Jan 9, 2013

ကွတ်ခိုင်မြို့က ဒုက္ခသည်မဟုတ်တဲ့ကချင်ဒုက္ခသည်တွေ

ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ထဲက ဗန်နား၊ နမ့်ပါဗုံး၊ တုံခမ်း၊ နောင်ဖာ၊ နမ့်ဟူးနဲ့ နမ့်ဂလောင်းကျေးရွာတွေက အိမ်ထောင်စု ၆၉ စု၊ လူဦးရေ ၂၀၀ ကျော်တို့ဟာ ကွတ်ခိုင်ရပ်ကွက် (၂) မှာရှိတဲ့ နှစ်ခြင်းခရစ်ယာန် ဘုရားကျောင်းဝင်း အတွင်းနဲ့ အိမ်ထောင်စု ၅၆ စု၊ လူဦးရေ ၁၇၀  ကျော် တို့ဟာ ရပ်ကွက်(၃)မှာရှိတဲ့ ကတ်သလစ် ဘုရားကျောင်း အတွင်းသို့ စစ်ဘေးတိမ်းရှောင်ရန် အတွက် ပြီးခဲ့တဲ့ ဒီဇင်ဘာလကုန်ခါနီးမှာ ပြောင်းရွှေ့ရောက်ရှိနေထိုင်ခဲ့ကြရပါတယ်။

ကွတ်ခိုင်သို့ပြောင်းရွှေ့လာသူများရဲ့ ပြောကြားချက်အရ ကေအိုင်အေတွေဟာ ဒီကျေးရွာ တွေက ကချင်လူမျိုးတွေကို ကွတ်ခိုင်မြို့ပေါ်သို့ အတင်းအဓမ္မပြောင်းရွှေ့ဖို့စေလွှတ်ခဲ့တာ ဖြစ်ကြောင်းနဲ့၊  ဒီကျေးရွာတွေမှာ ကချင်လူမျိုးတွေအပြင် ပလောင်၊ ရှမ်း နဲ့ ဗမာလူမျိုးများလည်း နေထိုင်ကြကြောင်းသိရှိရပါတယ်။

ကချင်လူမျိုးတွေကို မြို့ပေါ်ရွှေ့ပြောင်းခိုင်းတဲ့ ကေအိုင်အေရဲ့ သဘောထားကတော့ နယ်မြေ အတွင်းမှာ တပ်မတော်စစ်ကြောင်းတွေ ၀င်ရောက်ရှင်းလင်းတဲ့အခါ ကချင်လူမျိုးတွေကို လူမျိုးရေး အရ ဖိနှိပ်မှုတွေပြုလုပ်တဲ့အတွက် မြို့ပေါ်ကို တိမ်းရှောင်လာရကြောင်း မီဒီယာများကတစ်ဆင့် သတင်း ထုတ်ပြန်နိုင်ဖို့ အကွက်ချ စီမံတာဖြစ်ပါတယ်။ ကချင်ရွာသားတွေအနေနဲ့ သူတို့ရဲ့ရွာမှာ လုပ်ငန်းတွေပစ်မထားနိုင်လို့ မပြောင်းကြရင်လည်း ကေအိုင်အေရဲ့ နှိပ်စက်မှုကို ခံရမှာဖြစ်ပါတယ်။ ခုအခြေအနေအရတော့ ကေအိုင်အေက ကချင်လူမျိုးအချင်းချင်း ဖိအားပေးပြောင်းရွှေ့ခိုင်းလို့၊ ကေအိုင်အေရဲ့ နီးရာဓားကိုကြောက်ရွံ့ပြီး တိမ်းရှောင်လာခဲ့ရတာဖြစ်ပါ တယ်။
ဘာပဲဖြစ်ဖြစ် မြို့ပေါ်ကို ထွက်ပြေး တိမ်းရှောင်လာတဲ့ ရွာသူရွာသားတွေကို ကွတ်ခိုင် မြို့ပေါ်ရှိ ဘုရားကျောင်းတွေမှာ ကောင်းမွန်စွာ နေရာချထားပေးခဲ့ပါတယ်။ ကချင်စာပေနဲ့ ယဉ်ကျေးမှုအဖွဲ့က ဦးဆောင်ပြီး အလှူခံအဖွဲ့ ဖွဲ့ကာ အလှူခံဆောင်ရွက်ပေးလျက်ရှိပါတယ်။ ဒေသခံတိုင်းစစ်ဌာနချုပ်နဲ့ တပ်ရင်း/တပ်ဖွဲ့များမှ ဆန်နဲ့ ငွေကြေးများ ပေးအပ်လှူဒါန်းထောက်ပံ့ ခဲ့ကြပါတယ်။ တာဝန်ရှိသူတွေကလည်း လှူဒါန်းထောက်ပံ့တဲ့ပစ္စည်းတွေကို သွားရောက်ပေးရင်းနဲ့ ရွာသူရွာသားများကို တွေ့ဆုံအားပေးစကားပြောကြားခဲ့ကြပါတယ်။
အမှန်ကတော့ ကွတ်ခိုင်မြို့ပေါ်ကို တိမ်း ရှောင်လာကြတဲ့ ရွာသူရွာသားတွေဟာ ဒုက္ခသည် မဟုတ်တဲ့ ဒုက္ခသည်တွေပါ။ သူတို့မှာ နေစရာ အိမ်ရာ၊ စိုက်ပျိုးလုပ်ကိုင်ဖို့ မြေယာတွေရှိရဲ့နဲ့၊ ကိုယ့်အိမ်ကိုယ့်ယာမှာ အေးအေးချမ်းချမ်းလုပ်ကိုင် စားသောက်နိုင်ပါရဲ့နဲ့၊ ကေအိုင်အေရဲ့ လူမျိုး အချင်းချင်း ဖိနှိပ်ပြောင်းရွှေ့ခိုင်းလို့ နီးရာဓားဖြစ်တဲ့ ကေအိုင်အေရဲ့ရန်ကိုကြောက်ရလို့ ကွတ်ခိုင်မြို့ ပေါ်ကိုပြောင်းလာပြီး ဒုက္ခသည် မဟုတ်ဘဲ ဒုက္ခသည်လို နေနေကြရတာပါ။ ကေအိုင်အေ ကတော့ မတောက်တခေါက် အသိပညာလေးနဲ့ တပ်မတော်စစ်ကြောင်းတွေရဲ့ ဖိနှိပ်မှုကြောင့် ကချင်စစ်ပြေးဒုက္ခသည်တွေ မြို့ပေါ်တိမ်းရှောင်နေရ တယ်လို့ သူခိုးကလူပြန်ဟစ်ပြီး မီဒီယာကနေ အော်ကြဦးမှာပါ။
ကေအိုင်အေအနေနဲ့ သတိမေ့နေတာတစ်ခုက မီဒီယာဆိုတာ အများသုံးပစ္စည်းပါ။ ခုဆိုရင် မီဒီယာကတစ်ဆင့်  ကေအိုင်အေရဲ့ ရက်စက်ယုတ်မာမှုတွေ၊ ကလိမ်ကကျစ်ကျမှုတွေ၊ ကိုယ့်လူမျိုး အချင်းချင်းလည်း ဖိနှိပ်တတ်တဲ့ အကျင့်၊ တစ်ခြား အပြစ်မဲ့ တိုင်းရင်းသားတွေအပေါ်လည်း ကြုံရင်ကြုံသလို အနိုင်ကျင့်မှုတွေ၊ ပြည်နယ်တစ်ခုလုံးမှာရှိသမျှ လမ်း၊ တံတား၊ အဆောက်အဦတွေကို  ဖျက်ဆီးနေတဲ့ အဖျက်သမားတွေမှန်းသိနေကြပါပြီ။
ဒါ့ကြောင့် ကချင်လူမျိုးတွေအပါအ၀င် တစ်မျိုးသားလုံးရဲ့ ဘုံရန်သူအဖြစ် အပြစ်ပေး ချေမှုန်းခြင်းကို ကေအိုင်အေတွေ မကြာခင်ခံစားကြရတော့မှာပါ။
အောင်ဘာလေ
(မောင်ကျောက်ခဲ အဖွဲ့)
Print Friendly and PDF

0 ယောက် ဆွေးနွေးခဲ့တယ်:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ