Feb 2, 2012

နိုင်ငံခြားရောက် မြန်မာပညာရှင်အချို့ ပြန်လာမည်



သမ္မတ၏ စီးပွားရေးအကြံပေး အဖွဲ့ခေါင်းဆောင်ဒေါက်တာ ဦးမြင့်ဦးဆောင်ဖွင့်လှစ်မည့် မြန်မာ့အရင်းအမြစ်ဖွံ့ဖြိုးမှုစင်တာ (MDRI) လက်အောက်မှ စီးပွားရေးနှင့် လူမှုဖွံ့ဖြိုးတိုးတက်ရေးစင်တာ  (Centre for Economics and Social Development) တွင် သုတေသီအဖြစ် လာရောက်လုပ်ကိုင်မည်ဟု နိုင်ငံခြားရောက် မြန်မာလူမျိုးပညာရှင်တစ်ဦးဖြစ်သည့် ဒေါက်တာတင်မောင်သန်းက ပြောသည်။၎င်းနှင့်အတူ အခြားသောပြည်ပရောက်မြန်မာလူမျိုးပညာရှင်တစ်ဦးဖြစ်သည့်  ဒေါက်တာ
ဇော်ဦးလည်း ပါဝင်လုပ်ကိုင်ရန်ရှိ ကြောင်းပြောသည်။

မန္တလေးဆေးတက္ကသိုလ်မှ  M.B.B.S   ဘွဲ့နှင့် အမေရိကန်ပြည်ထောင်စု ဟားဗတ်တ်တက္ကသိုလ်မှ ပြည်သူ့ရေးရာစီမံခန့်ခွဲမှုမဟာဘွဲ့(M.P.A) ရရှိခဲ့သည့် ဒေါက်တာ တင်မောင်သန်းက အဆိုပါစင်တာတွင် စီးပွားရေးနှင့် လူမှုဖွံ့ဖြိုးတိုးတက်ရေးကိစ္စရပ်များကို သုတေသနလုပ်ဆောင်သွားရန် ပြီးခဲ့သည့်လအနည်းငယ်က မြန်မာနိုင်ငံသို့ လာရောက်စဉ်လေ့လာခဲ့ သည်ဟုပြောသည်။ကုလသမဂ္ဂအတွင်းရေးမှူး ချုပ်ဦးသန့်၏ မြေးဖြစ်သူ ဗြိတိန်နိုင်ငံ ကန်းဘရစ်ခ်ျတက္ကသိုလ်မှသမိုင်းဘာသာဖြင့် ပါရဂူ  (PhD)   ဘွဲ့ရဒေါက်တာသန့်မြင့်ဦးကဲ့သို့သမိုင်းပညာရှင်ပုဂ္ဂိုလ်မျိုးလည်း ထိုစင်တာကို ၀န်းရံနိုင်ဖွယ်ရှိကြောင်း ၎င်းက ဆက်လက်ပြောသည်။

ထိုင်းနိုင်ငံတွင် တရားဝင် မှတ်ပုံတင်ရရှိထားပြီး မြန်မာလူမျိုးများအတွက် စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းများကို လုပ်ကိုင်နေသော ဗဟိုအဖွဲ့၏ ခေါင်း ဆောင်ပိုင်းပုဂိုလ်များဖြစ်သည့် ဒေါက်တာဇော်ဦးနှင့် ဒေါက်တာတင်မောင်သန်းတို့သည် အဖွဲ့ ကိုယ်စားပြုခြင်းမဟုတ်ဘဲ ပုဂ္ဂလိကအနေဖြင့် လာရောက်ကူညီခြင်း ဖြစ်ကြောင်းလည်း သိရှိရသည်။ စီးပွားရေးပညာရှင်ဦးမော်သန်းက“သူတို့က လာကူမယ်ဆိုရင်
တိုင်းပြည်အတွက် သိပ်ကောင်းတာပေါ့။ သူတို့မှာ နိုင်ငံ တကာအတွေ့အကြုံတွေလည်းရှိတယ်။ ပညာကလည်းပဲ အဆင့် မြင့်ပါရဂူဘွဲ့တွေရထားတယ်”ဟု ပြောသည်။

ဆက်လက်၍ ၎င်းက မြန်မာနိုင်ငံတွင်စီးပွားရေးနှင့်ပတ်သက်၍    ပြည်တွင်းလည်ပတ်နေသည့်   ငွေကြေး၊ တိုင်းပြည်တွင်ရှိသည့် နိုင်ငံခြားရန်ပုံငွေကိစ္စများကို အစိုးရက သုတေသနပြုထားသည်များရှိသော်လည်း ထုတ်ပြန်ကြေညာခြင်းမရှိခဲ့ဘဲ  ယခုကဲ့သို့ စီးပွားရေးသုတေသနဌာနများ ပေါ်ပေါက်လာပါကအချက်အလက်များ ထွက်ပေါ်လာနိုင်ဖွယ်ရှိကြောင်း ခန့်မှန်းပြောဆိုသည်။ထို့ပြင် စီးပွားရေးဆိုင်ရာစာပေများရေးသားလျက်ရှိသည့် ဆရာခင်မောင်ညို (ဘောဂဗေဒ)က မြန်မာနိုင်ငံတွင် လွန်ခဲ့သည့်နှစ်ပေါင်း ၂၀ကာလအတွင်း နိုင်ငံခြားသားများ၏ သုတေသနများက မြန်မာသုတေသီများ၏  သုတေသနများထက် ပိုမိုများပြားခဲ့ကြောင်း ထောက်ပြသည်။
(7 days new journal)
Print Friendly and PDF

0 ယောက် ဆွေးနွေးခဲ့တယ်:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ