Showing posts with label သုတကဏ္ဍ. Show all posts
Showing posts with label သုတကဏ္ဍ. Show all posts

Aug 23, 2013

ကမ္ဘာ့ထိပ်တန်းအမျိုးသမီးဟက်ကာငါးယောက်


Adeanna Cooke

 1.Adeanna Cooke
 သူမက တော့ playboy Model တစ်ယောက်ဖြစ်ပါသည် ။ အသက် 24 နှစ်ပါ ။

Ying Cracker

 2.Ying Cracker 
သူမက တော့ တရုတ်ပြည် ရှန်ဟဲဖြစ်ပါသည် ။ software တွေကို crack လုပ်ခြင်း ။ hacking ပညာများကို သင်ကြားပို့ချပေးသော ချောမောလှပသော မိန်းကလေးတစ်ယောက်ဖြစ်ပါသည် ။

Kristina Svechinskaya 
3.Kristina Svechinskaya
သူမက တော့ ရုရှားသူလေးဖြစ်ပါသည် ။။ အမေရိကန်နှင့် ဗြိတိန် ဘဏ်တွေက အကောင့်တွေကို ခိုးသူလည်းဖြစ်ပါသည် ။။။

Raven Adler
 4.Raven Adler
သူမကတော့ တော့ အမေ၇ိကန်သူဖြစ်ပါသည် ..သူမသည် .. Security consultant တစ်ယောက်ဖြစ်သလို့ ၊ whitehacker တစ်ယောက်လည်း ဖြစ်ပါသည် ။

Rutkowska
 5.Rutkowska 
သူမကတော့ poland သူဖြစ်ပါသည် ။Polish Computer Security အဖွဲ့၏ Security researcher တစ်ယောက်ဖြစ်ပါသည် ။
From:[_ Cyberworld  _]
(မောင်ကျောက်ခဲ အဖွဲ့)
Readmore »

၈၈၈၈ တစ္ဆေ အပိုင်း(၂)



                                    
တဖြည်းဖြည်းနှင့် လူသတ်မှူများ လုယက်မှူများ အဖြစ်အပျက်တွေစိပ်လာတော့သည်။ လှိုင် ၊ ကြည့်မြင်တိုင် ၊ တာမွေသချိုင်း၊ ဒဂုံဆိပ်ကမ်း လူသတ်မှူ တွေကလည်း ကြောက်စရာပင် ။ ယခင်ကတည်းက ရန်ငြိုးရန်စ ရှိဖူးသူတွေကိုလည်း မိမိဘာသာလုံခြုံရေးတာဝန်ယူထားသူတွေက ကြိုက်တဲ့ပုဒ်မတပ်ပြီး ကြက်ကလေး၊ငှက်ကလေးသတ်သလို လွယ်လွယ်ပဲ သတ်နေကြသည် ။အစိုးရမကျေနပ်၍ အစိုးရအား ဦးမတည်ပါပဲ မိမိတို့အချင်းချင်းနှင့် ဘာမဆိုင်ညာမဆိုင် ဝန်ထမ်းတွေများကိုပါ အငြိုးနဲ့ သတ်ဖြတ်ကြ နှိပ်စက်ကြနဲ့ ရန်ကုန်မြို့ကြီးက ကပ်ဆိုဒ်ဒေသကြီးတစ်ခုဖြစ်နေခဲ့ရသည် ။အဆိုးဆုံးကတော့ ရဲကင်းများ ရဲစခန်းများအား မကြာခဏ ဝငရောက်စီးနင်းခံရပြီး ရဲတပ်ဖွဲ့ဝင်များအား အသားကိုဓါးနဲ့မွန်း၊လှံနဲ့ထိုး ပြီးမှ ခေါင်းဖြတ် သတ်သည့်သတင်းများလည် နားနှင့်မဆန့်ကြားနေခဲ့ရသည် ။သဃန်းကျွန်း ဘီအိုစီ လမ်းဆုံက လူသတ်မှူကတော့ အဆိုးဆုံးဟုဆိုရမည်။ဂိုဒေါင်တွေ အဖောက်ခံရ ဆိုင်တွေ အဖောက်ခံရဖြစ်နေသောအချိန် ရပ်ကွက်တွေကိုမီးရှို့မယ် ရေကန်တွေကို အဆိပ်ခတ်မယ် စသည်ဖြင့် မည်သူလွင့်မှန်းမသိသော သတင်းများနှင့် အိမ်နီးချင်းအချင်းချင်းပင် သံသယဝင်နေတော့ ဘေးလူ သူစိမ်းများအဖို့ ကြမ္မာငင်စရာပင်။



မောင်ငယ် ထွန်းလွင်မှ သူကြားသိမြင်ခဲ့ရသော အကြောင်းကို ပြန်ပြောနေချိန်ဝယ် ဒေါ်အေးသိန်း နားထောင်ရင်း သွေးတတ်မတတ်ခံစားနေရသည်။လူ ၇ ယောက်ကို ဖမ်းပြီးတစ်ညလုံး နည်းပေါင်းစုံနှင့် နှိပ်စက်ပြီးသတ်မည့်ဆဲဆဲ ရဟန်းပျိုသမဂ္ဂက ကယ်ထားပါလျှက် ဦးဇင်းတွေကိုလည်း လိုက်ရိုက်ပြီး ကယ်ထားသော လူ ၇ ယောက်ကို ခေါင်းဖြတ်ကာ တရားရုံးရှေ့က ခုံတန်းလျှားကြီးမှာ အစီအရီတင်ထားပြီး လမ်းဆုံမှာချပြထားခဲ့သည်တဲ့။  ခေါင်းမရှိတဲ့ခန္ဓာကြီးတွေကိုလည်း ရုပ်ရှင်ရုံနားမှာ ပစ်စလတ်ခတ်ကြီးပစ်ချထားခဲ့သည်တဲ့ ။မြတ်စွာဘုရားကယ်တော်မူပါ...ဒါဟာ ရန်ကုန်မြို့ကြီးလားလို့ မေးစရာတွေဖြစ်ရတော့သည်။ မည်သူ တစ်ဦးတစ်ယောက်ကမှ လာရောက်ထိန်းသိမ်းတာမရှိခဲ့ပေ။သတင်းစာတွေမှာတော့ ပြန်ကြားချက်တွေ ကြေငြာချက်တွေ ထုတ်ပြန်နေပေမယ့် တကယ့်အခြေအနေမှာတော့ ဘယ်သူ ဘယ်သူမှ လာရောက်ကူညီ ထိန်းသိမ်းနိုင်ခဲ့ခြင်းမရှိတော့ ။ ယခုအချိန်မှာ နာမည်ကြီးနေတဲ့ ခေါင်းဆောင်ဆိုသူတွေ ထိုအချိန်တုန်းက တစ်ယောက်မှ မရှိခဲ့၊တစ်ချို့ဆို ကြားပင်မကြားဖူးခဲ့ ။

 

အဆိုးဝါ်းဆုံးအခြေအနေတွေက လာပြီးရင်လာနေတော့သည်။ အင်္ဂလိပ်စကားပုံတစ်ခုလို ကံဆိုးမှူတွေဟာ အပေါင်းအဖော်နဲု့လာတယ် ဆိုသလိုမျိုးပင်။ ရဲစခန်းတွေဝင်စီးပြီး..ရဲတွေကို..သတ်လိုက်ကြတယ်...ပြီးတော့....သေနတ်တွေပါသွားပြီ.....ဘယ်သူတွေယူသွားတယ်မသိဘူး ဆိုသောသတင်းတွေနောက်မှာ အခြေအနေတွေ ပိုဆိုးပြီးရင်းဆိုးလာခဲ့သည်။ သံသယမျက်နှာဖုံးတွေက ပို၍သံယောဇဉ် အကြင်နာတရားတွေမဲ့လာခဲ့သည်။ ဂျင်ကလိနဲ့ပစ် ဓါးနဲ့ခုတ်နေတာတောင် ဒီလောက်ဆိုးရွှားနေတာ သေနတ်တွေနဲ့သာဆိုရင်...ဆိုတဲ့ အတွေးတွေ လူတွေထဲဝင်ကုန်ပြီး ထင်ရာမြင်ရာတွေ လုပ်ကုန်တော့သည်။ထိုနေ့က ကိုသိန်းနိင် မျက်နှာမကောင်းစွာဖြင့် ပြန်လာသည်။ သူကိုယ်တိုင်မြင်တွေ့ခဲ့ရသော အဖြစ်ကို ပြောသောအခါ ဒေါ်အေးသိန်းအဖို့ မိမိနားပင်မိမိ မယုံချင်တော့။ကိုသိန်းနိုင်အပြောအရ လူအုပ်ကြီးတစ်ခုမှ ငမိုးရိပ် ရဲကင်းကို ဝင်ရောက်စီးနင်းလိုက်သည် ။မိမိ၏စတင်းသေနတ်ကိုလူအုပ်ကို အပ်ပြီး အဖမ်းခံတဲ့ရဲကို အမျိုးသမီးတစ်ယောက်က ရဲတင်းနဲ့တောင် ခုတ်သတ်လိုက်သေးတယ်။ထိုအမျိုးသမီးမှာ တင်ထွေးဟုခေါ်ကြောင်းလည်းပြော၏။မိန်းကလေးများပင် သရဲသဘက်စီးကုန်ပြီလော။ရဲတွေတောင် အသတ်ခံရပြီဆိုမှတော့ အုပ်ချုပ်ရေးယန္တရားကြီးပျက်စီးနေပြီဆိုသောသဘောတည်း ။ ဘုရားနဲ့ ကိုယ့်အားကိုယ်ကိုးဖို့ကလွဲရင် ဘာမျှမတတ်နိုင်ကြ။အာဖရိက စကားပုံလို ဘုရားဟာ အာဖရိကမှာ မနေဘူး ဆိုသလိုမျိုး သမ္မာဒေဝနတ်တွေ ကမ္ဘာမြေစောင့်နတ်မင်းကြီးတွေ မြန်မာကိုလှည့်မကြည့်တော့ဘူးလားလို့ ဒေါ်အေးသိန်း ဘုရားရှိခိုင်းတိုင်း တိုင်တည်မိနေခဲ့တော့သည်။။ဒဂုံဘက်မှာဆိုရင် ကိုယ်ဝန်ဆောင်သည်ကိုတောင် ရက်ရက်စက်စက် သတ်ပစ်ခဲ့ကြသည်။ထို့အပြင် ကလေးဆေးရုံနားက ရေတွင်းကို အဆိပ်ခတ်လို့ ဟူ၍ ထိုနေရာတဝိုက်တွင် ရှိတတ်သော လက်လုပ်လက်စားတွေ အမှိုက်ကောက်သူတွေကိုပါ လူသတ်ပွဲကြီးဆင်နွဲတော့သည် ။( ထိုနေရာတွင် ယခုတိုင် မကျွတ်မလွတ်သော နာနာဘာဝများ မကြာခဏ တွေ့နေရသည် ဟု အဆိုရှိ၏)



အခြေအနေဆိုးကတဖြည်းဖြည်းတည်ငြိမ်လာတဲ့အချိန်တွင် ရောင်ကြီးဗွေဆိုသော တုတ်ပြီး ဓါ်းပြီး လူမိုက် အဖမ်းခံရပြီးချိန်မှ ဆိုးတူဆိုးဖက်အဖွဲ့တွေကို ဖွင့်ချတဲ့အပြင် သူ့လုပ်ရပ်တွေမှားခဲ့တယ် အားလုံးဟာ စားစရာမရှိလို့လုပ်ချင်တာလုပ်ရင်း တမင်ဆိုးခိုးရင်း အာဃသတွေ အငြိုးတွေရှင်းခဲ့ကြတယ် လို့ဖွင့်ချခဲ့သည်။ ။ဤအဖြစ်သနစ်တို့သည် မြန်မာနိုင်ငံကြီးရဲ့ ဒီမိုကရေစီတော်လှန်ရေးတွင်ဖြစ်ပွါးခဲ့သည် ။ထိုစဉ်က ထိုအဖြစ်ဆိုးကို ဖန်းတီးခဲ့သူ တာဝန်ယူနိုင်သူ ဒီမိုကရေစီ ခေါင်းဆောင်ဆိုသူတွေ ယခုတိုင်ထိုအရိပ်မည်းကြီးကို တာဝန်မယူကြ ပြန်လည်တောင်းပန်ခြင်းမပြုကြ။ကျောင်းသားတွေက စဖြစ်တယ်ဆိုရင်လည်း ဘယ်မလဲ ကျောင်းသားတာဝန်ရှိသူတွေဟု မိအေးသိန်း မေးချင်သည် ။

ယခုခေတ် ပွင့်လင်းဒီမိုကရေစီခေတ်မှ သူ့အကြောင်းကိုဖော် ကိုယ့်အကြောင်းသူဖော်နဲ့ ခေတ်စားလာချိန်တွင် ‘မေးပါရစေ လူသတ်မှူတွေ ခေါင်းဖြတ်မှူတွေကို ဘယ်သူတာဝန်ယူဖြေရှင်းပေးမှာလဲ’ ။ဒေါ်အေးသိန်းကတော့ ၈၈ လို အရေးအခင်းကြီး ဘယ်တော့မှ ပြန်မဖြစ်စေချင်တော့ပေ ။ ဒေါ်အေးသိန်း ရင်ထဲ အသည်းထဲတွင်တစ်စုံတစ်ခုကို နားလည်ခဲ့ပါသည် ။ ၈၈ ဆိုတာ အာဏာရှင်တော်လှန်ရေးနာမည်တပ့်ပြီး အာဏာရူးတွေ အာဏာလုပြီး အာဏာအပြိုင်ပြခဲ့ကြတဲ့ ပွဲကြီး ရယ်လို့ ခိုင်ခို်င်မာမာပြောရဲသည်။

ဒေါ်အေးသိန်း အမြဲတမ်းဆုတောင်းနေမိသည်။လမ်းထဲက လူမိုက်၊ နောက်လိုက်ကောင်းတဲ့ လူအုပ် မူးရူးပြီး ဓါးကိုင်ထားရင်ကို ကြောက်ရတဲ့ခေတ်ကြီး စားစရာမရှိလို့ အပြင်ထွက် စားစရာရှာရင်တောင် ဘယ်အချိန်ပြန်လာမလဲ လမ်းမှာများ အသတ်ခံနေရပြီလား အားကိုးမရှိတုန်း အိမ်ထဲဝင် ဆွဲလားရမ်းလားလုပ်မလား ဓါးပြတိုက်မလား ဆိုတာကြီးကို ၂၄ နာရီလုံးလုံ့း ရင်ထိတ်ရတဲ့ ဘဝကြီးကို ပြန်မရောက်ချင်တော့ဘူး ။ကိုယ့်ကိုကိုယ် လုံခြုံရေးတာဝန်ရှိသူဆိုပြီး လှံတွေကိုင်ဓါးတွေလွယ်ပြီး ကိုယ့်အာစရိယဆရာသမား ကိုလည်း သံသယ စာရင်းထဲထည့် သတ်ဖြတ်နေခဲ့တဲ့ ၈၈၈၈ တစ္ဆေတွေရဲ့ သွေးဆာနေတဲ့ မျက်လုံးတွေ အခုထိ မြင်ယောင်တိုင်းကျောချမ်းနေဆဲပင်။ယခု တီဗီသတင်းတွေမှာ တွေ့နေရသော ကမ္ဘာတလွားရှိ အာဏာရှင်ဖြုတ်ချသော သတင်းများနှင့် ထိုနိုင်ငံတွေမှာဖြစ်ပျက်နေတဲ့ ဆိုးကျိုးဖြစ်ရပ်တွေဟာ မြန်မာနိုင်ငံရဲ့ တစ်ခေတ်တစ်ခါက ၈၈၈၈ ကာလကြီးကို မမှီပါဘူးလို့ ဒေါ်အေးသိန်း သိ၏ ။

ဒေါ်အေးသိန်း ဘဝတွင် တစ်ကြိမ်တစ်ခါသာ သရဲသစ္ဆေခြောက်ခံဖူး၏ ။ပြန်တွေးတိုင်း ကြက်သီးထဖွယ်တစ္ဆေကြီးပင်။ပြန်လည်တွေးတိုင်း အနိဌာရုံများ သွေးနံများ ဖုံးလွမ်းနေသော မြင်ကွင်းက ပြန်လည်ရရှိလာ၏။ယခုတော့ ဒေါ်အေးသိန်း ဘုရားရှိခိုးတိုင်း ဆုတောင်းနေတော့သည် ။ ၈၈ ဆိုသော တစ္ဆေကြီးကို အသက်သွင်းသူများ အား လူ့လောကသို့ ပို့ဆောင်ခြင်းမပြုပါနှင့်တော့ ဘုရား ဟူ၍သာ ။

(မိခင်ကြီးပြောပြသော ၈၈ ကာလ အတွေ့အကြုံများအား ဖတ်ရှူ၍ကောင်းအောင် စာပြန်စီပါသည်-မင်းဇော်)

From [_ အမေ့အိမ် _]

  (မောင်ကျောက်ခဲ အဖွဲ့)
Readmore »

၈၈၈၈ တစ္ဆေ



                                        
"ရက်စက်တယ်ဗျာ ဝိုင်းအုံကြည့်နေတဲ့ လူအုပ်ကြီးကို တစ်စာစာတောင်းပန်နေရက်နဲ့ကြားက ဓါးတုန်းတုန်းကြီးနဲ့ တဒုတ်ဒုတ်နဲ့ လည်မပြတ်မချင်းခုတ်တာဗျာ "
 
အပြင်ကပြန်လာတဲ့ မောင်ငယ် ထွန်းလွင်ရဲ့လေသံကို ကြားလိုက်ရ၏ ။ မရိုးသော သက်ပြင်းရှည်ကြီးကို ဒေါ်အေးသိန်း ထပ်မံပြုရရင်း ထွန်းလွင်ကမ်းပေးသော ဆန်ထုတ်ကို ယူလိုက်ရသည်။ ။အလုပ်တွေ မရှိတော့တဲ့အခါ အိမ်က ယောကျာင်္းသားတွေ ခုလို ခေတ်ပျက်ကြီးမှာ သက်စွန့်စံဖျားနဲ့ ထမင်းတစ်နပ်အတွက် ရှာဖွေရတာ သိပ်ခက်ခဲသည်။ အရေးအခင်းမဖြစ်ခင်အချိန်ကထက် အဆ ရာပေါင်းများစွာကျပ်တည်းလာခဲ့လေသော အချိန်ပါတကား။လက်ရှိစနစ်ကို တွန်းလှန်ရင်း တဖြည်းဖြည်းနွံထဲကျလာသော အဖြစ်။ဒေါ်အေးသိန်း ဆက်မတွေးနိုင်တော့ပဲ ထမင်းချက်ဖို့ ဆန်ဆေးရတော့သည်။



အရေးအခင်းကြီးမဖြစ်ခင်က မောင်ငယ် ထွန်းလွင် က လက်သမားလုပ်ပြီး ယောကျာင်္းဖြစ်သူ ဦးသိန်းနိုင်က အဖေ လေးဘီးမောင်းရင်း နှစ်ယောက်လုပ်စာနဲ့ မိသားစု အဆင်ပြေခဲ့သေးသည်။ယခုတော့ လမ်းများလည်းပိတ် မည်သည့်ကားမှလည်းထွက်မရ ၊ ကားအုံနာမိသားစုကလည်း ကားမပေးတော့၊လက်သမား အလုပ်ကလည်း မရတော့ ၊ ဒီလိုနှင့် ဒေါ်အေးသိန်းတို့ မိသားစု ကျပ်တည်းမှူတွေ စတင်ခဲ့ရတော့သည်။အိမ်ဦးနတ် က အိမ်လုံခြုံရေးကျန်ခဲ့ချိန် မောင်ငယ် က ဟင်းစားရှာ ရင်း အိမ်မှရှိတဲ့ယောကျာင်္းသားနှစ်ယောက်က တစ်ယောက်တစ်လှည့် ဝမ်းတထွာဖြည့်ဖို့ ကြိုးစားရတော့သည်။ စားဖို့သောက်ဖို့ထွက်ရှာရတာလည်းခက်ခဲလွန်းသည်။ ဘယ်နေရာမှာများ အသတ်ခံရမလဲ ဆိုပြီးရင်တဒိတ်ဒိတ်နဲ့နေရတဲ့ဘဝကြီးပင်။ အဝတ်အစားသားသားနားနား ဝတ်ပြီး လမ်းပေါ်ထွက်မိလျှင် ၊ ပတ်ဝန်းကျင်ကို ကျီးကန်းတောင်းမှောက်ကြည့်မိလျှင် ၊ လက်ထဲမှာ အထုပ်တစ်ထုပ် ဆွဲသွားလျှင် အသင့်စောင့်နေသော ဒုတ်ကိုင် ဒါးကိုင် လှံကိုင်လူအုပ်ကြီး အနားကပ်လာပြီး အဆွဲခံရပြီသာမှတ်ပေတော့ ။ အလွန့်အလွန်ကံကောင်းမှ ထိုလူအုပ်ထဲတွင် မိမိအသိလေးများပါမှ ကိုယ်သွားချင်ရာသွားလို့ရမည်။။ကံများဆိုးမိပြီ ဆိုလို့ကတော့ သူခိုးဖြစ်လိုက်သူသျှိုဖြစ်လိုက် ဒလန်ဖြစ်လိုက်နဲ့ သူတို့စွပ်စွဲချက်တွေ အောက်မှာ မနက်ဖြန်မိုးလင်းလျှင် မျက်နှာသစ်စရာခေါင်းမရှိမယ့် အဖြစ်ကို သက်ဆင်းခဲ့ရသောအဖြစ်ရောက်သွားမည် ။ထိုအဖြစ်ပျက်များသည် ယဉ်ကျေးလှပါသည်ဆိုသော ဗုဒ္ဓဘာသာမြန်မာပြည်၏ တကယ်ဖြစ်ခဲ့သော အရိပ်ဆိုးကြီးဖြစ်တော့သည်။ ‘၈’ အက္ခရာ ဂဏာန်း လေးလုံးပူးသော ထိုအချိန်သည် တကယ့်ဘီလူးတစ်ကောင် တစ္ဆေဆိုးကြီးအသက်ဝင်၍ လူအပေါင်းအား ညှို့ငင်ကာ စိတ်ရိုင်းများသွင်းသော အချိန်ဟုဆိုနိုင်သည် ။ လူတိုင်းလူတိုင်း သူ၏ခြောက်လှန့်မှူကို ခံစားခဲ့ရသည်။

ဒေါ်အေးသိန်းတို့ မိသားစု အဖို့ နံနက်မိုးလင်းသည်ဆိုသည်နှင့် ယခင်လို တရားသံများနှင့် မိုးမလင်းပဲ ‘ဒို့အရေး’ ‘မီးတုတ် မီးတုတ် ရှို့ ရှို့’ ‘ရလျှင်ရ မရလျှင် ချ’ ဆိုသော အော်ဟစ်သံများနှင့်သာမိုးလင်းခဲ့ရသည်။မနက်တိုင်း လမ်းတွေပေါ်တွင် ကျောင်းသားများ ၊အလုပ်သမားများ ၊သမဂ္ဂများ ၊အသင်းအဖွဲ့များနှင့် ဘာမှန်းမသိသော အသင်းအဖွဲ့များ ဖြင့် ပြည့်နှက်နေပြီး ချီတတ်လမ်းလျှောက်တွင်လည်း ခုံများ ရိုက်ချိုး ၊ဆိုင်များ ဖျက်ဆီးသွားကြတာချည်းသာ ဖြစ်၏။အသင်းအဖွဲ့များပေါလိုက်ပုံက-မိတ်ကပ်ပညာရှင်များဟူ၍ မိန်းမလျှာများကလည်း အဖွဲ့ဖွဲ့၏ ။ ဖွဲ့စရာမရှိတော့ အိမ်ရှိမိန်းမများကလည်း အိမ်ရှင်မများ သမဂ္ဂဖွဲ့တော့သည်။ဒေါ်အေးသိန်းတို့ရပ်ကွက် (၆)လမ်းထဲက မိမိသူငယ်ချင်း ဒေါ်ထားငွေ ဆိုသူပင် အိမ်ရှင်မများ သမဂ္ဂထဲပါသွားသေး၏ ။သူမ၏အပြောအရ ‘ပါချင်လို့မဟုတ်ဘူးရယ်..အဲလိုလေးလုပ်မှ ဝမ်းစိုတာ.တနေ့လုံးလိုက်သွားလိုက်. ပြန်လာတော့ အအေးဗူးလေးနဲ့ အထုပ်ကလေးပါဆွဲလို့ပေါ့ဟယ်..’ ။ဤသို့ အဖြစ်များလည်းရှိ၏ ။ မိမိလည်း သွားကားသွားချင်၏။နေ့စဉ် ဝမ်းစာအတွက်ကြိုးစားနေရသော မောင်ငယ်နှင့်လင်တော်မောင်အား သနား၍ဖြစ်သည်။သွားမိပါက လမ်းဘေးမှ လူအုပ်စုသတ်၍မသေပဲ မိမိလင်တော်မောင် ကိုသိန်းနိုင် သတ်၍ သေမည်ဖြစ်သည်။ အရေးအခင်း စပြီဆိုကတည်းက အရှုပ်ထဲရှင်းအောင်နေ ဟူ၍ အပြတ်ပြောထားလေသည်။
လင်တော်မောင် ကိုသိန်းနိုင်၏ ဖခင်မှာ ရဲတပ်ဖွဲ့ဝင်တစ်ဦး ဖြစ်သောကြောင့် ကိုသိန်းနိုင် မှာ ရဲတပ်ဖွဲ့များနှင့် ခင်မင်ရင်းနှီးလေသည်။ ယခုမူကား ထိုသို့ခင်မင်မှူသည် မိမိတို့မိသားစုအတွက် ကျိန်စာဖြစ်နေ၏။ တစ်နေ့တစ်နေ့ ကိုသိန်းနိုင် အား သိသိသာသာ စောင့်ကြည့်နေသူ များပြားလာပြီး အချို့ဆိုရင် အိမ်ရှေ့လမ်းတွင်ဖြတ်သွားဖြတ်လာလုပ်ရင်း ‘ခွင်ထဲဝင်လာလို့ကတော့ ခေါင်းအပြတ်ပဲ’ ဆိုသော စကားမျိုး မကြားကြားအောင် ပြောတတ်ချေသေး၏ ။ ကိုသိန်းနိုင်အဖို့ လူမှန် လူပု စိတ်တို မို့ အရေးအခင်း မဖြစ်မီကတည်းက လူချစ်လူခင်များသည့်အလျှောက် ရန်သူမုန်းသူ လည်းများခဲ့သည်။အစိုးရဝန်ထမ်းများနှင့် ပတ်သတ်နေသူများကို သူသျှိုများ ဒလန်များဟူ၍ သမုတ်ကာ သတ်ဖြတ်နေခြင်းမို့ အိမ်ဦးနတ်ကို ဝေးဝေးလံလံမသွားဖို့ အတန်တန်မှာထားရ၏ ။ယင်းအကြောင်းကိုသိသော မောင်ငယ် ထွန်းလွင်က ယောက်ဖ ကို စိတ်မချသောကြောင့် ၄င်းကိုယ်တိုင် ဝမ်းစာရှာနေခြင်းဖြစ်သည်။

ကြားရသော သတင်းများက မကောင်းချေ ။ရန်ကုန်မြို့ကြီးတွင် သွေးပင်လယ်ဖြစ်နေလေသည်။ ဘယ်အချိန်တုန်းကတော့ ဘယ်နေရာမှာ လူသတ်ပြန်ပြီ ဒီနားမှာခေါင်းဖြတ်ပြန်ပြီ ဆိုသောသတင်းတွေ၊ မင်းတို့ရပ်ကွက်ကို ဒီညမီးလာရှို့မယ်ဆိုသော သတင်းတွေတစ်ဖွဲဖွဲရောက်လာပြီး မိမိကျောပင်မိမိ မလုံတော့။ညတောင်ကောင်းကောင်းမအိပ်ရပဲ ကိုယ့်အိမ်ကိုယ့်ရာ ကိုယ့်လမ်း လုံခြုံဖို့ ဝါးရင်းတုတ်ကိုင် ကင်းစောင့်ရတဲ့ အခြေအနေရောက်နေလေသည် ။ ယခင်ကတည်းက တစ်နေ့လုပ်စာတစ်နေ့စားရတဲ့ ဘဝတွင် ခေတ်ကပျက်တော့ ပိုဆိုးခဲ့ရသည် ။


ဤသို့ ကျီးလန့်စာ စားနေရတဲ့အချိန်တွင် ရပ်ကွက်ထဲမှ လူမိုက်(သိုင်းဆရာဟောင်း)ကလည်း s.c.s က ခေါ်ယူတာဝန်ပေးသည်ဟု ဆိုကာ လူငယ်များ စုစည်း၍ ရပ်ကွက်လုံခြုံရေး ဟူ၍ အဖွဲ့ဖွဲ့တော့သည်။ စစချင်း အားကိုးရချည်ရဲ့ ဆိုရသော်လည်း ကြာလာသောအခါ တစ်ရပ်ကွက်ထဲသား အချင်းချင်းတောင် ‘ဒီကောင်က ဟိုဘက်အုပ်စုနဲ့ အဆက်အသွယ်ရှိတယ်’ ‘ဒီကောင်ကတော့ သူသျှိုဖြစ်နိုင်တယ်’ တို့နဲ့ စစ်ဆေးမေးမြန်းခြင်း အိမ်ပေါ်ထိပင် တတ်ရောက်ရှာဖွေခြင်းများ ပြုလုပ်လာကြသည်အထိ ရိုင်းပြလာကြပါတော့သည်။တောမီးလောင်တော့ တောကြောင်လက်ခမောင်းခတ်တဲ့ခေတ်တွင် နေရစားရသည်မှာ လုံခြုံမှူမရှိလှ။ ။အိမ်နောက်ဘက်တွင်ရှိသော ဆရာမ မမဝင်း တို့ဆိုရင် ဒေါ်အေးသိန်းတို့ အိမ်ဘက်ပြောင်းလာနေရတော့သည်။ သမီးပျိုရှိရင်တောင် မလုံခြုံတော့သော့ခေတ် အခါကြီးပါတကား။လင်တော်မောင်ကတော့ ပြောတယ် လူကြီးတွေပြောဖူးသလို “ဂျပန်တွေ ရွှာထဲဝင်လာလျှင်--ဆိုတာ ဒါကိုပြောတာ အသိန်းရေ “လို့ ဟာသဖောက်ပြီးပြောတယ်။မည်သူမျှ မရယ်နိုင်ကြပေမယ့် သူပြောတဲ့ ဆိုလိုရင်းကို အားလုံးမပြောပဲ သိနေခဲ့ကြပါ၏ ။

အပိုင်း(၂) ဆက်ပါမည် ။
(မိခင်ကြီးပြောပြသော ၈၈ ကာလ အတွေ့အကြုံများအား ဖတ်ရှူ၍ကောင်းမွန်စေရန် စာပြန်စီပါသည်-မင်းဇော်)

From:[_ အမေ့အိမ် _] (မောင်ကျောက်ခဲ အဖွဲ့)
Readmore »

မြန်မာအာဆီယံဥက္ကဋ္ဌရာထူးရလျှင် ဘယ်လိုအကျိုးရှိမလဲ ( သုတစာပေ )


အဲဒီအတွက် အခွင့်အလမ်းကိုသာ ကျွန်တော်တို့ ပီပီသသလုပ်နိုင်မယ်ဆိုရင် ၂၀၁၄ မှာ ဥက္ကဋ္ဌ ဖြစ်ရကြိုးနပ်မယ်လို့ ထင်ပါတယ်။ အဓိကတော့ ကျွန်တော်တို့ဝန်နဲ့ လာမယ့်လှိုင်းလုံးနဲ့ ကျွန်တော်တို့လှေနဲ့တန်ပါ့မလား။လှိုင်းလုံးကကြီးကြီး လှေက သေးနေရင်လှိုင်းကြီးအောက် လှေမြုပ်သွားနိုင်တယ်။ ကိုယ့်လှေကိုအရင်ကြီးအောင်လုပ်ထားဖို့လိုတယ်။ အထူးသဖြင့် ကျွန်တော်တို့ လှေ ပေါ်မှာပဲ့ ကိုင်တဲ့လူတွေ တော် မယ်ဆိုရင် လှိုင်းကြီးလှေကြီးပေ မယ့် အခက်အခဲမရှိနိုင်ဘူး။ ကျွန် တော်ထပ်တလဲလဲပြောနေတာလူ့ စွမ်းအားအရင်းအမြစ်နဲ့ စွမ်း ဆောင်ရည်က အရေးကြီးလို့ပြောချင်ပါတယ်။


ဒေါ်အောင်ဆန်းစုကြည်

အာဆီယံဥက္ကဋ္ဌဖြစ်ခြင်းအားဖြင့် မြန်မာနိုင်ငံအတွက် ဘာအကျိုးရှိနိုင်သလဲဆိုတဲ့ မေးခွန်းကတော့ 

အန်တီအမြင်ကတော့ မြန်မာနိုင်ငံအတွက် တကယ်အကျိုးရှိနိုင်တဲ့ကိစ္စက အာဆီယံဥက္ကဋ္ဌဖြစ်ရေး၊ မဖြစ်ရေး မဟုတ်ဘူး။ ပြည်သူတွေက ကျေနပ်ရေး၊ မကျေနပ်ရေးပဲဖြစ်တယ်။ ပြည်သူတွေက ငါတို့ရဲ့ နိုင်ငံဟာ တိုးတက်လာတယ်။ ငါတို့ရဲ့ဘ၀တွေဟာကောင်း မွန်လာတယ်ဆိုတာကို ခံစားရပြီဆိုရင် ဘယ်ဥက္ကဋ္ဌရာထူးနဲ့မှ နှိုင်းလို့မရတဲ့ဆုလာဒ်တစ်ခုပဲလို့ အန်တီကတော့ ဒီလိုပဲ မြင်တယ်။



ဦးမော်သန်း(စီးပွားရေးပညာရှင်)

အခွင့်အလမ်းအနေနဲ့ ကိုယ့်တိုင်းပြည်နဲ့ အာဆီယံ အ၀န်းအ၀ိုင်းရဲ့တိုးတက်ရာတိုးတက်ကြောင်း

အတွက် ကိုယ်တိုင်ကိုယ်ကျ ပါဝင်လုပ်ဆောင်နိုင်မှာပေါ့။ အာဆီယံ အင်တီဂရေးရှင်းကလည်း ဥက္ကဋ္ဌသက်တမ်းဖြစ်တဲ့ ၂၀၁၅မှာရှိတဲ့အတွက် အာဆီယံရဲ့ကျယ်ဝန်းတဲ့ကိစ္စတွေအတွက် တာဝန်ကျရောက်လာမယ်။ ပိုပြီး တာဝန်ကြီးပါတယ်။



မှူးဇော်(နိုင်ငံရေးဆောင်းပါးရှင်)

အာဆီယံဥက္ကဋ္ဌနေရာ ရယူ ရေးသည် မြန်မာနိုင်ငံအနေဖြင့်

 အာဆီယံအသိုင်းအ၀ိုင်း၌ တန်း တူရည်တူဖြစ်မှု၊ လူရာဝင်မှု၊ Image Promotion နှင့် Nation Branding ပြုလုပ်နိုင်မှုကို ကိုယ်စားပြုဖော်ညွှန်းနေသည်။ အဓိကအချက်မှာ နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ ဂုဏ်သိက္ခာဖြစ်သည်။

မကြာတော့သည့် ကာလအတွင်း Global Power အဆင့် ကူးပြောင်း တက်လှမ်းတော့မည့် အာရှအင်အားကြီးနိုင်ငံနှစ်နိုင်ငံကြားရှိ The Land in the Clash of Civilization ဖြစ်၍ အခွင့်အလမ်းရော စိန်ခေါ်မှုများပါ ရောယှက်ကြုံတွေ့နေရသည်။ မြန်မာနိုင်ငံအနေဖြင့် အာဆီယံဥက္ကဋ္ဌနေ ရာရယူခြင်းသည်မိမိနှင့်ထိုက်တန်သည့် နေရာမှန်ကို ပြန်လည်ရယူ နိုင်ရန် တက်လှမ်းလိုက်သည့် ခြေလှမ်းဖြစ်သည်။


 From:[_ 7Day News Journal _]
(မောင်ကျောက်ခဲ အဖွဲ့)
Readmore »

Aug 22, 2013

လေဖြတ်မည့် ရှေ့ပြေးလက္ခဏာ (၁၀)ချက်

 ၁။ ဦးခေါင်းနောက်စေ့တွင် ခေါင်းကိုင်ခြင်း၊ မကြာခဏ မူးဝေခြင်း။
(Sub occipital headache)



၂။ ခြေ,လက်တို့တွင် မကြာခဏ ကျဉ်ခြင်း၊ ကိုယ်လက် လေးလံထိုင်းမှိုင်းခြင်း။
(Tingling sensation of limbs)

၃။ မျက်ခွံနှင့် မျက်နှာကြွက်သားတို့ ဆတ်ခနဲလှုပ်ခြင်း၊ အသားကွက်၍ တဆတ်ဆတ်လှုပ်ခြင်း။
(Fluttering or Tic of eyelids and facial muscles)


၎။ မကြာခဏ ဝမ်းချုပ်ပြီး ဗိုက်တွင်လေပွနေခြင်း။
(Occassional constipation and fluctuation)

၅။ ညအိပ်ချိန် ကျဉ်ထုံခြင်း လန့်နိုးခြင်း။
(Tingling and numbress of limbs during sleep)

၆။ ဆီး အနီရောင်သွားခြင်း။
(Redness discolouration of urine)

၇။ ပစ္စည်းများကိုင်လျှင် မမြဲခြင်း၊ မကြာခဏ လွတ်ကျတတ်ခြင်း။
(Freguent fall down of objects when bandling)

၈။ ဘယ်ဘက်လက် ကိုက်ခဲပြီး လက်မတွင် ထုံခြင်း၊ ဘယ်ခြေဆွဲခြင်း။
(Tingling and aching sensation of left upper limbs, thumb and lower limbs)

၉။ အမျိုးသားများ အသက် ၄၅-နှစ်ကျော်လျှင် ရက်ရှည် ခြေ,လက် ထုံကျဉ်ခြင်း။
(Male over 45yrs,numbers sensation longtime)


အမျိုးသမီးများ သွေးဆုံးချိန်တွင် ခြေ,လက်များ ထုံကျဉ်ခြင်း။
လက်ညှိုး၊ လက်ခလယ် ကွေးရာမှ ချက်ချင်းဆန့်မရခြင်း။
(Numbness sensation during menolpasuse)



၁၀။ ရေချိုးပြီးလျှင် မျက်စိများ ကြာမြင့်စွာ နီရဲခြင်း။
(Redness of eye after bath (or) Conjunctivities after bath)

ကြိုတင်သိရှိပြီး လူသားများအားလုံး လေဖြတ်ခြင်း မှ ကာကွယ်နိုင်ကြပါစေ…..
( ဆုတင် မှတ်စု )
From:[_ FB Youth Activities (MYANMAR)_] (မောင်ကျောက်ခဲ အဖွဲ့)
Readmore »

Aug 20, 2013

သမ္မတ ဦးသိန်းစိန် သည် ကင်တားနားအား လုံးဝ(လုံးဝ) လက်ခံတွေ့ဆုံမည်မဟုတ်


 သမ္မတရဲ့ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်ရဲ့ဖေ့ဘုတ်စာမျက်နှာမှာ လွန်ခဲ့တဲ့ နာရီပိုင်းက သမ္မတကြီးအနေနဲ့ ကင်တားနား နဲ့တွေ့ဆုံဖို့ ရှိပါသလားလို့ သတင်းဌာနတွေရဲ့ အမေးကို တွေ့ဆုံရန် အစီအစဉ် လုံးဝ(လုံးဝ) မရှိပါကြောင်းလို့ ပြန်လည်ပြောဆိုခဲ့တယ် ဆိုတဲ့အကြောင်း မြန်မာနိုင်ငံသူနိုင်ငံသားများ ဝမ်းမြောက်စေဖို့ သတင်းကောင်း ဖြန့်ချီထားပါတယ် ခင်ဗျာ။


  (မောင်ကျောက်ခဲ အဖွဲ့)
Readmore »

၈၈၈၈ ကာလ ခေါင်းဖြတ်လူသတ်မှူကြီးများ အားဖော်ထုတ်ခဲ့ခြင်း သမိုင်းဖြစ်ရပ်မှန်

















(မောင်ကျောက်ခဲ အဖွဲ့)
Readmore »

သတင်းမှတ်တမ်းများကပြောသော ၈၈၈၈ ဖြစ်ရပ်မှန်များ- အပိုင်း( ၅)

















(မောင်ကျောက်ခဲ အဖွဲ့)
Readmore »


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ