Jan 12, 2013

ကေအိုင်အေနှင့် အပစ်အခတ် ရပ်စဲရေးကာလတွင် ABSDF ပျောက်ကွယ်နေခဲ့ပြီး ယခုမှ တိုက်ပွဲနှင့်အတူ ပြန်ပေါ်လာရခြင်း အပေါ် နားမလည်ဟု ပါဂျောင်လူသတ်ပွဲကြီးမှ လွတ်မြောက်လာသူ ABSDF ရဲမေဟောင်း နန်းအောင်ထွေးကြည် ဖွင့်ပြောပြီ

ပါဂျောင်အရေးတွင် အသက် ချမ်းသာရာ ရခဲ့သော ABSDF ကျောင်းသား တပ်မတော် ရဲမေဟောင်း နန်း အောင်ထွေး ကြည်က ABSDF မြောက်ပိုင်းအနေဖြင့် ၁၉၈၈ ခုနှစ် နိုဝင်ဘာလမှ စတင်ကာ ပေါက်ဖွားလာခဲ့ သည့် မူဝါဒအတိုင်းရှိသည်ဟုဆိုသော်လည်း ကေအိုင်အေနှင့် မြန်မာ့တပ်မတော် အပစ်အခတ်ရပ်စဲ ထားသည့် ကာလအတွင်း ပျောက် ကွယ်နေခဲ့ကာ ယခုတိုက်ပွဲ ကာလတွင်မှ ပြန်ပေါ်ထွက်လာရခြင်းကို နားမလည်ဟု မြန်မာအင်ဒီပဲန်ဒင့် သို့ ပြောကြား ခဲ့သည်။ သို့ရာတွင် ယခင်က အပစ်အခတ် ရပ်စဲခဲ့သောအချိန်၌ ကေအိုင် အေအနေဖြင့် ABSDF ကို မောင်းထုတ် ခဲ့သည်ဟု ပြောကြခြင်းများအပေါ်တွင် “သူက အပစ်အခတ် ရပ်စဲထားတာ။ ရန်ဖြစ်ရင် မင်းငါ့အိမ်မှာ မနေနဲ့၊ နေရင်လည်း ရန်မဖြစ်နဲ့ ဆိုတာမျိုး ဖြစ်မယ် ထင်ပါတယ်” ဟု တွေးမိကြောင်း နန်းအောင်ထွေးကြည်က ဆက်လက် ပြောကြားသည်။ 



ယင်းသည် လိုင်စင်မြေ တွင် အသက်မသေဘဲ ကျန်ခဲ့သော် လည်း ABSDF မြောက်ပိုင်း၏ ဖမ်းဆီး ထိမ်းသိမ်းမှု ကို ခံခဲ့ရကာ ၁၉၉၂ ခုနှစ် စက်တင်ဘာ ၄ ရက်တွင် ကေအိုင်အေသို့ တရားဝင်လွှဲပြောင်း ခံခဲ့ရသော ရဲမေ တစ်ဦး ဖြစ်သဖြင့် လက်ရှိ အနေအထားတွင် ABSDF ၏ တိုက်ပွဲတစ်ပိုင်း၊ ငြိမ်းချမ်းရေး တစ်ပိုင်း ဟန်ချက် အပေါ် မည်ကဲ့သို့ မြင်ပါသနည်းဟု မေးမြန်းခဲ့ရာ နန်းအောင်ထွေးကြည်က “ဒီ ABSDF မြောက်ပိုင်းက အဲဒီ ကေအိုင်အေ အပစ်အခတ် ရပ်စဲရေး မှာကတည်းက ပျောက်သွားပြီ။

ဘာကြောင့်လဲ ဆိုတော့ သံချောင်းတို့က တောင်ပိုင်း ရောက်သွား တယ်။ တာဝန်အရှိဆုံးဖြစ်တဲ့ ရော်နယ်အောင်နိုင် (ခေါ်) အောင်နိုင်လည်း AB ထဲမှာ မရှိတော့ဘူး။ သူက ဆက်လည်း မလုပ်တော့ဘူး။ သံချောင်းဆိုလို့ရှိရင် SSC ထဲ ကို ရောက်သွားတယ်ဆိုတော့ ဘယ်မှာလဲ ABSDF မြောက်ပိုင်း ဆိုတာ တောထဲမှာလည်း မရှိတော့ဘူး။ ကျွန်မပြောရရင်တော့ ABSDF မြောက်ပိုင်း ဆိုတာဟာ ပျောက်သွားတယ်။ ကွဲသွားတယ်။ တပ်ပျက်သွားတယ် လို့လည်း ပြောလို့ရတယ်။

အခု လက်ရှိ အစိုးရနဲ့ တိုက်ပွဲတွေ ဖြစ်နေတယ် ဆိုတော့ တိုက်ပွဲဖြစ်လိုက်တာနဲ့ ဘာဖြစ်သွားလဲဆိုတော့ ABSDF မြောက်ပိုင်း ဆိုတာလေးကို ကမန်းကတန်း ရှိတဲ့သူတွေနဲ့ ဖွဲ့လိုက်တယ်။ ရှိတဲ့သူတွေနဲ့ ပြန်ဖွဲ့လိုက်ပြီး တော့မှ အင်အား အနေနဲ့ စုတယ်။ တချို့သတင်း ကြားနေရတာကတော့ စစ်သား စုဆောင်းရေးတွေ လုပ်တယ်။ အင်အားဖြည့်တယ်။ အဲဒီလိုတွေ ကြားတယ်။

ဒါပေမယ့် ၁၉၉၂ ခုနှစ်မှာ ၅၅ ဦး ထွက်ပြေးသွားပြီးတော့ ကျွန်မတို့ ၉ ယောက်က အကျယ်ချုပ် ကျနေတဲ့အချိန် ရော်နယ်အောင်နိုင်(ခေါ်) အောင်နိုင်က စစ်ရေး တာဝန်ခံ၊ ဒုဥက္ကဋ္ဌ သံချောင်း ကိုယ်တိုင်က ၁၉၉၂ ခုနှစ်၊ ဇွန်၊ ဇူလိုင်လ လောက်မှာ စစ်သား စုဆောင်းရေး လုပ်တယ်။ စစ်သား စုဆောင်းရေး ဆိုတာက ဖမ်းတာပဲ။ ဒါတွေက ကျွန်မတို့ မျက်စိရှေ့မှာ ဖမ်းတာ။ အခုလက်ရှိ မြန်မာပြည် မြောက်ပိုင်း လူသတ်သမား လှစိုင်း ကိုယ်တိုင် ဦးစီးနေတယ်။ ကျွန်မက ဘာလို့ လူသတ်သမား လှစိုင်းလို့ ပြောသလဲ ဆိုတော့ သူကိုယ်တိုင် မောင်မောင်ကို ဓားနဲ့ ခုတ်သတ်ခဲ့တယ်။

ဒါကြောင့် ကျွန်မက သူ့ကို လူသတ်သမားလို့ ပြောတာ။ တောင်ပိုင်းက ဥက္ကဋ္ဌ သံခဲကတော့ အခု ပြည်တွင်းမှာလာပြီးတော့မှ ဒီအစိုး ရဆီမှာ ပေါ်လစီ တစ်ခု ရှိမှာပေါ့။ ဟုတ်တယ်မဟုတ်လား။ ငြိမ်းချမ်း ရေးပဲဖြစ်ဖြစ်၊ ဘာပဲဖြစ်ဖြစ်ပေါ့။ သူတို့ လာတောင်းနေတယ်ဆိုတော့ အားလုံးက အတူတူပါပဲဆိုပြီး သူတို့ ပြောထားတယ်လေ။ ကျွန်မအနေနဲ့ ဘယ်လိုမြင်ရမလဲ မသိဘူး။ တော်တော် စဉ်းစားတာ” ဟု သူ၏ အမြင်ကို ရှင်းပြသည်။

တစ်ဖန် ယင်း၏ အတွေ့အကြုံ အရ ABSDF မြောက်ပိုင်း၏ နိုင်ငံ ရေးဆိုင်ရာ မူဝါဒတွင် ပြည်တွင်း နိုင်ငံရေး အခြေအနေနှင့် ဟန်ချက်ညီအောင် မည်ကဲ့သို့ လှုပ်ရှားဆောင်ရွက် ခဲ့ပါသနည်းဟု မေးမြန်းရာ “ကျွန်မတို့ မြောက်ပိုင်း မှာ ဖြစ်သွားခဲ့တဲ့ ဖြစ်စဉ်ဟာ မူဝါဒကြောင့် မဟုတ်ဘူးလို့ ကျွန်မ ပြောချင်တယ်။ အဓိက က မျိုးဝင်း ခေါင်းဆောင် မှု ကြောင့်လို့ ကျွန်မ တပ်အပ် ပြောရဲတယ်။

ဒါပေမယ့် ABSDF မြောက်ပိုင်းမှာ ကိုယ်ဝင်လိုက်ပြီး ကတည်းက ကျွန်မတို့မှာ ပြင်ပလောကနဲ့ လုံးဝ အဆက်အသွယ် ပြတ်သွားတယ်။ ဒါ အမှန်ပြောတာ။ သူတို့ လူကြီးပိုင်း တွေသာ သိလိမ့်မယ်။ ဘယ်တော့မှ အောက်ပိုင်း ရဲဘော်ရဲမေတွေကို ချပြခြင်း မရှိဘူး။ ပြည်တွင်း နိုင်ငံရေး အခြေအနေကို ကျွန်မတို့ မသိခဲ့ဘူး။ အဲဒီထဲကိုရောက်တာနဲ့ ကျွန်မတို့မှာ သတင်းစာဆိုတာ ဖတ်ပိုင်ခွင့် မရှိဘူး။

တာင်ပိုင်းလို မဟုတ်ဘူး။ ကိုယ်က တပ်တွင်းထဲမှာပဲ နေရတယ်။ ခွင့်ပြုချက် မရှိဘဲနဲ့ တပ်ပြင်ပကို သွားလို့မရဘူး။“ရဲဘော် ရဲမေတွေကို တစ်လ တစ်ခေါက်တောင်မှ ရှင်းလင်း ပြောကြားခြင်း မရှိခဲ့ဘူး။ ကျွန်မတို့ ရဲဘော် ရဲမေ များဟာ တပ်အတွင်းထဲကို ရောက်လာတဲ့ အချိန်မှာ မျက်စိပိတ်၊ နားပိတ်တွေ ဖြစ်ကုန်တယ်။ ဘာမှ မသိတော့ ဘူး။ ပြည်ပ တစ်ကမ္ဘာလုံးနဲ့ မပြောနဲ့ ကိုယ့်နိုင်ငံ အတွင်းမှာ ဖြစ်သွားတဲ့ဟာ ဆိုရင်လည်း ဥပမာ ဒေါ်အောင်ဆန်းစုကြည် အဖမ်းခံရတယ် ဆိုတာပဲ သိတယ်။

ဒါလောက်ပဲ။ လူကြီးပိုင်းတွေက တစ်ခါမှ အခြေခံ ရဲဘော်ရဲမေတွေကို တစ်လ တစ်ခေါက် ကလေးတောင်မှ ဒီလိုမျိုး သဘောတရား ရေးရာတို့ ဘာတို့မှာ ဆွေးနွေး တာတို့ ရှင်းလင်း ပြောပြတာတို့ လုံးဝမရှိခဲ့ဘူး။ နိုင်ငံရေးနဲ့ ပတ်သက်ပြီးတော့ အတွေ့အကြုံ ရှင်းလင်းပွဲဆိုတာ ကျွန်မတို့ ဒီမြောက်ပိုင်းမှာ တစ်ခါမှမရှိခဲ့ဖူးဘူး။ ကျွန်မ ကိုယ်တိုင်ကိုက Pro team (propaganda team) ဝါဒ ဖြန့်ချိရေးက အသံလွှင့်သူ အနေနဲ့ သူတို့ချရေး ပေးလိုက်တဲ့ဟာကို ကျွန်မဖတ်ရတယ်။ ကျွန်မကိုလည်း သူတို့ သင်ကြားပေးခြင်း ဘာမှ မရှိဘူး။ အဲဒါတွေလည်း သူတို့ စိတ်မဝင်စားဘူး။ သံချောင်းတို့ မျိုးဝင်းတို့ကိုယ်တိုင်ကို နိုင်ငံရေး အမြင် လုံးဝ မရှိဘူး။ စစ်တိုက်မယ်၊ သတ်မယ်၊ ဖြတ်မယ် ဆိုတာကလွဲပြီး သူတို့မှာ နိုင်ငံရေးအမြင် လုံးဝ မရှိဘူး” ဟု ပြန်လည် ရှင်းပြပါသည်။

နန်းအောင်ထွေးကြည်သည် ၁၉၈၈ ခုနှစ်၌ ရန်ကုန်တက္ကသိုလ် စိတ်ပညာ အဓိက၊ စာပေးစာယူ တက်ရောက် လျက် ရှိပြီး ၈၈၈၈ ဆူပူမှူကြီးအပြီးတွင် တောခိုခဲ့ကာ ABSDF မြောက်ပိုင်းမှ ၁၉၉၂ ခုနှစ်တွင် လွတ်မြောက်ပြီး ကေအိုင်အေမှ တစ်ဆင့် ထိုင်းနိုင်ငံသို့ ရောက်ခဲ့သည်။ ယခု အခါ ဩစတြေးလျနိုင်ငံတွင် အခြေ ချနေထိုင်ကာ ယခုအကြိမ်သည် ၁၉၈၈ ခုနှစ်နောက်ပိုင်းမွေးရပ်မြေသို့ ပထမဆုံးအကြိမ် ပြန်လည် ရောက်လာခြင်း ဖြစ်သည်။

From:[_mmforward.blogspot.com _]
(မောင်ကျောက်ခဲ အဖွဲ့)
Print Friendly and PDF

9 ယောက် ဆွေးနွေးခဲ့တယ်:

MEG said...

Myanmar Express
From : ပြည်ပရောက် ၈၈ မျိုးဆက်ကျောင်းသားများ

ကျောင်းသား သတ်သမား မိုးသီးဇွန် နှင့် နိုင်အောင် တို့အား အရေးယူပေးပါရန် ပြည်ပရောက် ၈၈ မျိုးဆက်ကျောင်းသားများ တောင်းဆို
(ပေးစာ - ၁၆၇)

လူသတ်သမား နိုင်အောင် နှင့် လူသတ်သမား မိုးသီးဇွန် ဆိုတဲ့ သိုးရေခြုံထားသော ဝံပုလွေများကို အသိအမှတ်ပြုပြီး မဆက်ဆံဘို့ တိုက်တွန်းချင်ပါတယ်

အဝေးကကြည့်လျှင် ဒေါင်းဟုထင်ရသော်လည်း ထဲထဲဝင်ဝင်လေ့လာကြည့်လျှင် ဠင်းတ ဖြစ်နေသည့် လူသတ်သမား နိုင်အောင် နှင့် လူသတ်သမား မိုးသီးဇွန်

၁၉၈၈ ဒီမိုကရေစီ အရေးအခင်းကြီး အပြီး ကျောင်းသားတွေ နယ်စပ်ဒေသများကို ထွက်ခဲ့စဉ်က အများစုဟာ အသက် ၁၉-၂၀ ပတ်ဝန်းကျင်တွေ များပါတယ်။ တချို့ ၁၄-၁၅ နှစ် အရွယ် ငယ်ရွယ်သူတွေ ပါသလို၊ မိုးသီးနှင့် နိုင်အောင်တို့လို ၂၆-၂၇ နှစ် အရွယ်ရောက်ပြီးသူများလဲ ပါခဲ့ကြပါတယ်။

စစ်တပ်ကို လက်နှက်ကိုင်ပြီး ပြန်တိုက်မယ် ဆိုပြီး ထွက်ခဲ့ကြတာပါ။ အဓိကကတော့ ယုံကြည်ချက် နဲ့ အပေါင်းအသင်းတွေကြောင့်ဆို မမှားပါဘူး။ စာသင်ခန်းတွေ၊ မိသားစုတွေ၊ မိဘရင်ခွင်တွေကို စွန့်ပြီး ထွက်ခွာခဲ့ကြတဲ့ သူတွေပါ။

စဉ်းစားကြည့်ပါ၊ တရားဥပဒေ စိုးမိုးမူ မရှိတဲ့ နယ်စပ် လက်နက်ကိုင်ဒေသမှာ မိဘရင်ခွင်ထဲမှ ရုတ်တရက် ခွဲထွက်လာခဲ့တဲ့ ငယ်ရွယ်သူများအတွက် အဓိက မှီခိုအားထားစရာ အဖြစ် သူတို့မိသားစု နေရာမှာ ဘယ်သူကို အစားထိုးမလဲ။ သူတို့ရဲ့ တော်လှန်ရေး အဖွဲ့အစည်း၊ သူတို့ရဲ့ ခေါင်းဆောင်ဆိုသူများနဲ့ သူတို့ရဲ့ အပေါင်းအသင်း အချင်းချင်း တွေဟာ သူတို့ရဲ့ မိသားစုပဲပေါ့။

နယ်စပ်မှာ ကျောင်းသားအချို့ ရန်သူ့လူဟု စွပ်စွဲ ခံရပြီး လူမျိုးစု အဖွဲ့အစည်းများ၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရပါတယ်။ အကျည်းတန်ဆုံးနဲ့ ရင်နာစရာ အကောင်းဆုံးက "ကျောင်းသား" ဆိုတဲ့ အမည်ခံထားတဲ့ ခေါင်းဆောင် ဆိုသူအချို့က အုပ်စုဖွဲ့ပြီး ကျောင်းသားတွေကို ရန်သူ့လူအဖြစ် စွတ်စွဲပြီး ညှင်းပန်းနိုပ်စက် သတ်ဖြတ်ခဲ့ခြင်းပါဘဲ။

မိမိကိုယ်ကျိုးအတွက် တခုမှမပါဘဲ တိုင်းပြည်အတွက် ဆိုပြီး မိဘတွေကို စွန့်ပြီး ထွက်လာကြတဲ့ ကျောင်းသားလူငယ်တွေဟာ လပေါင်းများစွာ လူမဆန်စွာ ညှင်းပန်းနိုပ်စက်ခံပြီးမှ သတ်ဖြတ်ခံခဲ့ကြရတာပါ။ တစ်ရက် မဟုတ်ဘူး၊ တစ်ပတ် မဟုတ်ဘူး၊ တစ်လ မဟုတ်ဘူး၊ လပေါင်းများစွာ ရက်ရက်စက်စက် ညှင်းဆဲပြီးမှ တရိစ္ဆန်တွေလို သတ်ခဲ့ကြတာပါ။

· မိုးသီးဇွန်က ကိုဌေးနိုင် (၁၉၈၈ တွင် သင်္ချာံ နောက်ဆုံးနှစ်ကျောင်းသား၊ လက်ရွေးစဉ် ဘောလီဘောသမား၊ ရန်ကုန် တက္ကသိုလ်) ကို စစ်တပ်သူသျှို အဖြစ် စွပ်စွဲပြီး ဖမ်းဆီးခဲ့ပါတယ်။

· နည်းပေါင်းစုံနဲ့ တရိစ္ဆန်တကောင် လို ရက်ရက်စက်စက် စစ်ဆေးခဲ့တယ်။

· ထိုင်လို့ ထလို့ မရတဲ့ မြေကြီးကျွင်းထဲ မှာ လပေါင်းများစွာ ထားခဲ့တဲ့အတွက် ကိုဌေးနိုင် တကိုယ်လုံး ခေါင်းမှအစ ခြေထောက်ထိ ပွေးများစွဲပြီး တကိုယ်လုံး နူခဲ့ရပါတယ်။

· ကိုဌေးနိုင်ကို ထဲ့ထားတဲ့ အချုပ်ကျွင်း ကိုစောင့်ရတဲ့ ABSDF ကျောင်းသားလေး က "ကိုဌေးနိုင်က မျက်ရည်တွေ ကျပြီး သူကို သတ်ပြစ်ပေးဘို့ သူ့ကို တောင်းပန်ခဲ့တယ်" လို့ ပြန်ပြောပြခဲ့ဘူးပါတယ်။

· မိုးသီးဇွန်က ဌေးနိုင်ကို လွယ်လွယ်ဖြင့် သေခွင့် မပေးခဲ့ပါဘူး။ အချိန်ကြာမြင့်စွာ အားရအောင် ညှင်းဆဲပြီး နောက်ဆုံး စခန်းပြောင်းရသည့် အချိန်ကြမှ သတ်ပစ်ခဲ့ပါတယ်။

ဌေးနိုင်ကို သိကြတဲ့ သူများအားလုံး ဌေးနိုင်ဟာ တော်တော် သတ္တိကောင်းပြီး စိတ်ခိုင်မာတဲ့သူ ဖြစ်တယ် ဆိုတာကို သိကြပါတယ်။ ကိုဌေးနိုင်ရဲ့ ညီအကို မောင်နှမ အားလုံးဟာ ၁၉၈၈ အရေးအခင်းကြီးမှာ တက်ကြွစွာ ပါဝင်ခဲ့ကြသူတွေပါ။

· နိုင်အောင် (ယခု မြန်မာပြည်ရောက်နေသူ) နှင့် အောင်နိုင် (ထိုင်းနိုင်ငံ) တို့ ခေါင်းဆောင်ပြီး ကျောင်းသား ကျောင်းသူ ၁၀၀ ခန့် ကို အစိုးရသူသျှိုများ အဖြစ် စွတ်စွဲပြီး ဖမ်းဆီးခဲ့ပါတယ်။

· လပေါင်းများစွာ တော်ရုံလူ မကြားဝံ့ရဲလောက်အောင် ရုပ်မာရက်စက်သော နည်းလမ်း များဖြင့် ညှင်းပန်းနိုပ်စက်ပြီး ၃၈ ယောက်ကို သတ်ဖြတ်ခဲ့ပါတယ်။

· အများစုဟာ ခေါင်းဖြတ်သတ်ခြင်း ခံရပါတယ်။

· အသက် ၁၉ နှစ်အရွယ်တွင် တောခိုခဲ့သော ကျောင်းသူ မခင်ချိုဦးအား မသတ်ခင် ညှင်းပန်းသော ကာလများ အတွင်း သတ်ဖြတ်ခံရသော ကျောင်းသားတဦး၏ ရုပ်လောင်းအား လူအများရှေ့တွင် ကာမ စပ်ရှက်ခိုင်းခြင်း၊

· မခင်ချိုဦး၏ မိန်းမ အင်္ဂါံအတွင်း ဒုတ်ဖြင့်ထိုးကာ ရှာဖွေခြင်း၊ ပါးစပ်အတွင်း ဒါးမြောင်ဖြင့် ထိုးမွှေကာ စစ်ဆေးခဲ့ပါသည်။

· ဖမ်းဆီးခံ ကျောင်းသားများ၏ ခြေ လက်များတွင် မိုင်းဗုံးများ ချီနှောင်၍ ပြေးခိုင်းခြင်း။

· လက်ချောင်းများဖြတ်၍ လည်ပင်းတွင် ပြန်ဆွဲခိုင်းထားခြင်း၊ လက်ကို ခုတ်ဖြတ်၍ ပါးစပ်တွင် ပြန်ကိုက်ခိုင်းခြင်း။

· ခေါင်းဖြတ်၍သတ်ခံရသည့် သူ၏ လည်ပင်းပြတ်မှ ထွက်သော သွေးကို တခြားဖမ်းဆီးခံ ကျောင်းသားတစ်ယောက်အား သောက်ခိုင်းခြင်း။ တို့အပြင် အခြားနည်းလမ်းပေါင်းစုံဖြင့် မသတ်ခင် လပေါင်းများစွာ ညှင်းဆဲနှိပ်စက်ခဲ့ပါတယ်။

MEG said...

မိဘအရွယ် ရောက်လာကြပြီ ဖြစ်တဲ့၊ ကိုယ်ကိုယ်တိုင် မိဘဖြစ်လာပြီ ဖြစ်တဲ့ ကျနော်တို့တတွေ မိဘမေတ္တာ နှင့် သံယောဇဉ်ကို ပိုနားလည်လာကြပါပြီ။ ခုလိုအချိန်မှာ အပြောင်းအလဲတွေဖြစ်ပြီး ကျောင်းသားတွေ မြန်မာပြည် ပြန်လာကြပြီ ဆိုတော့ သက်ရှိထင်ရှား ရှိသေးတဲ့ မိဘတိုင်း သူတို့ရဲ့ သားသမီးတွေကို မျော်ကြမှာပါ။ ညီတွေ ညီမတွေက အကိုတွေ အမတွေကို မျော်ကြမှာပါ။

နိုင်အောင် နှင့် မိုးသီးဇွန် တို့ သတ်ဖြတ်ခဲ့တဲ့ ကျောင်းသားလေးတွေရဲ့ မိဘတွေ ညီအကိုမောင်နှမတွေ နေရာမှာ ကိုယ်ချင်းစာကြည့်ကြပါ။ သူတို့လဲ အခြားမိသားစုတွေလို မျော်ချင်ကြမှာပါ။ အခြားမိသားစုတွေ ပြန်လည် ဆုံစည်းလို့ ပျော်ရွှင်နေချိန်မှာ သူတို့ သားသမီးတွေ ဘယ်တော့မှ ပြန်မလာတော့ဘူး ဆိုတဲ့ အသိက သူတို့ကို ဘယ်လောက် ကြေကွဲစေမယ်ဆိုတာ စဉ်းစားစရာ မလိုပါဘူး။

အဆိုးဆုံးက သူတို့ သားသမီးတွေကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့တဲ့ မိုးသီးဇွန် နှင့် နိုင်အောင်တို့ က သူရဲကောင်းတွေလို မြန်မာပြည် ပြန်ရောက်လာကာ ဒီမိုကရေစီ နှင့် လူအခွင့်ရေး အကြောင်းတွေ ပြောနေကြပြီး အစိုးရကိုယ်တိုင် အပြင် မီဒီယာတွေ နဲ့ ဒီမိုကရေစီသမား ဆိုသူတွေက ချီးမြောက် ဆက်ဆံနေတာကို တွေတဲ့အခါမှာ သူတို့ ဘယ်လောက် အားငယ်မလဲ။

ဒီမိုကရေစီ အတွက် ဆိုပြီး သူတို့ရင်ခွင်က ထွက်သွားခဲ့တဲ့ သတ်ဖြတ်ခံခဲ့ရတဲ့ သူတို့သားသမီးတွေ အတွက် ဘယ်လောက် ယူကြုံးမရ ဖြစ်ကြမလဲ၊ ဘယ်လောက် ခံစားကြရမလဲ။

အဲဒီတော့ ပြည်တွင်းမှာ ရှိတဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များအားလုံး အနေဖြင့် သတ်ခံခဲ့ရတဲ့ ကျောင်းသား ကျောင်းသူ အားလုံး၊ သူတို့မိဘများ၊ မိသားစုများ နှင့် ကျနော်တို့အားလုံး အဖြူစင်ဆုံး ပါဝင်ခဲ့ကြတဲ့ ၈၈၈၈ အရေးတော်ပုံကြီး မျက်နှာထောက်ပြီး ဒီ နိုင်အောင် နှင့် မိုးသီးဇွန် ဆိုတဲ့ လူသတ်သမားများကို အသိအမှတ်ပြုပြီး မဆက်ဆံဘို့ တိုက်တွန်းချင်ပါတယ်။

အဲဒီနေရာမှာ______________
ဒါတွေဟာ တောထဲမှာ ဖြစ်ခဲ့တာ၊ ပြီးခဲ့တာ ပြီးခဲ့ပြီ၊
ငါတို့နဲ့ဘာမှမဆိုင်ဘူး၊ ငါတို့ဟာ နာမည်ကြီးတွေဘဲ၊ ဆင်သွားရင် လမ်းဖြစ်တယ်၊
မိုးသီးဇွန်ဟာ ငါတို့ ဗကသ ကလူ၊
နိုင်အောင်ဟာ ခင်ဥမ္မာ ယောင်္ကျား၊ ငါတို့ မကသ ကလူ၊
ငါတို့ကို အများကြီးထောက်ပံ့ ခဲ့တဲ့သူ၊ ____________
ဆိုတဲ့ အတွေးမျိုးတွေနဲ့ အသိအမှတ်ပြု ဆက်ဆံခဲ့မယ် ဆိုလျှင်
သတ်ခံခဲ့ရတဲ့ ကျောင်းသားကျောင်းသူများနှင့် သူတို့ရဲ့ မိသားစုများသာမက ခင်များတို့အားလုံးကို လူအခွင့်အရေး နှင့် တရားမျှတမူ တိုက်ပွဲရဲ့ ခေါင်းဆောင်များအဖြစ် အသိအမှတ်ပြုထားတဲ့သူ အားလုံးနှင့်တကွ ဒီမိုကရေစီရေးတခုလုံးကို စော်ကားလိုက်တာပဲ ဖြစ်မယ်။

တချိန်တည်းမှာ သမ္မတကြီး ဦးသိန်းစိန် နှင့် ဝန်ကြီး ဦးအောင်မင်း တို့အနေဖြင့်လည်း ခုလို အပြောင်းအလဲကာလမှာ အတိုက်အခံအုပ်စုများ အားလုံးနှင့် ညှိ့နှိုင်းဆွေးနွေးပွဲများ ပြုလုပ်ခြင်း၊ အမျိုးသားညီညွတ်ရေးအတွက် ကြိုးပမ်းခြင်းများ အပေါ် အားလုံးက ထောက်ခံအားပေးကြတယ် ဆိုတာကို သိစေချင်ပါတယ်။ ဒါပေမဲ့ ဒီသတ်ဖြတ်မူတွေဟာ ငါတို့ တပ်မတော်ကို တိုက်ခိုက်တော်လှန်နေခဲ့တဲ့ အချိန်မှာ သူတို့အချင်းချင်း ဖြစ်ခဲ့တာ၊ ငါတို့ အုပ်ချုပ်မူ မရှိတဲ့ ဒေသမှာဖြစ်ခဲ့တာ ငါတို့နှင့်မဆိုင်ဘူး ဆိုပြီး မိုးသီးဇွန် နှင့် နိုင်အောင် တို့ကို အသိအမှတ်ပြု ဆက်ဆံမည် ဆိုလျှင် ခင်ဗျားတို့ ကြိုးစားခဲ့တဲ့၊ စေတနာထားခဲ့တဲ့ အမျိုးသားညီညွတ်ရေး လုပ်ငန်းစဉ်များကို ထိခိုက်ရုံသာမက ဒီမိုကရေစီ နှင့် လူ့အခွင့်အရေး ချစ်မြတ်နိုးသူ အားလုံးကို စော်ကား မထီမဲ့မြင် ပြုလိုက်ခြင်း ဖြစ်ပါလိမ့်မယ်။ သမ္မတကြီးတို့အနေဖြင့် မြန်မာသမိုင်းမှာ ဒီလို အရုပ်ဆိုး အကျည်းတန်လှတဲ့ ရက်စက်ကြမ်းကြုတ်လှတဲ့ သတ်ဖြတ်မူကြီးမှာ ဘယ်လို ရပ်တည်ခဲ့တယ်၊ ဘယ်လို တာဝန်ယူ ဖြေရှင်းပေးခဲ့တယ်၊ ကျန်ရစ်သူမိသားစုတွေကို ဘယ်လိုနှစ်သိမ့်မူမျိုး ပေးနိုင်ခဲ့တယ် ဆိုတာ သမိုင်းမှာ မှတ်တမ်းတင် ကျန်ရစ်ခဲ့မှာပါ။ အဓိကကတော့ သမ္မတကြီးတို့အနေနဲ့ မိဘချင်း ကိုယ်ချင်းစာနိုင်မယ်လို့ ယုံကြည်ပါတယ်။

ပြည်တွင်းမှာရှိတဲ့ ကျောင်းသားအားလုံး နှင့်တကွ လူ့အခွင့်အရေး မြတ်နိုးသူ အားလုံးအနေဖြင့် ကျောင်းသား သတ်သမား မိုးသီးဇွန် နှင့် နိုင်အောင် နှစ်ယောက်စလုံးအား သူတို့ ကျုးလွန်ခဲ့သော လူမဆန်သည့် ရာဇဝတ်မူများအတွက် ပြန်လည်ပေးဆပ်ရမယ် ဆိုတာကို သူတို့ သဘောပေါက်ရန် ဝိုင်းဝန်း ဆောင်ရွက်ကြဘို့ တိုက်တွန်းလိုက်ပါတယ်။ နောက်ဆုံးအနေနဲ့ ကျနော်တို့အားလုံး ကိုယ်ချင်းစာ နိုင်ကြပါစေလို့ ဆန္ဒပြုပါတယ်။

နိုင်အောင် နှင့် မိုးသီးဇွန် ဟာ အဝေးကကြည့်လျှင် ဒေါင်းဟုထင်ရသော်လည်း ထဲထဲဝင်ဝင် လေ့လာကြည့်လျှင် ဠင်းတ ဖြစ်နေသည့် လူသတ်သမားများ ဖြစ်ပါတယ်။

လူသတ်သမား နိုင်အောင် နှင့် လူသတ်သမား မိုးသီးဇွန် ဆိုတဲ့ သိုးရေခြုံထားသော ဝံပုလွေများ၊ ဒေါင်းယောင်ဆောင်ထားသော ဠင်းတများကို အသိအမှတ်ပြုပြီး မဆက်ဆံဘို့ တိုက်တွန်းချင်ပါတယ်။

From : ပြည်ပရောက် ၈၈ မျိုးဆက်ကျောင်းသားများ

MEG said...

ABSDF လူသတ်သမား နိုင်အောင် နှင့် မိုးသီးဇွန် ဆိုတဲ့ သိုးရေခြုံထားသော ဝံပုလွေများ၊ ဒေါင်းယောင်ဆောင်ထားသော ဠင်းတများကို အသိအမှတ်ပြုပြီး မဆက်ဆံဘို့ တိုက်တွန်းချင်ပါတယ်။

နိုင်အောင် နှင့် မိုးသီးဇွန် ဟာ အဝေးကကြည့်လျှင် ဒေါင်းဟုထင်ရသော်လည်း ထဲထဲဝင်ဝင် လေ့လာကြည့်လျှင် ဠင်းတ ဖြစ်နေသည့် လူသတ်သမားများ ဖြစ်ပါတယ်။


(ဒီဇင်ဘာလ (၂၃) ၇က် တနင်္သာရီတိုင်းဒေသကြီး ကျွန်းစုမြို့တွင် ဒေါ်အောင်ဆန်းစုကြည်က ၂၀၁၅ တွင် သမ္မတ လုပ်လိုကြောင်း ပြောဆိုလိုက်သည်တွင် ရန်ကုန်မြို့ရှိ မြန်မာ့သင်္ကတ တန်ခိုးအကြီးဆုံး ရွှေတိဂုံစေတီတော်မြတ်ကြီးပေါ်တွင် ဠင်းတများ လာရောက်နားခိုခြင်း ဖြစ်ပွါးခဲ့သည် ။

မြန်မာ့သင်္ကတ တန်ခိုးအကြီးဆုံး ရွှေတိဂုံစေတီပေါ်မှာ လာနားသွားတဲ့ ငှက်ကြီးတွေကိုအဝေးကကြည့်ပြီး ဒေါင်းလို့ထင်နေရာက ကင်မရာများဖြင့်အနီးကပ် ဆွဲယူကြည့်ရှုမိမှ ဠင်းတများ ဖြစ်နေသဖြင့် ပြည်သူအများစိတ်ပျက်သွားကြရသည့်အဖြစ်အပျက်မှာ ဠင်းတများသည် ဒေါင်းယောင်ဆောင်ပြီး မြန်မာ့အထွတ်အမြတ်နေရာကိုတက်လာသည့် နိမိတ်ကိုပြခြင်းဖြစ်ပေသည်။

ABSDF လူသတ်သမား နိုင်အောင် နှင့် မိုးသီးဇွန်လို မြန်မာ့နိုင်ငံရေးစင်မြင့်ပေါ်ကိုတက်လာသည့် ဒေါင်းယောင်ဆောင်ထားသော ဠင်းတများကို သတိထားပြီးရှောင်ရှားကြရန် နိမိတ်ကိုပြခြင်းလည်းဖြစ်ပေသည်။)

Anonymous said...

ပွဲလန့်တုန်းဖျာခင်းချင်တဲ့သဘောပေါ့ တပ်မတော်ကကောင်း
ကောင်းဧည့်ခံနေပါတယ် ဒုံးကျည်တွေဘာတွေနဲ့ပေါ့
စားလို့ကောင်းလားABသစ္စာဖောက်တွေ

Anonymous said...

ABSDF မြောက်ပိုင်း လူသတ်တရားခံ လှဆိုင်း၊ ကျော်ကျော်တို.က သူတို.သမိုင်း ပြန်လှအောင် တမင်တကာ လုပ်ယူနေတာပါ။ အေဘီသမိုင်းအတွက် မဟုတ်။

ကျော်ကျော်(ကချင်)၊ လဗြလှဆိုင်း (လက်ရှိ ABSDF-NB အမည်ခံ) တို.ကို ABSDF မြောက်ပိုင်း လူသတ်ကောင်၊ တရားခံမှန်း မြန်မာပြည်သူအားလုံး လက်ခံ သိရှိသွားပါပြီ။ နာမည်ကောင်းပြန်လိုချင်လို. မရပါ။

ABSDF လူသတ်တရားခံ လှဆိုင်း၊ ကျော်ကျော်တို.က ABSDF နာမည်သုံးပြီး တော်လှန်ရေးကို အတင်းကြီး ပြန်လုပ်ပြနေတာ ရီချင်စရာ။

Anonymous said...

ပွဲလန့်မလားလို့ဖျာလာခင်းတာ အခုဖျာပါပျောက်တော့မယ်မ
ဟုတ်လား

Anonymous said...

အဲ့ ဒီ A B S D F လူ သတ် သ မား နိုင် အောင် ကို ပန်း စည်း နဲ့ ကြို တဲ့ လူ တဲ့ သူ တွေ ကို လည်း အံ့ သြ တယ်

ယ ခု မြန် မာ နိုင် ငံ မှာ မ မှန် မ ကန် လုပ် နေ တဲ့ သူ တွေ ကို နိုင် ငံ တစ် ကာ က လူ စွမ်း ကောင်း တွေ လို သတ် မှတ် ပြီး ကာ ဗာ ပေး ထား တာ နိုင် ငံ ကို ဝါး မြို မ လို့ ဆို တာ သိ ရဲ့ သား နဲ့ ကယ် ပါ ကယ် ပါ အော် နေ တဲ့ သ မ္မ တ ဖြစ် ချင် လွန်း ပြီး မ လုပ် ရ မှာ စိုး လို့ ဟို ဥ ပ ဒေ ပြင် မယ် ဒီ ဥ ပ ဒေ ပြင် မယ် ဆို တဲ့ သူ တွေ ကို လည်း အံ့ သြ တယ်

ဠင်း တ က ရာ ရာ စ စ ဘု ရား မှာ နား တာ သူ တို့ တွေ ကြောင့် ဖြစ် မှာ

Anonymous said...

သူတို့ရဲ့ အဖြစ်တွေကို ရေးထားတဲ့ စာအုပ်ရှိတယ်ဗျ
ခေါင်းဖြတ်သတ်တာက အစပါတယ်
ဗဟုသုတ အများကြီးတိုးတယ်
အဲဒီ သူပုန်တွေနဲ့ ပက်သက်လို့

Unknown said...

တစ်ခုပဲပြောချင်ပါတယ် ABSDF ဂုဏ်ကိုထိန်းတဲ့အနေနဲ့ မတရားမှုတွေကို မဖော်ထုတ်ဘူးဆိုရင် ခင်ဗျာတို့ဟာ ကျောင်းသားတော်လှန်ရေးသမိုင်းရဲ့ သစ္စာဖောက်တွေပဲ တကယ်စစ်ထောက်လှမ်းရေးတွေရှိခဲ့တယ်ဆိုရင်တော့ နိုင်အောင်၊အောင်နိုင်၊မိုးသီးဇွန် တို့ပဲဖြစ်လိမ့်မယ် ဒီကောင်တွေက လုပ်စားနေတဲ့ကောင်တွေ တိုင်းပြည်အတွက် ဘာမှမဟုတ်တဲ့ ကမ္ဘာကျော် သူတောင်းစားတွေ သူခိုးတွေ လူလိမ်တွေ ကျန်တဲ့ ABSDF တပ်ဖွဲ့ဝင်တွေရော ပြည်သူအတွက် အမှန်ကိုဖော်ထုတ်ပေးမှာလား ဒါမှမဟုတ် ကျောင်းသားတော်လှန်ရေးရဲ့ ရည်ရွယ်ချက်ကို သစ္စာဖောက်မှာလား ကဲ ABSDF ဘာလဲ ဘယ်လဲ

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ