
ကျနော် တို့လူမျိုးမှာ အစွဲအလန်း တခု ရှိတယ်။ ဥပမာ ဘဝသံသရာ လို့ သီချင်းဆိုလိုက်တာနဲ့ ရထားတစ်စင်း တံတားပေါ်ကဖြတ်သွားတဲ့ပုံကို တွဲ မြင်တယ် ။ တခြားပုံ မမြင်တတ်ဘူး ။ ယော က။ ဂန့်ဂေါ က ။လို့ ပြောလိုက်ရင် စုန်းတွေ ကဝေ တွေ ရှိတဲ့ နေရာ က လို့ မြင်တယ် ။ ဒါကြောင့် ယောဆရာတော်ဘုရားက သူ့ဇာတိ ယောဒေသကို နာမည်ဆိုးနဲ့ ကြော်ကြားနေမှု့က ကင်းဝေးအောင် ယော ဆိုတာ ဘာသာ သာသနာ အလွန်ကိုင်းရှိုင်း တဲ့ နေရာဆိုတာ လူသိလာအောင် သူ တိပိဋက ဘွဲ့ ရတဲ့ အချိန်မှာ သူ့ နာမယ် ကို ယောဆရာတော် လို့ ခံယူခဲ့တာဖြစ်တယ် လို့ ကျနော့်ကို မိန့်ဘူးတယ်...