Jan 12, 2013

အတို့အထောင် မောင်သွေးချွန်ရဲ့ သန်း ၆၀ သို့ ခြောက်လှန့်စာ

၂၀၁၃ ခုနှစ် ဇန်နဝါရီလ ၂ ရက်နေ့ထုတ် Weekly Eleven ဂျာနယ်မှာ ဝါရင့်သမ္ဘာရင့် ဆရာမောင်သွေးချွန်ရဲ့ “ရွှေတိဂုံဘုရားလင်းတနားတိုင်းကား ပြည်ရွာပျက်မှာလား” ဆိုတဲ့ခေါင်းစဉ်နဲ့ ဖော်ပြထားတဲ့ဆောင်းပါးဖတ်လိုက်ရပါတယ်။ ခေါင်းစဉ်ကိုဖတ်ရုံကြည့်ရုံနဲ့ နိုင်ငံသားတစ်ယောက် အနေနဲ့ စိုးရိမ်စိတ်ဝင်သလိုဖြစ်တဲ့အတွက် ဆက်ဖတ်ကြည့်တော့ဟုတ်မလိုလိုနဲ့ ဝါရင့်မီဒီယာသမား တစ်ယောက်က သန်း ၆၀ သော မြန်မာပြည်သူတွေ စိတ်ခြောက်ခြားအောင်ရေးထားတဲ့ စာဖြစ်နေ ပါရောလားဗျာ။

ဆရာမောင်သွေးချွန်က ဆောင်းပါးအစမှာပဲ ရွှေတိဂုံစေတီတော်ကြီးကို ငှက်လောကမှာ အယုတ်ဆုံး အညံ့ဆုံး လင်းတတွေနားတာဟာ အုပ်ချုပ်သူမင်းအစိုးရရော၊ ပြည်သူတွေရော၊ သာသနာ တော်ကြီးအတွက်ရော စိတ်ပူစရာဖြစ်တယ်အစချီပြီး ရေးသားထားတာတွေ့ရပါတယ်။ ဆောင်းပါး တစ်ပုဒ်လုံးဖတ်ကြည့်ပြီးတော့ ဆရာမောင်သွေးချွန်က မြန်မာနိုင်ငံသားများကို ပေးလိုတဲ့သတင်း Message က မြန်မာနိုင်ငံမှာ တည်ငြိမ်အေးချမ်းမှုမရှိဘဲ ပြည်သူလူထုဒုက္ခသုက္ခတွေ အကြီးအကျယ် ခံစားရမယ့် သဘောရေးထားတာ တွေ့ရပါတယ်။

ဆောင်းပါးမှာဖော်ပြသလို လင်းတဆိုတာအတိတ်ကောင်း နမိတ်ကောင်းဆောင်တဲ့ ငှက်      တိရ စ္ဆာန်မဟုတ်ဘူးလို့တော့ ရှေးအယူအဆအရ သတ်မှတ်ကောင်းသတ်မှတ်နိုင်ပါလိမ့်မယ်။ လင်းတ တွေက မူလကျက်စားရာ ဟိမ၀န္တာတောင်ရဲ့ မြောက်ဘက်မွန်ဂိုလီးယား၊ တိဘက်ဒေသတွေမှာ ရာသီဥတု အလွန်အေးတဲ့ကာလမှာ နွေးထွေးသော ကမ္ဘာ့တောင်ဘက်ခြမ်းဒေသများသို့ ဆောင်းခိုရန် မိုင်ထောင်ချီပြီး လေဟုန်စီးပျံသန်းရင်း အတောင်ညောင်းလို့ ၀င်ရောက်နားခိုခြင်းသာဖြစ်ပါတယ်။ လင်းတငှက်တွေက အတောင်ဖြန့်ပြီးပျံတဲ့ အမျိုးအစားမဟုတ်ဘဲ လေဟုန်စီးပြီးပျံတဲ့ အမျိုးအစား ဖြစ်ပြီး မနှစ်ကလည်း ရန်ကုန်မှာဆိုရင် ရွှေဂုံတိုင်ဘက်က ဖုန်းတိုင်တွေမှာ နားတာတွေ့ခဲ့ရသလို၊ မကွေးတိုင်းဘက်မှာလည်း တွေ့လေ့ရှိပါတယ်။

အရင်တုန်းကလည်း အခြားနေရာတွေ၊ မြင့်တဲ့နေရာ တွေမှာ နားခဲ့တာ၊ မြန်မာနိုင်ငံအနှံ့အပြားသို့ လင်းတဆင်းသက်ခြင်းမှာ နှစ်စဉ်ဖြစ်ပွားခဲ့တာတွေကို သတိမမူမိကြပါဘူး။ ဒီနှစ်လည်း ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်၊ ဘုရားကုန်းကျေးရွာ ဘက်မှာလည်း ထိုကဲ့သို့သော ဆောင်းခိုငှက်ကြီးများ ဆင်းသက်တာတွေရှိခဲ့တာကို ဆရာ မောင်သွေးချွန်မသိဘဲ မနေဘူးလို့ထင်ပါတယ်။ မိမိတို့ဒေသတွင်းသို့ တစ်ခဏခိုနားရန် စတည်းချခြင်း၊ သို့မဟုတ် လမ်းမှားလာခြင်းမှတစ်ပါး တခြားမည်သည့်ပြစ်မှုကိုမှ ကျူးလွန်ထားခြင်းမရှိသော အပြစ်မဲ့ ငှက်ကြီးများကို ယိုးမယ်ဖွဲ့ပွဲဆူအောင် မဲတူလုပ်တာကိုတော့ ဆရာဗဟုသုတရစေချင်လို့ အသိပေး လိုက်ပါတယ်။
ဒါပေမယ့် ဆရာမောင်သွေးချွန်က ဒီလင်းတတွေလာနားတာနဲ့ လက်ပံတောင်းတောင်အရေး ကိစ္စတွေ၊ ရခိုင်ပြည်နယ်အရေးကိစ္စ၊ ပြည်တွင်းငြိမ်းချမ်းရေးအခြေအနေတွေ၊ သာသနာတော်အရေးကိစ္စ တွေ ကသောင်းကနင်းဖြစ်ပြီး အုပ်ချုပ်သူမင်းအစိုးရ(အစိုးရအဖွဲ့)ပါ ဒုက္ခရောက်တော့မယ့် သဘောရေး သားထားတာကတော့ တမင်ခြိမ်းခြောက်လိုဟန်တွေပါနေပါတယ်။

တစ်နည်းပြောရရင်တော့ အေးအေး ချမ်းချမ်းနဲ့ နေလိုတဲ့ ပြည်သူတွေကို အဓိကရုဏ်းဖြစ်တော့မယ့်ပုံစံနဲ့ ခြောက်လှန့်လိုက်တာပဲ ဖြစ်ပါ တယ်။ ဒီလိုခြောက်လှန့်တဲ့နေရာမှာ မောင်သွေးချွန်က ၁၉၈၈ အရေးအခင်းကို နမူနာပြဖော်ပြထား သလို ၂၀၀၇ ရွှေဝါရောင်အရေးအခင်းမတိုင်မီ ရွှေဂုံတိုင်တာဝါမှာ လင်းတတွေနားခဲ့တယ်လို့ အထောက်အထားမဲ့စွာနဲ့ ခြောက်လှန့်ရင်း မြှောက်ထိုးပင့်ကော်လုပ် နှပ်ကြောင်းပေးခဲ့တာတွေ့ရပါ တယ်။ သန်း ၆၀ သောပြည်သူများက သမ္မတဦးသိန်းစိန်ပြောခဲ့သလို နောက်ကြောင်းပြန် မလှည့်စတမ်းနဲ့ ဒီမိုကရေစီနိုင်ငံတော်ဖော်ဆောင်နေချိန်မှာ မောင်သွေးချွန်ကဲ့သို့သော အရိုးရင့်ကြီးမိုက် တွေက ကလောင်လက်နက်အားကိုးနဲ့ ပြည်သူတွေကို နောက်ကြောင်းပြန်လှည့်အောင် ခြိမ်းခြောက် နေတယ်လို့ပဲ ပြောရမှာဖြစ်ပါတယ်။ လင်းတနားရုံနဲ့တော့ အဲသည်လောက်ဆိုးရွားမသွားနိုင်ပါဘူး။ တစ်စိတ်ကိုတစ်အိတ်လုပ် ခေါင်းစဉ်ကြီးကြီးပေးပြီး ဗုဒ္ဓဘာသာအယူဝါဒအပြင် မိရိုးဖလာယုံကြည် ကိုးကွယ်တတ်တဲ့ပြည်သူတွေကို အတိတ်နမိတ်တဘောင်တွေနဲ့ တိုင်းပြည်ပျက်တော့မယောင်ယောင်၊ ၈၈ အရေးအခင်းလိုမျိုး၊ ၂၀၀၇ ရွှေဝါရောင်အရေးအခင်းလိုမျိုးဖြစ်စေချင်တဲ့နှပ်ကြောင်းပေးပြီး              “မိုးသောက်ပြီ ထိုးဖောက်ကြကုန်လော့” ဆိုပြီး နှိုးဆော်တာတော့ အဆိုးဘက်ကိုဖြစ်စေချင်နေတာလား၊ နောက်ကြောင်းပြန်စေချင်နေတာလား၊ ပွဲလန့်တုန်းဖျာဝင်ခင်းနေတာလားဆိုတာတော့ ဆရာပဲသိမှာပါ။

ဗုဒ္ဓမြတ်စွာဘုရားဟောကြားတော်မူခဲ့တဲ့ ၀စီဒုစရိုက်လေးပါးထဲက ပိသုဏဝါစာနဲ့ သမ္ဖပ္ပလာပရဲ့ ယေဘုယျသဘောကိုပြောရရင် သူတစ်ပါးလည်းအကျိုးမရှိ၊ မိမိကိုယ်တိုင်အတွက်လည်း အကျိုးမရှိတဲ့ ယုတ်ညံ့သော၊ သူတစ်ပါးပျက်စီးထိတ်လန့်စေလိုသော ကုန်းတိုက်ခြိမ်းခြောက်စကားပြောခြင်းဟာ သူယုတ်မာတွေရဲ့ လက္ခဏာဖြစ်ပါတယ်။ အခုတော့ ဆရာမောင်သွေးချွန်က ကျွန်တော်အထက်က ပြောခဲ့တဲ့အတိုင်း ခြောက်လှန့်တွန်းပို့နေလေတော့ ဆရာမောင်သွေးချွန်ရေ ကိုယ့်ဘာသာကိုယ် ဘယ်လို  လူစားလဲဆိုတာ နဖူးပေါ်လက်တင်ပြီး တစိမ့်စိမ့်စဉ်းစားပေးပါဦးလို့ အကြံပေးပါရစေဗျာ။

 ဗညားထော(မောင်ကျောက်ခဲ အဖွဲ့)
ဖြည့်စွက်ချက် ။ ရန်ကုန် စာပေအသိုင်းအဝိုင်းမှာတော့ မောင်သွေးချွန်ကို လူထုစိန်ဝင်း သေပြီးကတည်းက လူထုစိန်ဝင်းနေရာမှာ နေဖို့ ပြောဆိုနေတဲ့ ဘဝင်ရူးလို့ ပြောဆိုတတ်ကြပါတယ် ။

Print Friendly and PDF

4 ယောက် ဆွေးနွေးခဲ့တယ်:

Anonymous said...

မောင်သွေးချွန်ရေရွှေတိဂုံကိုဠင်းတနားတာခင်ဗျားပြောသလိုမဟုတ်ဘူးရှင်းပြမယ်သေချာနားထောင်အဲဒါကခင်ဗျားတို့လို
မိစ္ဆာဓိတ္ထိအားကိုးတဲ့ကောင်တွေအထက်ရောက်လာလိမ့်မယ်
သတိထားကြလို့နတ်ကောင်းနတ်မြတ်တွေကနှိုးဆော်တာကွနားလည်ပြီလား

Anonymous said...

လင်းတ နားတာ အကြောင်းအရင်း

KIA နှင့် တရုတ် ပေါင်ပြီး သစ်ခိုးထုတ်လိုက် တာ တောပြုန်းပြီး. နေစရာ မရှိလို့ ရန်ကုန်ရောကံလာတာကွ.
ရန်ကုန်ရောက်တုန်း ဘုရားဖူးတာပါ
ကျားတောင် ဘုရားတက်ဖူးသေးတာပဲ လင်းတလဲ ဖူးလို့ ရတာပေါ့.
ဒီမိုကရေစီ ခေတ်မှာ ခွဲခြား ခွဲခြား မလုပ်ပါနဲ့ ကိုကိုသွေးချွန်ရယ်

Zzz

Anonymous said...

ငှက်တွေနားတိုင်း တိုင်းပြည်ပျက်မယ်ဆိုရင် အိမ်ဖြူတော်မှာနားအောင်သင်ပေးဖို့ အီရန် ကိုပြောလိုက်ပါ့နမယ်။

NMK said...

DAT'S RIGHT!

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ