Feb 3, 2012

ထောင်ထွက် 88ကျောင်းသားတွေပါတီမထောင်ရခြင်းအကြောင်း

၁၉၈၈ လက်ကျန် ထောင်မင်းသား အသက်၄၀နီးပါးကျောင်းသားတွေ ခပ်တည်တည်နဲ့ သတင်းစာရှင်းလင်းပွဲ
ပြလုပ်ပြီး သဘောထား ၉ ချက်ထုတ်ခဲ့ပါတယ်။

ဘယ်လိုပဲပြောပါစေ သူထက်အရင် ၈၈ မျိုးဆက်ကျောင်းသားလူငယ်များ(ပြည်ထောင်စုမြန်
မာနိုင်ငံ)ပါတီက ကမ္ဘာအေးစေတီလမ်းမှာ ရုံးချူပ်ကို 2010 ဧပြီလမတိုင်ခင်ကတည်းက 
ကောက်ဖွင့်လိုက်တော့ လောလောလတ်လတ် ထောင်မင်းသား၈၈ကျောင်းသားကြီးတွေ
အဖြူအစိမ်းပြန်ဝတ်ပြီး ဒေါင်းအလံ ဘယ်နေရာထိုးစိုက်ရမှန်းမသိတော့ဘူး။
၁၉၈၈ ကာလများကလိုပဲ "ကျောင်းအလံတဝိုက် ဒေါင်းအလံစိုက်မယ်" လိုအော့်သံသေကြီး
ကို သူတို့ပဲ ထထအော် /သူတို့ပဲ လက်ခုပ်တီးနဲ့ ..ဘယ်မြန်မာပြည်သူတွေကမှ လက်မခံလို့ 
ကျောင်းနံရံတဝိုက်မပြောနဲ့ ..ကျောင်းနားကပ်လာရင်တောင် မိဘနဲ့ ဆရာတွေ ရင်ထိတ်နေရတဲ့
အခြေအနေ..ကိုယ့်သားသမီးတပည့်လေးတွေ ABSDF ခေတ်သစ် ခေါင်းပြတ်လေးတွေ ဖြစ်သွားမှာစိုးလို့ ..တဲ့။


အမ်..သူတို့ ပြောတော့ ကမ္ဘာသိ 8888 လေးလုံးဆို 21 ပုံမှာ 4 ပုံတောင် မနည်းရှာယူရတယ်


နိုင်ငံရေးကို ထဲထဲဝင်ဝင်ဆောင်ရွှက်ချင်သလိုလို လူမှူရေးပဲလုပ်ချင်သလိုလို နဲ့ အမှန်က ဒီလိုပါ။
ယခုလက်ရှိနိုင်ငံရေး နဲ့ ကမ္ဘာအပြောင်းအလဲရေစီးနူန်းကို သူတို့သဘောမပေါက်ကြတော့ဘူး
သူတို့ခေါင်းထဲမှာရှိတဲ့ အတွေးတွေနဲ့ ယခုမြန်မာနိုင်ငံရေးအခင်းအကျင်းနဲ့ က သူတို့ လိုက်မမှီ
တော့ဘူး..
၅ တန်းကျောင်းသားကို ဆေးကျောင်းသားရဲ့ ခန္ဒဗေဒ စာအုပ်တစ်အုပ် ပေးဖတ်ခိုင်းသလိုပဲ
ဖြစ်နေတော့ ဟန်မပျက် -ချော်လဲတော့လည်း ထိုင်လိုက်သည် ပေါ့။ဟိုဟာပြောဒီဟာပြောနဲ့ 
နောက်ဆုံးတော့လည်း ဒုံရင်းကဒုံရင်းပဲ။သူတို့ ဒီနေ့နိုင်ငံရေးအခင်းအကျင်းထဲ ဟိုလူခြေထိုး
ဒီလူခြေထိုး နဲ့ ခြေထိုးအကလောက်နဲ့ မင်းသားလုပ်လို့ မရတော့ဘူး။
ဟို အန်တီကြီးတောင် နှစ်ပါးခွင် ဝင်ပါတော့မယ်ဆိုပြီး အကပြောင်းကျင့်နေတာ သူတို့ ဘာ
လို့ အမြင်မှန်မရသေးပါလိမ့်။


                   ၁၉၈၈-နတ်ကန္တားပွဲမှ နတ်ရုပ်များ
အဲလိုစတိုင်နဲ့ ပွဲမျိုးကြည့်ချင်ရင် နတ်ကန္တားပွဲ သွားကြည့် အဲလိုလေးတွေငုတ်တုပ်တွေရော မတ်တပ်တွေရော ရှိတယ
နောက်တခုက သူတို့လုပ်တတ်တာ တစ်ခုပဲရှိပါတယ်။
ရှေ့ကနေ တတ်မဲ့လူထုကိုရှာတာရယ် ၊ သူတို့ထက် ပိုစွမ်းတဲံ့ လူကို ဝိုင်းရံကြ လို့ အော်တာရယ်
ပါ။အခု သူတို့ ရှေ့ကတတ်မဲ့လူတွေ မပြောနဲ့ သူတို့ အချင်းချင်းတောင် မင်းတတ် ငါတတ်နဲ့ 
ဘယ်သူမှရှေ့ကမတတ်တော့ဘူး။
၁၉၈၈ တုန်းကလိုပဲ ဟိုအန်တီကိုဝိုင်းရံကြ ဆိုတာပဲ တတ်လေတော့ အခုလည်း ဟိုအန်တီကို
ဝိုင်းရံကြ ဆိုပြီး အော်ဆဲပါပဲ။
အန်တီကလည်း သူဘာသာတောင် တယောက်တည်း ထဘီမနိုင် ပဝါမနိုင် ပွဲချိန်အမှီ ကကွက်
ကျင့်နေတော့လည်း ဒင်းလေးတို့ ပါလာရင် ရှူပ်မှာစိုးလို့  (၁၉၈၈ လိုထပ်ဖြစ်ရင် ဒီတစ်ခါ သူ
ကိုယ်တိုင် ပစ်မိန့် ကိုသဘောတူပေးရမဲ့ စင်ပေါ်ရောက်ခါနီးပြီဆိုတော့ ဘွားတော် အကြပ်
ရိုက်နေပုံရပါတယ်) အိမ်ထောင်မြန်မြန်ပြူ ကလေးမြန်မြန်မွှေး အိမ်ထောင်မှူ နဲ့ရှူပ်
ဒီဘက်ကို စိတ်ပါလာမှူ အားနည်းအောင် မိန်းမချည်းပဲ ယူခိုင်းလိုက်တော့တာပဲ။


သူတို့ ရဲ့နောက်ဆုံးအတွင်းသဘောကို ဒီလိုလေးလှစ်ဟ ပြသွားပါတယ်။
" ကျွန်တော်တို့ ပြည်သူတွေရဲ့ ဆန္ဒဖော်ထုတ်တဲ့ လှုပ်ရှားမှူအမျိုးမျိုးနဲ့ ခွဲဖြာလုပ်ဆောင်သွားဖို့ ရှိနေကြောင်း "
ဆိုပြီး ပြောကြားသွားတာကို ကြည့်ခြင်းအားဖြင့် အုံကြွမှူ လှူပ်ရှားမှူကြီးတွေဖြစ်မှသာ
သူတို့သည်ခေါင်းဆောင်အနေနင့် အလိုလိုပါဝင်ကာ တရားဟောခြင်းများ မြှောက်ပေးခြင်း
များပြန်လုပ်ပါအုံးမည်။ထိုအလုပ်သာ လုပ်တတ်ပါသည် လို့ ဝန်ခံသွားခြင်းဖြစ်ကြောင်းပါခင်ဗျား။




  http://www.mgkyautkhae.blogspot.com ရေးသားသရော်သည်။



Print Friendly and PDF

4 ယောက် ဆွေးနွေးခဲ့တယ်:

Naykha said...

အင်းဗျာအဲ့လိုလေးလဲ လုပ်ပေးမှဘဲ ဒီဆိုက်လေးကိုဖေ့ဘုတ်လောကမှာပြန်သွားရင်ပိုလို့ကောင်းပါမယ်

Anonymous said...

the lowest standrd website without any ethic in the world.

Anonymous said...

http://www.google.com.sg/search?hl=en&cp=10&gs_id=1l&xhr=t&q=8888+in+myanmar&gs_upl=&bav=on.2,or.r_gc.r_pw.,cf.osb&biw=1366&bih=605&um=1&ie=UTF-8&tbm=isch&source=og&sa=N&tab=wi&ei=oforT--tJMrHrQe4ron2DA

Anonymous said...

ထောင်ထွက် ၈၈၈၈ ကျောင်းသားများ ခင်ဗျား... မုဒိမ်းစစ်ခွေးများ ပြောစကားကို နားထောင်လိုက်ုကပါ။

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ