
အချိန်ကား ၁၉၆၂ အကျော် ကောင်စီ ခေတ်၊ သမ ဝါယမ ခေတ်က ဖြစ်သည်။
ဒီမိုကရေစီ ဆိုသည့် အသံတွေ ပေါ်လောမြောလျက် လမ်းတကာ ရွာတကာ လူပြောများနေသည်။ အချို့ နေရာများ၌ ဒီမိုကရေစီ တောင်းဆိုရေး ဆန္ဒပြသည်ဟု ဆိုပဲ။
ထို့ကြောင့် မြို့နယ် သ/မ ဥက္ကဋ္ဌ ဦးပုလု (အမည်လွှဲ) စိတ်ထဲမှာ သိပ်နေထိုင် မကောင်းချင်။ မိမိမြို့နယ် မှာများ ဒီမိုကရေစီ လာတောင်းရင် ခက်ရချည်သေး။
ဒီမိုကရေစီ ဆိုသည့် အကောင်ကိုလည်း အထက် ခရိုင် သ/မ ဥက္ကဋ္ဌက အခုထိ မိမိတို့ မြို့နယ်ကို ချပေး သေးခြင်း မရှိ။ စိတ်တွင် အိုက်နေသည်။ မတော်လို့ မိမိမြို့နယ်က လူတွေ ဒီမိုကရေစီ...