Jan 12, 2013
အလင်းဝင်ရောက်လာသော ကေအိုင်အေ တပ်မဟာ ၅ မှ ကေအိုင်အေရဲဘော်တစ်ဦးမှ ၄င်းတို့အားလူတစ်ယောက်ကျည်တောင့် ၃၀ နှင့် တိုက်ခိုင်းထားပြီး ကေအိုင်အေအတွင်းရေးသိသူလုပ်သက်ရင့် ရဲဘော်များကို လိုင်ဇာတွင်ထိန်းချုပ်နေပြီဖြစ်ကြောင်း ပြောကြား
ကေအိုင်အေသောင်းကျန်းသူအဖွဲ့မှ အလင်းဝင်ချင်သူများအား ခြိမ်းခြောက်၍တနည်း မက်လုံးပေးကာတသွယ် ထိန်းချုပ်ထားနေပြီဖြစ်သည်။
အလင်းဝင်လာသော ကေအိုင်အေ တပ်မဟာ ၅ လက်အောက်ခံ ရဲဘော်တစ်ဦးအား သူ၏ မိသားစုမှ ဝမ်းသားအာရပွေ့ဖက်ကြိုဆိုနေပုံ
ကေအိုင်အေမှ ကွန်ပျူတာ အလုပ်လုပ်ရမည်။ လိုင်ဇာတွင် ထားမည်။ လခ ကောင်းကောင်းပေးမည်ဟုဆိုကာ စည်းရုံး ကာ ကေအိုင်အေ စစ်သားအဖြစ် သိမ်းသွင်းခြင်းခံခဲ့ရသည့် အလင်းဝင် ကေအိုင်အေ သတင်းဖြန့် တစ်ဦးမှ ကေအိုင်အေ တပ်ဖွဲ့အတွင်း ရိက္ခာ၊ခဲယမ်းများ မလုံလောက်တော့ကြောင်း၊ ရှေ့တန်းစခန်းများရှိ ကေအိုင်အေ ရဲဘော်များအား ကျည် ၂၉ တောင့်ခန့်သာ ပေးနိုင်တော့ကြောင်း ပြောခဲ့သည်ဟု သိရသည်။
သူ့ကဲ့သို့ပင် ဖမ်းဆီးပြီး ကေအိုင်အေ အတွက် ၀ါဒဖြန့် လုပ်ပေးရသူများကို လိုင်ဇာ ဌာနချုပ်တွင် ထားရှိကြောင်း၊ အပြင်သို့ သူတို့ မပါဘဲ ပေးမထွက်ကြောင်း၊ မိုင်းများ ထောင်ထားသည့်အတွက် ထိမှာ စိုးသည် ဟု အကြောင်းပြပြီး အဆောက်အအုံထဲတွင် ထိန်းသိမ်းထားခဲ့သည်ဟု ၄င်းမှ ဆိုသည်။
ကေအိုင်အေမှ စုဆောင်းခဲ့သည့် တိုင်းရင်းသားများအား ရခိုင်လူမျိုးဆိုလျှင် ရခိုင်တပ်ဖွဲ့၊ ရှမ်းဆိုလျှင် ရှမ်းတပ်ဖွဲ့ သီးခြားစီ ထားရှိကြောင်း၊ လူမျိုးစုများ တစ်စုစီခွဲခြား ဆက်ဆံယုံမက ကျွေးသည့် အစားအသောက်တွင်လည်း ကေအိုင်အေ ဂျိမ်းဖောများက အခွင့်အရေး ပိုရကြောင်း၊ မြန်မာ့တပ်မတော်မှ သတ်မည် မဟုတ်ဘဲ ကူညီထောက်ပံ့ပေးမည် ဆိုသော သတင်းများသူတို့ သိပါက ကေအိုင်အေကို ပြန်တိုက်ကာ အလင်းဝင်ကြမည် ဖြစ်သည်ဟု ၄င်းမှ ဆက်ပြောခဲ့သည်။
 (မောင်ကျောက်ခဲ အဖွဲ့)
Readmore »
KIA သူပုန်တွေ ကျောင်းသူတစ်ဦးအား လူမဆန်စွာ အုပ်စုဖွဲ့မုဒိန်းကျင့်ခဲ့
ဇန်နဝါရီလ၇ရက် နေ့ က နန့်ဆန်းယန် ဘုရားကျောင်းတွင်စစ်ဘေးရှောင်နေသော ကျောင်းသူတစ်ဦးအား KIAမှလူမဆန်စွာအုပ်စုဖွဲ့ မုဒိန်းကျင့်ခဲ့ကြောင်းနန့် ဆန်ယန်ကျေးရွာမှပြည်သူ့ စစ်ခေါင်းဆောင်ဦးဂွမ်ရှောင်
ကပြောကြားသည်။အဆိုပါမိန်းကလေးမှာနန့်လတ်ချောင်းတွင်ဘုရားကျောင်းမှအဝတ်များကိုလျှော်ဖွတ်ရန်
သွားရောက်စဉ်KIAအဖွဲ့ မှအခုလိုအုပ်စုဖွဲ့ မုဒိန်းကျင့်ခဲ့ကြောင်းသိရှိရသည်။
မ....မှ"သမီးကအဝတ်သွားလျှော်တာ..ချောင်းရောက်ခါနီးလမ်းမှာသူတို့ နဲ့ တွေ့ တာ...သမီးလည်းကြောက်တာနဲ့ 
ထွက်ပြေးတာမရဘူး........သူတို့ က ၅ယောက်တောင် ဝိုင်းဖမ်းပြီးချောင်းစပ်ကိုခေါ်ပြီး ဟိုလို လုပ်ကြတာ... သမီးအော်လို့ မရအောင်ပါးစပ်ကိုအုပ်ပြီးလက်တွေကိုလည်းဖိထားတော့ဘာမှလုပ်လို့ မရဘူး...
သူတို့ တစ်ယောက်ကိုတစ်ခါလုပ်တယ်..နောက်ဆုံးလုပ်တဲ့သူကနှစ်ခါလုပ်တယ်..
.ပထမတစ်ခါကပုံမှန်လုပ်တာ..နောက်တစ်ခါကမစင်ပေါက်ကိုလုပ်တာ"ဟုပြောသည်။
မ...မှာဘုရားကျောင်းသို့ ပြန်မလာသောကြောင့်ကျေးရွာသို့ သတင်းပို့ ခဲ့ရာကျေးရွာပြည်သူ့စစ်အဖွဲ့မှ
ချောင်းစပ်နားတွင်သွေးများဖြင့်မေ့နေသောမ...အားခေါ်ယူပြီးနီးစပ်ရာမြစ်ကြီးနားဆေးရုံသို
(မောင်ကျောက်ခဲ အဖွဲ့)
Readmore »
KIA တပ်မဟာ(၅)၊ တပ်ရင်း(၉)မှ အင်အား ၃၅ ယောက် လက်နက်နှင့် ငြိမ်းချမ်းရေး လဲလှယ်
KIA တပ်မဟာ(၅)၊ တပ်ရင်း(၉)မှ ဒုတိယ တပ်ရင်းမှူး လရိန် ဦးစီး အင်အား ၃၅ ဦး သည် ၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီလ ၁၁ ရက်နေ့ နံနက် ၀၈၃၀ ချိန်ခန့်တွင် တပ်မဟာ(၅) နယ်မြေ အတွင်း၊ ဘန်တောင် ကျေးရွာ အနီးရှိ တပ်မတော် စခန်းတစ်ခု၌ လက်နက်နှင့် ငြိမ်းချမ်းရေး လဲလှယ် ၀င်ရောက်ခဲ့ကြောင်း သိရှိရသည်။
၎င်းတို့နှင့် အတူ အမ်-၂၂ သေနတ် ၂၈ လက်၊ ကျည်အိမ်(၃၀)ခု၊ ၄င်းကျည် ၂၈၀၉ တောင့်၊ အမ် ၂၁ သေနတ် ၇ လက်၊ ကျည်အိမ် ၁၀ ခု၊ ၄င်းကျည် ၁၂၀၀ တောင့်၊ တရုတ်လက်ပစ်ဗုံး ၃၇ လုံး၊ မှန်ပြောင်း (BOSMA) ၂ လက်၊ အိုင်ကွန်အထိုင်စက် ၁ လုံး၊ Kenwood လမ်းလျှောက် စကားပြောစက် ၃ လုံး၊ ရီမုကွန်ထရိုးမိုင်း ၅ လုံး၊ လျှပ်စစ် ဒစ်တိုနေတာ ၅ ခု ပါရှိခဲ့ကြောင်း သိရှိရသည်။
အဆိုပါ အဖွဲ့၏ ပြောကြားချက်အရ အဖွဲ့အတွင်း အာဏာပြိုင်မှုများကြောင့် လည်းကောင်း၊ နိုင်ငံတော်၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် ပူးပေါင်းပြီး နိုင်ငံတော် တိုးတက်ရေးနှင့် ၄င်းတို့ဒေသ တိုးတက် ဖွံ့ဖြိုးရေးအတွက် လည်းကောင်း၊ ဒေသတွင်း တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေမည် ကို မလိုလား၍ လည်းကောင်း၊ ကချင် ပြည်နယ် အတွင်းမှ တိုင်းရင်းသားတွေ အားလုံး စားဝတ်နေရေး ၊ ပညာရေး ၊ ကျန်းမာရေး ပြဿနာတွေ ၊ သေကြေ ပျက်စီးမှု ဒုက္ခတွေကို ခံစား နေကြရသည်ကို မကြည့်ရက်တော့ သောကြောင့်လည်းကောင်း ယခုလို ခွဲထွက်၍ လက်နက်နှင့် ငြိမ်းချမ်းရေး လဲလှယ်ခဲ့ရခြင်း ဖြစ်ကြောင်း သိရှိရသည်။
From:[_ OE_]
(မောင်ကျောက်ခဲ အဖွဲ့)
Readmore »
ဟီလာရီ ကလင်တန်၏ အနီးကပ် လုံခြုံရေးအရာရှိ နတ်မိမယ်လေးများ
အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မစ္စ ဟီလာရီ ကလင်တန်၏ အနီးကပ် လုံခြုံရေး အဖွဲ့တွင် ပါဝန်နိုင်ရန်မှာ သင့်အနေဖြင့် လျင်မြန်ရမည်၊ သွက်လက်ရမည် ဖြတ်ထိုးဥာဏ် ကောင်းရမည်၊ ကြံ့ခိုင်သန်စွမ်းရမည်။ ဒီထက်ပိုပြီး အရေးကြီးသည်မှာ ရဲစွမ်းသတ္တိ ရှိရန်ဖြစ်ပြီး လိုအပ်ပါက သင့်အနေဖြင့် ဒေါက်မြင့်ဖိနပ်ပင် ဝတ်ဆင်ထားပါစေ။ ကျည်ဆံအား ရဲရဲဝံ့ဝံ့ ရင်ဆိုင် ရဲရပေမည်။
Secret Service Agent ဖြစ်ရန်မှာ လွန်စွာမှ ခက်ခဲပြီး နှစ်စဉ် နှစ်တိုင်း Agent အဖြစ် လျှောက်ထားသူ ထောင်ပေါင်း များစွာထဲမှ ရာခိုင်နှုန်း အနည်းငယ်သာ ပြင်းထန် ခက်ခဲသည့် စမ်းသပ် စစ်ဆေးမှုများကို အောင်မြင်စွာ ကျော်လွှားနိုင်သည်ဟု သိရှိရသည်။ ကိုယ်အား၊ ဥာဏ်အား၊ စိတ်ဓါတ်အင်အား လွန်စာမှ ပင်ပန်းပြီး ၃ လလျှင် တစ်ကြိမ် ကြံ့ခိုင်မှုနှင့် လက်နက် ပစ်ခတ်မှု အရည်အချင်း စစ်ဆေးမှုကို ခံယူရသည်။
Secret Service Agent တစ်ဦးသည် လက်နက် (၄) မျိုးအား ဇောက်ထိုး အနေအထားဖြင့်ပင် ပတ်ခတ်နိုင်စွမ်း ရှိသည်။ ဒိုက် (၄၅) ခါအား (၂) မိနစ်အတွင်း ထိုးနိုင်သကဲ့သို့ မော်တော်ယာဉ်တန်း၏ ဘေးမှ အချိန်အတန်ကြာပင် ပြေးလိုက်နိုင်စွမ်း ရှိကြသည်။
မစ္စစ် ကလင်တန်အား စောင့်ရှောက်ပေးနေသည့် အမေရိကန် လျို့ဝှက် လုံခြုံရေး အဖွဲ့ (Secret Service)တွင် အမျိုးသမီး အေးဂျင့် အရေအတွက် တိုးပွားလာနေပြီး လက်ရှိ အချိန်၌ စုစုပေါင်း (၁၃) ဦး ရှိပြီး အဖွဲ့ တစ်ခုလုံး၏ (၅) ပုံ (၁) ပုံထိပင် ရှိနေပြီဟု သိရှိရပါသည်။
သူမတို့သည် ငယ်ရွယ်ပြီး အနှောင်အဖွဲ့ ကင်းကြသည့် အမျိုးသမီးများ ဖြစ်ကြသည်။ နံနက် ၄း ၃၀ တွင် အိပ်ရာမှထကာ နရီ (၂၀) အကြာတွင် ချက်ပြုတ်နည်း အစီအစဉ်အား ရုပ်သံ၌ကြည့်ရင်း အိပ်ရာဝင်ကြသူများလည်း ဖြစ်ကြသည်။
သူမတို့သည် တိုက်ခိုက်လာသည့် ရန်သူအား တစ်ချီထဲနှင့် အလဲထိုး နိုင်သလို အဝေးမှ ရန်သူအားလဲ ပစ်မှတ်မလွဲ ထိမှန်အောင် ပစ်ခတ် ထိမှန်နိုင်စေသူများ ဖြစ်ကြသည်။ အမှန်တကယ်တော့ သူမတို့သည် ဟီလာရီ၏ နတ်မိမယ်လေးများပင် ဖြစ်ပေသည်။
From:[_http://www.singaporefeel.blogspot.com _] (မောင်ကျောက်ခဲ အဖွဲ့)
Readmore »
သိရိလင်္ကာအမျိုးသမီးအား ဆော်ဒီအစိုးရမှ သေဒဏ်ပေး ခေါင်းဖြတ်သတ်
ဆော်ဒီအာရေဗျတွင် ကလေးထိန်းအဖြစ် လုပ်ကိုင်ခဲ့သူ သီရိလင်္ကာအမျိုးသမီးအား ကလေးသေဆုံးမှုအတွက် သေဒဏ်ချမှတ်ကာ ခေါင်းဖြတ်သတ်ခဲ့မှုကြောင် ဆော်ဒီနှင့်သိရီလင်္ကာ နှစ်နိုင်ငံဆက်ဆံရေး တင်းမာလာပြီး ကိုလံဘိုမြို့တွင်လည်း ဆော်ဒီအစိုးရအား ဆန့်ကျင်ဆန္ဒပြမှုများ ဖြစ်ပွားနေကြောင်း CNN သတင်းထုတ်လွှင့်သွားပါတယ်။ From:[_ွPlanet Myanmar Network_] (မောင်ကျောက်ခဲ အဖွဲ့)
Readmore »
ကေအိုင်အေနှင့် အပစ်အခတ် ရပ်စဲရေးကာလတွင် ABSDF ပျောက်ကွယ်နေခဲ့ပြီး ယခုမှ တိုက်ပွဲနှင့်အတူ ပြန်ပေါ်လာရခြင်း အပေါ် နားမလည်ဟု ပါဂျောင်လူသတ်ပွဲကြီးမှ လွတ်မြောက်လာသူ ABSDF ရဲမေဟောင်း နန်းအောင်ထွေးကြည် ဖွင့်ပြောပြီ
ပါဂျောင်အရေးတွင် အသက် ချမ်းသာရာ ရခဲ့သော ABSDF ကျောင်းသား တပ်မတော် ရဲမေဟောင်း နန်း အောင်ထွေး ကြည်က ABSDF မြောက်ပိုင်းအနေဖြင့် ၁၉၈၈ ခုနှစ် နိုဝင်ဘာလမှ စတင်ကာ ပေါက်ဖွားလာခဲ့ သည့် မူဝါဒအတိုင်းရှိသည်ဟုဆိုသော်လည်း ကေအိုင်အေနှင့် မြန်မာ့တပ်မတော် အပစ်အခတ်ရပ်စဲ ထားသည့် ကာလအတွင်း ပျောက် ကွယ်နေခဲ့ကာ ယခုတိုက်ပွဲ ကာလတွင်မှ ပြန်ပေါ်ထွက်လာရခြင်းကို နားမလည်ဟု မြန်မာအင်ဒီပဲန်ဒင့် သို့ ပြောကြား ခဲ့သည်။ သို့ရာတွင် ယခင်က အပစ်အခတ် ရပ်စဲခဲ့သောအချိန်၌ ကေအိုင် အေအနေဖြင့် ABSDF ကို မောင်းထုတ် ခဲ့သည်ဟု ပြောကြခြင်းများအပေါ်တွင် “သူက အပစ်အခတ် ရပ်စဲထားတာ။ ရန်ဖြစ်ရင် မင်းငါ့အိမ်မှာ မနေနဲ့၊ နေရင်လည်း ရန်မဖြစ်နဲ့ ဆိုတာမျိုး ဖြစ်မယ် ထင်ပါတယ်” ဟု တွေးမိကြောင်း နန်းအောင်ထွေးကြည်က ဆက်လက် ပြောကြားသည်။ 
ယင်းသည် လိုင်စင်မြေ တွင် အသက်မသေဘဲ ကျန်ခဲ့သော် လည်း ABSDF မြောက်ပိုင်း၏ ဖမ်းဆီး ထိမ်းသိမ်းမှု ကို ခံခဲ့ရကာ ၁၉၉၂ ခုနှစ် စက်တင်ဘာ ၄ ရက်တွင် ကေအိုင်အေသို့ တရားဝင်လွှဲပြောင်း ခံခဲ့ရသော ရဲမေ တစ်ဦး ဖြစ်သဖြင့် လက်ရှိ အနေအထားတွင် ABSDF ၏ တိုက်ပွဲတစ်ပိုင်း၊ ငြိမ်းချမ်းရေး တစ်ပိုင်း ဟန်ချက် အပေါ် မည်ကဲ့သို့ မြင်ပါသနည်းဟု မေးမြန်းခဲ့ရာ နန်းအောင်ထွေးကြည်က “ဒီ ABSDF မြောက်ပိုင်းက အဲဒီ ကေအိုင်အေ အပစ်အခတ် ရပ်စဲရေး မှာကတည်းက ပျောက်သွားပြီ။
ဘာကြောင့်လဲ ဆိုတော့ သံချောင်းတို့က တောင်ပိုင်း ရောက်သွား တယ်။ တာဝန်အရှိဆုံးဖြစ်တဲ့ ရော်နယ်အောင်နိုင် (ခေါ်) အောင်နိုင်လည်း AB ထဲမှာ မရှိတော့ဘူး။ သူက ဆက်လည်း မလုပ်တော့ဘူး။ သံချောင်းဆိုလို့ရှိရင် SSC ထဲ ကို ရောက်သွားတယ်ဆိုတော့ ဘယ်မှာလဲ ABSDF မြောက်ပိုင်း ဆိုတာ တောထဲမှာလည်း မရှိတော့ဘူး။ ကျွန်မပြောရရင်တော့ ABSDF မြောက်ပိုင်း ဆိုတာဟာ ပျောက်သွားတယ်။ ကွဲသွားတယ်။ တပ်ပျက်သွားတယ် လို့လည်း ပြောလို့ရတယ်။
အခု လက်ရှိ အစိုးရနဲ့ တိုက်ပွဲတွေ ဖြစ်နေတယ် ဆိုတော့ တိုက်ပွဲဖြစ်လိုက်တာနဲ့ ဘာဖြစ်သွားလဲဆိုတော့ ABSDF မြောက်ပိုင်း ဆိုတာလေးကို ကမန်းကတန်း ရှိတဲ့သူတွေနဲ့ ဖွဲ့လိုက်တယ်။ ရှိတဲ့သူတွေနဲ့ ပြန်ဖွဲ့လိုက်ပြီး တော့မှ အင်အား အနေနဲ့ စုတယ်။ တချို့သတင်း ကြားနေရတာကတော့ စစ်သား စုဆောင်းရေးတွေ လုပ်တယ်။ အင်အားဖြည့်တယ်။ အဲဒီလိုတွေ ကြားတယ်။
ဒါပေမယ့် ၁၉၉၂ ခုနှစ်မှာ ၅၅ ဦး ထွက်ပြေးသွားပြီးတော့ ကျွန်မတို့ ၉ ယောက်က အကျယ်ချုပ် ကျနေတဲ့အချိန် ရော်နယ်အောင်နိုင်(ခေါ်) အောင်နိုင်က စစ်ရေး တာဝန်ခံ၊ ဒုဥက္ကဋ္ဌ သံချောင်း ကိုယ်တိုင်က ၁၉၉၂ ခုနှစ်၊ ဇွန်၊ ဇူလိုင်လ လောက်မှာ စစ်သား စုဆောင်းရေး လုပ်တယ်။ စစ်သား စုဆောင်းရေး ဆိုတာက ဖမ်းတာပဲ။ ဒါတွေက ကျွန်မတို့ မျက်စိရှေ့မှာ ဖမ်းတာ။ အခုလက်ရှိ မြန်မာပြည် မြောက်ပိုင်း လူသတ်သမား လှစိုင်း ကိုယ်တိုင် ဦးစီးနေတယ်။ ကျွန်မက ဘာလို့ လူသတ်သမား လှစိုင်းလို့ ပြောသလဲ ဆိုတော့ သူကိုယ်တိုင် မောင်မောင်ကို ဓားနဲ့ ခုတ်သတ်ခဲ့တယ်။
ဒါကြောင့် ကျွန်မက သူ့ကို လူသတ်သမားလို့ ပြောတာ။ တောင်ပိုင်းက ဥက္ကဋ္ဌ သံခဲကတော့ အခု ပြည်တွင်းမှာလာပြီးတော့မှ ဒီအစိုး ရဆီမှာ ပေါ်လစီ တစ်ခု ရှိမှာပေါ့။ ဟုတ်တယ်မဟုတ်လား။ ငြိမ်းချမ်း ရေးပဲဖြစ်ဖြစ်၊ ဘာပဲဖြစ်ဖြစ်ပေါ့။ သူတို့ လာတောင်းနေတယ်ဆိုတော့ အားလုံးက အတူတူပါပဲဆိုပြီး သူတို့ ပြောထားတယ်လေ။ ကျွန်မအနေနဲ့ ဘယ်လိုမြင်ရမလဲ မသိဘူး။ တော်တော် စဉ်းစားတာ” ဟု သူ၏ အမြင်ကို ရှင်းပြသည်။
တစ်ဖန် ယင်း၏ အတွေ့အကြုံ အရ ABSDF မြောက်ပိုင်း၏ နိုင်ငံ ရေးဆိုင်ရာ မူဝါဒတွင် ပြည်တွင်း နိုင်ငံရေး အခြေအနေနှင့် ဟန်ချက်ညီအောင် မည်ကဲ့သို့ လှုပ်ရှားဆောင်ရွက် ခဲ့ပါသနည်းဟု မေးမြန်းရာ “ကျွန်မတို့ မြောက်ပိုင်း မှာ ဖြစ်သွားခဲ့တဲ့ ဖြစ်စဉ်ဟာ မူဝါဒကြောင့် မဟုတ်ဘူးလို့ ကျွန်မ ပြောချင်တယ်။ အဓိက က မျိုးဝင်း ခေါင်းဆောင် မှု ကြောင့်လို့ ကျွန်မ တပ်အပ် ပြောရဲတယ်။
ဒါပေမယ့် ABSDF မြောက်ပိုင်းမှာ ကိုယ်ဝင်လိုက်ပြီး ကတည်းက ကျွန်မတို့မှာ ပြင်ပလောကနဲ့ လုံးဝ အဆက်အသွယ် ပြတ်သွားတယ်။ ဒါ အမှန်ပြောတာ။ သူတို့ လူကြီးပိုင်း တွေသာ သိလိမ့်မယ်။ ဘယ်တော့မှ အောက်ပိုင်း ရဲဘော်ရဲမေတွေကို ချပြခြင်း မရှိဘူး။ ပြည်တွင်း နိုင်ငံရေး အခြေအနေကို ကျွန်မတို့ မသိခဲ့ဘူး။ အဲဒီထဲကိုရောက်တာနဲ့ ကျွန်မတို့မှာ သတင်းစာဆိုတာ ဖတ်ပိုင်ခွင့် မရှိဘူး။
တာင်ပိုင်းလို မဟုတ်ဘူး။ ကိုယ်က တပ်တွင်းထဲမှာပဲ နေရတယ်။ ခွင့်ပြုချက် မရှိဘဲနဲ့ တပ်ပြင်ပကို သွားလို့မရဘူး။“ရဲဘော် ရဲမေတွေကို တစ်လ တစ်ခေါက်တောင်မှ ရှင်းလင်း ပြောကြားခြင်း မရှိခဲ့ဘူး။ ကျွန်မတို့ ရဲဘော် ရဲမေ များဟာ တပ်အတွင်းထဲကို ရောက်လာတဲ့ အချိန်မှာ မျက်စိပိတ်၊ နားပိတ်တွေ ဖြစ်ကုန်တယ်။ ဘာမှ မသိတော့ ဘူး။ ပြည်ပ တစ်ကမ္ဘာလုံးနဲ့ မပြောနဲ့ ကိုယ့်နိုင်ငံ အတွင်းမှာ ဖြစ်သွားတဲ့ဟာ ဆိုရင်လည်း ဥပမာ ဒေါ်အောင်ဆန်းစုကြည် အဖမ်းခံရတယ် ဆိုတာပဲ သိတယ်။
ဒါလောက်ပဲ။ လူကြီးပိုင်းတွေက တစ်ခါမှ အခြေခံ ရဲဘော်ရဲမေတွေကို တစ်လ တစ်ခေါက် ကလေးတောင်မှ ဒီလိုမျိုး သဘောတရား ရေးရာတို့ ဘာတို့မှာ ဆွေးနွေး တာတို့ ရှင်းလင်း ပြောပြတာတို့ လုံးဝမရှိခဲ့ဘူး။ နိုင်ငံရေးနဲ့ ပတ်သက်ပြီးတော့ အတွေ့အကြုံ ရှင်းလင်းပွဲဆိုတာ ကျွန်မတို့ ဒီမြောက်ပိုင်းမှာ တစ်ခါမှမရှိခဲ့ဖူးဘူး။ ကျွန်မ ကိုယ်တိုင်ကိုက Pro team (propaganda team) ဝါဒ ဖြန့်ချိရေးက အသံလွှင့်သူ အနေနဲ့ သူတို့ချရေး ပေးလိုက်တဲ့ဟာကို ကျွန်မဖတ်ရတယ်။ ကျွန်မကိုလည်း သူတို့ သင်ကြားပေးခြင်း ဘာမှ မရှိဘူး။ အဲဒါတွေလည်း သူတို့ စိတ်မဝင်စားဘူး။ သံချောင်းတို့ မျိုးဝင်းတို့ကိုယ်တိုင်ကို နိုင်ငံရေး အမြင် လုံးဝ မရှိဘူး။ စစ်တိုက်မယ်၊ သတ်မယ်၊ ဖြတ်မယ် ဆိုတာကလွဲပြီး သူတို့မှာ နိုင်ငံရေးအမြင် လုံးဝ မရှိဘူး” ဟု ပြန်လည် ရှင်းပြပါသည်။
နန်းအောင်ထွေးကြည်သည် ၁၉၈၈ ခုနှစ်၌ ရန်ကုန်တက္ကသိုလ် စိတ်ပညာ အဓိက၊ စာပေးစာယူ တက်ရောက် လျက် ရှိပြီး ၈၈၈၈ ဆူပူမှူကြီးအပြီးတွင် တောခိုခဲ့ကာ ABSDF မြောက်ပိုင်းမှ ၁၉၉၂ ခုနှစ်တွင် လွတ်မြောက်ပြီး ကေအိုင်အေမှ တစ်ဆင့် ထိုင်းနိုင်ငံသို့ ရောက်ခဲ့သည်။ ယခု အခါ ဩစတြေးလျနိုင်ငံတွင် အခြေ ချနေထိုင်ကာ ယခုအကြိမ်သည် ၁၉၈၈ ခုနှစ်နောက်ပိုင်းမွေးရပ်မြေသို့ ပထမဆုံးအကြိမ် ပြန်လည် ရောက်လာခြင်း ဖြစ်သည်။
From:[_mmforward.blogspot.com _]
(မောင်ကျောက်ခဲ အဖွဲ့)
Readmore »
ပေတစ်ရာဆီလျှောက်ပါလို့မြင်သလောက်ပြလိုက်ချင်ပါသည်
“မြေမြို၍လူမျိုးမပြုတ်၊ လူမြိုမှလူမျိုးပြုတ်မည်”ဆိုတဲ့ စကားတစ်ခွန်းကြားဖူးတယ်။ အခုလည်း ကေအိုင် အေ/ ကေအိုင်အိုအဖွဲ့ရဲ့လုပ်ရပ်တွေက ဒီပုံစံဖြစ်နေတယ်။
ကေအိုင်အေ/ကေအိုင်အိုအဖွဲ့နဲ့ အစိုးရစစ်တပ်တို့ တိုက်ပွဲတွေစတင်ဖြစ်ပွားခဲ့တယ်။ ၂၀၁၁ ခုနှစ် ဇွန်လကနေ ၂၀၁၂ခုနှစ် နှစ်ကုန်ပိုင်းအထိဖြစ်ခဲ့တဲ့တိုက်ပွဲတွေကို သုံးသပ်ကြည့်ရင် ကေအိုင်အေ ဘက် က တစ်ဖက်သတ်ဆန်လွန်းနေတာတွေ့ရတယ်။ ဘာကြောင့်ကျိန်းသေဒီလိုပြောရသလဲဆိုတော့ စစ် တပ် က စစ်တိုက်နေရခြင်းဟာ ပျော်လို့စစ်တိုက်နေတာ၊ လက်တည့်စမ်းသဘောမျိုး စစ်တိုက်တာ မဟုတ် ဘူး။ သူတို့စစ်တိုက်နေတာရည်ရွယ်ချက်ရှိတယ်။ အဲဒါက နယ်မြေတည်ငြိမ်အေးချမ်းဖို့၊ ဒေသခံ ပြည်သူများရဲ့ဘ၀တွေ လုံခြုံအေးချမ်းစေဖို့၊ ငြိမ်းချမ်းစွာဖွံ့ဖြိုးတိုးတက်စေဖို့ စတဲ့ အချက်တွေကြောင့် ဖြစ်ပါတယ်။ နိုင်ငံတော်နဲ့ချီပြီးပြောရရင်တော့ လွတ်လပ်ရေးနဲ့ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲ စေဖို့ပါ။ ပြည်ထောင်စုကြီးငြိမ်းချမ်းသာယာစေဖို့အတွက်ပါ။
ဒါဆို ကချင်အဖွဲ့လို့အလွယ်ခေါ်နေကြတဲ့ ကေအိုင်အေ/ကေအိုင်အိုအဖွဲ့အနေနဲ့ စစ်တိုက်နေရ တာက ရော ဘာအတွက်ပါလဲ။ နှစ်ပေါင်းများစွာကြားခဲ့ရတဲ့ ဟစ်ကြွေးသံကတော့ ကချင်လူထု   ကောင်း စားရေး၊ ကချင်ပြည်နယ်ထူထောင်ရေး။ ကေအိုင်အေ/ကေအိုင်အိုအဖွဲ့ရယ်လို့ဖွဲ့စည်းပြီး လက်နက်စွဲ ကိုင်ခဲ့တဲ့ ၁၉၆၀ ပြည့်နှစ်ဝန်းကျင်လောက်ကနေ ဒီကနေ့အချိန်အထိ ကချင်ပြည်နယ်နဲ့ ကချင် လူထုကို ဘာများကောင်းကျိုးပေးခဲ့ပါသလဲ။ မှတ်မှတ်ရရ ဘာအကျိုးများပြုခဲ့ပါသလဲ။
အတိုင်းအတာတစ်ခုအထိတော့ ကောင်းကျိုးတစ်ခုပြုခဲ့ဖူးပါရဲ့။ အဲဒါက ၁၉၉၄ခုနှစ်မှာ တပ်မတော် အစိုး ရရဲ့ ငြိမ်းချမ်းရေးကမ်းလှမ်းချက်ကြောင့် ငြိမ်းချမ်းရေးရယူခဲ့တာပါ။ အစိုးရက ဒီအဖွဲ့ကို ကချင် ပြည် နယ်၊ အထူးဒေသ(၂)အဖြစ်သတ်မှတ်ပေးပြီး စီးပွားရေးလုပ်ပိုင်ခွင့်တွေပေးခဲ့ပြီး ပြည်နယ်နဲ့ ဒေသ ခံအ ကျိုးကို ပူးပေါင်းဆောင်ရွက်စေခဲ့တယ်။ အစိုးရဘက်က ငြိမ်းချမ်းရေးအတွက် တစ်ဖက်သတ် လိုက်လျောမှုတွေနဲ့ စီးပွားရေးတွေလုပ်ကိုင်ခွင့်ပေးလိုက်လို့ ကျွန်းသစ်၊ ကျောက်စိမ်း၊ ပတ္တမြား စတဲ့ လုပ်ငန်းတွေနဲ့ ကေအိုင်အေ/ကေအိုင်အိုအဖွဲ့ကောင်းစားနေချိန်မှာရော ကချင်လူမျိုးကောင်းစားရေး အတွက် ဘာများလုပ်ကိုင်ပေးခဲ့ပါသလဲ။
ဘာပဲဖြစ်ဖြစ်ပါ။ ဘာမှမလုပ်ပေးသည့်တိုင် လူထုကို ဒုက္ခမပေးခဲ့တာပဲစိတ်ချမ်းသာရပါပြီ။ ဒီလိုလေးပဲ အေးအေး ချမ်းချမ်းနေသွားရရင် ကျေနပ်လှပါပြီလို့ဖြည့်တွေးခဲ့ကြပါတယ်။ ဒါပေမယ့် လုပ်ပိုင်ခွင့် တွေကြောင့် ဓနအင်အားနဲ့ လျှို့ဝှက်စစ်သားစုဆောင်းခဲ့လို့ အင်အားတောင့်တင်းလာတဲ့ အချိန်လည်း ရောက် ရော လက်နက်စွဲကိုင်သောင်းကျန်းပါရောလား။ မြစ်ဆုံကိစ္စ၊ တာပိန်ရေအား လျှပ်စစ်ကိစ္စ၊ ဘာ ကိစ္စ၊ ညာကိစ္စတွေ အကြောင်းပြပြီး အစိုးရကို ဆန့်ကျင်တိုက်ခိုက်တယ်။ အစိုးရက အပစ် အခတ် ရပ်စဲပြီး ငြိမ်းချမ်းရေးကမ်းလှမ်းတယ်။ ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးပွဲတွေ ကျင်းပပြီး လိုက်လျောမှု တွေဖြေလျှော့ပေးခဲ့တာလည်း ငြင်းဆန်ခဲ့တယ်။ သူတို့ကန့်ကွက်တဲ့စီမံကိန်းတွေရပ်ဆိုင်း ပေးခဲ့တယ်။ ဒါလည်းမရဘူး။
ဒါကြောင့်ပဲ တကယ့်အမှန်တရားရဲ့အကြောင်းပြချက်ကတော့ မြစ်ဆုံကိစ္စ၊ တာပိန်ကိစ္စ  မဟုတ် လောက်ပေ ဘူးလို့ အားလုံးက တွက်ဆလိုက်တယ်။ တွင်းထွက် သယံဇာတရတနာတွေ ပေါကြွယ်ဝ လှတဲ့ ရတနာမြေကို အပိုင်စီးချင်တာက အကြောင်းအရင်းအမှန်တရားဖြစ်ပါတယ်။ အခုပဲ ကြည့် ဖားကန့် ရတနာမြေကို စီးပွားရေးသမားတွေ မနေရဲအောင်၊ လူတွေ မလာရဲအောင် လက်နက် အားကိုးနဲ့ အကြမ်းဖက်တယ်။ စစ်သားတွေအဓမ္မစုလိုက်တာကလည်း မိန်းမတွေတောင်မချန်ဘူး။ ဆက်ကြေး တွေ အတင်းကောက်တယ်။ ကောက်တဲ့ဆက်ကြေးက ကျပ်သိန်းခြောက်ထောင်တဲ့။ ဒါက ဖားကန့် တစ်ခု တည်းမှာကိုကောက်တာ။ ကျန်တဲ့နေရာတွေမပါသေးဘူး။ လူတွေကြောက်ပြီး ပြေးကြတော့ ဖားကန့် မြေကို အပိုင်စီးပါရော။     ဒါတွေက ကေအိုင်အေ/ကေအိုင်အိုအဖွဲ့စစ်တိုက်နေရတဲ့ အကြောင်းအရင်း ပေပဲလား၊ ရည်ရွယ်ချက်လေလား။
ဘယ်မှာလဲ ကချင်လူထုကောင်းစားရေး၊ ကချင်တိုင်းရင်းသားများအပါအ၀င် ဒုက္ခသည်ပေါင်း တစ်သိန်းကျော် ကိုယ့်ရပ်ရွာကို စွန့်ပြီး စားရမဲ့၊ သောက်ရမဲ့ဖြစ်နေရတဲ့ဘ၀တွေက ကချင်လူမျိုးတွေ ကောင်းစားနေတယ်လို့ ဘယ်လိုပြောရမလဲ။ ကချင်အဖွဲ့စိုးမိုးရာဒေသမှာပဲ ဒုက္ခသည်ပေါင်းသောင်းချီ ပြီးရှိနေတယ်။ ဒီအဖွဲ့တွေကို ကေအိုင်အေက ထောက်ပံ့စောင့်ရှောက်ထားပါသတဲ့။ လူတစ်ယောက်ကို ဆန်နို့ဆီဗူး ၂ ဗူးတောင်မှ ပေးတစ်ရက်၊ မပေးနှစ်ရက်ဖြစ်နေတာ ထောက်ပံ့တယ်လို့ခေါ်ရမှာလား။ အစိုးရတပ်တွေနဲ့ တိုက်ပွဲဖြစ်တဲ့အခါ အဲဒီဒုက္ခသည်တွေကို ရှေ့တန်းတင်ပြီး လူတံတိုင်းအဖြစ်ကာရံ ထားတာတွေ၊ ရွာသူ၊ ရွာသားတွေကြားထဲပြေးဝင်ပြီး လူကြားထဲကနေ စစ်တပ်ကိုပစ်ခတ်၊ စစ်တပ်က ပြန်ပစ်တဲ့အခါ အပြစ်မဲ့လူထုကို ထိမှန်စေဆိုတဲ့ လုပ်ရပ်တွေက ကချင်လူထုကောင်းစားရေးတဲ့လား။
ကားလမ်း၊ ရထားလမ်းတွေကို မိုင်းခွဲဖျက်ဆီးတာကရော ကချင်လူထုကောင်းစားရေးပဲလား။ ကေအိုင်အေ / ကေအိုင်အိုရဲ့အဖျက်လုပ်ရပ်တွေကို စစ်တမ်းကောက်ရသလောက်စုစည်းမိတာတွေကို အများသိအောင် ဖောက်သည်ချပြချင်တယ်။ ၂၀၁၁ခုနှစ် ဇွန်လကနေ ၂၀၁၂ခုနှစ် ဒီဇင်ဘာလကုန် အထိ ကေအိုင်အေက ရထားလမ်းတွေကို မိုင်းခွဲတိုက်ခိုက်ခဲ့တဲ့ အကြိမ်ပေါင်းက ၅၅ ကြိမ်တောင်ရှိ တယ်။ ကားလမ်းနဲ့ရထားလမ်းတွေကို မိုင်းခွဲတိုက်ခိုက်ခဲ့တဲ့အကြိမ်တွေကိုပါ ထည့်ပေါင်းလိုက်ရင်တော့ မိုင်းခွဲတိုက်ခိုက်မှုပေါင်းက ၁၁၀ ရှိတယ်။ ဒါက စစ်တမ်းကောက်မိသလောက် ပြောတာနော်။ ဒီထက် တောင်မှ များနိုင်သေးတယ်။
အဲဒီအထဲမှာ ဒုက္ခရောက်နေတဲ့ ဒေသခံတွေအတွက် ရိက္ခာနဲ့ ဆေးဝါးတွေပေးပို့တဲ့ယာဉ်တန်း တွေကို တိုက်ခိုက် ခဲ့တာကတော့ မိုက်ရိုင်းလွန်းအားကြီးပါတယ်။ ဒေသအတွက် စားနပ်ရိက္ခာနဲ့ အသုံးအ ဆောင် ပစ္စည်းတွေပေးပို့ခဲ့တဲ့ ကုန်ရထားကိုလည်း မိုင်းခွဲတိုက်ခိုက်တယ်။ ဒီပစ္စည်းတွေက စစ်တပ်ပိုင် တဲ့ အရာတွေမဟုတ်ဘူး။ ပြည်သူပိုင် ပစ္စည်းတွေဖြစ်ပါတယ်။ ပို့ဆောင်ရေး လမ်းကြောင်း တွေပိတ်ဆို့ အောင် အမျိုးမျိုးတိုက်ခိုက်နေတာကလည်း မရေတွက်နိုင်အောင် ရှိပါတယ်။
တကယ်တော့ ဒါတွေဟာ မလုပ်ကောင်းတဲ့အရာတွေပါ။ ဒုက္ခရောက်နေတဲ့ဒေသခံတွေ၊ အကူအညီတွေ လိုနေတဲ့ ပြည်သူတွေအတွက် ပွင့်လင်းရာသီမှာ လမ်းတွေပြုပြင်မယ်၊ တံတားတွေ ဆောက်မယ်၊ စားနပ် ရိက္ခာတွေပို့ပေးမယ်။ ဒီလိုလုပ်ဆောင်ရာမှာ ကေအိုင်အေ/ကေအိုင်အိုအဖွဲ့အနေနဲ့ မနှောင့် ယှက်ကြဘဲ ဝိုင်းဝန်းအကူအညီပေးကြပါလို့ အောက်တိုဘာလ ၃၀ ရက်နေ့က ရွှေလီမှာကျင်းပ တဲ့ ပြည်ထောင်စု အဆင့်ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးက ကေအိုင်အေ/ ကေအိုင်အို ခေါင်းဆောင်ပိုင်းတွေကို ကြိုတင်မေတ္တာရပ်ခံပန်ကြားထားခဲ့ပြီးဖြစ်ပါတယ်။ ဒါနဲ့ များ တောင်ကိုယ့်လူမျိုး စားဝတ်နေရေး အခက်တွေ့အောင် အဖျက်လုပ်ငန်းတွေ လုပ်ရက်လေခြင်း။
ကိုင်း……ကေအိုင်အေ/ကေအိုင်အိုရဲ့အဖျက်လုပ်ရပ်နဲ့ စစ်တိုက်နေတာဟာ ကချင်ပြည်နယ်၊ ကချင် လူမျိုးကောင်းစားရေးဆိုတာ ဟုတ်ရဲ့လားလို့ သုံးသပ်ကြပါဦး။ ဒီပြည်တွင်းစစ်ကြောင့် ဒေသခံ တွေ လည်း ဒုက္ခတွေပင်လယ်ဝေရတယ်။ နှစ်ဖက်အဖွဲ့အစည်းကလူတွေလည်း သေကြရတယ်။ ဒီလူ တွေ က ဘယ်သူတွေလဲ။ မြန်မာလူမျိုးတွေလေ။ နိုင်ငံတော်သမ္မတကြီးကပြောဖူးတယ်။ ကချင်တပ်သား တစ်ယောက်ဆုံးရှုံးခြင်းကလည်း တိုင်းပြည်ရဲ့ဆုံးရှုံးမှုပါပဲတဲ့။ ဒါကြောင့်ငြိမ်းချမ်းရေးရရှိအောင် ကြိုးပမ်း ဆောင်ရွက်နေလေရဲ့။ တပ်မတော်ကိုလည်း မိမိကိုယ်ကို ခုခံကာကွယ်ရုံကလွဲပြီး အပစ်အခတ်ရပ်ဆိုင်း ထားတယ်။ တပ်မတော်ဆိုတာ နိုင်ငံတော်အစိုးရ၊ တစ်နည်းအားဖြင့် သမ္မတဦးဆောင်မှုအောက်မှာရှိတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။ တပ်မတော်ရဲ့ ထူးခြားတဲ့ ဝိသေသအတိုင်း အမိန့်နာခံတတ်မှုအပြည့်ရှိ တယ်။ သမ္မတရဲ့ အမိန့်အတိုင်းပဲ ဆောင်ရွက်ခဲ့တယ်။
ခုခံကာကွယ်မှုဆိုတဲ့နေရာမှာ နှစ်မျိုးရှိတယ်။ တစ်ခုက မိမိအတွက်၊ နောက်တစ်ခုက ပြည်သူ လူထုအတွက်။ ပြည်သူလူထုကို ကိုယ့်ရှေ့မှာဒုက္ခပေးနေတဲ့ အဖျက်လုပ်ရပ်တွေ၊ ပြည်သူ့အကျိုးစီးပွား ကို ထိခိုက်နစ်နာစေမှုရှိလာရင် ပြည်သူရှေ့က မားမားမတ်မတ်ရင်ဆိုင်ဖြေရှင်းပေးရမယ်။ ကာကွယ် စောင့်ရှောက်ပေးရမယ်။ ဒီလိုကာကွယ်စောင့်ရှောက်ရာမှာလည်း ပေါ့ပေါ့တန်တန်သဘောမျိုး မလုပ်ဘဲ အသက်စွန့်ပေးဆပ်ပြီးလုပ်ကြရတယ်။ ဒါဟာ တပ်မတော်ရဲ့ ဂုဏ်ရည်နဲ့ အစဉ်အလာကောင်းတွေ လည်းဖြစ်ပါတယ်။ ပြည်သူလူထုနဲ့ တိုင်းပြည်အပေါ်မှာထားရှိတဲ့ တပ်မတော်ရဲ့စိတ်ဓာတ်နဲ့ သစ္စာ စောင့်သိမှုတရားတွေပါ။
ကေအိုင်အေ/ကေအိုင်အိုအဖွဲ့မှာတော့ ဒီလိုစိတ်ဓာတ်မျိုးနဲ့ ဒီလိုလုပ်ရပ်မျိုးရှိလိမ့်မယ် မဟုတ်ဘူးလို့ ရဲရဲကြီးပြောရဲတယ်။ ဘာလို့လဲဆိုတော့ သူတို့ရဲ့သမိုင်းကြောင်းတစ်လျှောက်လုံးမှာ မကောင်းတဲ့ အဖျက်လုပ်ရပ်တွေနဲ့ လူထုကို ဒုက္ခတွေပေးနေခဲ့တာ အထင်အရှားရှိနေလို့ပါပဲ။
အောင်ကျော်မိုး
(မောင်ကျောက်ခဲ အဖွဲ့)
Readmore »
အတို့အထောင် မောင်သွေးချွန်ရဲ့ သန်း ၆၀ သို့ ခြောက်လှန့်စာ
၂၀၁၃ ခုနှစ် ဇန်နဝါရီလ ၂ ရက်နေ့ထုတ် Weekly Eleven ဂျာနယ်မှာ ဝါရင့်သမ္ဘာရင့် ဆရာမောင်သွေးချွန်ရဲ့ “ရွှေတိဂုံဘုရားလင်းတနားတိုင်းကား ပြည်ရွာပျက်မှာလား” ဆိုတဲ့ခေါင်းစဉ်နဲ့ ဖော်ပြထားတဲ့ဆောင်းပါးဖတ်လိုက်ရပါတယ်။ ခေါင်းစဉ်ကိုဖတ်ရုံကြည့်ရုံနဲ့ နိုင်ငံသားတစ်ယောက် အနေနဲ့ စိုးရိမ်စိတ်ဝင်သလိုဖြစ်တဲ့အတွက် ဆက်ဖတ်ကြည့်တော့ဟုတ်မလိုလိုနဲ့ ဝါရင့်မီဒီယာသမား တစ်ယောက်က သန်း ၆၀ သော မြန်မာပြည်သူတွေ စိတ်ခြောက်ခြားအောင်ရေးထားတဲ့ စာဖြစ်နေ ပါရောလားဗျာ။
ဆရာမောင်သွေးချွန်က ဆောင်းပါးအစမှာပဲ ရွှေတိဂုံစေတီတော်ကြီးကို ငှက်လောကမှာ အယုတ်ဆုံး အညံ့ဆုံး လင်းတတွေနားတာဟာ အုပ်ချုပ်သူမင်းအစိုးရရော၊ ပြည်သူတွေရော၊ သာသနာ တော်ကြီးအတွက်ရော စိတ်ပူစရာဖြစ်တယ်အစချီပြီး ရေးသားထားတာတွေ့ရပါတယ်။ ဆောင်းပါး တစ်ပုဒ်လုံးဖတ်ကြည့်ပြီးတော့ ဆရာမောင်သွေးချွန်က မြန်မာနိုင်ငံသားများကို ပေးလိုတဲ့သတင်း Message က မြန်မာနိုင်ငံမှာ တည်ငြိမ်အေးချမ်းမှုမရှိဘဲ ပြည်သူလူထုဒုက္ခသုက္ခတွေ အကြီးအကျယ် ခံစားရမယ့် သဘောရေးထားတာ တွေ့ရပါတယ်။
ဆောင်းပါးမှာဖော်ပြသလို လင်းတဆိုတာအတိတ်ကောင်း နမိတ်ကောင်းဆောင်တဲ့ ငှက်      တိရ စ္ဆာန်မဟုတ်ဘူးလို့တော့ ရှေးအယူအဆအရ သတ်မှတ်ကောင်းသတ်မှတ်နိုင်ပါလိမ့်မယ်။ လင်းတ တွေက မူလကျက်စားရာ ဟိမ၀န္တာတောင်ရဲ့ မြောက်ဘက်မွန်ဂိုလီးယား၊ တိဘက်ဒေသတွေမှာ ရာသီဥတု အလွန်အေးတဲ့ကာလမှာ နွေးထွေးသော ကမ္ဘာ့တောင်ဘက်ခြမ်းဒေသများသို့ ဆောင်းခိုရန် မိုင်ထောင်ချီပြီး လေဟုန်စီးပျံသန်းရင်း အတောင်ညောင်းလို့ ၀င်ရောက်နားခိုခြင်းသာဖြစ်ပါတယ်။ လင်းတငှက်တွေက အတောင်ဖြန့်ပြီးပျံတဲ့ အမျိုးအစားမဟုတ်ဘဲ လေဟုန်စီးပြီးပျံတဲ့ အမျိုးအစား ဖြစ်ပြီး မနှစ်ကလည်း ရန်ကုန်မှာဆိုရင် ရွှေဂုံတိုင်ဘက်က ဖုန်းတိုင်တွေမှာ နားတာတွေ့ခဲ့ရသလို၊ မကွေးတိုင်းဘက်မှာလည်း တွေ့လေ့ရှိပါတယ်။
အရင်တုန်းကလည်း အခြားနေရာတွေ၊ မြင့်တဲ့နေရာ တွေမှာ နားခဲ့တာ၊ မြန်မာနိုင်ငံအနှံ့အပြားသို့ လင်းတဆင်းသက်ခြင်းမှာ နှစ်စဉ်ဖြစ်ပွားခဲ့တာတွေကို သတိမမူမိကြပါဘူး။ ဒီနှစ်လည်း ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်၊ ဘုရားကုန်းကျေးရွာ ဘက်မှာလည်း ထိုကဲ့သို့သော ဆောင်းခိုငှက်ကြီးများ ဆင်းသက်တာတွေရှိခဲ့တာကို ဆရာ မောင်သွေးချွန်မသိဘဲ မနေဘူးလို့ထင်ပါတယ်။ မိမိတို့ဒေသတွင်းသို့ တစ်ခဏခိုနားရန် စတည်းချခြင်း၊ သို့မဟုတ် လမ်းမှားလာခြင်းမှတစ်ပါး တခြားမည်သည့်ပြစ်မှုကိုမှ ကျူးလွန်ထားခြင်းမရှိသော အပြစ်မဲ့ ငှက်ကြီးများကို ယိုးမယ်ဖွဲ့ပွဲဆူအောင် မဲတူလုပ်တာကိုတော့ ဆရာဗဟုသုတရစေချင်လို့ အသိပေး လိုက်ပါတယ်။
ဒါပေမယ့် ဆရာမောင်သွေးချွန်က ဒီလင်းတတွေလာနားတာနဲ့ လက်ပံတောင်းတောင်အရေး ကိစ္စတွေ၊ ရခိုင်ပြည်နယ်အရေးကိစ္စ၊ ပြည်တွင်းငြိမ်းချမ်းရေးအခြေအနေတွေ၊ သာသနာတော်အရေးကိစ္စ တွေ ကသောင်းကနင်းဖြစ်ပြီး အုပ်ချုပ်သူမင်းအစိုးရ(အစိုးရအဖွဲ့)ပါ ဒုက္ခရောက်တော့မယ့် သဘောရေး သားထားတာကတော့ တမင်ခြိမ်းခြောက်လိုဟန်တွေပါနေပါတယ်။
တစ်နည်းပြောရရင်တော့ အေးအေး ချမ်းချမ်းနဲ့ နေလိုတဲ့ ပြည်သူတွေကို အဓိကရုဏ်းဖြစ်တော့မယ့်ပုံစံနဲ့ ခြောက်လှန့်လိုက်တာပဲ ဖြစ်ပါ တယ်။ ဒီလိုခြောက်လှန့်တဲ့နေရာမှာ မောင်သွေးချွန်က ၁၉၈၈ အရေးအခင်းကို နမူနာပြဖော်ပြထား သလို ၂၀၀၇ ရွှေဝါရောင်အရေးအခင်းမတိုင်မီ ရွှေဂုံတိုင်တာဝါမှာ လင်းတတွေနားခဲ့တယ်လို့ အထောက်အထားမဲ့စွာနဲ့ ခြောက်လှန့်ရင်း မြှောက်ထိုးပင့်ကော်လုပ် နှပ်ကြောင်းပေးခဲ့တာတွေ့ရပါ တယ်။ သန်း ၆၀ သောပြည်သူများက သမ္မတဦးသိန်းစိန်ပြောခဲ့သလို နောက်ကြောင်းပြန် မလှည့်စတမ်းနဲ့ ဒီမိုကရေစီနိုင်ငံတော်ဖော်ဆောင်နေချိန်မှာ မောင်သွေးချွန်ကဲ့သို့သော အရိုးရင့်ကြီးမိုက် တွေက ကလောင်လက်နက်အားကိုးနဲ့ ပြည်သူတွေကို နောက်ကြောင်းပြန်လှည့်အောင် ခြိမ်းခြောက် နေတယ်လို့ပဲ ပြောရမှာဖြစ်ပါတယ်။ လင်းတနားရုံနဲ့တော့ အဲသည်လောက်ဆိုးရွားမသွားနိုင်ပါဘူး။ တစ်စိတ်ကိုတစ်အိတ်လုပ် ခေါင်းစဉ်ကြီးကြီးပေးပြီး ဗုဒ္ဓဘာသာအယူဝါဒအပြင် မိရိုးဖလာယုံကြည် ကိုးကွယ်တတ်တဲ့ပြည်သူတွေကို အတိတ်နမိတ်တဘောင်တွေနဲ့ တိုင်းပြည်ပျက်တော့မယောင်ယောင်၊ ၈၈ အရေးအခင်းလိုမျိုး၊ ၂၀၀၇ ရွှေဝါရောင်အရေးအခင်းလိုမျိုးဖြစ်စေချင်တဲ့နှပ်ကြောင်းပေးပြီး              “မိုးသောက်ပြီ ထိုးဖောက်ကြကုန်လော့” ဆိုပြီး နှိုးဆော်တာတော့ အဆိုးဘက်ကိုဖြစ်စေချင်နေတာလား၊ နောက်ကြောင်းပြန်စေချင်နေတာလား၊ ပွဲလန့်တုန်းဖျာဝင်ခင်းနေတာလားဆိုတာတော့ ဆရာပဲသိမှာပါ။
ဗုဒ္ဓမြတ်စွာဘုရားဟောကြားတော်မူခဲ့တဲ့ ၀စီဒုစရိုက်လေးပါးထဲက ပိသုဏဝါစာနဲ့ သမ္ဖပ္ပလာပရဲ့ ယေဘုယျသဘောကိုပြောရရင် သူတစ်ပါးလည်းအကျိုးမရှိ၊ မိမိကိုယ်တိုင်အတွက်လည်း အကျိုးမရှိတဲ့ ယုတ်ညံ့သော၊ သူတစ်ပါးပျက်စီးထိတ်လန့်စေလိုသော ကုန်းတိုက်ခြိမ်းခြောက်စကားပြောခြင်းဟာ သူယုတ်မာတွေရဲ့ လက္ခဏာဖြစ်ပါတယ်။ အခုတော့ ဆရာမောင်သွေးချွန်က ကျွန်တော်အထက်က ပြောခဲ့တဲ့အတိုင်း ခြောက်လှန့်တွန်းပို့နေလေတော့ ဆရာမောင်သွေးချွန်ရေ ကိုယ့်ဘာသာကိုယ် ဘယ်လို  လူစားလဲဆိုတာ နဖူးပေါ်လက်တင်ပြီး တစိမ့်စိမ့်စဉ်းစားပေးပါဦးလို့ အကြံပေးပါရစေဗျာ။
 ဗညားထော(မောင်ကျောက်ခဲ အဖွဲ့)
ဖြည့်စွက်ချက် ။ ရန်ကုန် စာပေအသိုင်းအဝိုင်းမှာတော့ မောင်သွေးချွန်ကို လူထုစိန်ဝင်း သေပြီးကတည်းက လူထုစိန်ဝင်းနေရာမှာ နေဖို့ ပြောဆိုနေတဲ့ ဘဝင်ရူးလို့ ပြောဆိုတတ်ကြပါတယ် ။
Readmore »
ကချင်ပြည်နယ်ရဲ့စစ်ပွဲတရားခံဟာ ကေအိုင်အေခေါင်းဆောင်တွေဖြစ်ကြောင်း ရှမ်းပါတီကြီးဖြစ်သော ကျားဖြူပါတီကပြောပြီ
ကေအိုင်အေခေါင်းဆောင်များမှ စစ်ကိုလိုလားသဖြင့် ကချင်ပြည်နယ်တွင် စစ်ပွဲများဖြစ်ဟု ရှမ်းပါတီလွှတ်တော် ကိုယ်စားလှယ်ပြောဆို လိုက်ပါပြီ ကေအိုင်အေ စစ်ခေါင်းဆောင်များမှ စစ်ကိုလိုလားနေသဖြင့် ကချင်စစ်ပွဲဆက်လက် ဖြစ်ပွားနေကြောင်း ရှမ်း ပါတီကြီး တစ်ခုဖြစ်သည့် ကျားဖြူပါတီ သီပေါမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရဲထွန်းမှ (၁၀-၁-၂၀၁၃) ရက်နေ့တွင် ပြည်သူ့လွှတ်တော် အဆောက်အဦးတွင် RFA နှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။
 ၎င်းက “အဲဒီမှာရှိတဲ့ စစ်ဦးစီးချုပ်တို့ ဘာတို့ ကိုယ်၌က စစ်ကို လိုလားတာ ဖြစ်ချင်ဖြစ်မှာပေါ့ ကျွန်တော်တော့ ဒါနဲ့ ပတ်သတ်လို့ အသေးစိတ်တော့ မသိဘူး။ သို့သော် အပေါ်က အခုတွေ့ရ သိရသလောက်ကတော့ အဲဒီ သူတို့ စစ်ဦးစီးချုပ်တို့ ဘာတို့ဆိုတဲ့ပုဂ္ဂိုလ်များကိုက စစ်လိုလားတဲ့ သူတွေဖြစ်နေတော့ စစ်ရပ်ဆဲဖို့ ကျွန်တော်တို့ ဒီအစိုးရပြောတာကို သူတို့က လက်မခံဘဲ ကျွန်တော်တို့ သိသလောက်ဆို စဆွေးနွေးကတည်းက အကြောင်း အမျိုးမျိုးပြပြီး သူက ရှောင်ထွက်နေတာ အဲ့လိုဆိုတဲ့အခါကြတော့ ကိုင်း ဟုတ်ပြီ အဲလိုဆိုလို့ရှိရင်လည်း စစ်မရပ်ချင်ဘူးဆိုရင်လည်း တိုက်ကျတော့ဆိုတော့ အခု သူတို့နေတဲ့ စခန်း လိုင်ဇာတို့ ဘာတို့ ကျတော့မယ် ဆိုတဲ့ အခါကျတော့ အရပ်ကူပါ လူဝိုင်းပါ ကုလသမဂ္ဂတို့ ဘာတို့ ၀င်ပါ ဒေါ်အောင်ဆန်းစုကြည်က ကြားဝင်ပါ တို့တွေ ဖြစ်လာကော၊ ကျွန်တော်မြင်တာက ပြဿနာက ဒီအစိုးရဘက်မှာ မရှိဘူး ကေအိုင်အေ ဘက်မှာပဲ ရှိတယ်။ ကေအိုင်အေမှာတောင်မှ သူ့အဖွဲ့အစည်းထဲက အဓိကကျတဲ့ ပုဂ္ဂိုလ်များပေါ့ သူတို့အပေါ်မှာဘဲ တာဝန် ရှိတယ်။ ” ဟု ပြောဆိုသွားသည်။
ကချင်ပြည်နယ်တွင် ယခင်ကတည်းက ကချင်လူမျိုးကြီး သီးသန့်နေထိုင်တာမဟုတ်ဘဲ ရှမ်းလူမျိုးများနှင့် အခြားသော တိုင်းရင်းသားများလည်း နေထိုင်လျက်ရှိသည်။ ဗန်းမော်ခရိုင်၊ မိုးညှင်းခရိုင်များသည် ရှမ်းစော်ဘွား များ အုပ်ချုပ်ခဲ့သော ဒေသများဖြစ်ပြီး ကချင်ပြည်နယ်အတွင်းတွင် ရှမ်းလူမျိုးများအပြင် အခြားတိုင်းရင်းသား များပါ နေထိုင်လေ့ရှိပြီး KIA များထံမှ ဆက်ကြေးကောက်ခံခြင်း၊ စစ်သားများအဖြစ် အဓမ္မစုဆောင်းခြင်း၊ တိုက်ပွဲများတွင် လူသားဒိုင်းအဖြစ် အသုံးပြုခြင်းများအပြင် ရှမ်းရွာတွေအနီးတွင် အထင်လွဲစေရန် မိုင်းဆွဲ မိုင်းထောင်ခြင်း၊ ရှမ်းအမျိုးသမီးငယ်များ ကို မုဒိမ်းကျင့်ခြင်းစသည်ဖြင့် အနိုင်ကျင့်နှိပ်စက်လျက်ရှိကြောင်းကိုလဲ ဒီဇင်ဘာလ(၂၇)ရက်နေ့ထုတ် ရှမ်းနီပါတီ၏ ကြေငြာချက်တွင် ဖော်ပြထားကြောင်း သိရှိရသည်။
 (မောင်ကျောက်ခဲ အဖွဲ့)
Readmore »
Jan 11, 2013
ကချင်ပြည်နယ်တွင် မြန်မာ့လေတပ် ရဟတ်ယာဉ်တစင်း စက်ချို့ယွင်းကာ ပျက်ကျ.လေသူရဲနှစ်ဦးစလုံး အသက်ဆုံးရှူံး
ကချင်ပြည်နယ် ဂရောင်ဂရာဘွန် အနီး ဘွန်နွယ်ဘွန်တွင် မြန်မာ့တပ်မတော် လေတပ် မှ MI35 ရဟတ်ယာဉ်တစ်စီးသည် အင်ဂျင်ပိုင်းပြဿနာ(single engine failure)ဖြစ်ကာ ပျံသန်းနေစဉ် ပျက်ကျသွားပါသည် ။ ရဟတ်ယာဉ်မှူးများဖြစ်သော ဗိုလ်မှူး ဖြိုးငြိမ်း(D-S-A -အမှတ်စဉ် ၄၁) နှင့် ဗိုလ်ကြီး ကျော်ထွန်းနောင်(D-S-A -အမှတ်စဉ် ၄၇)တို့သည်လည်း အဆိုပါဖြစ်စဉ်တွင် ကျဆုံးသွားသည်ဟု သိရှိရပါသည် ။ဆက်လက်စုံစမ်းဖော်ပြပါမည် ။
မြန်မာ့လေတပ်သုံးMI 35 တိုက်ခိုက်ရေး ရဟတ်ယာဉ်များ
 (မောင်ကျောက်ခဲ အဖွဲ့)
Readmore »
မလေးရှား ရဲတပ်ဖွဲ့သည် ဘာသာရေးဂိုဏ်း ခေါင်းဆောင် တစ်ဦး၏ နေအိမ်အား ဝင်ရောက် စီးနင်းခဲ့ရာ လက်နက် အများ အပြားကို သိမ်းဆည်းရမိ
မလေးရှား ရဲတပ်ဖွဲ့ အနေဖြင့် ဘာသာရေး ဂိုဏ်း ခေါင်းဆောင် တစ်ဦး၏ နေအိမ်အား ဝင်ရောက် စီးနင်းခဲ့ပြီး လက်နက် အများ အပြားကို သိမ်းဆည်း ရမိခဲ့ကြောင်း ဇန်နဝါရီလ ၉ ရက်နေ့တွင် ထုတ်ပြန်ခဲ့သော အစီရင် ခံစာ တစ်ခုအရ သိရှိ ရပါသည်။ အစီရင်ခံစာတွင် ဖော်ပြထားချက် အရ အဆိုပါ ဘာသာရေး ဂိုဏ်း အနေဖြင့် လက်နက်ကိုင် တိုက်ခိုက်မှုများ ပြုလုပ်ရန် ပြင်ဆင် နေခြင်း ဖြစ်ကြောင်း ဖော်ပြ ထားပါသည်။ ထို့ပြင် မလေးရှား တောင်ပိုင်း ပြည်နယ် မလက္ကာမှ ရဲတပ်ဖွဲ့ သည်လည်း ဇန်နဝါရီလ ၅ ရက်နေ့က အသက် ၄၆ နှစ် အရွယ်ရှိ တစ်ကိုယ်တော် ဘာသာရေး ဂိုဏ်းခေါင်းဆောင် တစ်ဦးကို ဖမ်းဆီး ထိန်းသိမ်း ခဲ့ကြောင်း သိရှိ ရပါသည်။ ထိုသို့ ထိန်းသိမ်း ခဲ့ရာတွင် ၎င်း၏ နေအိမ်မှ ဓားရှည်များ၊ ပုဆိန်များ၊ ဓားမြှောင်များ၊ ရာပေါင်း များစွာသော လေးနှင့် မြားများ၊ မှိန်းများ၊ သေနတ်အတု အမျိုးမျိုး၊ ယမ်းထည့်သည့် ဗူး ၂၃ ဗူးတို့ကို သိမ်းဆည်း ရမိခဲ့သည်ဟု သတင်းစာတွင် ဖော်ပြထားကြောင်း သိရှိ ရပါသည်။
From:[_ရခိုင်လူမှုရေး အသင်း _] (မောင်ကျောက်ခဲ အဖွဲ့)
Readmore »
ခေါင်မလုံသောခေါင်းဆောင်များနှင့် မိုးစိုခံငယ်သားများအကြောင်း
အဖွဲ့အစည်းတစ်ခုမှာ ယုံကြည်ချက်၊ ခံယူချက်ရှိဖို့က အရေးကြီးတယ်။ ရည်ရွယ်ချက်၊ ရည်မှန်းချက်ရှိပြီး လမ်းစဉ်မှန်ကန်ကောင်းမွန်ဖို့လည်း လိုတယ်။ နောက်အရေးကြီးတာက စည်းလုံး ညီညွတ်မှုပဲ။ အဲဒီအချက်တွေနဲ့ မပြည့်စုံဘူး။ လျော့နည်းလာရင်တော့ အဲဒီအဖွဲ့ မကြာခင်ပြိုကွဲပျက်စီး တော့မယ်လို့ အသေအချာပြောရဲတယ်။
အခြားမကြည့်နဲ့၊ မြန်မာနိုင်ငံမှာ အင်အားအကြီးမားဆုံးသောင်းကျန်းသူအဖွဲ့ကြီး ဖြစ်တဲ့ ဗမာပြည်ကွန်မြူနစ်ပါတီ ဘာကြောင့်ပြိုကွဲသွားရတာကိုပဲကြည့်။ သူတစ်လူ၊ ငါတစ်မင်းနဲ့အာဏာတွေ ပြိုင်၊ ဝါဒတွေပြိုင်ကြနဲ့ အုပ်စုတွေကွဲပြီး လုံးဝနာလန်မထူနိုင်အောင်ကို ကျဆုံးသွားခဲ့တာနှစ်တွေပဲကြာခဲ့ လှပေါ့။
အစကတည်းက ဝါဒစွဲ၊ အာဏာစွဲတွေနဲ့ မင်းသားကြီးမလုပ်ရလို့ ပတ်မကြီးထိုးခွဲတဲ့လုပ်ရပ်မျိုးနဲ့ လက်နက်စွဲကိုင်ပြီး နိုင်ငံတော်ကိုဆန့်ကျင်တိုက်ခိုက်ဖို့ တောခိုသွားခဲ့တာမဟုတ်လား။ ပူပူနွေးနွေး လွတ်လပ်ရေးအရသာကို ပြည်သူတွေနှစ်ခြိုက်စွာစားသုံးခွင့်မရအောင် လက်နက်အားကိုးနဲ့ ဆူပူ သောင်းကျန်းသစ္စာမဲ့ခဲ့တာမဟုတ်လား။ ပြောရရင် မူလအရင်းခံနဲ့ လုပ်ရပ်ကိုက ယုံကြည်ချက်၊ ခံယူချက်မရှိတော့ လမ်းစဉ်ကမှားနေတယ်။ ပြည်သူကလည်း မထောက်ခံဘူး။ သူတို့ရဲ့အဖျက်လုပ်ရပ် တွေကြောင့် ရွံ့မုန်းပြီး ခါးခါးသီးသီးငြင်းဆန်ခဲ့တယ်။ ဘယ်အဖွဲ့အစည်းမဆို လူထုမပါရင်၊ မထောက်ခံ ရင် တစ်နေ့ကျရှုံးမှာပဲ။
အခုလည်းမြင်နေရပါပြီ။ ကေအိုင်အေ/ကေအိုင်အိုကိုပေါ့။ ကေအိုင်အေ/ကေအိုင်အိုအဖွဲ့ ခေါင်းဆောင်ပိုင်းထဲမှာပဲ နှစ်ခြမ်း၊ သုံးခြမ်းကွဲနေတာတွေ့ရတယ်။ စစ်ကိုလိုလားသူ၊ ငြိမ်းချမ်းရေးကို လိုလားသူ၊ လက်နက်အားကိုးနဲ့ စီးပွားရေးလုပ်ပြီး ကြီးပွားချမ်းသာလိုသူ စသဖြင့်ပေါ့လေ။ အခြား မကြည့်ပါနဲ့။ ကေအိုင်အေခေါင်းဆောင်ပိုင်းနှစ်ယောက်ဖြစ်တဲ့ စစ်ဦးစီးချုပ်ဂမ်ရှောင်နဲ့ ဒုစစ်ဦးစီးချုပ် အက်စ်ဂွမ်မော်တို့နှစ်ယောက်ကိုပဲကြည့်။ ဂမ်ရှောင်က စစ်ကိုလိုလားတယ်။ မောက်မာခက်ထန်တယ်။ လက်ရဲဇက်ရဲနဲ့ တဇွတ်ထိုးလုပ်တတ်တယ်။ လူကသာဘွဲ့ရပညာတတ်၊ လူသတ်ရာမှာတော့ ရက်စက်မှု ကကမ်းကုန်တယ်။ ဒီလိုမိုက်မိုက်ကမ်းကမ်းရက်စက်ရဲလို့ ၁၉၇၉ခုနှစ်မှာ ဂမ်ရှောင် ကေအိုင်အေထဲ ရောက်ပြီး ဆယ်နှစ်တောင်မကြာဘူး။ တပ်ရင်း(၆)ရင်းမှူးဖြစ်ခဲ့တာ။ ရင်းမှူးဖြစ်ပြီးမကြာပါဘူး။ ၁၉၈၉ ခုနှစ်မှာ ဖားကန့်မြို့နယ်ထဲက စပေါ့ရွာသား ၃၀ ကျော်ကို မူးယစ်ဆေးဝါးအမှုနဲ့စွပ်စွဲပြီး ရက်ရက် စက်စက်သတ်ဖြတ်ခဲ့တယ်။ အဲဒီရှေ့မှာလည်း လူတွေသတ်ခဲ့တာမနည်းဘူး။
အခုလည်း သူ့လက်အောက်ငယ်သားတွေကို စစ်ရေးမှာ မသနားဖို့၊ မိုင်းခွဲဖျက်ဆီးရာမှာ မငဲ့ကွက်ဖို့၊ ဘယ်သူ့မျက်နှာမှ မထောက်ဖို့ ဖိအားတွေအမြဲပေးနေတယ်။ မလုပ်ဘဲနေတဲ့လူ၊ သူ့အမိန့် ဆန့်ကျင်တဲ့သူဆိုရင် သူ့ပစ္စတိုက မီးပွင့်တွေပဲ နောက်ဆုံးမြင်လိုက်ရတယ်။ မိန်းမလည်း ရှုပ်တယ်။ သူ့ သက်တော်စောင့် လီဆူးမလေးကိုတောင်မချန်ဘဲ ခြေတော်တင်ခဲ့တာကြည့်။ ၂၀၁၀ပြည့်နှစ်တုန်းက လည်း ကွန်ပျူတာစာရေးမလေး ဂေါင်နောတစ်ယောက်သေပါရောလား။ ဒီလိုလူမဆန်တဲ့အလုပ်၊ သစ္စာ မဲ့တဲ့လုပ်ရပ်မျိုးလုပ်ရကောင်းမလားဆိုပြီး သူ့မယားကြီးဒေါ်ရန်ဒွဲဂျာက ပြဿနာရှာတယ်။ သူ့ သမီးကြီး ဂျာဆိုင်းပန်ကလည်း ရှက်လွန်းလို့ ငိုသတဲ့။
အမှန်တော့ဂေါင်နောဇာတ်လမ်းက နည်းနည်းတော့ရှုပ်တယ်။ ဂွမ်မော်နဲ့လိုလို၊ ဘာလိုလိုအသံ ထွက်လိုက်သေးတယ်။ တရားခံအစစ်အမှန်က လူရမ်းကားကြီးဂမ်ရှောင်ဆိုတာ ကေအိုင်အေက အတွင်းလူတွေအကုန်သိတယ်။ အခုဒုက္ခသည်ကယ်ဆယ်ရေးဆိုင်ရာဗဟိုကော်မတီဥက္ကဋ္ဌလုပ်နေတဲ့ ဒူဘီးဆားအသိဆုံးပေါ့။ ပြောရရင်တော့ ကုန်နိုင်ဖွယ်မရှိဘူး။
ဒုစစ်ဦးစီးချုပ်အက်စ်ဂွမ်မော်ကတော့ အနေရိုးတယ်။ သူကမလွဲသာလို့ရယ်။ ခေါင်းဆောင်ဆိုတဲ့ သိက္ခာရယ်ကြောင့်သာ လက်နက်စွဲကိုင်နေရတာ သူ့စိတ်ရင်းက ငြိမ်းငြိမ်းချမ်းချမ်းနေချင်တယ်။ ဒါကြောင့်ပဲ ငြိမ်းချမ်းရေးရယူဖို့ စိတ်အေးချမ်းသာစွာ စီးပွားရေးလုပ်ချင်တယ်။ သူလည်းလူသတ်ခဲ့တာ ပဲ။ ဒါပေမယ့် ဂမ်ရှောင်လို ဘ၀တစ်လျှောက်လုံး အမည်းစက်ထင်အောင် မရက်စက်ခဲ့ဘူး။ သူက စီးပွားရေးပဲ စိတ်ဝင်စားခဲ့တာလေ။
ဒါကြောင့် အစိုးရရဲ့ ငြိမ်းချမ်းရေးကမ်းလှမ်းချက်ကို လိုက်လျောချင်တယ်။ အစိုးရဘက်က လူကြီးတစ်ချို့နဲ့ ပုဂ္ဂိုလ်ရေးခင်မင်ရင်းနှီးမှုရှိတော့ ငြိမ်းချမ်းရေးယူရင် သူ့အတွက် အဆင်ပြေနိုင်မယ်လို့ ယုံကြည်ထားတယ်။ ရွှေလီမှာလုပ်တဲ့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးတွေ့ဆုံပွဲကို သူကအောင်မြင် အောင်လုပ်ချင်တယ်။ ဒါပေမယ့် သူ့အထက်စစ်ဦးစီးချုပ်က ငြိမ်းချမ်းရေးဆွေးနွေးမှုအဆင်မပြေအောင် အပစ်အခတ်ရပ်စဲတာကို နောက်မှလုပ်မယ်။ နိုင်ငံရေးအရ အရင်ဆုံးဆွေးနွေးမယ်လို့ အမိန့်ချမှတ်လိုက် တော့ သူငုတ်တုတ်မေ့သွားပြီး လမ်းတစ်ဝက်က လှည့်ပြန်ခဲ့ရတယ်။ ဒါသဘာဝမကျဘူး၊ အပစ်အခတ် ကို အရင်ဆုံးရပ်စဲသင့်တယ်။ ကိုယ့်ဘက်မှာလည်း သေသူသေ၊ ထွက်ပြေးသူထွက်ပြေးနဲ့ လူအင်အား ကမရှိတော့ဘူး။ ကချင်လူထုကလည်း ငြိမ်းချမ်းရေးယူစေချင်လှပြီလို့ သူ့တပည့်လူယုံတွေကို ရင်ဖွင့် သတဲ့။
တကယ်လည်း သူတို့အဖွဲ့မှာ အင်အားက တစ်နေ့တစ်ခြားနည်းနည်းလာပြီ။ လူသစ်တွေကို ရတဲ့နည်းနဲ့ စုနေရတယ်။ အခုဆို အမျိုးသမီးတွေကိုတောင်မချန်ဘဲ ကေအိုင်အေအဖွဲ့ထဲကို ၀င်ရမယ် လို့ ရာဇသံလိုလို၊ စည်းရုံးသလိုလိုနဲ့စုနေလေရဲ့။ ကေအိုင်အေ တပ်မဟာ(၅)က တပ်ကြပ်ကျော်ဆန်းနဲ့ အင်အားသုံးဆယ်ကျော်တို့ ၂၀၁၂ခုနှစ် ဧပြီလ က အစိုးရနဲ့ လက်နက်နဲ့ငြိမ်းချမ်းရေးယူသွားပြီးနောက် ပိုင်းမှာ ရှမ်းလူမျိုးတွေကို မယုံဖို့၊ လူသစ်စုရာမှာ ကချင်လူမျိုးကိုသာ စုဖို့ ဂမ်ရှောင်က ဧပြီလ ၁၈ ရက် နေ့ ရက်စွဲနဲ့ အမိန့်ထုတ်ခဲ့တယ်။ အခုတော့ ရှမ်းရော၊ ဗမာရော၊ ကုလားရော မချန်တော့ဘူး။ ရသမျှ အကုန်လူသစ်စုနေတယ်။ အင်အားကလိုလာပြီလေ။ လူသစ်စုရတာကလည်း မလွယ်ဘူး။ လူတွေက စစ်ဘေးစစ်ဒဏ်နဲ့ သူတို့ရန်ကိုကြောက်လို့ မြို့ပေါ်ကိုပြောင်းပြေးသူပြေး၊ အစိုးရကယ်ဆယ်ရေးစခန်း တွေဆီပြေးသူပြေးကြနဲ့ပေါ့။
သူတို့တွက်ကိန်းကမှန်တယ်။ ဒီမှာဆက်နေရင် သေတစ်နေ့ ငတ်တစ်နေ့ဖြစ်တော့မှာမဟုတ် လား။ ကေအိုင်အေတို့ဖွင့်ထားတဲ့ ဒုက္ခသည်စခန်းလို့အမည်ပေးထားတဲ့ စခန်းတွေကလည်း တကယ်တော့ လူသစ်စုဆောင်းရာစခန်း၊ အရေးကြုံရင် လူထုတ်သုံးနိုင်အောင်စုဖွဲ့ထားတဲ့ စခန်းပါပဲ။ အဲဒီလူတွေကို တစ်နေ့ ဆန်နို့ဆီဗူး နှစ်ဗူးနဲ့ ဟင်းဖိုးငွေ နှစ်ရာကျပ်ပေးမယ်လို့ စည်းရုံးထားပေမယ့် လက်တွေ့က ဆန်နှစ်ဗူးတောင်မှ ရတာတစ်ရက်၊ မရတာက နှစ်ရက် သုံးရက်လေ။ တကယ်သာ ဒီဒုက္ခ သည်တွေအပေါ် စေတနာအမှန်ရှိရင် အများကြီးထောက်ပံ့ထားလို့ရတယ်။  UN ကထောက်ပံ့ထားတဲ့ စားနပ်ရိက္ခာတွေ၊ အခြားအဖွဲ့အစည်းတွေနဲ့ စေတနာရှင်တွေကထောက်ပံ့ထားတဲ့ ပစ္စည်းတွေကနည်း တာမှတ်လို့။ ဘယ်ရောက်ကုန်ပြီလဲ။ ဆက်ကြေးကောက်ထားတဲ့ သိန်းထောင်ပေါင်းများစွာကရော၊ ပြီး တော့ ကျောက်စိမ်းနဲ့ ရွှေမှော်လုပ်ကွက်တွေကို အဓမ္မသိမ်းပြီး ဒလဟော ၀င်နေတဲ့ ငွေတွေကရော၊ ဘယ်ရောက်ကုန်ပြီလဲ။ အဲဒီငွေတွေထားပါတော့။ ထောက်ပံ့ထားတဲ့စားနပ်ရိက္ခာတွေနဲ့တင် ဒုက္ခသည် တွေကို အကောင်းဆုံးကျွေးလို့ရတယ်။ ခုတော့ အဲဒီပစ္စည်းနဲ့ ငွေတွေက သူတို့ရဲ့ စစ်အောင်နိုင်ရေး အသုံးစရိတ်နဲ့ ခေါင်းဆောင်ပိုင်းတွေရဲ့ အကျိုးစီးပွားတွေထဲရောက်သွားရှာပြီထင်ပါရဲ့။ ဒါတွေကိုလည်း ဒုက္ခသည် ကယ်ဆယ်ရေးဆိုင်ရာ ဗဟိုကော်မတီဥက္ကဋ္ဌလုပ်နေတဲ့ ဒူဘီးဆားက အသိဆုံးနေမှာပါ။
အင်းတကယ်တော့ သူလည်းဝေစားမျှစားလူရမ်းကားနှာဘူးကြီးတစ်ယောက်ပါပဲလေ။ ဘာလို့ နှာဘူးကြီးလို့ ပြောရသလဲဆိုတော့ Je Yang ဒုက္ခသည်စခန်းက စစ်ဘေးဒုက္ခသည်ကောင်မလေးတွေ ကို တိတ်တဆိတ်မက်လုံးပေး၊ ခြောက်လုံးတွေပေးပြီး ပျော်တော်ဆက်နေလို့ပဲ။ ဒီသတင်းသဲ့သဲ့ကို ကြားသွားတဲ့ ဂွမ်မော်က ခေါ်ပြီး သတိပေးရတဲ့အဆင့်အထိရောက်တယ်။ အင်း…….Je Yang ဒုက္ခသည်စခန်းဆိုတာ ဌာနချုပ်နယ်မြေ လိုင်ဇာမှာ ရှိတာဆိုတော့ မသိဘဲ၊ မကြားဘဲနေပါ့မလားနော်။
ဒါကြောင့်ပဲ ကေအိုင်အေအဖွဲ့သားတွေ စိတ်ပျက်၊ စိတ်ဓာတ်ကျလာရတာပေါ့။ ထွက်ပြေးသူ ပြေး၊ အဖမ်းခံတဲ့သူကအဖမ်းခံပေါ့။ ဒီလိုမှ မလုပ်ရင်လည်း သူတို့ဘ၀တွေက အာမခံချက်မရှိတော့ဘူး။ အနာဂတ်အတွက် ဘ၀အာမခံချက်လည်းမရှိ၊ အခုလည်း ဆင်းဆင်းရဲရဲနဲ့ ဘယ်တော့သေမလဲ တွေးပူ နေရတာဆိုတော့ ကိုယ်လွတ်ရှောင်ခွာပြေးရရှာတာပေါ့လေ။ မလွဲသာလို့ ခိုင်းတာလုပ်၊ ကျွေးတာစားပြီး စစ်တိုက်နေရတဲ့သူတွေခမျာမှာလည်း ယုံကြည်ချက်၊ ခံယူချက်မရှိ၊ ရည်ရွယ်ချက်မရှိ၊ ရည်မှန်းချက်မရှိ၊ ရည်မှန်းချက်ဘာမှန်းမသိတဲ့ဘ၀တွေနဲ့ လျှောက်သောလမ်းမှာ စမ်းတဝါးဝါးနဲ့ပေါ့။
စစ်တပ်ကလည်း အရင်လိုသဘောထားမပျော့တော့ဘဲ စစ်ဆင်ရေးတွေ တိုးလုပ်လာတာတွေ့ ရတယ်။ ဒါကလည်း ကေအိုင်အေက ကာမိုင်းစခန်းတို့ ဘာတို့ကို သွားပြီး တိုက်ခိုက်သိမ်းပိုက်တာရယ်။ လမ်းတံတားတွေကို ပြုပြင်ဖောက်လုပ်နေတဲ့လမ်းကို ဖျက်ဆီး၊ စစ်ရေးနဲ့မသက်ဆိုင်တဲ့ဆောက်လုပ်ရေး ၀န်ထမ်းတွေ၊ အလုပ်သမားတွေကို ပစ်ခတ်တိုက်ခိုက်တာရယ်၊ ပြီးတော့ရိက္ခာပို့ယာဉ်တန်းတွေကို တိုက်ခိုက်နေခဲ့တာဆိုတော့ စစ်တပ်ကဆော်ပြီပေါ့။ တကယ်တော့ အဲဒီယာဉ်တန်းတွေအပေါ်မှာ တင်လာတဲ့ စားနပ်ရိက္ခာတွေက စစ်တပ်အတွက်မဟုတ်ဘူး။ စားဝတ်နေရေးအခက်တွေ့နေကြတဲ့ ဒေသခံတွေနဲ့ဝန်ထမ်းတွေအတွက် ကချင်ပြည်နယ်အစိုးရ၊ စေတနာရှင်တွေနဲ့ စစ်တပ်က ထောက်ပံ့တဲ့ ပစ္စည်းတွေပါ။ ဒါကိုကေအိုင်အေက သွားပြီးတိုက်ခိုက်တော့ ဘယ်သူကများ ငြိမ်ခံချင်မှာတဲ့လဲ။ ဒီခရီးကို သွားရင် ဒီလိုအတိုက်အခိုက်ခံရမယ်ဆိုတာ စစ်တပ်ကလည်း တွက်ဆထားပြီးသားပါ။ ဒါပေမယ့် အခက်တွေ့နေတဲ့ ဒေသခံတွေကို အဆင်ပြေစေချင်တဲ့စေတနာကြောင့် စစ်တပ်က ယာဉ်တန်းလုံခြုံရေးနဲ့ ပို့ပေးခဲ့တယ်။ ကေအိုင်အေတိုက်ခိုက်မှုကြောင့် စစ်သားအတော်များများ ကျသွား တယ်။ ခရီးကြုံလိုက်ခဲ့တဲ့ ပြည်သူအချို့နဲ့ ယာဉ်မောင်းအချို့လည်း သေကျေဒဏ်ရာရသွားတယ်လို့ ကြားတယ်။ ဒါကြောင့် စစ်တပ်က သူ့ရဲ့စစ်ရေးစွမ်းရည်ကို ထုတ်ပြတဲ့သဘောနဲ့တိုက်ခိုက်တာ။ ပြောရရင် နဂါးမှန်းသိအောင်အမောက်ထောင်ပြလိုက်တာပဲ။
အခုနောက်ဆုံးကြားရတဲ့သတင်းက စစ်တပ်က ကေအိုင်အေရဲ့ ပွိုင့်-၇၇၁ တောင်ကုန်းကို လေကြောင်းစစ်ကူနဲ့ တိုက်ခိုက်သိမ်းပိုက်တယ်လို့ကြားတယ်။ စစ်တပ်က လေတပ်တွေပါ ပါလာပြီဆို တော့ ကေအိုင်အေအဖွဲ့သားတွေဘာလုပ်ရမှန်းမသိတော့ဘူး။ အချို့လစ်ပြေးသွားကြသူတွေရှိတယ်။ စစ်တပ်ကို ရင်ဆိုင်တိုက်ခိုက်ရတာက ငယ်သားတွေမဟုတ်လား။ အများဆုံးသေတာလည်း သူတို့ပါပဲ။
ခေါင်းဆောင်ပိုင်းတွေကလည်း တစ်ချက်ကလေးမှ အောက်ကို ပြန်မကြည့်တဲ့အပြင် ကိုယ်ကျင့် တရားတွေ ဖောက်ဖျက်ကြ၊ ရက်ရက်စက်စက်ခိုင်းနေကြတာဆိုတော့ ငယ်သားတွေရဲ့ ယုံကြည်ကိုးစား မှုကို မရတော့ဘူး။ ခေါင်ကမှ မိုးမလုံမှတော့ မိုးကယိုပြီပဲပေါ့။ အင်းဒီအတိုင်းဆိုရင်တော့ ကေအိုင်အေ/ ကေအိုင်အိုအဖွဲ့လည်း ဗကပတို့ရဲ့ နောက်ဆုံးလမ်းကို လိုက်ကြရဖို့သေချာပြီ။ ဒီအတိုင်းသာဆင်ကန်း တောတိုးလုပ်နေရင် အဲဒီအဖွဲ့မကြာခင် ပြိုကွဲပျက်စီးတော့မယ်လို့ အသေအချာပြောရဲတယ်။ ဘာလို့ ဒီလိုအတိအကျပြောရသလဲဆိုတော့ ကျွန်တော်လည်းတစ်ခါက ခေါင်မလုံတဲ့ကေအိုင်အေခေါင်းဆောင် တွေရဲ့ လက်အောက်မှာ မိုးရေစိုခံငယ်သားတစ်ယောက်ဖြစ်ခဲ့ဖူးလို့ပါပဲ။
ဪ……ကေအိုင်အေခေါင်းဆောင်တွေရဲ့ ခေါင်ကမှ မလုံမှတော့ ကေအိုင်အေလက်အောက် ငယ်သားတွေ မိုးရေတွေ ရွှဲရွဲစိုခံရတာဟာ မဆန်းလှပါဘူးလေ။
အညတရမိုးစိုခံတစ်ဦး
From:[_ _] (မောင်ကျောက်ခဲ အဖွဲ့)
Readmore »
မုဒိန်းမှူများပြားလာခြင်းရဲ့တရားခံ ကာမ အားတိုးဆေးများ
(မောင်ကျောက်ခဲ အဖွဲ့)
Readmore »
Jan 10, 2013
ယိမ်းယိုင်နေသောကေအိုင်အေ၏ရည်ရွယ်ချက်
ကချင်ပြည်နယ်သည် မြန်မာနိုင်ငံတွင် မြေပေါ်မြေအောက် သယံဇာတပေါကြွယ်ဝသည့်အပြင် မြောက်ဘက်အစွန်းဆုံးရှိ နောင်မွန်းမြို့နယ်၊ ပူတာအို၊ မချမ်းဘော၊ ခေါ်ဘူဒဲစသောမြို့နယ်များတွင် ငွေရောင်ခမောက်ဆောင်းထားသော ရေခဲတောင်ကြီးများကဲ့သို့သော သဘာဝအလှတရားများဖြင့် ပြည့်နှက်လျက်ရှိပေသည်။ ထို့ပြင် မြန်မာနိုင်ငံ၏ သွေးကြောအဖြစ်သော်လည်းကောင်း၊ နိုင်ငံရေးအရ သွေးစည်းညီညွတ်ခြင်း နမိတ်ပုံဖြစ်သည့်ဧရာဝတီမြစ်ကြီးအား မွေးဖွားပေးလိုက်သည့် မေခ(အင်မိုင်ခ) နှင့် မလိခတို့ပေါင်းဆုံရာလည်းဖြစ်သည်။ ပြည်ထောင်စုမြန်မာနိုင်ငံသည် တိုင်းရင်းသားညီအစ်ကို ပေါင်းစုံတို့ မှီတင်းနေထိုင်ကြသည့်အလျှောက် တစ်ဒေသနှင့် တစ်ဒေသ ကူးလူးကာ ချစ်ကြည်ရင်းနှီးစွာ ဖြင့် ပေါင်းစည်းနေထိုင်ကြသည်။ ကချင်ပြည်နယ်ဟုဆိုသော်လည်း အခြားသောတိုင်းရင်းသားတို့သည် လည်း အေးချမ်းစွာနေထိုင်ခဲ့ကြသည်။  သို့သော်လည်းယခုအခါတွင် ကချင်ပြည်နယ်၏ သဘာဝအလှ တရားများနှင့် ပြည်သူတို့၏ အေးချမ်းသာယာနေသည့်ဘ၀ကို ဖြိုခွဲဖျက်ဆီးနေသူတို့မှာ ကေအိုင်အေ/ ကေအိုင်အို တို့ပင်ဖြစ်သည်။
ယနေ့နိုင်ငံတော်အစိုးရသည် ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံတော်အဖြစ် တည်ဆောက်လျက်ရှိပေသည်။ ထိုသို့တည်ဆောက်ရာတွင် ပြည်တွင်းငြိမ်းချမ်းရေးတည်ဆောက်ရေး သည် အဓိကအခန်းကဏ္ဍဖြစ်သဖြင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအား နိုင်ငံတော် အစိုးရမှ မှန်ကန်သောစေတနာမေတ္တာဖြင့် ငြိမ်းချမ်းရေးကို ကမ်းလှမ်းခဲ့သည်။ နိုင်ငံတော်၏စစ်မှန်သော စေတနာကြောင့် တိုင်းရင်းသားလက်နက်ကိုင် ၁၁ ဖွဲ့အနက် ၁၀ ဖွဲ့သည် နိုင်ငံတော်အစိုးရနှင့်အတူ ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်ခဲ့သည်။
အမှန်စင်စစ်ကေအိုင်အေသည် ၁၉၉၄ခုနှစ်တွင် တပ်မတော် အစိုးရလက်ထက်၌ လက်နက်နှင့် ငြိမ်းချမ်းရေးလဲလှယ်ဝင်ရောက်ခဲ့သော အဖွဲ့အစည်းတစ်ခုဖြစ်သည်။ သို့သော်လည်း သတ်မှတ်ထားသည့် ငြိမ်းချမ်းရေးမူ ၈ ချက်ကို ၂၀၁၁ ခုနှစ် နှစ်ဦးပိုင်းမှစ၍  မသိမသာ ချိုးဖောက်ခဲ့ရာမှ ၂၀၁၁ခုနှစ်ဧပြီလတွင် ယနေ့အထိ ပေ ၁၈၀ အထက်တံတားပေါင်း တစ်ရာကျော် ဖျက်ဆီးခြင်း၊ ဆက်သွယ်ရေးမိုက်ခရိုဝေ့ဖ်စခန်းများအား ဖောက်ခွဲခြင်း၊ ပြည်သူ့ဆေးရုံများအား မိုင်းခွဲ ခြင်း၊ ခရီးသွားမော်တော်ယာဉ်များအား ပစ်ခတ်နှောင့်ယှက်ခြင်း/သိမ်းဆည်းခြင်း၊ မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် ပြည်သူတို့အား သတ်ဖြတ်ခြင်း စသည်တို့ကို လုပ်ဆောင်လာသည့်အပြင် ကတိက၀တ်အတိုင်း သတ်မှတ်ထားသည့် ငြိမ်းချမ်းရေးမူ ၈ ချက်အား စောင့်ထိန်းလျက်ရှိသော တပ်မတော်ကိုပင် တိုက်ခိုက်လာပါသည်။ တပ်မတော်နှင့် ကေအိုင်အေတို့ အပြန်အလှန်တိုက်ခိုက်မှု တို့အကြားတွင် ပြည်သူလူထုသည် အတိဒုက္ခရောက်ခဲ့ရသည်။ ၂၀၁၂ခုနှစ် ဖေဖော်ဝါရီလ ၁၆ ရက်နေ့ အထိ ကချင်ပြည်နယ်တွင် ကယ်ဆယ်ရေးစခန်း ၆၉ ခုနှင့် အိမ်ထောင်စု ၄၇၇၅ စု တို့ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ ရသည်။ ယခုအချိန်ဆိုလျှင် အိုးမဲ့အိမ်မဲ့အတိဒုက္ခရောက်လျက်ရှိသော ပြည်သူများမည်မျှပင် ရှိနေမည် ကို မတွေးရဲလောက်အောင်ပင် ရှိပေမည်။
ကေအိုင်အေတို့ဖျက်ဆီးမှုကြောင့် ယနေ့ဆိုလျှင် နိုင်ငံတော်ဘဏ္ဍာငွေကျပ်သန်းပေါင်း များစွာ ဆုံးရှုံးလျက်ရှိပါသည်။ ကေအိုင်အေ မည်သို့ပင် ဖျက်ဆီးစေကာမူ နိုင်ငံတော်အစိုးရသည် ကချင် ပြည်နယ်အတွင်းနေထိုင်ကြသော တိုင်းရင်းသားပြည်သူများ၏ လူမှုဘ၀မြင့်မားရေးကိုသာ ရှေ့ရှု၍ ပြန်လည်ပြုပြင်တည်ဆောက်လျက်ရှိသည်။ သို့သော်လည်း “လက်နဲ့ရေး၊ ခြေနဲ့ဖျက်” ဆိုသကဲ့သို့ နိုင်ငံတော်မှ ပြန်လည်ပြုပြင်ရေးတည်ဆောက်သော်လည်း ကေအိုင်အေတို့သည် ထပ်ကြပ်မကွာ ဖျက်ဆီးလျက်ရှိသည်။ ၂၀၁၂ခုနှစ် ဒီဇင်ဘာလ ၂၉ ရက်နေ့တွင် ကေအိုင်အေအဖွဲ့၏တိုက်ခိုက်မှု ကြောင့် ဝိုင်းမော်မြို့နယ် မလိရေအားလျှပ်စစ်စက်ရုံမှ မြစ်ကြီးနားသို့ ပေးပို့လျက်ရှိသည့် ၆၆ကေဗွီ ဓာတ်အားလိုင်းမှ မလိယန်နှင့် ကန်တော်ယန်ရွာကြားရှိ ဓာတ်အားလိုင်းပျက်စီးမှုကို ပြန်လည်ပြုပြင်ရန် သွားရောက်စဉ် ကေအိုင်အေအဖွဲ့မှ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့သဖြင့် ယနေ့တိုင်ပြန်လည်ပြုပြင် နိုင်ခြင်းမရှိသေးပေ။
ကေအိုင်အေတို့၏လမ်းတံတားများအား ဖျက်ဆီးခြင်းကြောင့် ဒေသခံပြည်သူတို့အနေဖြင့် စားသောက်ကုန်ဈေးနှုန်းများကြီးမြင့်ခြင်း၊ ရိက္ခာရှားပါးခြင်းတို့ဖြင့် ရင်ဆိုင်နေရသဖြင့် တပ်မတော်သည် ပူတာအိုခရိုင်ရှိဒေသခံပြည်သူများ၊ နိုင်ငံ့ဝန်ထမ်းများအတွက် တပ်မတော်လေယာဉ်များအသုံးပြု၍ကူညီ ဆောင်ရွက်ပေးခဲ့သည့်အပြင် ပြည်နယ်အစိုးရမှ ပူတာအိုခရိုင်သို့ စားနပ်ရိက္ခာနှင့် လူသုံးကုန်ပစ္စည်းများ ပေးပို့ရာတွင်လည်းကောင်း၊ ကေအိုင်အေအဖွဲ့၏ ဖောက်ခွဲဖျက်ဆီးမှုကြောင့် ပျက်စီးနေသည့် လမ်း၊ တံတားများပြုပြင်ရာတွင်လည်းကောင်း လုံခြုံရေးဆောင်ရွက်ပေးလျက်ရှိသည်။ ထိုကဲ့သို့ တိုင်းရင်းသား ပြည်သူများအတွက် စားနပ်ရိက္ခာများပို့ဆောင်နေစဉ် ဒီဇင်ဘာလ ၂၈ ရက်နေ့မွန်းလွဲပိုင်းတွင် ဆွမ်ပရာဘွမ်မြို့နယ် က၀ယန်ကျေးရွာမှ ပူတာအိုသို့ထွက်ခွာလာသည့် ရိက္ခာသယ်ယာဉ်တန်းအား လက်နက်ငယ်များဖြင့် နှောင့်ယှက်ပစ်ခတ်ခဲ့သည်။ ကချင်လူမျိုးနှင့် ကချင်ပြည်နယ်ကောင်းစားရေး ဟု အသံကောင်းဟစ်ကာ ကြွေးကြော်နေသော ကေအိုင်အေသည် ကချင်လူမျိုးနှင့် ကချင်ပြည်နယ်အတွင်း နေထိုင်ကြသော တိုင်းရင်းသားညီအစ်ကိုများ စားမည့် ထမင်းကို မြေသို့ကျအောင် ပုတ်ချလျက်ရှိနေ ပေသည်။
သို့သော်လည်း ယနေ့ ကေအိုင်အေအဖွဲ့တွင် လက်နက်၊ ခဲယမ်း၊ ရိက္ခာပြတ်တောက်မှု အခက် အခဲများအပြင် သဘောထားကွဲလွဲမှုများရှိနေကြောင်း တွေ့မြင်နိုင်ပေသည်။ နိုင်ငံတော်အစိုးရနှင့် တပ်မတော်တို့၏ စေတနာကို သိမြင်ကာ ရည်ရွယ်ချက်မဲ့သော စစ်ပွဲများကို ဆက်လက်ဆင်နွှဲလိုခြင်း မရှိသဖြင့် ၂၀၁၂ ခုနှစ်ဧပြီလ ၁၆ ရက်နေ့တွင် လက်နက်နှင့် ငြိမ်းချမ်းရေးလဲလှယ်ခဲ့သော ကေအိုင်အေ တပ်မဟာ (၅) မှ တပ်ကြပ်အဆင့်ရှိ ကျော်ဆန်းဦးစီးသော အဖွဲ့ကဲ့သို့ ကေအိုင်အေအဖွဲ့များသည် ယနေ့တိုင် အဖွဲ့လိုက်လက်နက်နှင့် ငြိမ်းချမ်းရေးလဲလှယ်ကာ အသီးသီးအလင်းဝင်ရောက်လာကြ သည်။ ထို့ပြင် မိမိပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်ရန်အတွက် ကချင်ပြည်နယ် ဒေသအသီးသီးတွင် တိုင်းရင်းသားပြည်သူတို့သည်  တပ်မတော်နှင့် လက်တွဲကာ လက်နက်စွဲကိုင် လျက် ပြည်သူ့စစ်(ဌာနေ)အဖြစ် ပါဝင်လာသည်ကိုလည်း တွေ့ရှိရပေသည်။ အချုပ်အားဖြင့်ဆိုသော် ယနေ့ကေအိုင်အေ၏လုပ်ရပ်များသည် နိုင်ငံတော်အစိုးရနှင့် တပ်မတော်မှ ဦးဆောင်ကာ ကချင် ပြည်နယ် စစ်ဘေးသင့်ဒေသရှိ တိုင်းရင်းသားပြည်သူများအတွက် စားနပ်ရိက္ခာနှင့် လူသုံးကုန်ပစ္စည်း များသယ်ဆောင်လာသော ယာဉ်တန်းများအား တိုက်ခိုက်ခြင်း၊ သယ်ဆောင်ရာလမ်းတစ်လျှောက် လမ်းတံတားများအား ဖျက်ဆီးခြင်းသည် ကချင်ပြည်နယ်အတွင်း နေထိုင်ကြသော ကချင်တိုင်းရင်းသား များသာမက ဒေသတွင်းနေထိုင်ကြသည့် အခြားသော တိုင်းရင်းသားများအား အတိဒုက္ခရောက်စေရန် ရည်ရွယ်ကာ နိုင်ငံရေးအရအမြတ်ထုတ်နေခြင်းဖြစ်သည်။ ထို့ပြင် နိုင်ငံတော်အစိုးရနှင့် တပ်မတော် အပေါ် အခြားသော ပြည်နယ်၊ တိုင်းဒေသကြီးများရှိ ပြည်သူလူထုမှ အကြည်အညိုပျက်ပြားစေရန် ရည်ရွယ်သကဲ့သို့ အတိဒုက္ခရောက်နေသော တိုင်းရင်းသားညီအစ်ကိုမောင်နှမများအား လက်ညှိုး ထိုးကာ ကမ္ဘာသိအောင် အသံကောင်းဟစ်လျက် ယိမ်းယိုင်နေသောကေအိုင်အေအဖွဲ့အတွက် ငွေကြေးအထောက်အပံ့တောင်းရမ်းလို၍ လုပ်ဆောင်နေခြင်းသာဖြစ်ပါကြောင်း ရေးသားလိုက်ရ ပါသည်။
မောင်လှဖျား (မောင်ကျောက်ခဲ အဖွဲ့)
Readmore »
ဟိုပင်နဲ့ ပင်းဘောကြား KIA မှ ရထားလမ်းမိုင်းခွဲမှုအခြေအနေ
မနေ့ ည ၁၁နာရီခန့်မှာ ဟိုပင်နဲ့ ပင်းဘောကြား ကြာကြီးကွင်းရွာအနီး မိုင်တိုင်အမှတ် ၆၅၄/၁၈ နဲ့ ၁၉ ကြားမှာ ဟိုပင်ကနေ မြစ်ကြီးနားဘက်ထွက်လာတဲ့ နဘားခေါက်ပြန်မီးရထားကို KIA ကအဝေးထိန်းမိုင်းနဲ့ ခွဲလိုက်လို့ စက်ခေါင်းနောက်က ခရီးသည်လိုက်ပါလာတဲ့ ရထားတွဲကို မိုင်းထိမှန်ပြီး ရထားတွဲ ၅ တွဲ လမ်းချော်ခဲ့ရပါတယ်။ မိုင်းပေါက်ကွဲမှုကြောင့် ရထားပေါ်ပါလာတဲ့ ခရီးသည်တစ်ဦး ကွဲသွားတဲ့ ကြမ်းပေါက်ကထွက်ကျပြီး ရထားကြိတ်မိသေဆုံးသွားပါတယ်။ ဒါ့အပြင် ခရီးသည်တစ်ဦးကလည်း ဦးခေါင်းမှာ ဒါဏ်ရာအနည်းငယ်ရသွားခဲ့ပါတယ်။ သေဆုံးသွားတဲ့သူက အသက်၃၂ နှစ်ရှိ ဟိုပင်သား ဦးမြင့်နိုင်ဆိုသူဖြစ်ပြီးတော့ ဒါဏ်ရာရသွားတဲ့သူကတော့ နွားတွေကို ရထားတွဲနဲ့တင်ပို့နေတဲ့အသက် (၄၀)ရှိ ဦးဇော်အောင် ဖြစ်ကြောင်းသိရပါတယ်။ ပေါက်ကွဲမှုကြောင့် အနောက်ဘက်ရထားသံလမ်း ၃ ပေပြတ်ထွက်၊ သံလမ်း ပေ ၅၀ ခန့်ဘယ်ညာကားထွက်၊ ဇလီဖားတုံး ၄၀ ခန့်ပြုတ်ထွက်ပျက်စီးခဲ့တယ်လို့ သတင်းရရှိပါတယ်။ ၂၀၁၂ ဒီဇင်ဘာလောက်ကစပြီး KIA က ရထားလမ်းများ၊ ကားလမ်းများ၊ ဌာနဆိုင်ရာအဆောက်အအုံများ၊ ရဲစခန်းနဲ့ ပြည်သူ့စစ်စခန်းတွေကို အင်အားသုံးတိုက်ခိုက်ခြင်း၊ မိုင်းထောင်ဖျက်ဆီးခြင်းစတဲ့ အဖျက်အမှောက်လုပ်ငန်းတွေကို ပိုမိုလုပ်ဆောင်လာပြီး ယခုကာလတွေမှာ ရထားတွဲတွေမထိမထိအောင် အချိန်ကိုက် ဖေါက်ခွဲလာပြီး အပြစ်မဲ့ပြည်သူလူထုကိုပါ တမင်ရည်ရွယ်ချက်နဲ့ ထိခိုက်အောင်လုပ်လာနေတာကြောင့် အစိုးရ၊ လွှတ်တော်နဲ့ တပ်မတော်က ထိထိရောက်ရောက် အရေးယူဆောင်ရွက်သင့်ကြောင်း ဒေသခံတွေက ပြောကြားနေတယ်လို့ သတင်းရရှိပါတယ်။ ဓာတ်ပုံများရရှိက KIA ရဲ့အကြမ်းဖက်မှုကိုဆက်လက်တင်ပြသွားပါမယ်။
 (မောင်ကျောက်ခဲ အဖွဲ့)
Readmore »
၂၀၁၃ ဧပြီမှစ၍ အစိုးရဝန်ထမ်းများ လစာ(သို့)ထောက်ပံကြေး တိုးနိုင်ကြောင်း သမ္မတပြောကြား
အစိုးရဝန်ထမ်းများ၏ လစာနှင့် ထောက်ပံ့ကြေးများ လာမည့်ဘဏ္ဍာနှစ်တွင် တိုးမြှင့်ပေးနိုင်တော့မည့် အနေအထားရှိကြောင်း ပြည်ထောင်စု လွှတ်တော်သို့ ဇန်န၀ါရီလ ၁၀ ရက်နေ့က ပေးပို့သော သမ္မတ ဦးသိန်းစိန်၏ နှစ်သစ်ကူး သဝဏ်လွှာတွင် အရိပ်အမြွက် ထည့်သွင်း ပြောကြားသွားသည်။ ပြုပြင်ပြောင်းလဲမှု လုပ်ခဲ့သော လူမှုရေး ဆောင်ရွက်ချက်များအကြောင်း ပြောကြားရာတွင် သမ္မတ က ယခုလို ထည့်သွင်း ပြောကြားသွားခြင်း ဖြစ်သည်။
 “လွှတ်တော်အတွင်း၌ ရသုံးမှန်းခြေ ငွေစာရင်း ဆွေးနွေးသည့် ကိစ္စရပ်များကိုလည်း ပြည်သူလူထုထံ ပွင့်လင်းမြင်သာမှုရှိရှိ အသိပေးနိုင်ခဲ့ပြီး လာမည့် ဘဏ္ဍာရေးနှစ်တွင် နိုင်ငံ့ဝန်ထမ်းများ၏ ထောက်ပံ့ကြေးများကို တဆင့်ပြီး တဆင့် တိုးမြှင့်ပေးနိုင်တော့မည် ဖြစ်သည်ကိုလည်း တွေ့ရှိရမည် ဖြစ်ပါသည်” ဟု သမ္မတ၏ နှစ်သစ်ကူး သဝဏ်လွှာတွင် ရေးသားပါရှိသည်။ လာမည့် ဘဏ္ဍာနှစ်သည် ၂၀၁၃ ခုနှစ် ဧပြီလ ၁ ရက်နေ့တွင် စတင်မည် ဖြစ်သည်။
 (မောင်ကျောက်ခဲ အဖွဲ့)
Readmore »
မြန်မာ ပြည်တွင်းမှ အလုပ်မရှိ ဆန္ဒပြချင်သူများ ၀မ်းမြောက်ဖွယ် သတင်းကောင်း
တရုပ်ပြည်တွင်း မှ ကချင်မျိုးနွယ်စုများ ကချင်ပြည်နယ်နေ့ တွင် လိုင်ဇာနယ်စပ်တံတားအနီးတွင် တရုပ်အစိုးရအား စုပေါင်းကန့် ကွက် ဆန္ဒပြနေကြောင်း Cho Lay စာမျက်နှာတွင် တင်ထားပါသည်။ ကချင်လူမျိုးများ နည်းပြီး တရုတ်ရဲများ ပိုများနေပါသဖြင့် လက်ပံတောင်းတွင် ဆန္ဒပြသကဲ့သို့ အမျိုးချစ် သံဃာများနှင့် အလုပ်မရှိ ဆူပူသူများအား ဖိတ်ခေါ်လျှက် ရှိသည်။ အမြန်ဆုံး သွားရောက် ပူးပေါင်းကြပါ။ ၈၈ များကတော့ ဖိလစ်ပိုင် သွားရမည်မို့ မပူးပေါင်းနိုင်ပါ။ အန်တီစုလည်း အမေရိကန် ထပ်သွားအုံးမည်မို့ မပါဝင်နိုင်ပါ။ လွတ်လွတ်ကျွတ်ကျွတ် မီးလောင်ဗုံး အစမ်းခံရမည်မို့ နော်အုံးလှတို့ မြအေးဆီမှ ခရီးစရိတ် ထုတ်ယူပြီး သွားရောက် ပူးပေါင်းနိုင်သည်။ ပါလေရာ မမစွာကိုပါ ခေါ်သွားကြပါ။
From:[_oppositeye _] (မောင်ကျောက်ခဲ အဖွဲ့)
Readmore »
ကချင်ပြည်နယ် အရှေ့ မြောက်ဖက် ဒေသ (သီဖွေမြို့နယ်၊ ဆော့လ်ာမန် မြို့နယ်၊အင်ဂျန်းယာန် မြို့နယ်) မဲဆန္ဒ နယ် အမှတ်(၄) မှ တသီးပုဂ္ဂလ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဇခုန်တိန်းယိန်း ဧ။် KIA အပေါ် သဘောထားမှတ်ချက်
ကျွန်တော်တို့ သဘောထားကတော့ KIA ဆိုတာလည်း ကျွန်တော်တို့ တိုင်းရင်းသားပဲလေ ပြည်ထောင် စုမြန် မာနိုင်ငံရဲ့ တိုင်းရင်းသားပါပဲ သို့သော်လည်း အံ့သြနေတာက သူတို့က နိုင်ငံတော်နဲ့ ဆွေးနွေးမှ ရမယ့် ဟာကို နိုင်ငံတော်နဲ့ ဆွေးနွေးရမယ်လေ၊ နိုင်ငံတော်နဲ့ ပြည်သူ လူထုနဲ့ နိုင်ငံရေးသမားတွေနဲ့ ဆွေးနွေး ရ မယ်လေ ထင်သာမြင်သာတဲ့ ငြိမ်းချမ်းရေးတည်ဆောက်ရမယ်။ ပြည်သူတွေလည်း ငြိမ်းငြိမ်း ချမ်းချမ်း နေချင်ပါတယ်။ အဲ့ဒါကို သူတို့က လက်မခံဘူး နားမထောင်ဘူးဆိုတော့ သူတို့ တော်တော် ဆိုးနေတယ်လို့ ပြောရမှာပေါ့ ပြည် သူတွေက သိပ်ခံနေရပြီ။ ကချင်ဒေသမှာရှိတဲ့ ကချင်ရော ဗမာရော လူမျိုးစုံ သူတို့ပေးတဲ့ ဒုက္ခကို ခံနေရပြီ။ ဒါပေမယ့် တစ်ခြားကတော့ တစ်မျိုးပြောတာပေါ့ အစိုးရကို အပစ်တင်တယ် သွားတိုက်နေတယ် အစိုး ရက တိုက်ရမှာပဲပေါ့ ဒါပေမယ့် သူနေရာရနေတယ်ဆိုတာ မတိုက်လို့ပေါ့ အစိုးရက သက်ညှာ ထား လို့ေ ပါ့။ အခုတော့ ဗန်းမော်သွားတဲ့လမ်းပေါ်တိုက်တာတွေရှိတယ် လာသိမ်းထား တဲ့နေရာတွေ တိုက်တာ ရှိတယ်။ အခုက ကျွန်တော်တို့ ဆီမှာ ဆိုးတာက ဖမ်းထားတာ။ ရွာသားတွေကို ဖမ်းထားတာ ဟိုတုန်းက နယ်စပ် မှာ ဒုက္ခသည်ဆိုတာ ခြိမ်းခြောက်ပြီးတော့ ဗမာလာပြီ ၊ အစိုးရတပ်တွေလာပြီ မင်းတို့ကို သတ်လိမ့် မယ် ဆိုပြီးတော့ အဲ့လိုနဲ့ ရွာကနေ ထွက်ခွါသွားရတာ ခုတော့ ရွာလည်းမရှိတော့ဘူး ကျွန်တော်တို့ ရှိမှာကျတော့ ဖမ်းကိုဖမ်းသွားတာ ရွာသားတွေကို။ ရွာသားတစ်ထောင်နီးပါရှိတယ်ဆို ဖမ်းသွားတာ။
From:[_ ပလေတို ဒီမို _]  (မောင်ကျောက်ခဲ အဖွဲ့)
Readmore »
မံစီ မြို့နယ်အား ကေအိုင်အေ (KIA) သောင်းကျန်းသူ အဖွဲ့မှ ၀င်ရောက် ပစ်ခတ် နယ်မြေခံ တပ်ရင်း၊ ပြည်သူ့စစ် နှင့် ပြည်သူ့ရဲတို့ ပူးပေါင်းပြီး ရှင်းလင်းရာ လက်နက်နှင့် ခဲယမ်းများ ရရှိ
မံစီ မြို့နယ်အား ကေအိုင်အေ (KIA) သောင်းကျန်းသူ အဖွဲ့မှ ၀င်ရောက် ပစ်ခတ်စဉ်တွင် နယ်မြေခံ တပ် ရင်း၊ ပြည်သူ့စစ်နှင့် ပြည်သူ့ရဲတို့ ပူးပေါင်းပြီး ရှင်းလင်း ခုခံ ဆောင်ရွက်ခဲ့ သည်။ ထိုသို့ ရှင်းလင်း ခုခံရာေ ကအိုင်အေ ( KIA ) သောင်းကျန်းသူ အဖွဲ့မှ အလောင်း (၁) လောင်း၊ လက်နက် ၊ခဲယမ်း ၊ မိုင်းနှင့် ဆက်စ ပ် ပ စ္စည်းများအား ဖမ်းဆီး ရမိခဲ့ပါသည်။ ၄င်းနေရာတွင် အလောင်း အား ကောင်းမွန်စွာ သဂြိုလ် ပေးခဲ့ပြီး နယ်မြေခံ တပ်ရင်းနှင့် လုံခြုံရေး အဖွဲ့ များမှ နယ်မြေ ရှင်းလင်းရေး ဆက်လက် ဆောင်ရွက် ခဲ့ ကြောင်း သ တင်းရရှိပါသည်။
 From:[_ မြ၀တီ _]
(မောင်ကျောက်ခဲ အဖွဲ့)
Readmore »
ညမဲ့ညများလွန်နိုင်စေ(တိုက်ပွဲကြားမှာ ကျသွားတဲ့ လူသစ်စုခံရပြီး ကေအိုင်အေရဲဘော်ဖြစ်လာတဲ့ တိုင်းရင်းသားတစ်ဦးရဲ့ အတွင်းရေး)
    စာတိုပေစများရေးသားရသည်ကို ခုံမင်တတ်ခြင်းနှင့် ဟိုစပ်စပ်ဒီစပ်စပ် စိတ်ဝင်စားတတ်သော ကျွန်တော်တို့သူငယ်ချင်းဖြစ်သူကားသူအင်မတန်သံယောဇဉ်ကြီးလှသောသူ့မိသားစုနှင့် မွေးရပ်ရွာကို ကျောခိုင်းကာ ထာဝရအိပ်စက်သွားခဲ့ပြီဖြစ်သည်။ ကျွန်တော့်စိတ်ရင်းအနေဖြင့် စာတိုပေစများ ရေးသား ဖြစ်မည်ကို စိတ်ကူးပင်မယဉ်ဖြစ်ခဲ့သော်လည်းကျွန်တော့်သူငယ်ချင်းကိုသတိရမိတိုင်းတွင်တစ်စုံတစ်ရာကို ရေးသားဖော်ပြလိုစိတ်ပြင်းပြနေခဲ့ရာမှ လက်တွေ့ရေးသားမိသည်အထိ ဖြစ်ခဲ့ရသည်။
    ကျွန်တော်၏စာရေးလိုသည့်ဆန္ဒမှာ ကျွန်တော့်သူငယ်ချင်းဖြစ်သူ၏ ဆန္ဒများလေလားဟုပင် တွေးထင်မိခဲ့သည်။ ဟုတ်ချင်လည်းဟုတ်ပေမည်။ ကျွန်တော့်သူငယ်ချင်းဖြစ်သူ ဆုံးပါးခဲ့ရသည်မှာ သာမန်ကိုးဆယ့်ခြောက်ပါးသော ရောဂါဖြင့် ဆုံးပါးခဲ့ရသည်မဟုတ်ပါ။ မှတ်မှတ်ရရ ၂၀၁၂ခုနှစ်၊ ဒီဇင်ဘာလ လဆန်းပိုင်းအတွင်းက တပ်မတော်နှင့် ကေအိုင်အိုတို့ ထိတွေ့ပစ်ခတ်စဉ်တစ်ခုတွင် ကံမကောင်းစွာ ဆုံးပါးခဲ့ရခြင်းဖြစ်သည်။
    စာရေးသူ၏အမေမှာ ရှမ်းတိုင်းရင်းသူဖြစ်သော်လည်း အဖေဖြစ်သူက ကချင်တိုင်းရင်းသား ဖြစ် သည်။ သူငယ်ချင်းဖြစ်သူမှာမူကားကချင်တိုင်းရင်းသားစစ်စစ်ဖြစ်သည်။၂၀၁၂ခုနှစ်အလယ်ပိုင်း လောက်ကတည်းက “ကေအိုင်အိုအဖွဲ့တွေစည်းလွတ်ဝါးလွတ်ဖြစ်လာပြီကွ” ဟုသူငယ်ချင်းဖြစ်သူက ညည်းတွားခဲ့သည်။
အမှန်တွင်လည်း သူငယ်ချင်းဖြစ်သူရော ကျွန်တော်ပါ ကေအိုင်အေအဖွဲ့၏ အနိုင် ကျင့်မှုကို အကြိမ်ကြိမ်တွေ့ကြုံခံစားခဲ့ကြရသည်။ မည်သည့်စီးပွားရေးလုပ်လုပ် သူတို့ကို ဆက်ကြေး ပေးနေရသည်။ ကိုယ်လုပ်တဲ့အလုပ်က လုပ်တိုင်းမမြတ်သော်လည်း သူတို့ကိုလုပ်တိုင်းပေး၊ မလုပ် လည်းပေး၊ မြတ်လည်းပေး၊ မမြတ်လည်းပေးနေကြရသည်။ ကချင်ပြည်နယ်ကောင်းစားရေးအတွက် ကျွန်တော်တို့ဒေသခံများထံမှ ကေအိုင်အေတို့ ကောက်ခံခဲ့သောငွေကြေးကို စနစ်တကျသုံးစွဲရင်းနှီးမည် ဆိုပါက ယနေ့ကချင်ပြည်နယ်တစ်ခုလုံး နေ့ချင်းညချင်းပြောင်းလဲတိုးတက်သွားမည်မှာ မလွဲဧကန်ဖြစ်ပါ သည်။ တစ်နေ့တွင် သူငယ်ချင်းဖြစ်သူမှာ ကေအိုင်အေတို့ဖွင့်လှစ်သော ဒုက္ခသည်စခန်းများတွင် လုပ်အားပေးတာဝန်ထမ်းဆောင်ရန် လိုက်ပါသွားခဲ့ရသည်။ မလိုက်လို့လည်းမရပါ။ သူတို့ခိုင်းစေတိုင်း လိုက်မလုပ်သူတွေအားလုံး သစ္စာဖောက် ဒါမှမဟုတ် သူလျှိုအဖြစ်စွပ်စွဲခံရပြီး နောက်တစ်နေ့နေမင်းကို မကြည့်နိုင်ဖြစ်သွားခဲ့ကြရသည်ကို အားလုံးတွေ့မြင်ခံစားထားကြဖူးသည်။
    သူငယ်ချင်းဖြစ်သူမှာသွက်လက်ချက်ချာသူဖြစ်ရုံသာမကစိတ်ရင်းခံကောင်းရှိသူဖြစ်သည်။ ကေအိုင်အေတို့ ဖွင့်လှစ်ထားသော ဒုက္ခသည်စခန်းများသို့ အတင်းခေါ်ဆောင်ခြင်းခံခဲ့ရသည့် တိုင်းရင်းသားများကို ကူညီဆောင်ရွက်ပေးနေခဲ့သည်။ ကျွန်တော်တို့ဒေသခံအားလုံးကို ကေအိုင်အေ တို့က သံသယမျက်လုံးများဖြင့် စောင့်ကြည့်နေကြသည်။ ကျွန်တော်တို့သည်လည်း မွေးရပ်မြေတွင် ဆက်လက်နေထိုင်ပါက မလွဲမသွေတွေ့ကြုံရမည့် အသက်အန္တရာယ်ကို ရိပ်စားမိလာခဲ့သည်။
    ကေအိုင်အေအဖွဲ့များမှာ ဒေသခံများကို ဒုက္ခသည်စခန်းများသို့ အတင်းအဓမ္မ၊ မလိုက်မနေရ ခေါ်ဆောင်နေကြသော်လည်း လိုအပ်သောစားဝတ်နေရေးကိစ္စ၊ ကျန်းမာရေးကိစ္စများကို မယ်မယ်ရရ စိတ်ဝင်တစားဆောင်ရွက်ပေးခဲ့ခြင်းများမတွေ့မိခဲ့ပါ။ နောက်ပိုင်းတွင် တပ်မတော်စစ်ကြောင်းများနှင့် ထိတွေ့နိုင်သည့်အခြေအနေနှင့် နေရာရွှေ့ပြောင်းမှုများတွင် ကျွန်တော်တို့ဒေသခံများကို လုပ်အားပေး အဖြစ်လူအင်အားအများအပြားခေါ်ဆောင်အသုံးပြုပါသည်။ ထို့ကြောင့် တပ်မတော်စစ်ကြောင်းများနှင့် ထိတွေ့မှုဖြစ်စဉ်အချို့တွင် အကာအကွယ်မဲ့နေသော ဒေသခံများသေကျေထိခိုက်မှုများ ရှိလာခဲ့ပါ သည်။
    နောက်ပိုင်းတွင် ကေအိုင်အေအဖွဲ့အနေဖြင့် တပ်မတော်စစ်ကြောင်းများနှင့် တမင်တကာ ထိတွေ့မှုများဖြစ်အောင် ဖန်တီးလုပ်ဆောင်လာသည်ကို ကျွန်တော်ကိုယ်တွေ့ တွေ့မြင်လာခဲ့ပါသည်။ ကျွန်တော်တို့ဒေသခံများတွင် စာမတတ်သူ၊ စဉ်းစားတွေးခေါ်မှုအားနည်းသူများရှိသော်လည်း စဉ်းစား တွေးခေါ်တတ်၊ အမှန်အမှားကို သုံးသပ်တတ်သူတွေ အများအပြားရှိပါသည်။ ကေအိုင်အေအဖွဲ့၏ ရည်ရွယ်ချက်မှာ ထိတွေ့မှုဖြစ်လျှင် အရပ်သားများဖြင့် တပ်မတော်စစ်ကြောင်းများကို အာရုံထွေပြားစေ ရန်ဖြစ်သည်ကို ကျွန်တော်တို့တွေ့မြင်လာခဲ့သည်။ တပ်မတော်စစ်ကြောင်းများမှ ဒေသခံများကို ထိခိုက် မိမည့်အတွက် ထိန်းသိမ်းလှုပ်ရှားမှုများကို ကေအိုင်အေတို့က အကြိမ်ကြိမ်အမြတ်ထုတ်ခဲ့ကြသည်ကို တွေ့ရသည်။
    ဒီဇင်ဘာလ ညတစ်ည၏ ထိတွေ့မှုတစ်ခုတွင် ကျွန်တော်၏သူငယ်ချင်းဖြစ်သူမှာ ရှုပ်ထွေးနေ သောအခြေအနေတစ်ခုတွင် ဆုံးပါးခဲ့ရသည်။ ဖြစ်စဉ်မှာ တပ်မတော်စစ်ကြောင်းတစ်ခုကို အလစ် အငိုက် ၀င်ရောက်တိုက်ခိုက်ခဲ့သည့်ကေအိုင်အေတစ်စုမှာ တပ်မတော်စစ်ကြောင်းမှ လိုက်လံရှင်းလင်း စဉ် ဒေသခံများစုဆောင်းထားသည့်စခန်းအတွင်းပြေးဝင်ကာ အကာအကွယ်ယူခဲ့ကြခြင်းဖြစ်သည်။ ထို သတင်းကိုကြားကြားချင်း ကျွန်တော်မခံမရပ်နိုင်အောင် ကြေကွဲခံစားခဲ့ရသည်။ ထိုဖြစ်စဉ်တွင် ကျွန်တော့် သူငယ်ချင်းအပါအ၀င် ဒေသခံများ ထိခိုက်သေကျေမှုဖြစ်ခဲ့ရသည်။ မိတ်ဆွေအထမ်းသမား တစ်ယောက်က “ဒီကောင်တွေတော်တော်ယုတ်မာတယ်၊ ကျုပ်တို့လို ကိုယ့်ကချင်တိုင်းရင်းသား အချင်းချင်းကိုတောင် လူတံတိုင်းလုပ်ရက်တယ်” ဟု ကြေကွဲညည်းတွားသံကို ကျွန်တော်ထူးဆန်းစွာ ကြားလိုက်မိပါသည်။
    လူမျိုးစွဲ၊ ဝါဒစွဲမကြီးလှသော်လည်း ဒေသစွဲအင်မတန်ကြီးလှသော ကျွန်တော်လည်း အံကြိတ်ပြီး ကျွန်တော်တန်ဖိုးထားမြတ်နိုးခဲ့ရသော ကျွန်တော့်မွေးရပ်မြေဒေသကို အသက်အန္တရာယ်ကို ငဲ့ညှာပြီး ခွဲခွာခဲ့ရပြီဖြစ်သည်။ နေ့ခင်းထင်သာမြင်သာသောအခြေအနေများတွင် တပ်မတော်စစ်ကြောင်းများ အန္တရာယ်ကို သိပ်ကြောက်စရာမလိုသော်လည်း ညအခါကဲ့သို့သော အချိန်များတွင် ကေအိုင်အေအဖွဲ့ ၏ ယုတ်မာရက်စက်စွာ တွန်းထိုးအကာအကွယ်ပြုမှုများက ကျွန်တော်တို့၏အသက်ကို အလွယ်တကူ နုတ်ယူသွားနိုင်ပေသည်။
    ကေအိုင်အေတို့ အထိန်းသိမ်းခံစခန်းအများအပြားတွင် ကျန်ရစ်နေခဲ့သည့် ကျွန်တော့်ကဲ့သို့ပင် တွေ့ကြုံခံစားနေကြရသော ဘ၀တူဒေသခံများ၏ အသက်အန္တရာယ်ကို စာနာထောက်ထားမိပါသည်။ သို့သော် ကျွန်တော်တို့ ဒေသခံအချင်းချင်းအနေဖြင့် မည်သို့မျှ ကူညီဖြေရှင်းပေးနိုင်မည်မဟုတ်ပါ။ လိုင်ဇာ အနီးအနားက စခန်းတွေနဲ့ အခြားစခန်းတွေမှာ ဆွေမျိုးသားချင်းများ၊ မိတ်ဆွေအပေါင်းအသင်း များ အများအပြားကျန်ရစ်နေခဲ့ပါသည်။ တစ်နေ့နေ့တွင် ဘ၀တူဒေသခံများအား ရက်စက်ယုတ်မာသူ များ၏ လက်အတွင်းမှ ကူညီကယ်တင်ပေးနိုင်မည်ဟု ကျွန်တော်ယုံကြည်ပါသည်။ ကျွန်တော်တို့ ကြားသိရသလောက် နိုင်ငံတော်သမ္မတကြီးအနေဖြင့် စိတ်ရင်းစေတနာအမှန်ဖြင့် ထာဝရငြိမ်းချမ်းရေး တည်ဆောက်ကြရန် စဉ်ဆက်မပြတ် ကမ်းလှမ်းနေကြောင်း ကြားသိထားပါသည်။
    ကျွန်တော်တို့ဒေသခံများသည်ကမ္ဘာ့နိုင်ငံများနှင့်ရင်ဘောင်တန်းသိမြင်နားလည်သဘော ပေါက်ထားကြသည့် လူမျိုးကြီးစိတ်ဓာတ် တစ်နည်းအားဖြင့် ပြည်ထောင်စုစိတ်ဓာတ် အရင်းခံရှိသူများ ဖြစ်ကြသည်။ ကျွန်တော်တို့ဒေသခံများအား ကိုယ်ကျိုးစီးပွားရှေ့တန်းတင်သူတို့၏ ကျဉ်းမြောင်းသော ကေအိုင်အေခေါင်းဆောင်ပိုင်းအချို့၏ လူမျိုးခွဲခြားရေးဝါဒစွဲဖြင့် ကာလကြာထိန်းချုပ်အမှောင်ချထားရန် မဖြစ်နိုင်သည်ကို အချိန်မီသိသင့်သည်ဟု ကျွန်တော်တွေးမြင်မိပါသည်။
    ငြိမ်းချမ်းရေးရှိမှ ခိုင်မာတောင့်တင်းသည့် စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး ကိစ္စများ ဖွံ့ဖြိုး တိုးတက်ရေးကို စနစ်တကျ အချိန်ယူလုပ်ဆောင်နိုင်မည်ကို ကျွန်တော်တို့နားလည်လက်ခံထားသည်။  ကမ္ဘာပေါ်တွင် ဖွံ့ဖြိုးတိုးတက်သော နိုင်ငံများအားလုံးတွင် ကျဉ်းမြောင်းသည့် လူမျိုးခွဲခြားရေးမူဝါဒကို အခြေခံတည်ဆောက်ထားသည့် နိုင်ငံဟူ၍မရှိသည်ကိုလည်း ကျွန်တော်တို့ဒေသခံများနားလည်ထားပြီး ဖြစ်သည်။ ကျွန်တော်တို့ဒေသခံများအနေဖြင့် အခြားသော တိုင်းရင်းသားညီအစ်ကိုများနည်းတူ နိုင်ငံတော်မှ တညီတညွတ်တည်း စုစည်းဖော်ဆောင်ချီတက်နေသည့် ဒီမိုကရေစီခရီးလမ်းတွင်ပါဝင် ချီတက်လိုပါသည်။
    ကျွန်တော့်အနေနှင့် နိုင်ငံတော်အစိုးရ၊တပ်မတော်နှင့် ပြည်ထောင်စုကြီးအတွင်းချစ်ကြည်ရင်း နှီးစွာ ပေါင်းစည်းနေထိုင်လျက်ရှိကြသော တိုင်းရင်းသားညီအစ်ကိုများ၊ ပြည်ထောင်စုမြန်မာနိုင်ငံတော်၏အကျိုးကိုလိုလားသောနိုင်ငံတကာအဖွဲ့အစည်းများအား အသိပေးတောင်းဆိုလိုသည်မှာတပ်မတော် နှင့်ထိပ်တိုက်ထိတွေ့မှုဖြစ်စေရန်ပြုမူနေသော ကေအိုင်အေအဖွဲ့၏ တမင်တကာလုပ်ကြံဖန်တီးမှုအား ဝိုင်းဝန်းတားဆီးပေးကြပါ။
တပ်မတော်စစ်ကြောင်းများအနေဖြင့် ကေအိုင်အေတို့လှည့်ဖျားဖန်တီးထား သည့် ထိတွေ့မှုများတွင် တိုင်းရင်းသားဒေသခံ အရပ်သားများ ဓားစာခံဖြစ်နေသည့်အရေးကို ကြိုတင် သိမြင်ထားကြပါ။ စစ်မှန်သည့်ထာဝရငြိမ်းချမ်းရေးကို လိုလားသည့်အချို့သော ကေအိုင်အေ ခေါင်းဆောင်ပိုင်းနှင့် ပွင့်လင်းမြင်သာသော နားလည်မှုကို အလျင်အမြန်တည်ဆောက်ပေးပါ။ ကေအိုင်အေအထိန်းသိမ်းခံ ဒုက္ခသည်စခန်းများတွင် ရောက်ရှိခံစားနေသော ဒေသခံများ၏ လမိုက်ည များကို ဖယ်ရှားရှင်းလင်းကယ်တင်ပေးကြပါဟု ဒေသခံတိုင်းရင်းသား ညီအစ်ကိုများ ကိုယ်စား တောင်းဆိုအပ်ပါသည်။
ဒရစ်နော်
(မောင်ကျောက်ခဲ အဖွဲ့)
Readmore »
Jan 9, 2013
ကွတ်ခိုင်မြို့က ဒုက္ခသည်မဟုတ်တဲ့ကချင်ဒုက္ခသည်တွေ
ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ထဲက ဗန်နား၊ နမ့်ပါဗုံး၊ တုံခမ်း၊ နောင်ဖာ၊ နမ့်ဟူးနဲ့ နမ့်ဂလောင်းကျေးရွာတွေက အိမ်ထောင်စု ၆၉ စု၊ လူဦးရေ ၂၀၀ ကျော်တို့ဟာ ကွတ်ခိုင်ရပ်ကွက် (၂) မှာရှိတဲ့ နှစ်ခြင်းခရစ်ယာန် ဘုရားကျောင်းဝင်း အတွင်းနဲ့ အိမ်ထောင်စု ၅၆ စု၊ လူဦးရေ ၁၇၀  ကျော် တို့ဟာ ရပ်ကွက်(၃)မှာရှိတဲ့ ကတ်သလစ် ဘုရားကျောင်း အတွင်းသို့ စစ်ဘေးတိမ်းရှောင်ရန် အတွက် ပြီးခဲ့တဲ့ ဒီဇင်ဘာလကုန်ခါနီးမှာ ပြောင်းရွှေ့ရောက်ရှိနေထိုင်ခဲ့ကြရပါတယ်။
ကွတ်ခိုင်သို့ပြောင်းရွှေ့လာသူများရဲ့ ပြောကြားချက်အရ ကေအိုင်အေတွေဟာ ဒီကျေးရွာ တွေက ကချင်လူမျိုးတွေကို ကွတ်ခိုင်မြို့ပေါ်သို့ အတင်းအဓမ္မပြောင်းရွှေ့ဖို့စေလွှတ်ခဲ့တာ ဖြစ်ကြောင်းနဲ့၊  ဒီကျေးရွာတွေမှာ ကချင်လူမျိုးတွေအပြင် ပလောင်၊ ရှမ်း နဲ့ ဗမာလူမျိုးများလည်း နေထိုင်ကြကြောင်းသိရှိရပါတယ်။
ကချင်လူမျိုးတွေကို မြို့ပေါ်ရွှေ့ပြောင်းခိုင်းတဲ့ ကေအိုင်အေရဲ့ သဘောထားကတော့ နယ်မြေ အတွင်းမှာ တပ်မတော်စစ်ကြောင်းတွေ ၀င်ရောက်ရှင်းလင်းတဲ့အခါ ကချင်လူမျိုးတွေကို လူမျိုးရေး အရ ဖိနှိပ်မှုတွေပြုလုပ်တဲ့အတွက် မြို့ပေါ်ကို တိမ်းရှောင်လာရကြောင်း မီဒီယာများကတစ်ဆင့် သတင်း ထုတ်ပြန်နိုင်ဖို့ အကွက်ချ စီမံတာဖြစ်ပါတယ်။ ကချင်ရွာသားတွေအနေနဲ့ သူတို့ရဲ့ရွာမှာ လုပ်ငန်းတွေပစ်မထားနိုင်လို့ မပြောင်းကြရင်လည်း ကေအိုင်အေရဲ့ နှိပ်စက်မှုကို ခံရမှာဖြစ်ပါတယ်။ ခုအခြေအနေအရတော့ ကေအိုင်အေက ကချင်လူမျိုးအချင်းချင်း ဖိအားပေးပြောင်းရွှေ့ခိုင်းလို့၊ ကေအိုင်အေရဲ့ နီးရာဓားကိုကြောက်ရွံ့ပြီး တိမ်းရှောင်လာခဲ့ရတာဖြစ်ပါ တယ်။
ဘာပဲဖြစ်ဖြစ် မြို့ပေါ်ကို ထွက်ပြေး တိမ်းရှောင်လာတဲ့ ရွာသူရွာသားတွေကို ကွတ်ခိုင် မြို့ပေါ်ရှိ ဘုရားကျောင်းတွေမှာ ကောင်းမွန်စွာ နေရာချထားပေးခဲ့ပါတယ်။ ကချင်စာပေနဲ့ ယဉ်ကျေးမှုအဖွဲ့က ဦးဆောင်ပြီး အလှူခံအဖွဲ့ ဖွဲ့ကာ အလှူခံဆောင်ရွက်ပေးလျက်ရှိပါတယ်။ ဒေသခံတိုင်းစစ်ဌာနချုပ်နဲ့ တပ်ရင်း/တပ်ဖွဲ့များမှ ဆန်နဲ့ ငွေကြေးများ ပေးအပ်လှူဒါန်းထောက်ပံ့ ခဲ့ကြပါတယ်။ တာဝန်ရှိသူတွေကလည်း လှူဒါန်းထောက်ပံ့တဲ့ပစ္စည်းတွေကို သွားရောက်ပေးရင်းနဲ့ ရွာသူရွာသားများကို တွေ့ဆုံအားပေးစကားပြောကြားခဲ့ကြပါတယ်။
အမှန်ကတော့ ကွတ်ခိုင်မြို့ပေါ်ကို တိမ်း ရှောင်လာကြတဲ့ ရွာသူရွာသားတွေဟာ ဒုက္ခသည် မဟုတ်တဲ့ ဒုက္ခသည်တွေပါ။ သူတို့မှာ နေစရာ အိမ်ရာ၊ စိုက်ပျိုးလုပ်ကိုင်ဖို့ မြေယာတွေရှိရဲ့နဲ့၊ ကိုယ့်အိမ်ကိုယ့်ယာမှာ အေးအေးချမ်းချမ်းလုပ်ကိုင် စားသောက်နိုင်ပါရဲ့နဲ့၊ ကေအိုင်အေရဲ့ လူမျိုး အချင်းချင်း ဖိနှိပ်ပြောင်းရွှေ့ခိုင်းလို့ နီးရာဓားဖြစ်တဲ့ ကေအိုင်အေရဲ့ရန်ကိုကြောက်ရလို့ ကွတ်ခိုင်မြို့ ပေါ်ကိုပြောင်းလာပြီး ဒုက္ခသည် မဟုတ်ဘဲ ဒုက္ခသည်လို နေနေကြရတာပါ။ ကေအိုင်အေ ကတော့ မတောက်တခေါက် အသိပညာလေးနဲ့ တပ်မတော်စစ်ကြောင်းတွေရဲ့ ဖိနှိပ်မှုကြောင့် ကချင်စစ်ပြေးဒုက္ခသည်တွေ မြို့ပေါ်တိမ်းရှောင်နေရ တယ်လို့ သူခိုးကလူပြန်ဟစ်ပြီး မီဒီယာကနေ အော်ကြဦးမှာပါ။
ကေအိုင်အေအနေနဲ့ သတိမေ့နေတာတစ်ခုက မီဒီယာဆိုတာ အများသုံးပစ္စည်းပါ။ ခုဆိုရင် မီဒီယာကတစ်ဆင့်  ကေအိုင်အေရဲ့ ရက်စက်ယုတ်မာမှုတွေ၊ ကလိမ်ကကျစ်ကျမှုတွေ၊ ကိုယ့်လူမျိုး အချင်းချင်းလည်း ဖိနှိပ်တတ်တဲ့ အကျင့်၊ တစ်ခြား အပြစ်မဲ့ တိုင်းရင်းသားတွေအပေါ်လည်း ကြုံရင်ကြုံသလို အနိုင်ကျင့်မှုတွေ၊ ပြည်နယ်တစ်ခုလုံးမှာရှိသမျှ လမ်း၊ တံတား၊ အဆောက်အဦတွေကို  ဖျက်ဆီးနေတဲ့ အဖျက်သမားတွေမှန်းသိနေကြပါပြီ။
ဒါ့ကြောင့် ကချင်လူမျိုးတွေအပါအ၀င် တစ်မျိုးသားလုံးရဲ့ ဘုံရန်သူအဖြစ် အပြစ်ပေး ချေမှုန်းခြင်းကို ကေအိုင်အေတွေ မကြာခင်ခံစားကြရတော့မှာပါ။
အောင်ဘာလေ
(မောင်ကျောက်ခဲ အဖွဲ့)
Readmore »
Jan 8, 2013
တရားမ၀င် ဗလီအဆာက်အဦေ ဆာက်လုပ်ေ န မှု အား တာဝန် ရှိသူများမှ အေ ရးယူ နိုင်ေ ရး အ တွက် သိရှိနိုင်ပါရန်
မန္တလေးေ ဒ သကြီး အမရပူရမြို့ နယ် ..ေ ဈးချို ရပ် ကွက် ၊ စစ်ကိုင်း  မန္တလေးေ လးကားလမ်းေ ဘး၊ အကွက် (၆၀၁) ၊ ဦးပိုင် (၁၃၅)ေ ပါ် ရှိ အစလာမ် ဘာသာဝင်များ၏ ကိုယ် ၇ံေ တ်ာဗလီ တွင် ဗလီ ဥကဌ ဦးစိုးနိုင် ဦးေ ဆာင္ေ သာ အစလာမ္ဘာသာဝင္မ်ားသည္  မႏၱေလး  ေ လးျမိုေ တာ် စည်ပင် သာယာေ ရးေ ကာ္မတီ အေ ဆာက္အအုံ နှင့် ကုန်ရုံ ဌာန၏ ၁၀-၁၁-၂၀၁၂ ရက်ေ န့  ရက်စွဲပါ စာအမှတ် . ၆- ၀၈၀၀၀၁/ ၃၅.အ (ပြင်) ၂၀၁၂ ပါ စာအရ မူလ ဗလီအေ ဆာက္အဦအား
(က) ေ ရွ့မ်က္နွာစာ ပြင်ဆင်ခြင်း
( ခ ) နံရံ ပြုပြင်ခြင်း
( ဂ ) အမိုး ပြင်ဆင်ခြင်း
တို့  ကိုသာ ခွင့် ပြု ထားမှု ကို အလွဲသုံးစား ပြုလုပ်ကာ အခွင့်ေ ကာင်းယူကာ လက် ရှိ ဗလီအေ ဆာက်အဦနှင့် ဝတ်ပြု အေ ဆာက္အဦအ ျကား၌ အုတ္နံရံ တက္အေ ဆာက္အဦ (၁)လုံးအား ကြီးကျယ် ခမ်းနားစွာေ ဆာက်လုပ်လျက် (၅၀ ရာခိုင်နှုန်း ခန့်ေ ဆာက်လုပ်ပြီးစီးလျက်ရှိ) ရှိသည်ကို မြို့ နယ်တာဝန် ရှိသူများမှ သိရှိလျက် စစ်ေ ဆးအေ ရးယူေ ဆာင်ရွက် ခြင်းမရှိသည်ကို ရပ်ကွက်ေ န ဗုဒ(ဓ)ဘာသာဝင် ပြည်သူများမှ ေ က်နပ္မွ ု မရွိ၍ အမွန္တကယ္အေ ရးယူေ ဆာင်ရွက်မည့် သက်ဆိုင်ရာဝန်ကြီးဌာနများမှ အကြီးအကဲများထံ အေ ကြာင်းကြားတိုင်တန်းရန်လိုလားလျက်ရှိပါသည် ။
 (မောင်ကျောက်ခဲ အဖွဲ့)
Readmore »
ငြိမ်းချမ်းရေး ကိစ္စ နောက်ကြောင်းပြန်မလှည့်ဟု KNU ပြောပြီ
လက်ရှိအစိုးရနှင့် ဆွေးနွေးပြောဆိုနေသော ငြိမ်းချမ်းရေးကိစ္စရပ်များတွင် နောက်ကြောင်းပြန်လှည့်လိမ့်မည်မဟုတ်ကြောင်းကရင်အမျိုးသားအစည်းအရုံး (KNU) က ပြောဆိုလိုက်သည်။
“ကျနော်တို့ ကရင်လက်နက်ကိုင် တော်လှန်ရေးက နှစ်ပေါင်း ၆၀ ကျော် ကြာခဲ့ပြီ။ ကျနော်တို့ ကရင်ပြည်သူတွေလည်း ထိခိုက်သေကြေတာတွေ များလွန်းနေပြီ။ ဒီလိုအဖြစ်မျိုး အနာဂတ်မှာ မဖြစ်စေချင်တော့တဲ့အတွက် ကျနော်တို့ကတော့ ငြိမ်းချမ်းရေးအတွက် လုပ်နေတာတွေကို နောက်ကြောင်းပြန် လှည့်မှာမဟုတ်ဘူး” ဟု ရန်ကုန်သို့ ရောက်နေသော KNU ဗဟို အလုပ်အမှုဆောင်အဖွဲ့ဝင် ပဒိုမန်းငြိမ်းမောင်က ပြောသည်။
KNUအထွေထွေအတွင်းရေးမှူးချုပ်ပဒိုကွယ်ထူးဝင်းကလည်းလက်ရှိအခြေအနေတွင် ဆွေးနွေးလုပ်ဆောင်နေသည့် ငြိမ်းချမ်းရေး ဆွေးနွေးနေမှုများကို မပျက်ပြားစေလိုကြောင်း ပြောဆိုသည်။
“ကျနော်တို့ အနေနဲ့ကတော့ ဒီနေ့လုပ်နေတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းတွေကို ဘယ်နည်းနဲ့မှ မပျက်ပြားစေချင်ဘူး။ ကျနော်တို့ ရွေးလိုက်တဲ့ ဒီလမ်းကို ကျေနပ်မှုရှိတယ်။ ဘာလို့လဲ ဆိုတော့ ကျနော်တို့ ပြည်သူတွေနစ်နာလွန်းလှပါပြီ။ နာကျင်မှု အနည်းဆုံးနည်းနဲ့ ကိုယ့်ရည်မှန်းချက်ကို ဖြစ်မြောက်အောင်ပဲ ကြိုးစား လုပ်ချင်ပါတယ်” ဟု သူက ဆက်ပြောသည်။
ထို့အတူ တိုင်းရင်းသား အဖွဲ့များနှင့် ငြိမ်းချမ်းရေး ပြောဆိုရာတွင် တဦးနှင့်တဦး ယုံကြည်မှု တည်ဆောက်ရန်နှင့် တဘက်နှင့် တဘက် သံသယများရှိနေသည်ကို ပြေလျော့စေရန်လည်း အရေးကြီးကြောင်း ပဒိုမန်းငြိမ်းမောင်က ဆိုသည်။
“နှစ်ပေါင်း ၆၀ ကျော်တောင် ဖြစ်ခဲ့တဲ့ အဖွဲ့ ၂ ခုအနေနဲ့ သံသယတွေကတော့ ပျောက်ဦးမှာ မဟုတ်ဘူး။ ယုံကြည်မှုကလည်း အကန့်အသတ်နဲ့ပဲ ရှိနေအုံးမှာပဲ။ ဒါပေမယ့် ဒီလိုပဲ တဘက်နဲ့တဘက် ယုံကြည်မှုကို တည်ဆောက်သွားဖို့၊ သံသယတွေ ဖြေလျှော့သွားဖို့ ကျနော်တို့ဘက်ကတော့ ကြိုးစားပြီး လုပ်သွားမှာပါပဲ” ဟု သူက ပြောသည်။
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းက KNU ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးနှင့် အဖွဲ့ကို တွေ့ဆုံစဉ်
ဗဟိုကော်မတီဝင် ပဒိုစောလှထွန်းကလည်း အကယ်၍ နှစ်ဘက်ယုံကြည်မှုကို မတည်ဆောက်နိုင်ဘဲ ငြိမ်းချမ်းရေးအတွက် လုပ်ဆောင်နေမှုများ ပျက်ပြားသွားမည် ဆိုပါက KNU အနေဖြင့် မူလလမ်းကြောင်းဖြစ်သည့် လက်နက်ကိုင် လမ်းစဉ်ကိုသာ ပြန်ရောက်သွားမည်ဖြစ်ကြောင်း ရှင်းပြသည်။
“ဒီလို အခြေအနေ ရောက်သွားခဲ့ရင် ကျနော်တို့ ပြည်သူတွေပဲ အထိနာမယ်။ ဒါကြောင့် ငြိမ်းချမ်းရေးအတွက် နောက်ပြန် မလှည့်တမ်း အဆုံးစွန်အထိ သွားမယ်လို့ ကျနော်တို့ ပြောတာဖြစ်တယ်” ဟု သူက ဆက်ပြောသည်။
စစ်အစိုးရကို တော်လှန်သော သက်တမ်းအရှည်ကြာဆုံး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တခုဖြစ်သည့် KNU အနေဖြင့် နိုင်ငံရေးနည်းလမ်း တကျ ဖြေရှင်းသွားမည်ဖြစ်သော်လည်း ပါတီတခုအဖြစ် တည်ထောင် လှုပ်ရှား သွားလိမ့်မည် မဟုတ်ကြောင်း သိရသည်။
“နိုင်ငံရေးနည်းလမ်းအရ စားပွဲဝိုင်းမှာ ထိုင်ဆွေးနွေးတယ် ဆိုပေမယ့် KNU ပါတီ မထောင်ဘူး။ ၂၀၀၈ ဖွဲ့စည်းပုံ မပြင်သေးသရွေ့၊ ရှင်းရှင်းပြောရရင် KNU က ပါတီထောင်ပြီး နိုင်ငံရေး လုပ်သွားမှာ မဟုတ်ဘူး” ဟု ပဒိုကွယ်ထူးဝင်းက ပြောသည်။
KNU အဖွဲ့အတွင်း ဦးဆောင်သူများ အပြောင်းအလဲ ဖြစ်ခဲ့ပြီး မကြာမီတွင်ပင် သမ္မတ ဦးသိန်းစိန်က KNU မှ တာဝန်ရှိသူများကို နေပြည်တော်သို့ လာရောက်ရန် ဖိတ်ခေါ်မှုကြောင့် ဥက္ကဋ္ဌသစ် မူတူးစေးဖိုး၊ အထွေထွေ အတွင်းရေးမှူးချုပ် ပဒိုကွယ်ထူးဝင်း၊ ဗဟို အလုပ်အမှုဆောင်အဖွဲ့ဝင် ပဒိုမန်းငြိမ်းမောင်တို့ပါဝင်သည့် အဖွဲ့မှာ နေပြည်တော်နှင့် ရန်ကုန်မြို့တို့သို့ ရောက်နေကြခြင်း ဖြစ်သည်။
၎င်းအဖွဲ့အနေနှင့် ယခုတကြိမ်လာရောက်ခြင်းသည် ပြောင်းလဲသွားသော ခေါင်းဆောင်များနှင့် သမ္မတ ဦးသိန်းစိန် အစိုးရကို မိတ်ဆက်သည့် သဘောသာဖြစ်ပြီး နှစ်ဘက် ငြိမ်းချမ်းရေး ဆွေးနွေးမှုများ သီးသန့် ပြောဆိုခဲ့ခြင်းမရှိကြောင်း ရန်ကုန်မြို့ ငြိမ်းချမ်းရေး စင်တာတွင် ယနေ့ပြုလုပ်သည့် KNU နှင့် ပြည်တွင်းရှိ ကရင်လူမှုအဖွဲ့အစည်းများ တွေ့ဆုံချိန်တွင် KNU တာဝန်ရှိသူများက ပြောဆိုခဲ့ခြင်းဖြစ်သည်။
သမ္မတ ဦးသိန်းစိန်၊ သမ္မတရုံးဝန်ကြီး ဦးအောင်မင်း၊ ကာကွယ်ရေးဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ဝေလွင်တို့နှင့် တွေ့ဆုံချိန်တွင် လက်ရှိ ကချင်ပြည်နယ်တွင်း ဖြစ်ပွားနေသော စစ်မက်များနှင့် ပတ်သက်ပြီးလည်း ပြောဆိုခဲ့သည်ဟု သိရသည်။
“ကချင်ကိစ္စ၊ ကချင်နဲ့ဖြစ်နေတဲ့ ကိစ္စကလည်း ကျနော်တို့ ကရင်နဲ့ ဆက်စပ်နေတယ်။ ကချင်နဲ့ စစ်ဖြစ်နေတုန်းမှာ ကရင်နဲ့ ငြိမ်းချမ်းရေးပြောနေတယ်၊ ချင်းနဲ့ ငြိမ်းချမ်းရေး ပြောနေတယ်။ တကယ်လို့သာ တပြည်လုံး အပစ်အခတ် ရပ်စဲရေး တည်ဆောက်ချင်တယ် ဆိုရင် ကရင်နဲ့သာမက၊ ချင်းနဲ့သာမက ကချင်တွေနဲ့လည်း ညှိနှိုင်းရမယ်။ ဒါမှသာ တပြည်လုံး အတိုင်းအတာ ငြိမ်းချမ်းရေးရမယ်။ ငြိမ်းချမ်းရေးအတွက် အပစ်ရပ်မယ် ဆိုရင် တဖွဲ့တည်း၊ တဘက်တည်းက ရပ်လို့မရဘူး။ နှစ်ဘက်လုံးက ရပ်မှရမယ် ဆိုတာတွေကို သမ္မတ ဦးသိန်းစိန်၊ ၀န်ကြီးဦးအောင်မင်းတို့ကို ကျနော်တို့ ပြောခဲ့ပါတယ်” ဟု ပဒိုကွယ်ထူးဝင်းက ရှင်းပြသည်။
အနာဂတ်တွင် ပြုလုပ်မည့် ငြိမ်းချမ်းရေးစကားဝိုင်းများတွင် KNU ကို မတရားအသင်းအဖြစ် သတ်မှတ်ထားမှု ဖျက်သိမ်း ပေးရေး၊ KNU နှင့် ပတ်သက်မှုကြောင့် အကျဉ်းကျနေရသူများ အရေးတို့ကိုလည်း ထပ်မံ ထည့်သွင်း ဆွေးနွေးမှုများ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။
၂၀၁၂ ခုနှစ် နှစ်ဆန်းပိုင်းတွင် အစိုးရအဖွဲ့များနှင့် KNU အဖွဲ့အကြား ငြိမ်းချမ်းရေး ဆွေးနွေးမှုများ စတင်ခဲ့ပြီး ထိုစဉ်က အဖွဲ့ဥက္ကဋ္ဌ နော်စီဖိုးရာစိန်နှင့် အဖွဲ့တို့ ရန်ကုန်တွင် ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲများ ပြုလုပ်နိုင်သည်အထိ ဆက်ဆံရေး တိုးတက်ခဲ့သည်။ KNU ၏ ဆက်ဆံရေးရုံးခွဲကိုလည်း ၂၀၁၂ ခုနှစ် ဧပြီလတွင် ပဲခူးတိုင်း ကျောက်ကြီးမြို့၌ ပထမဆုံးအဖြစ် ဖွင့်လှစ်နိုင်ခဲ့သည်။
(မောင်ကျောက်ခဲ အဖွဲ့)
Readmore »
လိုင်ဇာနားက စိုးမိုးကုန်းကို တပ်ခွဲမှူးဗိုလ်ကြီးတစ်ဦး အသက်နဲ့ရင်းပြီး သိမ်းနိုင်ခဲ့တဲ့ ခလရ ၁၀၁ အောင်မြင်မှူ
(ကျောက်ကြီး )ခလရ ၁၀၁ လိုင်ဇာနားက စိုးမိုးကုန်းကို သိမ်းနိုင်ခဲ့ပါပြီ ။ စိုးမိုးကုန်းက အမြင့်ဆုံးတောင်ကုန်းပါ ။ အများကြီးရင်းခဲ့ရပါတယ် ။ ဒုရင်းမှူးပါ ဒဏ်ရာရတယ် ။ နောက်တန်းပြန်ဆွဲပေါ့ ။ နောက်တပ်ခွဲဗိုလ်ကြီးဦးဆောင်ပြီး တိုက်တယ် ။ တောင်ကုန်းရတယ် ။ ဗိုလ်ကြီးကျတယ် ။ အမြဲပြုံးနေပြီး ခပ်ပေပေနေတတ်သူ ။ ၄၆ဆင်းက ။ မိန်းမနဲ့ ဆယ်လသားကလေးလေး ကျန်ခဲ့တယ် ။ ကျောက်ကြီးက KNUဂွင်နယ်ကပါ ။ KNUနဲ့ ငြိမ်းချမ်းရေးရပြီဆိုပြီး ကျနော်တွေးမိသေးတယ် ။ သြော်ဗိုလ်ကြီးတော့ အေးဆေးပြီပေါ့လို့ ။ ခုတော့ ဒီကချင်မှာတိုက်ရပြီး ကျတယ် ။ ဒါပါပဲ . . လူကြီးတွေ စားပွဲဝိုင်းမှာ စကားပြောတယ် . . လူငယ်တွေသေရတယ် . . စစ်စစ် . . ငြိမ်းချမ်းရေး အလိုချင်ဆုံးက စစ်သားတွေပါ အကိုကြီး ကောင်းရာသုဂတိပါစေ ။
 From:[_Okkar Shwe Win _] (မောင်ကျောက်ခဲ အဖွဲ့)
Readmore »
တရားမ၀င် ၀င်ရောက်လာသည့် တရုတ်နိုင်ငံသား(၂)ဦးအား ဖမ်းဆီးရမိ
၇-၁-၂၀၁၃ရက်နေ့ ၁၇၀၀အချိန် ဗန်းမော်မြို့ (၅) မိုင်စစ်ဆေးရေးရဲကင်းရှိတပ်ဖွဲ့ဝင်များ လုံခြုံရေးဆောင်ရွက်နေစဉ် လွယ်ဂျယ်မှ ဗန်းမော်သို့ ဗန်းမော်မြို့နယ်၊ သာစည်ရပ်ကွက်နေ ဖိုးခွား(ခ)ပြည့်ဖြိုးဟန်(၂၈)နှစ် မောင်းနှင်လာသည့် ၉က/xxxx ဗင်ကားအား ရပ်တန့်စစ်ဆေးခဲ့သည်။ ထိုသို့စစ်ဆေးခဲ့ရာ ယာဉ်ပေါ်တွင်တရားမ၀င် ၀င်ရောက်လာသည့် တရုတ်နိုင်ငံ၊ ရင်ကျန်းခရိုင်နေသူများ ဖြစ်သည့် ဆွန်ရိန်(၃၃)နှစ်နှင့် ဖုန်ဆန်း(၅၀)နှစ်တို့ ၂ ဦးအား မြန်မာငွေကျပ်(၄၅)သိန်း၊ တရုတ်ယွမ်ငွေ ၁၀၀ တန် (၃၈၂)ရွက်၊ LEPHONE တံဆိပ်ပါ တရုတ်ဖုန်း(၁)လုံး၊CHAMGHCNG တံဆိပ်ပါ တရုတ်ဖုန်း (၁)လုံး၊ CERIA တံဆိပ်ပါ တရုတ်ဖုန်း(၁)လုံး၊YUNAN ငွေထုတ်ကဒ် ၁ ကဒ်တို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။ ဖမ်းဆီးရမိ တရုတ်နိုင်ငံသား ၂ ဦးနှင့် သိမ်းဆည်းရမိပစ္စည်းများအား နိုင်ငံခြားသားများ တရားမ၀င် ၀င်ရောက်မှုကာကွယ်ရေးအဖွဲ့ထံ လွှဲပြောင်းအပ်နှံပေးခဲ့ရာ ဗန်းမော်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၌် စစ်ဆေးလျက်ရှိပြီး အမှုဖွင့်အရေးယူသွားရန် စီစဉ်ထားကြောင်း သတင်းရရှိသည်။ From:[_ ရဲဇာနည်_] (မောင်ကျောက်ခဲ အဖွဲ့)
Readmore »
မြန်မာမှာ နူကလီးယားဓါတ်ပေါင်းဖို ရှိသင့်တယ်
ကျွန်ုပ်မောင်ကျောက်ခဲကတော့ အချိန်လည်းမအားလို့ သိပ်အရှည်ကြီးမပြောချင်ဘူး ။နောက်ပြီး ကျုပ်တို့မြန်မာနိုင်ငံသားတွေက စာလေးများ ရှည်လာရင် ကိန်းဂဏာန်းတွေ ပါလာရင် သိပ်ဖတ်ချင်တာမဟုတ်တဲ့လူစားတွေကိုဗျ ။ဒီတော့လည်း ကျွန်ုပ် သိပ်ပြီး ကိန်းကြီးခန်းကြီး မပြောတော့ဘူး ။လိုရင်းပြောမယ် ။
ကျွန်ုပ်တို့နိုင်ငံဟာ အင်အားကြီး နိုင်ငံ တရုတ်နဲ့ အိန္ဒိယ ကြားမှာရှိတယ် ။အဲဒီနှစ်နိုင်ငံမှာ နူကလီးယားဓါတ်ပေါင်းဖိုရှိတယ် ။နိုင်ငံရဲ့ လျှပ်စစ်စွမ်းအားအနေနဲ့ယူသုံးသလို စစ်ဘက်ရေးရာသုံးတယ် ။အဲ.နောက်တစ်ကောင်.အနောက်မြောက်ဘက်က နေ ကျွန်ုပ်တို့နိုင်ငံကို လစ်ရင်လစ်သလိုတွယ်မယ့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသာ သေးတာ နူကလီးယားဓါတ်ပေါင်းဖိုက စွမ်းအင်နဲ့ နိုင်ငံကလည်ပတ်နေတယ် ။မကြာခင်မှာ စစ်ဘက်ကိုပါ နူကလီးယားဒုံးတွေများသုံးလာရင် ကျွန်ုပ်တို့ ရခိုင်ဒေသ က စ ပါပြီ ။နောက် အရှေ့ဘက်က ထိုင်း ..သူတို့လည်း 2025 ကနေစပြီး နိုင်ငံမှာ နူကလီးယားဓါတ်ပေါင်းဖိုတွေဆောက်တော့မယ် ။အခု အစီအစဉ်တွေရေးနေပြီ ။ နောက်မလေးရှား.သူတို့လည်း ရှိတယ် ။
ဒီနိုင်ငံတွေကြားမှာ ကျွန်ုပ်တို့နိုင်ငံက လျှပ်စစ်မီး မမြင်ဖူးသေတဲ့ ဒေသတွေ ရှိသေးတယ် ။ရန်ကုန် မန္တလေး တွေတောင် ဖုတ်လိုက်ဖုတ်လိုက်နဲ့ ။အခု နိုင်ငံတကာက လုပ်ငန်းတွေ အောတိုက်လှိမ့်ဝင်မှာ ။ကိုယ့်နိုင်ငံတောင် မီးမမှန်သေးတာ ။ဒင်းတွေကို ပေးဖို့ခက်တယ် ။အဲဒါကြောင့် မလာချင်တော့ဘူး ။
ကျွန်ုပ်တို့မှာ ရှိတယ့် ရေအားလျှပ်စစ် ရေရှိမှ မီးလာမှ ။အဲလောက်ပေါပေါများများလည်း ရေမသုံးနိုင်ဘူး ။ကျောက်မီးသွေးစက်ရုံ..ဒါကလည်း ဒေသတစ်ခုချင်းစီမှာပဲ တတ်နိုင်မယ် ။တနိုင်ငံလုံးကို ကျောက်မီးသွေးလျှပ်စစ်ဓါတ်အားတွေဆောက်လို့မဖြစ်ဘူး ။ဒါတွေက Limited resource တွေ တစ်ချိန်ကျ ကုန်မှာ ။သဘာဝကိုမထိအောင် သုံးတဲ့နည်းတွေတော့ ရှိတယ်။
သဘာဝဓါတ်ငွေ့..သူကတော့ မျှော်လင့်ချက်ရှိတယ် ။သဘာဝဓါတ်ငွေ့နဲ့ ထုတ်နိုင်ကောင်းရဲ့ ။သို့သော် နိုင်ငံခြားဝင်ငွေက ဒင်းဆီကပဲ ရတာ ။သဘာဝဓါတ်ငွေ့နဲ့သုံးမယ်ဆို ရောင်းထားတာတွေကို ယတိပြတ်ဖြတ်ပြီး ဆောက်မှရမယ် ။သူလည်း တစ်ချိန်ကျရင်ကုန်ဆုံးမယ့် သဘာဝရင်းမြစ်ကြီး ။ကောင်းပြီ။
နူကလီးယား ။ဆောက်သင့်တယ် ။ကျွန်ုပ်အမြင်ပေါ့ ။နူကလီးယားဓါတ်ပေါင်းဖို နှစ်ဖိုလောက်နဲ့ နိုင်ငံကို မီးအပြည့်ပေးနိုင်မယ် ။ဒါက စွမ်းအင်အသုံးချမှူတစ်ခု ။နောက်တစ်ခု  စစ်ရေးယှဉ်ပြိုင်မှူ  နူကလီးယားစွမ်းအင်ရှိတဲ့နိုင်ငံတနိုင်ငံဆိုတာနဲ့ တကမ္ဘာလုံးက ရှိန်တယ် ။သေချာတာတော့ စော်ကားခံရမယ်မဟုတ်ဘူး ။ဒေသတွင်းမှာလည်း ဂုဏ်တတ်မယ် ။မြန်မာနိုင်ငံမှာ နူကလီးယားဓါတ်ပေါင်းဖို ရှိပြီဟေ့ ဆိုတာနဲ့ ဘင်္ဂလားဒေ့ရှ် ထိုင်း အဲနှစ်ကောင် မြန်မာကို မျက်လုံးပြူးနဲ့စောင့်ကြည့်ရတော့မယ် ။
ဒီတော့ ဘာလုပ်လုပ် ကန့်ကွက်ကြမယ့်စီမံကိန်းတွေကြားထဲမှာ ကျွန်ုပ်တို့နိုင်ငံက ပုံထဲကလို ဖယောင်းတိုင်နဲ့ပဲ နေကြတာပဲကောင်းမလား ။စဉ်းစားတော့ဗျာ ။
(မောင်ကျောက်ခဲ အဖွဲ့)
Readmore »
သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ
ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း
Latest Videos
88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ