ကိုနိုင်ဦးရဲ့ comment ကြောင့်ထပ်ပြောတဲ့ မေ၀င်းလဲ့ရီရဲ့ comment
ဖြစ်ပါတယ်..အစမှအဆုံးထိ (post တင်ထားတဲ့ ဓာတ်ပုံကစပြီး comments မှန်သမျှ
ပြန်ဖတ်ရင် ပိုအဆင်ပြေပါတယ်ရှင့်.).ကြိုက်တဲ့သူလုပ်ကြတာပဲဆိုတဲ့
အသုံးအနှုန်းထက် ချစ်သူဘ၀ သဘာဝ ဆိုတာကမှမှန်တာပါ..ko naingoo ပြောသလိုပဲ
နေရာရွေးတဲ့သူရှိသလို နေရာမရွေးတဲ့သူတွေလည်းရှိတယ် ဘာကွာလည်းဆိုတော့
အရှက်သိက္ခာ၊ စိတ်ဓာတ် ၊ မိမိချစ်သူအပေါ်ဘယ်လောက်တန်ဖိုးထားတယ်ဆိုတဲ့စိတ် နဲ့
ဦးနှောက်မဲ့တဲ့ လုပ်ရပ်တွေအပေါ်မှာ ကွာခြားသွားတာပါပဲ ဒီနေရာကိုသွားတာ
ဒီအတွက်ပဲမဟုတ်လားလို့ပြောတဲ့ ကိုနိုင်ဦးစကားက
အရမ်းအံ့သြစရာကောင်းပါတယ်..ရှင်ကိုယ်တိုင် အဲဒီနေရာသွားပြီး အဲဒီလိုမျိုး
လူမြင်ကွင်းမှာ အရှက်မဲ့စွာ လုပ်ခဲ့တယ်၊
လုပ်နေတယ်၊လုပ်ဦးမယ်လို့ပြောနေတာနဲ့ အတူတူဖြစ်နေပါပြီ
ကျွန်မ တစ်ခုတော့ပြောချင်တယ် အဲဒါ အင်းယားကန်ဘောင်နော်..ကျွန်မက ရန်ကုန်မှာနေတဲ့သူဖြစ်လို့ ရောက်ဖူးလားဆိုတဲ့မေးခွန်းမေးနေစရာတောင်မလိုပါဘူး ဒါပေမယ့် ကျွန်မ မိဘတွေနဲ့သွားဖူးတယ် ..ဘာကြောင့်လဲ ..မုန့်စားမယ် လေညှင်းခံမယ် လမ်းလျှောက်မယ် မိသားစု အတူတူအချိန်ကုန်မယ်..ဒါ ပထမ တစ်ချက်၊ ကျွန်မသူငယ်ချင်းတွေနဲ့သွားတယ် ..ဘာကြောင့်လဲ လူငယ်ဘ၀ ပျော်ပျော်ပါးပါး လျှောက်လည်ချင်လို့ ကန်ဘောင်နားက မုန့်ဆိုင်တွေမှာထိုင်ပြီး စကားပြောချင်လို့ပဲ ..
ဒါဒုတိယအချက် ၊ ကျွန်မ ချစ်သူနဲ့သွားခဲ့ဖူးတယ် ဘာလုပ်ဖို့လဲ..(ရှင်းရှင်းလင်းလင်း ကွင်းကွင်းကွက်ကွက် မြင်အောင် စကားလုံးပြောင်းလိုက်ပါတယ်) ချစ်သူတွေဘ၀မှာ သွားစရာတွေက ရုပ်ရှင်ရုံ၊ ပန်းခြံ၊ မုန့်ဆိုင် ၊ ကစားကွင်း ၊ ဘုရားနဲ့ အခုလို အင်းယားကန်ဘောင်တွေပဲ..ဘာသွားလုပ်လဲ..နေရာပေါ်မူတည်ပြီး ပြောင်းလဲတယ် ခရေစေ့တွင်းကျပြောစရာမလိုလို့ ဒါမပြောဘူး..ဒါပေမယ့် ကျွန်မ မိဘကပြောဖူးတယ် ယောင်္ကျားလေးတွေဆိုတာ ကိုယ့်ကိုတကယ်ချစ်မချစ်၊တန်ဖိုးထားမထား ဘယ်မှာသိသလဲဆိုတော့တဲ့..ကိုယ်ချစ်ရတဲ့မိန်းကလေးကို ကိုယ့်ကြောင့် စိတ်ဆင်းရဲ မျက်နှာငယ် စိတ်မကောင်းဖြစ် မျက်ရည်ကျအောင် မလုပ်တာအပြင် ကိုယ့်ကြောင့် အရှက်တကွဲ ဖြစ်မယ့် သူများလက်ညှိုးထိုးစရာဖြစ်မယ့် အပြုအမူတွေကိုရှောင်ပါတယ်တဲ့.
ကျွန်မတို့ချစ်သူ၂ယောက်ကတော့ အဲဒီနေရာသွားတာ အဲလိုလုပ်ဖို့မဟုတ်တာတော့ အရှင်းကြီးပဲ ..ချစ်လို့နမ်းချင်ရင်တောင် ဆံပင်လေးပဲနမ်းပါတယ် ဒါတောင် လူမြင်ကွင်မှာဆို မလုပ်ဘူးနော်(သူငယ်ချင်းများသေချာသိအောင် မပြောချင်ပဲ ပြောရတဲ့ စကားများပါ ပါတယ် သီးခံဖတ်ပေးပါ) ဒါဆို ကျွန်မကတော့ဟုတ်ပြီ တခြားသော ချစ်သူများကကော ..အဲဒီကိုသွားပြီး လူမြင်ကွင်းမှာ အဲသလိုပဲလုပ်ကြပါသလား? အဲဒီကိုသွားတာကရော အဲဒီလို လုပ်ဖို့ပဲသွားကြတာတဲ့လား?..
သူတို့အစား ဖြေပေးလိုက်မယ်...မဟုတ်ဘူး..ဘာကြောင့်လဲ? ခုလို လုပ်ရပ်ကိုအမြင်မတော်ပါဘူးလို့ပြောတဲ့သူတွေအားလုံးဟာ အဲလိုမလုပ်လို့ပဲ ..ဒီမြင်ကွင်းမြင်တာဟာ ထမင်းစားရေသောက်ပါကွာလို့ပြောလာရင်တော့ ကျွန်မတို့မြန်မာနိုင်ငံဟာ သနားစရာကောင်းလောက်အောင် ပျက်စီးနေပြီဆိုတာပါပဲ..ရိုက်တဲ့ကောင်ကိုသွားမပြောနဲ့ ..အရိုက်မခံချင်ရင်မလုပ်ရုံပဲ ..မသင့်တော်တဲ့မြင်ကွင်းမို့ရိုက်တာပဲ..အဲလိုနေရာကိုလာကြတဲ့ လူပေါင်းစုံရှိတယ် ..အလွန်ဆိုးရွားတဲ့ မြင်ကွင်းပဲ..ဒါခေတ်မီတာလား ခေတ်လွန်တာလား ခေတ်ရှေ့ပြေးနေတာလား ..အတုယူတာလား အတုခိုးတာလား အတုခိုးမှားတာလား ..ဘာလဲ? လူတွေမကောင်းတာတစ်ခုလုပ်တိုင်းမှာပြောလေ့ရှိတဲ့စကားက ဟိုနိုင်ငံကြောင့် ၊ဟိုလူမျိုးကြောင့်၊ ဟိုရုပ်ရှင်တွေကြောင့်တဲ့..တကယ်တော့ဘာလဲ ..သူတို့မှာလည်း စဉ်းစားတတ်တဲ့ ဦးနှောက်တစ်ခုပဲ၊ ကိုယ့်မှာလည်းစဉ်းစားတတ်တဲ့ ဦးနှောက်တစ်ခုပဲ...ထပ်ပြောဦးမယ် နဲနဲတော့ရိုင်းမယ်..သူများချီးစားတိုင်းလိုက်စားမှာလား?
ဒီပုံကြောင့် ခက်ကုန်ပြီ |