ပေးစာကဏ္ဍ
Nov 9, 2013
လှိုင်သာယာမြို့နယ်ထဲမှာ ၈၈ အဖွဲ့ လူမိုက်ဂိုဏ်းထောင်နေပြီ
ရေးသားသူအဖွဲ့  =
မောင်ကျောက်ခဲ
အချိန်=
12:57 PM
1 ယောက် ဆွေးနွေးခဲ့တယ်
ဆိုင်ရာကဏ္ဍ = ပန်ကြားပါရစေ
Oct 27, 2013
နီလာဒံပေါက်အခွန်ရှောင်မှု
(မောင်ကျောက်ခဲ အဖွဲ့)
ရေးသားသူအဖွဲ့  =
မောင်ကျောက်ခဲ
အချိန်=
2:00 PM
5
ယောက် ဆွေးနွေးခဲ့တယ်
ဆိုင်ရာကဏ္ဍ = ပန်ကြားပါရစေ, ပေးစာကဏ္ဍ
နာမည်ကျော် Mother Land ဘာလဲ ဘယ်လဲ
ရေးသားသူအဖွဲ့  =
မောင်ကျောက်ခဲ
အချိန်=
1:56 PM
0
ယောက် ဆွေးနွေးခဲ့တယ်
ဆိုင်ရာကဏ္ဍ = ပန်ကြားပါရစေ, သတင်း, ပေးစာကဏ္ဍ
Oct 14, 2013
ဒေါင်းအလံကို ပြန်ပေး
freedom from asshole အတွက် မဟုတ်ဘူး။
တိုဘိုးဘေးတွေ ရဲ့ ဒေါင်းသိုက်တွေကအဲဒါကို မမေ့ဘူး။
အဲဒါမင်းမေလင် အလံမဟုတ်ဘူး
အဲဒါမင်းမေလင် အလံမဟုတ်ဘူး
အဲဒါမင်းမေလင် အလံမဟုတ်ဘူး
တို.ဒေါင်းက ဒေါင်းစိမ်း
တို.ဒေါင်းက ဒေါင်းစိမ်း
တံခွန်တွေပေါ်မှာလည်း နေတယ်။
နေမင်းပေါ်မှာလည်း နေတယ်.။
လွတ်လပ်မူပေါ်လည်း နေတယ်။
မင်းမမေ့နဲ့ ဘိုးဘေး သမိုင်းကို ပြန်ကြည်ဦး။
ဘိုးဘေး တွေနာကျင်မူ ကို ခံစားကြည်ဦး။
From:[_ Rango Black _]
(မောင်ကျောက်ခဲ အဖွဲ့)
ရေးသားသူအဖွဲ့  =
မောင်ကျောက်ခဲ
အချိန်=
3:11 PM
0
ယောက် ဆွေးနွေးခဲ့တယ်
ဆိုင်ရာကဏ္ဍ = ပန်ကြားပါရစေ
အခမဲ့ဆေးခန်းကိုသာရောက်အောင်လာခဲ့ပါ
(မောင်ကျောက်ခဲ အဖွဲ့)
ရေးသားသူအဖွဲ့  =
မောင်ကျောက်ခဲ
အချိန်=
2:51 PM
0
ယောက် ဆွေးနွေးခဲ့တယ်
ဆိုင်ရာကဏ္ဍ = ပန်ကြားပါရစေ
NLD ဟာ အာဏာရှင်လက်သစ်
(မောင်ကျောက်ခဲ အဖွဲ့)
ရေးသားသူအဖွဲ့  =
မောင်ကျောက်ခဲ
အချိန်=
1:07 PM
0
ယောက် ဆွေးနွေးခဲ့တယ်
ဆိုင်ရာကဏ္ဍ = ပန်ကြားပါရစေ
Sep 3, 2013
၈၈ မှ ပေါက်ဖွားလာသည့် မျိုးဆက်များသည် တိုင်းပြည်၏ အနာဂတ်ကို ထုဆစ်နိုင်စွမ်းရှိဟု ဘင်္ဂလီအရေးတတ်ကြွသူ မြအေး မှပြောကြား
ရေးသားသူအဖွဲ့  =
မောင်ကျောက်ခဲ
အချိန်=
2:18 PM
2
ယောက် ဆွေးနွေးခဲ့တယ်
ဆိုင်ရာကဏ္ဍ = ပန်ကြားပါရစေ
Aug 28, 2013
မစ္စတာ နမ်ဘီးယား ထံသို့ ရှမ်းလူမျိုးစုယဉ်ကျေးမှုကော်မတီမှ KIA ၏ အဖျက်လုပ်ငန်းကျူလွန်ခဲ့မှုများအား လာရောက်တွေ့ဆုံတင်ပြ ၊ ဒါတွေ သူလုံးဝမသိရှိသေးဟုဆိုကာ မစ္စတာနမ်ဘီးယား အံသြတကြီးဖြစ်ခဲ့ ၊
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်ရှိ Plum & Spring Resoot
ဟိုတယ်၌ ကမ္ဘာ့ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Mr.Vijay
Naveiya နှင့် ရှမ်းမျိုးနွယ်စုယဉ်ကျေးမှု ကော်မတီအဖွဲ့ ၀င်များနှင့် သြဂုတ်
၂၇ ရက်နေ့ ညနေ ၅ နာရီခွဲမှ ၆ နာရီ ၅၅ မိနစ်ထိ တွေ့ဆုံခဲ့ကြောင်း
သိရှိရသည်။
ထိုသို့တွေ့ဆုံရာတွင် ရှမ်းမျိုးစုယဉ်ကျေးမှုကော်မတီဝင် ဦးစိုင်းထိန်လင်းမှ Mr.Vijay Naveiya ထံ ကေအိုင်အေ အကြမ်းဖက်သောင်းကျန်းသူများသည် ကချင်ပြည်နယ်အတွင်းရှိ လမ်း/ တံတား အစင်းပေါင်း ၂၀၀ ကျော်အား မိုင်းခွဲဖျက်ဆီးခဲ့ကြောင်းနှင့် ရထားလမ်းဖောက်ခွဲဖျက်ဆီးမှု အခြေအနေများအား တင်ပြခဲ့ကြောင်း သိရသည်။
Mr.Vijay Naveiya က အဆိုပါ လုပ်ရပ်များအား လုံးဝမသိရှိခဲ့ပါကြောင်း ၊
ယခုလိုတင်ပြမှသာသိရှိရခြင်း ဖြစ်ကြောင်း ပြန်လည်ပြောကြားသွားခဲ့သည်ဟု
သိရှိရသည်။
ဦးစိုင်းထိန်လင်းမှ ဒုက္ခသည်စခန်းများတွင် ကချင်လူမျိုးရွှေ့ပြောင်းမိသားစု များသာ အများစုနေထိုင်ကြပြီး၊ ကူညီထောက်ပံ့မှုများကို ရယူလက်ခံရန် ရှက်ရွံ့ကြသည့်အတွက် ရှမ်းလူမျိုးရွှေ့ပြောင်းမိသားစု များသည် ရပ်ဆွေ/ ရပ်မျိုးများ၏
နေအိမ်များနှင့် ရှမ်းဘုန်းတော်ကြီးကျောင်းများတွင်သာ နေထိုင်ကြကြောင်း
ဆက်လက်တင်ပြခဲ့ရာ Mr.Vijay Naveiya က ၎င်းအနေဖြင့် လေ့လာမှုအားနည်းခြင်းကြောင့်
ယူခုကိစ္စရပ်များ အား ပြန်လည်တင်ပြမှသာ သိရှိရ၍
ပြန်လည်တောင်းပန်သွားခဲ့ကြောင်း သိရှိရသည်။
ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့ (ကချင်ပြည်နယ်) မှ Mr.Vijay Naveiya ထံသို့
သြဂုတ် ၂၇ ရက်နေ့ ရက်စွဲဖြင့် ကချင်ပြည်နယ်အတွင်းရှိ
ရှမ်းတိုင်းရင်းသားများ၏ သဘောထားအမြင်အားတင်ပြခဲ့ကြောင်း ၊
ယင်းသဘောထား အမြင်တွင် KIA အဖွဲ့၏ အဖျက်လုပ်ငန်း ပြုလုပ်နေမှုများ
ကချင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် စစ်ပွဲများနှင့် ပတ်သက်၍
ရှမ်းလူမျိုးများသည် ငြိမ်းချမ်းရေးကို ပို၍ လိုချင်သူများဖြစ် ကြောင်း၊
KIO/ KIA တို့သည်
ကချင်ပြည်နယ်ရှိ တိုင်းရင်းသားလူမျိုးများအားလုံးကို ကိုယ်စားမပြုနိုင်ဘဲ
ကချင် လူမျိုးများသီးသန့် လွတ်မြောက်ရေးအတွက်သာ ကြိုးပမ်းနေခြင်းဖြစ်သည်ကို
၎င်းတို့၏ ထုတ်ပြန်ကြေငြာချက် များက သက်သေခံလျက်ရှိကြောင်း
ရေးသားဖော်ပြထားသည်ဟု ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့ (ကချင်ပြည်နယ်) မှ
တာဝန်ရှိသူတစ်ဦး၏ ပြောပြချက်အရ သိရှိရပါသည်။
စိုင်းလှမြင့်
From:[_ Shan News _]
(မောင်ကျောက်ခဲ အဖွဲ့)
ရေးသားသူအဖွဲ့  =
မောင်ကျောက်ခဲ
အချိန်=
3:55 PM
0
ယောက် ဆွေးနွေးခဲ့တယ်
ဆိုင်ရာကဏ္ဍ = ပန်ကြားပါရစေ, သတင်း
Aug 22, 2013
မြိတ်မြို့သို့ ၀င်ရောက်လာနေသော ဖောက်ခွဲရေးသမား သုံးဦး၏ပုံ
သက်ဆိုင်ရာမှ ထုတ်ပြန်သည့် ဖောက်ခွဲရေးသမား သုံးဦးမှာ
- မာမက် (ခ) သိန်းအောင်၊
- အာဇတ်
- ယူနွတ် တို့ဖြစ်ပါသည် ။
အာဇတ်မှာ အင်ဒိုနီးရှားတွင် နေထိုင်ကာ နိုင်ငံသား စိစစ်ဆဲဖြစ်ကြောင်းနှင့်
ယူနွတ် (ခ) လှမြင့်မှာ ရခိုင်ပြည်နယ် ဇာတိဖြစ်ကာ ယခုထိုင်းနိုင်ငံသား ခံယူထားကြောင်း သိရပြီး ၎င်းတို့ သုံးဦးစလုံးမှာ မြန်မာစကားကို ကောင်းမွန်စွာ ပြောဆိုနိုင်ကြောင်းလည်း သိရသည်။
(မောင်ကျောက်ခဲ အဖွဲ့)
ရေးသားသူအဖွဲ့  =
မောင်ကျောက်ခဲ
အချိန်=
1:30 PM
0
ယောက် ဆွေးနွေးခဲ့တယ်
ဆိုင်ရာကဏ္ဍ = ပန်ကြားပါရစေ
Aug 20, 2013
အာဏာရှင် ဒီမိုကရေစီ စနစ်များ ဖြစ်နေပြီလား
လှိုင်သာယာမှာ စနေနေ့ က nld ပါတီမှာ တိုင်းစည်းကမ်းထိန်းသိမ်းရေးမှူးက"၉၆၉ကို မထောက်ခံဘူး ဘုရားဟောမပါဘူး"ပြောသွားတယ်တဲ့ အကြောင်းနဲ့ စပ်လျဉ်းပြီးတော့ပဲ ပြောသွားမှာပါ။
သာသနာ့အလံကို ဘုရားဟောသွားပါသလား..???
ခင်ဗျားတို့ က ပြောမယ် ကုလားလဲလူ ဗမာလဲလူ လူလူချင်းအတူတူမှန်တယ်ပဲထားဦး။ ယေဘုယျ ပြောမယ်ဗျာ အခြား ဘာသာရေးတွေ ရက်စက် ယုတ်မာတာတွေ ထားဦး လူလူချင်းအတူတူ ကိုယ့်အမျိုးကိုတော့ ဦးစားပေးရမယ်လို့ ထင်ပါတယ်။ ခင်ဗျားတို့ အိမ်မှာတော့ မိသားစုဝင်နဲ့ ဧည့်သည် ဘယ်သူ့ ကို ဦးစားပေးမလဲ။ ဧည့်သည် ကောင်းသည် ဖြစ်စေ ဆိုးသည်ဖြစ်စေ ကိုယ့်မိသားစုဝင်ကိုပဲ ဦးစားပေးတာသည် အမျိုးချစ်တဲ့စိတ်လေ။ အဲသလို မလုပ်ဘဲ ဧည့်သည်ကို ဦးစားပေးနေရင်တော့ ဘယ် မိသားစုဝင်ကမှ လက်ခံမှာမဟုတ်ပါဘူး။
ဒီသဘာလေးကို သိဖို့ တော့လိုပါတယ်။ ဒါကိုမှ ဇွတ်အတင်း လုပ်နေရင်တော့ အာဏာရှင် စနစ်အသွင် ဖြစ်သွားပါလိမ့်မယ်။ပြည်သူလူထုဆီက အတင်းအကျပ်မဲဆန္ဒရယူ၍ ကိုယ်စားလှယ် တင်မြှောက်ခြင်းက ဒီမိုကရေစီ သဘောတရားနှင့် ဖြောင့်ဖြောင့် ဆန့် ကျင်၍ အာဏာရှင် အုပ်ချုပ်ရေး စက်ကွင်းသို့  နိုင်ထက်စီးနင်း သွတ်သွင်းရာ ရောက်ကြောင်းကို သိထားဖို့ လိုပါတယ်။ ဒီတော့ဗျာ
From:[_ သခင် ခက်ထန် _]
(မောင်ကျောက်ခဲ အဖွဲ့)
ရေးသားသူအဖွဲ့  =
မောင်ကျောက်ခဲ
အချိန်=
11:59 AM
0
ယောက် ဆွေးနွေးခဲ့တယ်
ဆိုင်ရာကဏ္ဍ = ပန်ကြားပါရစေ
ဦးတင်အောင်မြင့်ဦး - သီဟသူရ ဘွဲ့ ရရှိခဲ့တဲ့ နာမည်ကျော် မိုင်းယန်းတိုက်ပွဲအကြောင်းကို ဗကပ ဦးအောင်ကျော်ဇော ထုတ်ဖော်ပြောကြားချက်
ဗမာပြည်ကွန်မြူနစ်ပါတီအနေနဲ့ ရှစ်လေးလုံးအရေးအခင်းနဲ့ ပတ်သတ်ပြီး တာဝန်ကြီးစွာ ရှိပါတယ်၊ အခုထက်ထိ ပေးဆပ်စရာ အကြွေးကျန်ရှိပါသေးတယ်လို့ ဦးအောင်ကျော်ဇော (ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇောရဲ့သား) က ထုတ်ဖော်ပြောကြားလိုက်ပါတယ်။၁၉၈၈ ခုနှစ် ကာလတုန်းဆီက ၊ဦးအောင်ကျော်ဇောဟာ အင်အားကြီးမားတဲ့ လက်နက်ကိုင်အဖွဲ့ ဗကပရဲ့ အရှေ့မြောက်စစ်ဦးစီးဌာန အကြီးအကဲဖြစ်ခဲ့သူပါ။
၁၉၈၈ခုနှစ်၊ စက်တင်ဘာလအတွင်း ရှမ်းပြည်နယ်၊မိုင်းယန်းမြို့မှာ အစိုးရနဲ့ ဗကပ နှစ်ဖက်တပ်ဖွဲ့တွေကြား နာမည်ကျော် မိုင်းယန်းတိုက်ပွဲကြီး ဖြစ်ပေါ်ခဲ့ပါတယ်။ အဲဒီ့တိုက်ပွဲကို ရေးဆွဲစီစဉ်ခဲ့သူဟာ သူဖြစ်ကြောင်း ဦးအောင်ကျော်ဇောက ထုတ်ဖော်ပြောလာပြီး အဲဒီ့မိုင်းယန်းတိုက်ပွဲရဲ့ ရည်ရွယ်ချက်ဟာ ပြည်မဒေသက ၁၉၈၈အရေးအခင်းကို အထောက်အကူပြုဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။ မိုင်းယန်းတိုက်ပွဲမှာသာ ဗကပ အနိုင်ရရှိခဲ့ရင် အဲဒီ့အချိန်က ၈၈၈၈အရေးအခင်းရဲ့ ရလဒ်ဟာ တစ်မျိုးတစ်ဖုံ ပြောင်းလဲသွားမှာပဲ လို့ သူကပြောပါတယ်။
ဦးအောင်ကျော်ဇောနဲ့ ရင်ဆိုင်တိုက်ခိုက်ခဲ့တဲ့ အစိုးရတပ်မတော်ဘက်က ဒုတိယတပ်မမှူး မေဂျာ ဦးတင်အောင်မြင့်ဦးဟာ အဲဒီ့မိုင်းယန်းတိုက်ပွဲကြောင့် သီဟသူရ ဘွဲ့ကို ရရှိခဲ့ပါတယ်။ (ဦးသိန်းစိန်အစိုးရလက်ထက် ပထမဆုံး ဒုတိယသမ္မတဖြစ်ခဲ့ပြီး ၂၀၁၂ခုနှစ်မှာ ရာထူးမှ အနားယူခဲ့သူ)
![]() |
| ၈၈၈၈ ကာလအတွင်း ဗကပ တို့ခြေရှူပ်ခဲ့ကြပုံ |
မိုင်းယန်းတိုက်ပွဲဗကပဘာကြောင့်ရှုံးရသလဲ၊မိုင်းယန်းတိုက်ပွဲနိုင်ရင်ဘာဖြစ်မလဲ၊ဗကပ ခေါင်းဆောင်ပိုင်းက အကွဲအပြဲ သဘောထား ကွဲလဲမှုတွေ၊နိုင်ငံရေး စွမ်းဆောင်ချက်တွေ....ဆောင်းပါးမှာ ဖော်ပြထားပါတယ်။ ဒီကနေ့ထုတ် သတင်းစာနဲ့ မနက်ဖြန် ထွက်ရှိမယ့် သတင်းစာမှာ ဖော်ပြခြင်း ဖြစ်ပါတယ်။
From:[_ မငြိမ်းငြမ်းပြည့် ရေးသားသော ဆောင်းပါး _] (မောင်ကျောက်ခဲ အဖွဲ့)
ရေးသားသူအဖွဲ့  =
မောင်ကျောက်ခဲ
အချိန်=
10:50 AM
0
ယောက် ဆွေးနွေးခဲ့တယ်
ဆိုင်ရာကဏ္ဍ = ပန်ကြားပါရစေ, သတင်း, ဆောင်းပါး
Aug 19, 2013
စနစ်ဟောင်းမှ အကျင့်ဟောင်းများကို မပြင်သည့် အုပ်ချုပ်ရေး အဖွဲ့အစည်းများကို တိုင်ကြာလို့ရတယ်ဟု ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက ပြော
သြဂုတ် ၁၇ ရက်က ရန်ကုန်မြို့ရှိ Myanmar Peace Center တွင် ကျင်းပပြုလုပ်ခဲ့သည့် နိုင်ငံတော်သမ္မတ၏ ကျေးလက်ဒေသ ဖွံ့ဖြိုးရေး စီမံကိန်းအတွက် ပြည်ထောင်စု အစိုးရအဖွဲ့ ၀န်ကြီးများနှင့် INGO များ၊ NGO များမှ တာဝန်ရှိသူများ၊ စီးပွားရေး လုပ်ငန်းရှင်များ၊ ပညာရှင်များ တွေ့ဆုံဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက ပြန်လည်ဖြေကြားစဉ် ယခုကဲ့သို့ ဖိတ်ခေါ်ခဲ့ခြင်း ဖြစ်သည်။
အစိုးရအဖွဲ့ အနေဖြင့် လက်ရှိဖြစ်နေသည့် ပကတိ အခြေအနေများကို ကွင်းဆင်းကြည့်ရှုပြီး အခြေအနေအမှန်ကို အခြေပြုသော သုံးသပ်ချက်များ ထုတ်နုတ်ပြင်ဆင်မှုများ လုပ်နိုင်မှ အောင်မြင်နိုင်မည်ဟူသော ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။
ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းကလည်း "ယခုအချိန်မှာ ကျွန်တော်တို့ လူမှုအသိုင်းအ၀ိုင်း ဖွံ့ဖြိုးမှု လုပ်နေပါတယ်။ လုပ်တော့ပိုနားလည်လာတယ်။ အုပ်ချုပ်ရေး ယန္တရားကလည်း ပြင်နေပါပြီ။ ကျွန်တော်လိုက်ဟော နေပါတယ်။ မြို့နယ်ပေါင်း ၃၅၀ ကို လိုက်ပြီးဟောနေပါတယ်။ ကိုယ်လိုချင်တာ မလုပ်နဲ့ သူတို့လိုချင်တာ လုပ်ပါ။ သူတို့လိုချင်တာနဲ့ ကိုယ်လိုချင်တာလွဲရင် ကိုယ်ကတည့်ပေးရမှာပေါ့။ ပြောပေးရမှာပေါ့။ ဒါတော့စိတ်ရှည်ရှည် ပြောရမှာပေါ့။ ခင်ဗျားတို့ရဲ့ တိုင်ကြားမှု၊ ပြောဆိုမှု၊ သတင်းပေးမှုတွေကို ကျွန်တော်တို့ ဖိတ်ခေါ်တယ်။ ဒါမှ ကျွန်တော်တို့လည်းသိမှာ။ အရင်တုန်းက ကွဲပြားခြားနားတာတွေ ရှိသော်လည်း အခုမရှိတော့ပါဘူး" ဟု ပြန်လည်ဆွေးနွေး ပြောကြားသည်။
ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်နေသော်လည်း နှစ်ပေါင်း ၆၀ ၀န်းကျင် ဖြတ်သန်းခဲ့ရသည့် စနစ်ကို ပြုပြင်နေရခြင်း ဖြစ်သောကြောင့် စိတ်ရှည်သည်းခံရန် ဦးစိုးသိန်းက ပြောကြားသည်။
(မောင်ကျောက်ခဲ အဖွဲ့)
ရေးသားသူအဖွဲ့  =
မောင်ကျောက်ခဲ
အချိန်=
10:36 AM
0
ယောက် ဆွေးနွေးခဲ့တယ်
ဆိုင်ရာကဏ္ဍ = ပန်ကြားပါရစေ
Aug 18, 2013
ဖို နှင့် မ ကိစ္စ။ SEX & LIVING TOGETHER ကိစ္စ။ SINGAPORE ကိစ္စနောက်ဆက်တွဲများ။
အရှက်သိက္ခာ နှင့်နာမည်ဂုဏ်သတင်းတို့ တွင်အသက်ထက်တန်ဖိုးထားမြတ်နိုးကြသည်။
ယခု၂၁ ရာသစ်တွင် မိဘများသည် သူတို့၏စီးပွားရေးနှင့် ၀မ်းရေး နှင့် မိသားစု စားဝတ်နေရေးပြေလည်စေရန်အတွက် ဖခင် နှင့်မိခင်တို့သည် နေ့စဉ်လိုလို ကြိုးစားရုန်းကန်ပြီး ၀င်ငွေရှာဖွေနေကြသည်။ထို့သို့ မိဘများသည် သားသမီးများ ပညာရေး နှင့် စားဝတ်နေရေးတို့ အတွက် နေ့စဉ်ရုန်းကန်ရှာဖွေနေရသော်ငြားလည်း သားသမီးများသည် အချိန်တန်လျှင် သူငယ်ချင်းများနှင့်အပြင်ထွက်လည်ပတ်၊အများနည်းသူ Shopping တွေထွက်ကြ၊အသစ်အဆန်းများတွေ့ လျှင် ၀ယ်ကြ၊ချစ်သူများနှင့်တွေ့ လျှင် သုံးဖြုန်းကြ၊အသောက်စားတတ်သူများကလည်း အသောက်စားများနှင့် ကလပ်များတက်ကြ။ ကျုကဲ့သိုပြုလုပ်နေကြသော သားသမီးများကြောင့်မိဘများသည် သားသမီးများအတွက် ပူပန်ရသည်က တမျိုး၊စီးပွားရှာရသည်က တမျိုးနှင့် ပူပန်နေရရှာသည်။သားသမီးများကတော့ သူတို့ မိဘ၏ရင်တွင်းအပူမီးများကို နားလည်လိမ့်မည်မဟုတ်ပေ။ထိုသို့ဖြစ်ရပ်များကြားထဲတွင် အဆိုးဆုံးကိစ္စတရပ်ကတော့ မိန်းကလေးများ Living Together အတူတူနေထိုင်ပေါင်းသင်းနေကြခြင်းပါပဲ။လက်ထပ်ထားခြင်းမဟုတ်သော်ငြားလည်း အိမ်ထောင်သည်များကဲ့သို ပြုမူနေကြခြင်းကို အဓိကဆိုလိုပါသည်။
ယနေ့ခေတ်တွင် နိုင်ငံတိုင်း နေရာတိုင်းတွင် လွပ်လပ်စွာပျော်ပါးခွင့်နေရာများ
အမြောက်အများရှိပါသောကြောင့် ချစ်သူအတွဲများသည် လွယ်လင့်တကူပင် အိမ်ထောင်လင်မယားများကဲ့သို တူတူအိပ် နေထိုင်လျှက်ရှိကြပါသည်။ထို့အပြင် မီဒီယာလောကာမှာလည်း Porn ဟုခေါ်သော အပြာရုပ်ရှင်များနှင့် အင်တာနက် sexual websites မှာသည် ထောင်သောင်းများစွာပေါ်ပေါက်နေသောကြောင့် လူငယ်များကျုစိတ်ဓာတ်ကိုနှိုးဆွမှု ဖြစ်စေသဖြင့် လူငယ် ဖိုနှင့်မ များသည် လက်တွေ့ စမ်းသပ်ချင်စိတ်များတဖွားဖွားဖြစ်နေကြသည်မှာ မုချမလွဲပါ။လူပျိုအပျိုများကလည်း စိတ်ဆန္ဒကိုအကောင်ထည်ဖော်လိုကြသလို ၊ အိမ်ထောင်ရှင်များကလည်း မိမိ ဇနီသည်/ခင်ပွန်းနှင့်ဝေးကွာသောအခါတွင် စိတ်၏သွေးသားတောင်းတမှုကြောင့် အိမ်ထောင်မှုဖောက်ပြန်ကြတာလည်း အတော်ပင်များပါသည်။
ထိုကဲ့ သို့ကိစ္စများသည် ပြည်တွင်း နှင့် ပြည်ပ တို့တွင် တူညီစွာဖြစ်ပေါ်လျှက်ရှိပါသည်။ နိုင်ငံခြားရုပ်ရှင်များ နှင့်ဇတ်လမ်းတွဲများကလည်း လူငယ်များ၏ စိတ်ဓာတ်များကို နေ့စဉ်ဖျက်ဆီးလျှက်ရှိသော်ငြားလည်း ပိတ်ပင်တားဆီးမှုမရှိ/တားဆီးမှုမပြုလုပ်သောနိုင်ငံများတွင်လည်း လွတ်လပ်စွာ ထိုအခွေများနှင့်ဇတ်လမ်းတွဲများကို လွပ်လပ်စွာဝယ်ယူကြည့်ရှုနေကြပါပြီ။(မြန်မာနိုင်ငံမှာဆိုလျှင်လည် လမ်းဘေးတိုင်း ၀ယ်ယူနိုင်ကြသည်ကိုတွေ့ ရှိရပါမည်။)
ထို့ အပြင် နိုင်ငံခြားတိုင်းပြည်များရောက်နေသော မြန်မာပြည်သူ ပြည်သားများ၏ လိင်မှု ဆိုင်ရာနှင့် Living Together ကိစ္စကို ဆက်လက်တင်ပြပေးပါမည်။
ယခု ၂၀၁၂ အထိပညာရှင်များ၏ပြောကြားချက်အရ ပြည်ပရောက်နေသူများသည် လိင်မှုဆိုင်ရာနှင့် Living Together ကိစ္စတွင် ပိုမို စိတ်အားထက်သက်စွာဖြင့် ရာခိုင်းနှုန်းသည် ယခင်နှစ်တွေများထက်ပိုမိုလွန်ကဲစွာများပြားလာသည်ကို ထောက်ပြဖော်ပြပြောကြားထားကြပါသည်။
ဥပမာ နိုင်ငံခြားတွင်ပညာသင်နေကြသော ကျောင်းသား၊ကျောင်းသူများ နှင့် အလုပ်လုပ်ကိုင်နေထိုင်ကြသူများသည် သူတို့ အားလပ်ချိန်များတွင် ဆန့်ကျင်ဖက်လိင်ကိုသာ ဦးစားပေးစဉ်းစားပြီးအချိန်ကုန်ဆုံးစေလျှက်ရှိကြပါသည်။ ထိုစိတ်များကို နှုတ်ဖြင့် ဟုတ်ပါသလားမေးကြည့်လျှင် လူတိုင်းဝန်ခံမည့် မေးခွန်းမျိုးမဟုတ်ပါ။အမြင်နှင့် အကဲခေတ်လျှင်လုံးဝအသိသာ ဖြစ်နိုင်ပါသည်။
ဥပမာတခုကိုကြည့်ပါ... မိသားစု တစ်စု သို့ မဟုတ် သူငယ်ချင်းတစ်စုတွင် ,, ' အေးလှိုင် နင်ဒီနေ့ ငါတို့ နဲ့  ဘုန်းကြီးကျောင်းလိုက်ခဲ့ပါလား ' ဟုခေါ်လျှင် တုန့် ပြန်မည်စကားသည်.....' ဆော၇ီးပါ .ငါဒီနေ့ ငါ့ချစ်သူနဲ့ချိန်ထားတာရှိလို့ သိုမဟုတ် အခြား Reason ရှင်းလင်းချက်ဖြင့် "ငါဒီနေ့ အရေးတကြီးကိစ္စရှိလို့ " စသည့်ပြောပြီး ငြင်းဆိုလိမ့်မည်ကို တွေ့ ရပါမည်။ကျုအချက်တခုသည် သာဓက တချက်ဖြစ်သည်။
ပြည်ပရောက်မြန်မာ လူမျိုးများ၏ Living Together ကိစ္စွနှင့်အိမ်ထောင်ရေးဖောက်ပြန်မှုများ
စင်ကာပူနိုင်ငံအကြောင်း
စင်ကာပူနိုင်ငံတွင် မြန်မာလူမျိုးအများစုသည် လူမှုကျင့်ဝတ်များကို ဖောက်ဖျက်နေထိုင်လျှင်ရှိကြပါသည်။အလားတူစွာပင် အဝေးေ၇ာက်မြန်မာအချင်းအချင်း ခေါင်းပုံ ဖြတ်အမြတ်ကြီးထုတ်။ ရန်လို။ပြိုင်ဆိုင် ၊မနာလိုမှု၊ ဂုန်းလျှော ဂုန်းတိုက်မှုများ၊ ရာထူးအရှိန်ဝါကြောင့် မြန်မာလူမျိုးအချင်းချင်း မတူမတန်စွာဆက်ဆံနေကြခြင်း၊ပညာအရည်ချင်း မိမိထက် နိမ့်သည်ကို နှိမ့်ချပြီး မိမိထက်မြင့်သည့်သူကို ကပ်ဖား နေခြင်း။ အိမ်ထောင်ရေးဖောက်ပြန်ကြခြင်း၊ ရည်းစား အများပြားထားပြီး ပြသနာများရှုပ်နေကြခြင်းနှင့် Living Together ကိစ္စကြောင့် နောက်ဆက်တွဲပြသနာ၊ လိင်မှုကိစ္စ ကြောင့် မိသားစုသားသမီးများကိုလမ်းခွဲ၇ခြင်းများသည် စင်ကာပူရောက်ရွှေမြန်မာများတွင် အများဆုံး နေ့စဉ်တကွဖြစ်ပေါ်နေသော အရာကိစ္စများဖြစ်ပါသည်။
ထိုကိစ္စများထဲမှာ အိမ်ထောင်ရေးဖောက်ပြန်မှုနှင့် Living Together ကိစ္စများကို အဓိကဖော်ပြပေးပါမည်။
စင်ကာပူသို့ မြန်မာလူမျိုးအများစုသည် နေ့စဉ်ဆိုသလို ရောက်ရှိလာကြပြီး ကျောင်းတက်သူများနှင့် အလုပ်ရှာဖွေသူများ။လက်ရှိအလုပ်ကိုင်နှင့်နေထိုင်သူများ။စင်ကာပူနိုင်ငံသားခံယူထားသူများဆိုပြီးအမြောက်များရှိပါသည်။
ထို့ သို့စင်ကာပူသို့ ရောက်ရှိလာသူများထဲတွင်
ကျောင်းသားကျောင်းသူများ သည် Polytechnic ကျောင်းများ။ Accounting နှင့် Business School များ။ Hotel & Tourism Management ကျောင်းတို့ကို လာရောက်တက်ကြားပညာသင်ယူကြလျှက်ရှိသည်။ထိုသူများသည် စင်ကာပူသို့ရောက်ရှိလာပြီး လပိုင်းအနည်းငယ်အတွင်းမှာ ချစ်သူများကိုယ်စိရှာကြသည်။ချစ်သူများကိုလည်းအပြိုင်အဆိုင်ထားကြသလို့ မိမိချစ်သူဟုတွဲနေသူနှင့် ကလပ်များကို အပတ်စဉ် ကြာသာပတေး နှင့် သောကြာနေ့များတွင် Night Club (student entry free of charge= just present student ID)တက်ရောက်ကြလျှက်ရှိကြပြီး ကလပ်မှမူးပြီးပြန်
လာကြလျှင် Living Together နေထိုင်ကြခြင်း ။အဖွဲ့ လိုက် မိမိတို့ အိပ်ခန်းတွင် Living Together နေထိုင်ကြခြင်းများဖြင့်ပျော်ပါးတတ်ကြပါသည်။ နောက်ဆက်တွဲဇတ်လမ်းများကတော့ ကိုယ်ဝန် နှင့် မြန်မာပြည်သို့ပြန်သွားရခြင်း ၊ အချို့ မှာ ဆေးရုံဆေးခန်းများသို့ သွားရောက်ဖျက်ချရခြင်း နှင့်မိမိကိုယ်ကို သတ်သေကြခြင်းကြောင့် မြန်မာမိန်းကလေးများသတင်းသည် ဆေးရုံဆေးခန်းနယ်ပယ်လောကတွင် အလွန်ပင် နာမည်ကျော်ကြားလျှက်ရှိပါသည်။(မယုံကြည်သူများ သွားရောက်စုံးစမ်းကြည့်ခြင်းဖြင့် သက်သေထူနိုင်ပါလိမ့်မည်။စင်ကာပူနိုင်ငံသည် ငွေပေးတိုင်း စာရင်းဖျောက်မရသောကြောင့်မြန်မာနာမည်နှင့် IC/NIRC/FIN မှတ်ပုံတင်နံပါတ်များ ဆေးရုံဆေးခန်းများစာရင်းနှင့် Computer System Record ထဲတွင်မုချရှိနေပါသည်)။ကျောင်းသားကျောင်းသူများသည်လည်း ချစ်သူအတွဲများဖြင့် Living together တခန်းတည်းတွင် ဌားရမ်းနေထိုင်ကြသည် ကို မြန်မာ မိသားစုများကလည်း ငွေရလျှင် လက်ခံ ပြီး အခန်းဌားရမ်းထားကြပါသည်။
အလုပ်သမားများနှင့်ချစ်သူများစင်ကာပူတွင် အလုပ်လုပ်ကိုင်နေကြသော မြန်မာလူမျိုးများသည် ထိုသူတို့အလုပ်ပိတ်ရက်များတွင် ဆန့်ကျင်ဖက်လိင်များဖြင့် တူတူ နေထိုင်လျှက်ရှိကြပါသည်။အိမ်ထောင်ရှိသော သူများကလည်း မိမိအိမ်ထောင်ဖက်ဝေးကွာနေသောကြောင့် အပျော်သဘောနှင့် ဟု အစတွင် တွဲလျှက် တူတူနေထိုင်ခဲ့ကြသောလည်း အချိန်ကာလကြာမြင့်လာသည့်အခါ မြန်မာနိုင်ငံတွင် ကျန်ရစ်နေခဲ့သော မိသားစုနှင့် ကလေးကိုပင် စိတ်ထဲတွင် အေ၇းမပါတော့ပေ။လစဉ်လည်း မိသားစုအတွက်ငွေမလွှဲနိုင် ပစ္စည်းများမပို့နိုင်တော့ပေ။ လူပျို အပျို လူလွတ်များကလည်း မိဘများကို အစဉ်အမြဲထောက်နေကြသော်လည်း ထိုသူတို့အတွက် အတွဲအဖော်များရရှိလာသောအခါ မိဘများကို လစဉ်ငွေလွှဲပို့ခြင်းထောက်ပံ့ခြင်းများမပြုနိုင်တော့ သဖြင့် မိမိ ကို ကျွေးမွေးခဲ့ပြီး သားသမီးနိုင်ငံခြားရောက်ရန် ပေါင်ရန်း ရောင်းချပေးလိုက်ရသည့် ထိုမိဘများဘ၀မှ အလွန်ပင်သနားဖို့ကောင်းလှပါသည်။အမျိုးသားများကလည်းအပျော်သဘော နှင့် ဆိုသလိုအချောင်ရလျှင်ရသလို အပျော် ရမ္မက်အတွက် ဖန်တီးရှာဖွေကြသလို မိန်းကလေးများကလည်း မိမိတို့စင်ကာပူနိုင်ငံတွင် ငွေလည်ပတ်ချောင်လည်ရေးအတွက်နှင့် PR ( Parmenant Resident) အမြဲတမ်းနေထိုင်ခွင့်ရှိသည့်သူများ မည့်သည် အိမ်ထောင်ရှိသည်ဖြစ်စေ လူလွတ်ဖြစ်စေ မိမိအတွက်အခွင့်အလန်းများရှိလျှင် လက်ခံ တွဲဖက်နေထိုင် တတ်ကြသည်။
ထိုကဲ့သို့  နှစ်ဦးနှစ်ဖက် Living Together နေထိုင်ကြသောကြောင့် ထိုသူများနှင့် ပတ်သတ်ဆက်နွယ်နေသော မြန်မာပြည်တွင် ကျန်ရှိခဲ့သော မိသားစုနှင့်ကလေးများ ပညာရေး/စားဝတ်နေရေးနှင့် မိဘနှစ်ပါးများအတွက် လစဉ်ငွေလွှဲ ငွေထောက်ပံ့ပေးခြင်း မပြုလုပ်နိုင်တော့ပဲ စင်ကာပူနိုင်ငံမှာ ဆန့်ကျင်ဖက်လိင် အမျိုးသမီး အမျိုးသားများပျော်မြူးပျော်ရွှင်စွနေထိုင်လျှက်ရှိကြသည်။မိမိ သည်သူတပါးထံမှအချောင်လိုချင်သဖြင့် မိမိဘ၀ကိုရင်းခြင်းမပြုလုပ်ကြပဲ မိမိတကယ်မေတ္တာစစ်ရှိသော ဘ၀ကြင်ယာဖော်တွေ့ ရှိပြီး ဆင်းရဲချမ်းသာ အေးအတူပူအမျှနေထိုင်ခြင်းသည်
မိမိ၏စိတ်အားတကယ့်ပျော်ရွှင်ချမ်းမြေ့သာယာမှုအနှစ်သာယာအစစ်ကိုရရှိပါလိမ့်မည်။မည့်သည်အရာမှ သူတပါးထံမှာ မည်သည့်နည်းနှင့်မျှ သွေးဆောင်ဖြားယောင်း ပေးဆပ် ယူဆောင်ခြင်းမပြုသင့်ဟု ဗုဒ္ဒ၏တရားတော်အဆိုအမိန့်များတွင်ပါရှိသလို အခြားသော ဘာသာတို့၏ ကျမ်းခံ များတွင်လည်းပါရှိပါလိမ့်မည်။
ထို့ အပြင် ယနေ့ခေတ်သည် အွန်လိုင်းသည်လည်းအင်မတန် တိုးတက် နေသောကြောင့် Facebook။Twitter နှင့် Gtalk ၊ VZO ။ Skype နှင့် Pfingo တို့ ကို အသုံးပြုကာ Online Chatting များဖြင့် ဆန့်ကျင်ဘက် ဖိုနှင့်မ များကို အွန်လိုင်းမှ ရှာဖွေပြီး
ချစ်သူများပြုလုပ်ကာ အပြင်မှာချိန်းကြ ပြီး ရက်အနည်းငယ်ကြာသောအခါ Living Together များပြုလုပ်သောလုပ်ရပ်များသည် စင်ကာပူရှိ မြန်မာများ အတွက် ပေါ်ပြူလာ Popular and Famous ဖြစ်လာပြီးနာမည်ကျော်ကြားနေပါသည်။ ရည်းစားလက်ရှိ ရှိနေကြသောသူများကလည်း နောက်ထပ်ချစ်သူများကို အွန်လိုင်း ချက်တင် (Online Chatting ) မှတစ်ဆင့် ထပ်မှာရှာဖွေကြသည်။ နောက်ထပ်တွေ့ သောသူသည် အပြောလည်းကောင်းပြီး ရာထူး နှင့်ငွေပိုရှိဂုဏ်ပိုရှိလျှင်ပထမချစ်သူကိုခွာပြီးနောက်တစ်ယောက်ထံသို့လိုက်သွားလေ့ရှိသည်မှာလည်း အစဉ်အလာတခုကဲ့သို့ဖြစ်ပါသည်။ လေလှိုင်းတွင် ပြောချင်ရာပြောပြီး ယုံချင်ရာယုံသူများ သာဓက တခုပြောရလျှင် ကျွန်ုပ်နှင့်အွန်လိုင်းတွင်သိရှိသော အမကြီးတယောက်သည် ၈ နှစ်တိတိ ချစ်သူဖြစ်ခဲ့သော်ငြားလည်းမိမိချစ်သူတွင်ကလေး၂ ယောက်ရှိသည်ကိုပင်မသိရှိခဲ့ပေ။ထိုမျှပိရိစွာလိမ်လည်တက်သောသူ အားနိုင်ငံခြားသွားရန် အတွက်ငွေများလည်းထောက်ပံ့ဖူးသည်ဟု သိရှိခဲ့ရပါသည်။ ထို့ ကြောင့် မိတ်ဆွေများအနေဖြင့် မိမိသည် Internet အသုံးပြုပြီး ချစ်သူရှာဖွေလျှင် ဒုက္ခအကြီးအကျယ်ရောက်မည်ကို သဘောပေါက်လက်မခံသေးပါက မိမိကိုယ်တိုင်စမ်းကြည့်ပါ။ ထို့သို့ စမ်းကြည့်လျှင့် တနေ့အဖြေမှန်ပေါ်ပေါက်ပြီးနောင်တရခဲ့လျှင် ကျွန်ုပ်ဖော်ပြသော ဘလော့ပို့စ် ကို သတိပြန်ရကြည့်ပါ။
ထို့ကြောင့် Online သည် လူလိမ်လူညာများ လျှာရိုးမရှိသကဲ့သို့ မိမိအားဘ၀ဖျက်ဆီးရန် အတွက် လာရောက်ကြသော ဆန့်ကျင့်ဘက်လိင်များ ဖိုနှင့်မ များဟု မိမိစိတ်ထဲတွင်နားလည်သဘောပေါက်ထားသင့်ပါသည်။မိမိသည် မိမိအ၇မ်းအယုံလွယ်ပါက သူငယ်ချင်းများမိတ်မဖွဲ့ပါနှင့်။သို့မဟုတ်ပါက မိကောင်းဖခင်သားသမီးမဟုတ် သူများနှင့် လျှာရိုးမရှိသော သူများနှင့် တဏှာရမ္မက်မုဆိုးများ၏ ပြောဆိုကောင်းမှုအောက်တွင့် မေ့မျောသွားပါလိမ့်မည်။ ထိုသို့မေ့မျောသွားပါက ပြင်ပတွင် တွေ့ ရှိသောအခါမိမိဘ၀သည် ရေတိမ်နစ်မည်ကိုသာ စဉ်းစားကြပေါတော့.။
လူသားအားလုံး မိမိ၏အပြုအမူအနေအထိုင် အကျင့်စရိုက်များသည် မိမိတစ်ဦးထဲတင်သာမက မိမိအားမွေးထုတ်ခဲ့သော မိဘနှစ်ပါးနှင့်ဆွေးမျိုးအသိုင်းအ၀ိုင်းကိုပါ ထိခိုက်နိုင် အထင်သေးခံနိုင်ရပါသောကြောင့် အရာရာတိုင်းတိုင် ကိုယ်၊နှုတ်၊စိတ် ထိုသုံးပါးအား အစဉ်အမြဲ သတိဖြင့် မိမိဦးနှောက်ဖြင့်ထိန်းချုပ်တွေးတောလုပ်ဆောင်ရင်းဖြင့်အနာဂတ်ဘ၀လမ်းခရီးတွင် ပျော်ရွှင်ချောမွေ့ ဖြောင့်ဖြူးစွာဖြင့် ဘ၀၏ကြင်ယာဖက်အစစ်မှန်များလည်းတွေ့ ရှိနိုင်ကြပါစေလို့ဆုတောင်းရင်း ဖြင့်-
From:[_/bluenavyblog.blogspot.com/ _]
(မောင်ကျောက်ခဲ အဖွဲ့)
ရေးသားသူအဖွဲ့  =
မောင်ကျောက်ခဲ
အချိန်=
10:59 PM
0
ယောက် ဆွေးနွေးခဲ့တယ်
ဆိုင်ရာကဏ္ဍ = ပန်ကြားပါရစေ
သနားစရာ မြန်မာ့တိုင်းရင်းသားငယ်လေး အကူအညီလိုအပ်
ကလေးဟာခွဲစိတ်ဖို့လိုပြီး မိဘတွေကငွေကြေးမတတ်နိုင်တာကြောင့် အခက်အခဲဖြစ်နေရပါတယ်။ မိဘတွေကတော့အဖေ ကိုအောင်ဆန်းဝင်း အမေ မချိုပြုံးပအိုဝ်တိုင်းရင်းသားတွေပါ။ နေတာကတော့ ရွှာငံမြို့နယ် လက်ပံပင်ကျေးရွှာဖြစ်ပါတယ်။ ကလေးက မန္တလေး ကုတင်၅၅၀ဆန့် ကလေးဆေးရုံသစ် ခွဲစိတ်ရုံ(၂) မှာပါ ။ မြန်မာ့တိုင်းရင်းသားငယ်လေးကို ဝိုင်းဝန်းကူညီကြရအောင်လား ။
။From:[_Oneto Onemyanma_] (မောင်ကျောက်ခဲ အဖွဲ့)
ရေးသားသူအဖွဲ့  =
မောင်ကျောက်ခဲ
အချိန်=
10:22 PM
0
ယောက် ဆွေးနွေးခဲ့တယ်
ဆိုင်ရာကဏ္ဍ = ပန်ကြားပါရစေ
ပြည်တွင်းသတင်းထောက်လောကကြီးကို ပယ်ပယ်နယ်နယ် နှပ်ပစ်လိုက်တဲ့ မဟာကြောင်
အခုတော့ ပြောစရာက သူတို့တစ်တွေဖြစ်လာတဲ့ အပြင် တော်တော်လေး လွန်လာတော့ ပြောစရာရှိ ပြောရုံပေါ့။
- အစ ပထမတော့ ဘာတဲ့ ပြည်သူ့ လွတ်တော်က ဟိုတလောက အတည်ပြုလိုက်တဲ့ ပုံနှိပ်ခြင်းနဲ့ ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေဆိုလား၊ အဲဒါက သတင်းသမားတွေရဲ့ လွတ်လပ်ခွင့်ကို ထိပါးလို့ ဘာလို့ ညာလို့နဲ့ ကန့်ကွက်ကြပါရောလား။ မဟာကြောင်တောင် ကန့်ကွက်တဲ့ လက်မှတ် ၈၈ ပွဲမှာ ထိုးခဲ့သေးတယ်။ အားပေးရမှာပေါ့။ ဒါက ကြောင်တိုင်း အဲလေ လူတိုင်းနဲ့ ဆိုင်တာပဲ။ ဖေ့စ်ဘုတ်မှာလည်း လူထု သတင်းမှန် ရရှိရေး မီဒီယာဥပဒေ လွတ်လပ်ခွင့် ပေးဆိုတဲ့ စာကြောင်းကို အပြိုင် အဆိုင် ပရိုဖိုင်းလ် တင်ကြတော့ တွေ့ရမြင်ရ အားတက်ဖွယ်ကြီးပေါ့လေ။
- မုဒိတာ ပွားလို့မှ မဆုံးသေးဘူး အင်ပါယာဆိုလား သတင်းစာက ပိုင်ရှင် ဇော်ဝင်းထွတ်လား၊ ကောင်းမြတ်ထွတ်လား အဲဒီ ထွတ်က အင်ပါယာသတင်းထောက်တွေကို လစာ မပေးဘူးဆိုတဲ့ သတင်း ဆူညံ ဆူညံ ကြားရတယ်။ သိပ်မကြာခင်မှာပဲ အဲဒီ ထွတ် ပလပ်ကျွတ်ပြီး ရုံးတွင်းအစည်းအဝေးမှာ လျှောက်ပြောထားတဲ့ အသံဖိုင်က ဖေ့စ်ဘုတ်တခွင်မှာ ပြဲပြဲစင် နားမထောင်ချင်မှအဆုံး တွေ့နေရတယ်။ ချက်ဆို နားခွက်က မီးတောက်တဲ့ ဟော့ နယူးစ်ဂျာနယ်က ၀ုန်းကနဲဆို မျက်နှာဖုံးမယ် မဟာထွတ်ရဲ့ ဓါတ်ပုံကြီး ပြူးတူးပြဲတဲနဲ့ ပလပ်ကျွတ်ပြောချက်တွေကို သတင်းလုပ်ရေးလိုက်ပါလေရော......။
- သတင်းထောက် အပေါင်း သူတော်ကောင်း တစ်စု က ငါတို့ကို လစာမပေးတဲ့ ကောင် ကဲ မှတ်ပလားဆိုတဲ့ သဘောနဲ့ လားတော့ မသိ ၀မ်းသာအားရ ၀ိုင်းရှယ်ကြ ပြုကြ ကောင်းချီးသြဘာပေးကြပေါ့.. ပွက်လောကို ရိုက်သွားပါလေရော။ ဟော...တချို့ တချို့က where is ethic လို့လည်း မေးခွန်းထုတ်လိုက်ရော၊ ချွင်းချက်လို့ ဆိုသူကဆို၊ ဒီလို ကောင်စား ဒီလိုလုပ်မှ ရမယ်လို့ ပြောသူက ပြော၊ အက်သစ်နဲ့ အဝေးကြီးလို့ စောဒက သူက စောဒက တက်ကြတာ ပေါ့လေ။ ဆင်ခြေလေးတွေပေး၊
- ဆိုတော့ကာ...... အဲဒီအကြောင်းလေး မဆုံးသေးဘူး။ ဆရာမင်းလူ ကွယ်လွန်ပါလေရော။ သိကြတဲ့အတိုင်း ဆရာမင်းလူရဲ့ သမီး ယုယကို အဖေဆုံးတာ အပေါ် ခံစားမှုတဲ့.. မေးတတ်လိုက်တဲ့ သတင်းထောက် အင်တာဗျုးသမား။ ပုံသေနည်းအတိုင်း မေးလိုက်တာများ... ဘယ်လိုခံစားရသလဲဆိုတာ နင်အဖေ အရင်သေခိုင်းကြည့်လို့ ပြန်ပြောရမလားပဲ...။
- သိပ်မကြာပြန်ဘူး၊
- အယ်ဒီတာမမငယ်ငယ် လေးတစ်ယောက်က ဖေ့စ်ဘုတ်က တောင်တက်သမားလေးရဲ့ နုတ်စ်ကို သူ့သတင်းထဲမှာ အပိုဒ်လိုက် ကူးပြန်ရော။ ကူးပြီးတော့ သတင်းပါတာ ကျေးဇူးမတင် ဖင်လှန် ပြ ဆိုပြီးတော့လည်း ဆိုပြန်သေးဆိုပဲ။ ဒီတော့ သို့လော သို့လော၊ ကူးတာ မှန်တယ်၊ ကူးတာ မမှန်ဘူး၊ ကျေးဇူးတင်သင့်တယ် ကျေးဇူး မတင်သင့်ဘူး စသည် စသည်ဖြင့် ဖြစ်လာပြန်ရော။ အဲသည်မှာလည်း သတင်းထောက်များက မမှားသေးဘူး။ လာမပြောနဲ့တဲ့။ လူသိစေချင်လို့ သတင်းထဲ ထည့်သုံးပေးတာ၊ အက်သစ်တွေ ဂွက်ပစ်တွေ နဲ့ ဆြာလာမလုပ်ကြနဲ့ ဆိုပဲ။
- ဟော ကနေ့ လာပြန်ပြီ နောက် တစ်ခု Myanmar News week ဆိုတဲ့ ဂျာနယ်က ဖေ့စ်ဘုတ်က အရည်ကြိုရဲ့ Notes ကို အပိုဒ်လိုက် ကူးချပြန်သတဲ့။ မြန်မာ့ စတုထ္ထမဏ္ဍိုင်ကြီးဟာ သူတို့ အခွင့်အရေးတော့ တစာ စာ အော်တတ်ပြီး၊
သူတို့ စောင့်ထိန်းရမဲ့ ကျင့်ဝတ် သိက္ခာကျ တစ်စက်ကလေးမှ အရေးလုပ်ဖို့ စဉ်းစားမိဟန်လည်း မရှီကြဘူး။ ငါ သတင်းထောက် ငါရေးတာ အမှန်၊ ငါတို့ သာ အမှန် ဆိုတဲ့ စိတ်ဓါတ်တွေနဲ့ အလုပ်လုပ်နေကြတော့ကာ....... သုံးလေးဖွဲ့ ကွဲနေတဲ့ သတင်းစာအဖွဲ့အစည်းများကလည်း ဒါတွေကျ ဥပေက္ခာ ပြုကြသဗျ။
တခုခုဆို ကြေငြာချက်လေး ထုတ်၊ နေရာလေး ၀င်ယူ၊ ပွဲလေးတက်၊ ၀န်ကြီးနဲ့ တွေ့၊ သမ္မတနဲ့ တွေ့ လေးတော့ လုပ်ကြရဲ့ ကိုယ့် လောကသား၊ ကိုယ့်လူတွေကို ဘယ်လို အရည်အသွေး မြင့်ပေးရမလဲဆိုတာလည်း မသိကြတာပဲလား. .. နားလည်ပေးရ မှာပေါ့ လို့ ဆိုရမလား၊
တဘက်ကလည်း မီဒီယာကို ဖိနှိပ်တာ မကြိုက်ဖူး ဆိုပြန်၊ ပြန်ကြားရေးကို မကြိုက်ဖူး ဆိုပြန်၊ တဘက်ကလည်း တခြားသူတွေရဲ့ အတွေး အိုက်ဒိယာကို ခိုးချပြန်၊ တဘက်ကလည်း အနှစ် ၂၀ ကျော်မင်းသားကြီး ကျော်ဆန်း လုပ်သလို လုပ်နေပြနဆိုတော့ ကြောင် ဘယ်လို နားလည်ရမလဲ ပေါ့နော်.........။ ..လွတ်လပ်တဲ့ မီဒီယာ ဥပဒေကြီးသာ တကယ်ဖြစ်လာခဲ့ရင် ကျွန်တော်တာ့ ရေးသတိ၊ ပြောသတိ၊ သွာား သတိ၊ ၊လာ သတိ ......... သတိကြီးကြီး ထားပြီး နေထိုင်ကြဖို့ လိုနေပြီ။ မဟုတ်ရင် ကိုယ်ရေးထားတဲ့ စာတွေ တခြားသူနံမယ်နဲ့ စာမျက်နှာပေါ်တက်၊ ရည်းစားနဲ့ ချိန်းတွေ့တုန်း ညုထားတဲ့ အသံဖိုင်တွေ သတင်းလုပ်ရေး.... ပရိတ်သတ်ကြီးနေရ သတိဗျို့၊ သတိ၊ သတိသာ ထားကြ။
စာမရေးချင်တော့တဲ့ ကြောင်...
From:[_ မဟာကြောင် _] (မောင်ကျောက်ခဲ အဖွဲ့)
ရေးသားသူအဖွဲ့  =
မောင်ကျောက်ခဲ
အချိန်=
1:00 PM
0
ယောက် ဆွေးနွေးခဲ့တယ်
ဆိုင်ရာကဏ္ဍ = ပန်ကြားပါရစေ, ဆောင်းပါး
သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ
| ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ | ကြိုဆိုသူများနဲ့ အင်တာဗျူး |
| တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ | ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ |
| အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ | မြန်မာ့သိုင်းအစွမ်း |
Latest Videos
| 88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် | ပြောင်ကြီးဘာလို့ထောင်ကျ |





















