၂။ တပ်မတော်ဟာ အစိုးရရဲ့ မူဝါဒအတိုင်း လုပ်ရမှာပါ။ ဗိုလ်ချုပ်တွေက အစိုးရတက်လုပ်နိုင်လို့ အတိုက်အခံကိုနှိမ်နင်းခိုင်းရင် နှိမ်နင်းမှာပဲဖြစ်သလို N L Dက အစိုးရဖြစ်လာပြီး သူတို့နဲ့အတိုက် အခံကို နှိမ်နင်းဖို့ တပ်ကိုအသုံးချလည်း တပ်ကတော့ ခိုင်းတဲ့အတိုင်း လုပ်ရမှာပါပဲ။
၃။ စစ်တပ်ကိုး ။ အထက်အမိန့် နာခံတတ်အောင် လေ့ကျင့်ထားတာပါ။ အမိန့်မနာခံဘဲနဲ့လဲ စစ်တိုက် လို့ မရပါ။ ရှေ့တန်းမှာ ဒီလမ်းက ဒီတောင်ကုန်းကို တက်သိမ်းဆို မိုင်းရှိရှိ ၊ ငြောင့်ထောင်ထောင် စက်သေနတ် ဘယ်နှစ်လက်နဲ့ပစ်ပစ် တက်ရမှာပါ။ နောက်နေ့မှတိုက်ပါရစေ ၊ တခြားလမ်းကသွား ပါရစေ လုပ်လို့မရပါ။ စစ်သားရဲ့တွေးခေါ်ပုံကိုက အရပ်သားနဲ့မတူပါ ။ မတူအောင်လည်း လေ့ကျင့်ထားတာပါ။ စစ်သားကို စစ်တရားရုံးနဲ့ပဲ တရားစီရင်ခွင့်ရှိတာဟာ စစ်သားရဲ့စဉ်းစားပုံဟာ အရပ်သားနဲ့မတူလို့ပါ။
၎။ စစ်တပ်ကို လက်ကိုင်ဒုတ် စစ်တပ်မဖြစ်စေချင်ရင် စနစ်ကို ခိုင်မာအောင်လုပ်ပါ။ ဘယ်သူတက် တက် စစ်တပ်ကို အသုံးချလို့မရအောင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆွဲထားပါ။ အမေရိကန်နိုင်ငံသ မိုင်းမှာ နိုင်ငံရေးသမားတွေ ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေပက်မ၀င်အောင် ဆွဲခဲ့လို့ စစ်တပ်က အာဏာသိမ်းတာ တစ်ခါမှမရှိပါ။ တပ်မတော်ကလည်း အသုံးချခံချင်လှတယ်တော့ မရှိပါ။ ဒါပေမယ့် အစိုးရကို ပုန်ကန်တဲ့တပ်မတော် ပိုပြီးမဖြစ်လိုပါ။ စစ်တပ်မျက်စိကကြည့်လျှင် အထက် အမိန့်မနာခံတဲ့ တပ်မတော်ဟာ အန္တရာယ်အကြီးဆုံးပါ။ အမေရိကန်စစ်ကားထဲမှာ တပ်ခွဲမှူးက သူ့ရဲဘော်ကို စစ်မြေပြင်မှာ ပြောတဲ့အတိုင်း ပြောရရင် “ ငါတို့က ဒီမိုကရေစီကို ကာကွယ်ဖို့ ဒီနေရာကိုရောက်နေတာ - - - ကျင့်သုံးဖို့မဟုတ်ပါ ” တဲ့ ။
၅။ ဗိုလ်ချုပ်တွေ မသမာမှုလုပ်ခွင့်ရတာ ဗိုလ်ချုပ်ရာထူးကြောင့်မဟုတ်ပါ။ အာဏာသိမ်းပြီး နိုင်ငံရေး ရာထူးတွေ ယူခွင့်ရသွားလို့ပါ။ နိုင်ငံရေးသမားများအချင်းချင်း ညီညွတ်လျှင် အာဏာသိမ်းလို့မရပါ။ ဘယ်တပ်မတော်မှလည်း နိုင်ငံရေးပယောဂမပါဘဲ အချောင်နာမည်ပျက်ခံပြီး အာဏာသိမ်းလိုမယ် မဟုတ်ပါ။