Sep 12, 2014

ဘူးလက်လှဆွေပြောတဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အလွှဲများနှင့် လုပ်စားများ

ကျနော် တို့လူမျိုးမှာ အစွဲအလန်း တခု ရှိတယ်။ ဥပမာ ဘဝသံသရာ လို့ သီချင်းဆိုလိုက်တာနဲ့ ရထားတစ်စင်း တံတားပေါ်ကဖြတ်သွားတဲ့ပုံကို တွဲ မြင်တယ် ။ တခြားပုံ မမြင်တတ်ဘူး ။ ယော က။ ဂန့်ဂေါ က ။လို့ ပြောလိုက်ရင် စုန်းတွေ ကဝေ တွေ ရှိတဲ့ နေရာ က လို့ မြင်တယ် ။ ဒါကြောင့် ယောဆရာတော်ဘုရားက သူ့ဇာတိ ယောဒေသကို နာမည်ဆိုးနဲ့ ကြော်ကြားနေမှု့က ကင်းဝေးအောင် ယော ဆိုတာ ဘာသာ သာသနာ အလွန်ကိုင်းရှိုင်း တဲ့ နေရာဆိုတာ လူသိလာအောင် သူ တိပိဋက ဘွဲ့ ရတဲ့ အချိန်မှာ သူ့ နာမယ် ကို ယောဆရာတော် လို့ ခံယူခဲ့တာဖြစ်တယ် လို့ ကျနော့်ကို မိန့်ဘူးတယ် ။



မီဒီယာတွေ အနေနဲ့ လူထုကို မဟုတ် က ဟုတ်က သေခြာမသိဘဲ ရမ်းသန်းပြီး ပုံမဖေါ်သင့်ဘူး။ မြန်မာ ပြည်မှာ ဘယ်မှာလဲ ကျောက်မီးသွေး ကထုတ်တဲ့ လျှပ်စစ်စက်ရုံ ။ တီကျစ်က စက်ရုံ ဆိုတာ သေးသေးလေးဘဲ ဘာမှလဲပါတ်ဝန်းကျင်ထိခိုက်မူပြောလောက်အောင်ရှိတာ မဟုတ်ဘူး ။
ဘာရောဂါတွေ ဖြစ်လို့ အစုလိုက်အပြုံလိုက်ဆေးရုံတက်ရပါတယ်
ဆိုရင်ပြောပေါ့ ။ ဒီလောက်ကြီးဖြစ်တာမျိုးလုပ်ပါ့မလား။ စဉ်းစားကြည့်ပေါ့ ဂျပန်မှာ နာဂိုယာမြို့ ဆိုတာ နဲတာကြီးမဟုတ်ဘူး ။အဲ့ဒီမြို့နဲ့ ၄၃ မိုင် ဘဲကွာတယ် မဟာကျောက်မီးသွေး ဓါတ်အားပေးစက်ရုံကြီးက မီဂါဝပ် ၄၀၀၀ ကျော်တောင်ထွက်တယ် နဲတာကြီးမဟုတ်ဘူး။ ဘာအမှုံအမွှား မှ မထွက်ဘူး ။စွန့်ပြစ် ရေ ကသောက်ရေသန့်စက်ရုံ ကထွက်တဲ့ ရေနဲ့ အဆင့်တူတယ် ။အဲဒါကို clean coal technology လို့ခေါ်တယ် ။ ခုလုပ်မယ့်ကျောက်မီးသွေးသုံး လျှပ်စစ် ဓါတ်အားပေးစက်ရုံ တွေအားလုံး ဒီနည်းစဉ်အတိုင်းသွားမှာတွေချည်းဘဲ။ လူတွေကို ကျောက်မီးသွေးလို့ ပြောလိုက်တာနဲ့မီးခိုမဲမဲ တွေ မူတ်ထုတ်နေတဲ့ ဂျိမ်းဝပ် တည်ထွင်ခဲ့တဲ့ မီးရထားစက်ခေါင်းပုံကိုဘဲ မြင်လာအောင် အပျက်သဘောနဲ့ မဖေါ်ပြသင့်ဘူး ။

ဂျပန်က နာဂိုယာမြို့သူ ဖြူဖြူချောချောလေးတွေ ပုံ တင်ရမှာ ။ဒါမှ လူတိုင်းလိုအပ်နေတဲ့ လျှပ်စစ်ဓါတ်အား ရမှာ ။ ရေအားဆိုတာမိုးတွင်းမှာလျှံ နေပေမဲ့ နွေမှာကျောက်မီးသွေးနဲ့ အစားထိုးမှမီးမပြတ်မှာ။ ကျောက်မီးသွေး reserve က နောက်အနှစ် ၁၀၀ နဲ့ မကုန်ဘူး ။ နှစ်၁၀၀ ကျော်လို့ ကုန်သွားလဲ အင်ဒိုနဲ့ သြဇီ မှာ ကမ္ဘာ့အချိုဆုံး လောင်စာဈေးနဲ့ ရနိုင်တယ် ။oil & gas ဆိုတာလဲ အနှစ် ၂၀ ဆို ခန်းပြီ ။

သဘာဝပါတ်ဝန်းကျင်ပျက်ပါတယ်ဆိုတဲ့ ဆွေးနွေးပွဲ တခုတက်ပေးပါဆိုပြီးထင်ရှားတဲ့ အရပ်ဘက် အဖွဲ့အစည်းတခုကဖိတ်တယ် ။ ဘယ်မှာလုပ်မှာလဲဆိုတော့ရန်ကုန်က တော်ဝင်နှင်းဆီခန်းမ တဲ့ ။ ဒါနဲ့ ကျနော်ကပြောလိုက်တယ်။ အဲဒီခန်းမ ဘယ်ပိုက်ဆံနဲ့ဆောက်လဲဆိုတော့ သစ်တွေခုတ်ရောင်းပြီး ရတဲ့ငွေနဲ့ဆောက်တာလို့။သစ်တွေပြောင်ပြီး ခုမှပိုက်ဆံထား စရာမရှိ အောင်ချမ်းသာလာမှ အင်ဗာရိုမန်တယ် တွေဘာတွေ ထအော်နေတာလို့ နာမည်ကြီးဂျာနယ်တခု က CEO ဆိုသူလဲ ဒီလိုဘဲ ကျုပ်တို့ဂန့်ဂေါနဲ့ပခုက္ကူကြားက သစ်ကွက်တွေသူ့အဖေကုမ္ပဏီက ထုတ်လို့ အားရမှ ဘော်လုံးဂျာနယ်လေးထထုတ် လို့ပေါက် သွားတော့မှ အင်ဗာရိုမန်တယ် တွေထအော်နေတာလို့။ ခင်ဗျားတို့အစည်းဝေးခန်းက aircon နဲ့ mic နဲ့ soundboxနဲ့ဆိုခေါင်းစဉ်နဲ့မအပ်စပ်ပါဘူး။
သစ်ပင်အောက်မှာအင်ဖက်ရွက်ကိုကန်တော့ထိုး အော်လံ လုပ်ပြီးပြောရမယ်ဆိုမှ ဖိတ်လိုက်ပါ လို့ ပြောလိုက်တာ ဖုန်းပြန်မလာတော့ဘူး။

 From:[_U Hla Swe _]
(မောင်ကျောက်ခဲ အဖွဲ့)
Readmore »

Sep 10, 2014

ရိုဟင်ဂျာသူပုန် လက်ခံတဲ့ ကေအိုင်အေ ကို ပြည်ထောင်စုရန်သူအဖြစ် သတ်မှတ်ဖို့လိုပြီ

RSO ကုလားဆိုးဆိုတာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်း ကော့ဘဇား နတ်ချောင်စရီ နဲ့ ဘူစီ ဒုက္ခသည်စခန်းတွေမှာ လှုပ်ရှားနေပြီး ရိုဟင်ဂျာကို မြန်မာလူမျိုးအဖြစ်အသိအမှတ်ပြုရေး နဲ့ ဘူးသီးတောင် ၊ မောင်တော နဲ့ ရသေ့တောင် ဒေသ တွေကို ရိုဟင်ဂျာပြည်နယ် သတ်မှတ်ဖို့ ကြိုးစားနေတဲ့အဖွဲ့ ဖြစ်ပြီး မြန်မာနိုင်ငံကို စစ်ကြေငြာထားတာလည်း ဖြစ်ပါ တယ်။ မြန်မာနိုင်ငံမြောက်ပိုင်းမှာ တိုက်ပွဲတွေ ဖြစ်နေစဉ်မှာလည်း ကေအိုင်အေဟာ ဂေါ်ရခါးတပ်ရင်းဆိုပြီး အင်အား ၈၀ နဲ့ တပ်ရင်းတစ်ခုဖွင့်ခဲ့ဖူးတယ် ဆိုတဲ့ သတင်းတွေ ရှိခဲ့ဖူးပါတယ် ။ သူတို့ဟာ မွတ်ဆလင်များဖြစ်တယ်လို့ ဆိုထားပါ တယ် ။ ဂေါ်ရခါးလူမျိုးများဟာ မွတ်ဆလင်များမဟုတ်ပါဘူး ။

မွတ်ဆလင်တွေရဲ့ သဘောထားအမှန်
 ဒီဖြစ်ရပ်နဲ့ ပတ်သတ်ပြီး အင်္ဂလိပ်အစိုးရ လက်ထက်မှ သည် ဒီကနေ့ မြန်မာအစိုးရ လက်ထက်တိုင် ဂေါ်ရခါးသူပုန် ဆိုတာ မရှိဘူးလို့လည်း ဂေါ်ရခါးအဖွဲ့ချုပ် ခေါင်းဆောင် တစ်ဦးက ပြောဆိုခဲ့ပါတယ်။ အဲဒီတပ်ရင်းဖွဲ့စည်းပြီး နောက်ပိုင်း မှာ ကေအိုင်အေဟာ မီးရထား သံလမ်းများ နဲ့ လျှပ်စစ် တာဝါတိုင်တွေကို ဗုံးခွဲခြင်းများ ဆက်တိုက်ပြုလုပ်ခဲ့ဖူးပါတယ် ။ ထိုစဉ်ကတည်းက ကေအိုင်အေဟာရိုဟင်ဂျာ(သို့)မွတ်ဆလင်အစွန်းရောက်အကြမ်းဖက်သမားတွေနဲ့ အဆက်အဆံ ရှိနေပြီလို့ ဆိုရမှာပါပဲ ။ အခုအချိန်မှာတော့ RSO ရိုဟင်ဂျာအဖွဲ့နဲ့ တပ်နေရာချထားပေးပြီး အတူတူတိုက်ခိုက်ကြမယ်လို့ ကေအိုင်အေက ဗိုလ်မှုးကြီးအဆင့်ရှိ ဂျိမ်းစ်နဲ့ RSOကုလားဆိုးအဖွဲ့တို့ တွေ့ဆုံဆွေးနွေးခဲ့တယ် ဆိုတာကို သိလိုက်ရတော့ မြန်မာနိုင်ငံကို စစ်ကြေငြာတဲ့ အယ်လ်ခိုင်ဒါ အကြမ်းဖက်သောင်းကျန်သူတွေနဲ့ ဆက်စပ်မှုဖြစ်နိုင်သလားလို့တောင် တွေးမိပါတယ် ။ ကေအိုင်အေကိုကြည့်မယ်ဆိုလည်း အပစ်အခတ်ရပ်စဲရေးကို လက်မှတ်မထိုးဘူးလို့ ပြောတာကို တွေ့နေရပါတယ် ။ နိုင်ငံရေးဆွေးနွေးပွဲကိုပဲ တိုက်ရိုက်သွားမယ်လို့ပဲ ပြောနေခဲ့တာ ဖြစ်ပါတယ်။ အခုအချိန်မှာလည်း ကချင်ပြည်နယ်တွင်း မှာ တိုက်ပွဲတွေ အနည်းငယ် ဆက်လက်ရှိနေပြီး မီဒီယာတွေ ဖော်ပြသမျှတော့ စစ်တပ်တတ်လာတဲ့ လမ်းကြောင်းကို ပိတ်ဆို့တိုက်ခိုက်လို့ စစ်သားတွေကျဆုံးမှုရှိနေပြီး တိုက်ပွဲတိုင်း ကေအိုင်အေနဲ့ တအောင်းတပ်တွေက အောင်ပွဲဆင်လို့ ဆိုတာပဲတွေ့နေရပါတယ် ။ ဒါကြောင့် တိုက်ပွဲတွေဟာ ကေအိုင်အေတို့ရဲ့ တစ်ဖက်သက်တိုက်ပွဲတွေများ ဖြစ်နေ မလားလို့ တွေးတော မိလာပါတယ် ။ ကမ္ဘာတဝှမ်းမှာ မွတ်ဆလင်အကြမ်းဖက်သောင်းကျန်မှုတွေကြောင့် ဒုက္ခတွေ များနေတာလည်း အားလုံးအသိပဲဖြစ် ပါတယ် ။

IS သူပုန်တွေရဲ့  ဆိုးယုတ်မှုများကလည်း အော့နလုံးနာစရာဖြစ်လာသလို အယ်လ်ခိုင်ဒါ တွေရဲ့  ခြိမ်းခြောက်မှု တွေကလည်း တနေ့ထက်တနေ့ များများလာတာ ကိုလည်း တွေ့နေရဆဲပါ။ မြန်မာနိုင်ငံကိုလည်း စစ်ကြေငြာထားတဲ့ အယ်လ်ခိုင်ဒါတွေအန္တရာယ်ကြောင့် နယ်စပ်တွေမှာ လုံခြုံရေးအခြေအနေတင်းကြပ်နေဆဲကာလမှာ ကချင်ဒေသမှာ ကေအိုင်အေဟာ မြန်မာတမျိုးသားလုံး မလိုလားတဲ့ ရိုဟင်ဂျာကို လက်ခံထားတာဟာ မြန်မာပြည်တစ်ခုလုံးကို မျက်ကွယ်ပြုပြီး မြန်မာတိုင်းရင်းသားတွေထဲမှာ ရိုဟင်ဂျာပါတယ်လို့ ကြေငြာလိုက်ခြင်းနဲ့ တူပါတယ်။ ဖြစ်ပွါးခဲ့တဲ့ တိုက်ပွဲတွေကြောင့် ဒေသခံ ရှမ်းတိုင်းရင်းသားတွေ အပြင် မှော်အလုပ်သမား တွေကို ပါ လူသစ်စု နေရတဲ့ ကေအိုင်အေ အနေနဲ့ အင်အားများလာဖို့ အတွက် ရိုဟင်ဂျာတွေကို ကချင်ဒေသမှ လက်ခံလိုက်ခြင်းကြောင့် သားဖောက်နှုန်းမြန်ပြီး အစွန်းရောက်ဝါဒီများအတွက် နေရာတစ်ခုလည်း ရသွားပါပြီ ။ နောက်ဆိုရင် ဘင်္ဂလီတွေကို ရိုဟင်ဂျာလို့ သတ်မှတ်ခိုင်း နေတဲ့ အဖြစ်အပြင် ကချင်ဒေသမှာ အသစ်ဖြစ်လာမယ့် ကချင်+ရိုဟင်ဂျာ မျိုးဆက် “ချင်ဂျာ” ဆိုတဲ့ လူမျိုးတစ်ခု ထပ်ဖြစ် လာမယ့် အရေးလည်း ကြိုမြင်နေပါတယ် ။

 ဒါ့ကြောင့် မြန်မာလူမျိုးတစ်ရပ်လုံး လက်မခံတဲ့ ရိုဟင်ဂျာတွေကို ကချင်စစ် ခေါင်းဆောင်တွေအနေနဲ့ လက်မခံဖို့နဲ့ တကယ်လို့ လက်ခံပြီး စစ်စခန်းတွေဖွင့်ခဲ့မယ်ဆိုရင် ပြည်ထောင်စု ရန်သူအဖြစ် သတ်မှတ်ပြီး ပြတ်ပြတ်သားသား ကိုင်တွယ်ဖြေရှင်းပေးပါဆိုပြီး သမ္မတကြီးနဲ့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်တို့ကို တိုက်တွန်းတဲ့အနေနဲ့  မြန်မာပြည်သူတွေ ဝိုင်းဝန်းဆန္ဒဖော်ထုတ် တောင်းဆိုကြရတော့မယ် ဖြစ်ပါတယ် ။ ကေအိုင်အေနဲ့ ရိုဟင်ဂျာ သူပုန် ( RSO ကုလားဆိုး) တို့ တပ်နေရာချထားရေး ဆွေးနွေးသည့် ဗီဒီယိုဖိုင်များကို ကြည့်ရှုရန် -
 https://www.youtube.com/watch?v=1k68QDebvRE (အပိုင်း- ၁ ) https://www.youtube.com/watch?v=pnv5IvMeCgw ( အပိုင်း -၂ )
Myo Myint Aung
 (မောင်ကျောက်ခဲ အဖွဲ့)
Readmore »

Sep 9, 2014

ခေါတ်သစ် ပေါ်ဦး အမေး၊ အဖြေ

မင်းကြီး ။ ဟဲ့… ပေါ်ဦး နင်ကိုးကွယ်နေတာ ဘာကြီးလဲ

ပေါ်ဦး ။ ပုပ္ပါးက မယ်တော်ရုပ်ကြီးပါဘုရား

မင်းကြီး ။ ဟဲ့… သူ့ချည်းသာလော

ပေါ်ဦး ။ ဒေါင်းမြှီးလေးပါ ပါတယ်ဘုရား

-----------------------

မင်းကြီး ။ ဟဲ့… ပေါ်ဦး နိုဗယ်ဆုရှင် ဥရောပသွား
ဘာပြော သတုန်းဟဲ့

ပေါ်ဦး ။ ဘားမား ပဲခေါ်ဆို အမြဲပြောတယ်ဘုရား

မင်းကြီး ။ ဟဲ့… သူ့ချည်းသာလော

ပေါ်ဦး ။ စီးပွားရေး ပိတ်ဆို့ထားဖို့လေးနဲ့ပါဘုရား

-------------------------

မင်းကြီး ။ ဟဲ့… ပေါ်ဦး… အသားထဲ ဘာအသားအ
ကောင်းဆုံးလဲ

ပေါ်ဦး ။ မဲနေတဲ့ အမဲသားပါဘုရား

မင်းကြီး ။ ဟဲ့…သူ့ချည်းသာလော

ပေါ်ဦး ။ ၅၉(စ) ပယ်ဖျက်ရေး ကလေး နဲ့ပါဘုရား

------------------------

မင်းကြီး ။ ဟဲ့… ပေါ်ဦး… ရိုးရိုးမဲ မနိုင်ရင် ဘာကောင်း
သလဲ

ပေါ်ဦး ။ လမ်းပေါ်ထွက်တာ ကောင်းတယ်ဘုရား

မင်းကြီး ။ ဟဲ့…သူ့ချည်းသာလော

ပေါ်ဦး ။ ၈၈ တွေနဲ့ ပေါင်းတာပေါ့ဘုရား

-------------------------

မင်းကြီး ။ ဟဲ့… ပေါ်ဦး… အတိုက်အခံ အရည်အချင်း
ဆိုတာဘာလဲ

ပေါ်ဦး ။ ဘာပဲဖြစ်ဖြစ် ကန့်လန့်တိုက်ရပါမယ်ဘုရား

မင်းကြီး ။ ဟဲ့… သူ့ချည်းသာလော

ပေါ်ဦး ။ အနောက်အားကိုးရပါမယ်ဘုရား

--------------------------

မင်းကြီး ။ ဟဲ့… ပေါ်ဦး ဒီခေါတ် ဘာအလုပ်ကောင်း
သလဲ

ပေါ်ဦး ။ ဒေါင်းအမတ်ပါ ဘုရား

မင်းကြီး ။ ဟဲ့…သူ့ချည်းသာလော

ပေါ်ဦး ။ ထောက်ပံ့ကြေးတွေနဲ့ပါဘုရား

---------------------------

မင်းကြီး ။ ဟဲ့… ပေါ်ဦး လက်ရှိပေါ်ပြူလာ အဖြစ်ဆုံးက
ဘာသတင်းတုန်းဟဲ့

ပေါ်ဦး ။ ခေါင်းလောင်း ဆယ်တာပါဘုရား

မင်းကြီး ။ ဟဲ့… သူချည်းသာလော

ပေါ်ဦး ။ အစိုးရက အာရုံလွှဲတာနဲ့ပါ ဘုရား

------------------------------

မင်းကြီး ။ ဟဲ့… ပေါ်ဦး လက်ရှိ အကောင်းဆုံးကြွေး
ကြော်သံတွေ ဘာတွေလဲဟဲ့

ပေါ်ဦး ။ လူ့အခွင့်အရေး၊ မီဒီယာလွတ်လပ်ခွင့်ပါဘုရား

မင်းကြီး ။ ဟဲ့… သူ့ချည်းသာလော

ပေါ်ဦး ။ သံဃာတွေကိုဆဲဆိုရင်း၊ အစိုးရကိုအပုပ်ချရင်း
နဲ့ပါဘုရား

--------------------------------

မင်းကြီး ။ ဟဲ့… ပေါ်ဦး အကောင်းဆုံး စားပေါက်က
ဘာရှိတုန်းဟဲ့

ပေါ်ဦး ။ မြို့သစ်တည်တာပါဘုရား

မင်းကြီး ။ ဟဲ့…သူ့ချည်းသာလော

ပေါ်ဦး ။ ဆွေမျိုးပေါက်ဖေါ် တွေနဲ့ပါဘုရား

-----------------------------------

မင်းကြီး ။ ဟဲ့… ပေါ်ဦး ပြောစမတ်ပြုရတဲ့ လူထုထောက်
ခံပွဲကြီးက ဘာတုန်း

ပေါ်ဦး ။ ၄၃၆ ပြင်ဆင်ရေး ပွဲကြီးပါဘုရား

မင်းကြီး ။ ဟဲ့…သူ့ချည်းသာလော

ပေါ်ဦး ။ ၁၀ နှစ်အောက်ကလေးတွေနဲ့ ကုလားတွေနဲ့ပါ
ဘုရား

U Ayechan Min Anawrahta
 (မောင်ကျောက်ခဲ အဖွဲ့)
Readmore »

Sep 3, 2014

UNFC တိုင်းရင်းသားအားလုံးကို ကိုယ်စားပြုရဲ့လား

UNFC (United Nationalities Federal Council)ဟူသည် ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီဖြစ်ပြီး တိုင်းရင်းသား လူမျိုးပေါင်းစုံကို ကိုယ်စားပြုထားသည့်၊ အင်အားတောင့်တင်းသော၊ တိုင်းရင်းသားများ အချင်းချင်း စည်းလုံး ညီညွတ်စွာ တည်ဆောက်ထားသော အဖွဲ့စည်းကြီး တစ်ခုအဖြစ် ထင်ကောင်းထင်ကြပေလိမ့်မည်။ ထိုအဖွဲ့စည်းကြီးကို မည်သူဦးဆောင်နေသလဲ၊ သူတို့ရဲ့ ခံယူချက်တွေဟာ ဘာတွေလဲ၊ UNFC ၏ အင်အားကရော ဘယ်လောက်ရှိသလဲ၊ ဤအဖွဲ့စည်းဟာ တိုင်းရင်းသားလူမျိုးစုတွေကို အမှန်တကယ်ပဲ ကိုယ်စားပြု ရပ်တည်နေသလားဆိုတာကိုတော့ မည်သူမျှအမှန်တိုင်းတိတိကျကျ သိကြလိမ့်မည်မဟုတ်ပေ။ ယခု ဆိုလျှင် သြဂုတ်လ (၂၆) ရက်နေ့မှစတင်ပြီး ထိုင်းနိုင်ငံတွင်ကျင်းပနေသည့် UNFC ၏ဆွေးနွေးပွဲမှ KNU အဖွဲ့ နှုတ်ထွက် သွားချင်း နှင့် ပက်သက်၍ UNFC အပေါ်ပြည်သူအားလုံး စိတ်ဝင်စားနေကြသည်။ ယခုအချိန်တွင် စာရေးသူအနေဖြင့် UNFC ဟူသည့် အဖွဲ့အစည်း အကြောင်း ထုတ်ဖော် ပြောပြချင်ပါသည်။


UNFC အဖွဲ့စည်းကို ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင်ထိုင်းနိုင်ငံ၌ကျင်းပခဲ့သော တိုင်းရင်းသားလူမျိုးများ ညီလာခံ တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့စည်း (၁၂) ဖွဲ့ဖြင့်စတင် ဖွဲ့စည်းခဲ့ကြခြင်း ဖြစ်ပေသည်။ စတင်ဖွဲ့စည်းချိန်ကပင် မြန်မာနိုင်ငံ၏ အင်အားအကြီးမားဆုံးသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်သည့် “၀”(UWSA) အဖွဲ့၊ “၀” ၏ မဟာမိတ်အဖွဲ့ဖြစ်သည့် NDAA (မိုင်းလား)အဖွဲ့နှင့် RCSS/SSA အဖွဲ့တို့မှာ ပါဝင်ခဲ့ကြခြင်းမရှိခဲ့ပေ။ ပါဝင်ခဲ့သော အဖွဲ့စည်းများမှာလည်း (၁၂)ဖွဲ့ဟု ကြေငြာခဲ့သော်လည်း အမှန်တကယ် လက်ညှိုးထိုးပြစရာ အဖွဲ့စည်းဟူ၍ KIA၊ KNU နှင့် SSPP တို့သာပါရှိလေသည်။ ကျန်ရှိသောအဖွဲ့များမှာ အမည်ခံ အိမ်ပြည့်သဘောမျိုးဖြင့် ဖွဲ့စည်းထားသော လက်နက်ကိုင် အဖွဲ့ငယ်ကလေး များဖြစ်ကြပေသည်။ နိုင်ငံတကာမှ မြန်မာ့ငြိမ်းချမ်းရေး လေ့လာသူ အကဲဖြတ်များ၏ ခန့်မှန်းချက်များအရ UNFC အဖွဲ့ဝင် ၁၂ ဖွဲ့အနက် အင်အားအနေဖြင့်ဖော်ပြနိုင်သော အဖွဲ့စည်းများမှာ ၈ ဖွဲ့သာရှိသည်ဟု သိရှိခဲ့ရသည်။ ကျန်သော အဖွဲ့ ၄ ဖွဲ့မှာ ဖော်ပြစရာအင်အားဟူ၍ မယ်မယ်ရရပင်မရှိကြပေ။ ဖွဲ့စည်းထားသောအဖွဲ့များ ကိုကြည့်လျှင်လည်း ကချင်တွင် KIA နှင့် KNO ဟူ၍ နှစ်ဖွဲ့ပင်ထပ်မံခွဲထားသေးကြောင်း တွေ့ရပေလိမ့်မည်။ PNLO နှင့် PSLF အဖွဲ့ များမှာလည်း KIA မှ အင်အား၊ လက်နက်ခွဲဝေ ဖွဲ့စည်းပေးထားသည့်အဖွဲ့များ ဖြစ်ပေသေးသည်။ အင်းအားကိုကြည့်မည်ဆိုလျှင်လည်း UNFC တွင် အဖွဲ့ (၁၂) လုံးပေါင်းပါမှ အင်အား ၁၅၈၅၀ ခန့်သာရှိပေသည်။ မြန်မာနိုင်ငံရှိ တိုင်းရင်းသားလူမျိုးများ၏ လူဦးရေနှင့် UNFC တွင်ပါဝင်သော တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ၏ လူဦးရေကို နှိုင်းယှဉ်အချိုးချကြည့်ပါက UNFC သည် တိုင်းရင်းသားလူမျိုး များကို အမှန်တကယ်ကိုယ်စားပြုသော အဖွဲ့စည်းတစ်ခု မဟုတ်ကြောင်း ရှင်းလင်းစွာ တွေ့ရပေလိမ့်မည်။

အဖွဲ့စည်းထဲတွင် KIA နှင့် KNU တို့သာ အင်အား ၅၀၀၀ ခန့်စီရှိကြပြီး ရာခိုင်နှုံးအားဖြင့် အများဆုံး ပါဝင်နေကြပေသည်။ အဖွဲ့၏ အရေးကြီးသော ခေါင်းဆောင်ပိုင်းနေရာများကိုလည်း ထိုအဖွဲ့နှစ်ဖွဲ့မှပင် ချုပ်ကိုင်ထားလျှက် ရှိပေသည်။ UNFC ၏သမိုင်းကြောင်းကို ပြန်လည်ကြည့်ရှုလျှင်လည်း အင်အားအတန်ငယ် အသင့်အတင့်ရှိသော KIA သည် အခြားတိုင်းရင်းသား အဖွဲ့များအပေါ်တွင် ဗိုလ်ကျ လွှမ်းမိုးချုပ်ကိုင်လိုသည့် ရည်ရွယ်ချက်ဖြင့်သာ စတင်ဖွဲ့စည်းခဲ့ကြောင်း သိရှိရပေလိမ့်မည်။ ယခုအခါတွင် KIA အဖွဲ့နှင့် အင်အားတန်းတူ ရည်တူရှိသော KNU အဖွဲ့သည် ချင်းမိုင်ဆွေးနွေးပွဲတွင် UNFC ၏ မူဝါဒလမ်းစဉ်များနှင့် ဖွဲ့စည်းပုံသည် အစိုးရနှင့် ဆွေးနွေးရာ၌ ငြိမ်းချမ်းရေးကိုဦးမတည်ပဲ ထိပ်တိုက်ရင်ဆိုင်ရေးကိုသာ ဦးတည်သည်ဟု ဆိုကာ ဆွေးနွေးပွဲမှ နှုတ်ထွက်သွားခဲ့ချေပြီဖြစ်သည်။ ထို့ကြောင့် UNFC ၏အဓိက အင်အားကြီးမားသော KNU လိုအဖွဲ့စည်းကြီးနှုတ်ထွက်ခဲ့ခြင်းမှာ UNFC အတွက် သိသိသာသာ အင်အား လျော့နည်းသွားမှုများ ဖြစ်ပေါ်ခဲ့ပေသည်။

UNFC တွင်မပါဝင်ပဲ အစိုးရနှင့် သီးခြားဆွေးနွေး၍ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများလုပ် ဆောင်နေသော အဖွဲ့စည်းများ၏ အင်အား ကိုလည်း အနည်းငယ်ဖော်ပြလိုသေးသည်။ အစိုးရနှင့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေး၍ အပစ်ခတ်ရပ်စဲထားသော UWSA “၀” အဖွဲ့မှာ အင်အား ၃၀၀၀၀ခန့်၊ NDAA အဖွဲ့မှာ အင်အား ၁၅၀၀ ခန့် နှင့် RCSS အဖွဲ့မှာလည်း အင်အား ၆၀၀၀ ခန့်ရှိပေသည်။ ထို့အပြင် BGF ( Border Guard Force ) ခေါ်အစိုးရနှင့် ပူးပေါင်း၍ ဒေသ ကာကွယ်ရေးများလုပ်ဆောင်နေသော အဖွဲ့စည်းများဆိုလျှင် လည်း ရှမ်းပြည်နယ်တွင် အဖွဲ့ဝင်ပေါင်း ၁၅၀၀ခန့်၊ ကရင်ပြည်နယ်တွင် ၄၀၀၀ခန့်၊ ကချင်ပြည်နယ်တွင် ၁၀၀၀ ခန့်၊ ကယားပြည်နယ်တွင် ၇၀၀ခန့် စသည်တို့ဖြင့် ရှိကြပေသည်။ အဆိုပါအဖွဲ့စည်းများ၏ အင်အားနှင့် UNFC မှနှုတ်ထွက်ခဲ့သော KNU၏ အင်အား ကိုပါ ပေါင်းထည့် လျှင်ဖြင့် စုစုပေါင်းအင်အား ၅၁၂၀၀ ရှိပြီး ၁၀၈၅၀ ခန့်သာ ရှိသော UNFC ထက် အင်အား ၅ ဆခန့် ပိုမို များပြားသည်ကို တွေ့မြင်ရပေလိမ့်မည်။

နိဂုံးအနေနှင့်ဆိုရလျှင် UNFC အဖွဲ့နှင့် UNFC အဖွဲ့ဝင်မဟုတ်သော တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ အင်အားစုများကို နှိုင်းယှဉ်ပါက UNFC သည် မြန်မာနိုင်ငံရှိတိုင်းရင်းသားလူမျိုးစုများကို ကိုယ်စားမပြုသည့် အဖွဲ့စည်းတစ်ခုဖြစ်သည်မှာ ပေါ်လွင် ထင်ရှား လျက်ရှိပေသည်။ နဂိုကပင် ချို့တဲ့သော အင်အားဖြင့် တည်ထောင်ထားသော UNFC ၏ တိုင်းရင်းသားတပ်ပေါင်းစု တည်ဆောက် ရေး ဆိုသည်မှာ လက်တွေ့မဆန်သော စိတ်ကူးယဉ်အိမ်မက်တစ်ခု ဖြစ်ပေလိမ့်မည်။ ထို့ကြောင့် UNFC ဆိုသည်မှာလည်း မည်သည့် တိုင်းရင်းသား လူမျိုးစုကိုမှ ကိုယ်စားမပြုသော၊ နောက်ခံ တပ်အင်အား စိုးစဉ်းမျှဖြင့် လူတွင်ကျယ်လုပ်ချင်ကြသော လူလည် နိုင်ငံရေး သမားများ၏ နိုင်ငံတကာထောက်ပံ့ကြေး ရရှိရေးအတွက် လုပ်ကြံဖန်တီးထားသော အဖွဲ့စည်းတစ်ခုအဖြစ် မြင်တွေ့လာရကြောင်း သုံးသပ်ရပါသည်။

From:[_ Today Myanmar _]
(မောင်ကျောက်ခဲ အဖွဲ့)
Readmore »

စိတ်ဓာတ်က တန်ဖိုးမရှိတာလား၊ ဘွဲ့ဝတ်စုံက တန်ဖိုးမရှိတာလား

မကြာသေးခင်က ဂျာနယ်တစ်စောင်ရဲ့ ကာတွန်းမှာ ဘွဲ့ဝတ်စုံ ဝတ်ထားတဲ့ ဓာတ်ပုံကို ကလေးတစ်ယောက်က ကြည့်ပြီးတော့ သူ့ဖခင်ကို “ဒါဆန္ဒပြဝတ်စုံလား ဟင်” လို့ မေးလိုက်တာကို တွေ့ပြီး အတော်လေး စိတ်မကောင်း ဖြစ်သွားမိပါတယ်။ လူငယ်တွေ ဘွဲ့ဝတ်စုံနဲ့ ပတ်သက်ပြီး လုပ်ဆောင်နေချက်တွေကို သတိထား ဆင်ခြင်သင့်ပြီ ထင်ပါတယ်။ 



တက္ကသိုလ် ဆရာ၊ ဆရာမတွေလည်း ကိုယ့်တပည့်တွေ လုပ်ဆောင်နေမှုနဲ့ ပတ်သက်ပြီး သင့်မသင့် ပြောကြားကြစေချင်ပါတယ်။ ခုတစ်လော ကျောင်းသားတွေ ဆန္ဒပြနေကြတာ ဘွဲ့ဝတ်စုံဝတ်ပြီး ပဲပြုတ်တောင်း ခေါင်းရွက်၊ ရေစည်လှည်းတွန်း၊ ဆိုက်ကားနင်းပြတဲ့ Performance တွေ လုပ်နေတာတွေကို တွေ့ရပြီး စိတ်မချမ်းသာလွန်းတဲ့အတွက် ဒီစာကို ရေးမိပါတယ်။ ဘွဲ့ဝတ်စုံဝတ်ပြီး အခမ်းအနား တက်တယ်ဆိုတာ ဘွဲ့ကို သို့မဟုတ် လက်မှတ်ကို လေးစားဂုဏ်ပြုပြီး အားလုံး ယူနီဖောင်းဖြစ်အောင် ဝတ်ဆင်ကြရတာ ဖြစ်ပါတယ်။ ဘွဲ့ဝတ်စုံအောက်မှာ သိန်းချီ၊ သန်းချီပြီး ဝတ်စားထားလည်း သတ်မှတ်ထားတဲ့ ဘွဲ့ဝတ်စုံအောက်မှာ တစ်သွေးတည်း တစ်သားတည်း ဖြစ်ကြောင်း ပြဆိုဖို့ ဆင်တူ ဝတ်ဆင်ထားကြတာလည်း ဖြစ်ပါတယ်။ ကျွန်တော်တို့ တက္ကသိုလ် တက်တုန်းက နောက်ဆုံးနှစ် ဘွဲ့ယူခါနီးတော့ အဆောင်မှူးကို ကျောင်းသားတွေထဲက တစ်ဦးက “ဆရာကြီး ကျွန်တော်တို့ ဆိုက်ကားစီးပြီး ဘွဲ့လာယူလို့ မရဘူးလား” လို့ ထမေးလိုက်ပါတယ်။

 မြန်မာစာ ပါမောက္ခဖြစ်တဲ့ ဆရာကြီးက ပြုံးရွှင်စွာပဲ “ရတာပေါ့ တပည့်တို့ရာ၊ ဒါပေမဲ့ တစ်ခုစဉ်းစားဖို့ သင့်တာပေါ့။ ဘွဲ့ဝတ်စုံဆိုတာ လူတိုင်း ဝတ်နိုင်တာမှ မဟုတ်တာ။ နေရာတိုင်း ဝတ်ရတာမှ မဟုတ်တာ။ တပည့်တို့ကို ဘွဲ့ပေးတယ် ဆိုတာကလည်း တတ်တာ၊ မတတ်တာ ထက်၊ တပည့်တို့ကို အဆင့်အတန်းတစ်ခု အနေနဲ့ သတ်မှတ်ပေးလိုက်တာ။ တပည့်တို့ လေးနှစ်တာကာလ ဤတက္ကသိုလ်ကြီးတွင် သင်ယူခဲ့ကြကြောင်း ဂုဏ်ပြုတဲ့အနေနဲ့ ပေးတာ။ ပေးတဲ့ တက္ကသိုလ်ကဘွဲ့ကို လမ်းဘေးကလူ လာမယူနိုင်ဘူး။ တက္ကသိုလ်ဘွဲ့ကို လမ်းဘေးက အဝတ်အစားနဲ့ တက်ယူလို့ မရဘူး။ အဲဒါ ဂုဏ်တစ်ခု၊ အဆင့်တစ်ရပ် အနေနဲ့ သတ်မှတ်ထားတာ။ အဲဒါကို တပည့်တို့က ဘွဲ့ဝတ်စုံ ဝတ်လာပြီး ဆိုက်ကားနဲ့လာမယ် ဆိုရင်လည်း ဘွဲ့ဝတ်စုံနဲ့ ဂုဏ်အပေါ် တပည့်တို့က ဘယ်လိုသတ်မှတ်သလဲ ဆိုတဲ့ စိတ်နဲ့ အဆင့်အတန်းကို ပြန်ပြတာပဲ။ တန်ဖိုးဆိုတာ တစ်ခါတလေ “သိ” မှ “ရှိ” တာပါ” ဆိုတဲ့ စကားကို တစ်သက်လုံး မှတ်သားခဲ့ရတဲ့ ကျွန်တော်တို့ အဖို့ကတော့ ကိုယ့်ခေတ်ကိုယ့်အခါက လမ်းညွှန်သင်ပြနိုင်ခဲ့တဲ့ ဆရာတွေနဲ့ ကြုံတွေ့ခဲ့ရတာကိုပဲ ကျေးဇူးကြီးလှပြီလို့ ယူဆနေမိပါတယ်။


 ဘွဲ့က တန်ဖိုးမရှိဘူး။ အလကားဘွဲ့။ သုံးစားမရတဲ့ဘွဲ့လို့ အထပ်ထပ် အော်နေတာလည်း ကြားနေရပါတယ်။ ကျွန်တော် အထက်မှာ ပြောခဲ့သလို တန်ဖိုးဆိုတာ “သိ” မှ “ရှိ” တာဆိုတဲ့ စကားကိုပဲ ပြန်ညွှန်းပါရစေ။ ဘွဲ့ရခဲ့တဲ့ ပုဂ္ဂိုလ်တွေကို ကျွန်တော်တစ်ခု သတိပေးချင်ပါတယ်။ ခင်ဗျားတို့ ဘယ်နည်းနဲ့ပဲ ဘွဲ့ရလာသည် ဖြစ်စေ သတ်မှတ်ထားတဲ့ အရည်အချင်းစစ် စာမေးပွဲကို မအောင်မြင်ဘဲနဲ့ အဲဒီဘွဲ့ကို မရပါဘူး။ သတ်မှတ်ထားတဲ့ အခကြေးငွေများ အကျေ ပေးဆောင်ရတယ်။ ကျောင်းခေါ်ကြိမ် မှန်အောင် တက်ခဲ့ကြရတယ်။ ဒါမှလည်း စာမေးပွဲ ဖြေဆိုခွင့်ကို ဦးစွာရတယ်။ စာမေးပွဲ ဖြေခွင့်ရ၊ စာမေးပွဲအောင်မှ ဘွဲ့ရလာတဲ့သူတွေချည်းပါပဲ။ ဘယ်သူမှ ဘွဲ့တစ်ခုကို အလကား မရပါဘူး။ ဘွဲ့ရပြီး အလုပ်ရတာ၊ မရတာ၊ လုပ်တာ၊ မလုပ်တာက တစ်ပိုင်းလို့ ထင်ပါတယ်။ အဲဒါကလည်း ဘွဲ့ဝတ်စုံနဲ့ မဆိုင်ပါဘူး။ ဘွဲ့ယူရင် သတ်မှတ်ချက်မှာ ဘွဲ့ယူအခမ်းအနားသို့ တက်ရောက်သူများသည် ပညာရှင်များပီပီ မိမိတို့ ပညာရပ်ဆိုင်ရာ ဘွဲ့ဝတ်စုံများကို၊ ဂုဏ်အဆင့်အတန်းနှင့် ကိုက်ညီစွာ ဝတ်ဆင်ရမည်ဆိုတာ နိုင်ငံတကာစံပါ။ ကိုယ့်တစ်နိုင်ငံတည်းက တီထွင်ထားတာ မဟုတ်ပါဘူး။ ဘွဲ့ယူတဲ့ စနစ်ကလည်း မြန်မာ့နည်းမြန်မာ့ဟန် မဟုတ်ပါဘူး။ အနောက်တိုင်းစတိုင်၊ အလေ့အထတွေအတိုင်း ဘွဲ့ယူ၊ ဘွဲ့ပေးနေကြတာပါ။ လူတိုင်း သူ့နေရာနဲ့ သူ့အထာ ဆိုတာကို ဂရုစိုက်ကြရပါတယ်။ 

ဘာကြောင့်လဲဆိုတော့ လူ့ဘောင်အသိုင်းအဝိုင်းထဲမှာ လူတစ်ယောက်အနေနဲ့ နေထိုင်ကြရတာ ဆိုတော့ လူလိုကျင့်၊ လူလိုကြံ၊ လူလိုနေကြဖို့ အရေးကြီးပါတယ်။ ဘွဲ့ဝတ်စုံကြီး ဝတ်ပြီးတော့ အရက်မူးပြီး လမ်းဘေးမှာ လဲနေရင် အဲဒီဘွဲ့ဝတ်စုံ ဝတ်ထားတဲ့လူ သိက္ခာကျတာထက် “ဘွဲ့” ဆိုတဲ့ ဂုဏ်ကို ညှိုးမှိန်အောင်လုပ်ပြီး လူတိုင်း အထင်သေး မလေးစားအောင် လုပ်ရာကျပါတယ်။ ဘွဲ့ဆိုတာကို အထင်မကြီးရင် အစကတည်းက တက်မယူကြနဲ့ပေါ့။ အဲဒီ ဘွဲ့ပေးတဲ့ တက္ကသိုလ်တွေကို ဝေးဝေးရှောင်နေပေါ့။ ဘွဲ့ရမှ အလုပ်ခန့်မယ် ဆိုတာ သတ်မှတ်ချက်တစ်ခုပါ။ ဘယ်သူမှ တတ်တယ်၊ မတတ်ဘူးလို့လည်း ဒီခေတ်မှာ စစ်ဆေးနေတာ မဟုတ်တော့ပါဘူး။ အလုပ်ခေါ်ရင် ဘွဲ့ရဖြစ်ရမယ် ဆိုတာ စံတစ်ခုပဲ။ ဘွဲ့ရရင် လာခဲ့၊ ဘွဲ့မရရင် မလာခဲ့နဲ့လို့ သတ်မှတ်ထားသလို ဖြစ်နေတဲ့အတွက် ဘွဲ့ဆိုတာ တန်ဖိုးမရှိဘူးလို့လည်း မပြောနိုင်ပါဘူး။ လူ့ဘောင်အသိုင်းအဝိုင်းက သူ့နေရာ၊ သူ့အဆင့်အတန်း ဆိုတာကို လက်ခံထားပါတယ်။ အသုဘ အခမ်းအနားကို မင်္ဂလာဆောင် သွားသလို မလာကြဘူး။ မင်္ဂလာဆောင် အခမ်းအနားကိုလည်း စွပ်ကျယ်ချိုင်းပြတ်နဲ့ ပုဆိုးခါးတောင်း ကျိုက်ပြီး လာလေ့ မရှိပါဘူး။ သူ့နေရာနဲ့သူ ဝတ်စားကြတယ်ဆိုတာ လူ့ဘောင်ရဲ့ ယဉ်ကျေးမှုတစ်ရပ်လို့ ဆိုနိုင်ပါတယ်။ လူ့ဘောင်က သတ်မှတ်ထားတဲ့ စံလွှဲပြီး လုပ်ဆောင်ချက် တစ်ရပ်ဟာ တစ်ခါတလေ စော်ကားမော်ကား လုပ်သလို ဖြစ်တတ်ပါတယ်။ 

ဘွဲ့ဝတ်စုံကို စော်ကားတာဟာ ကိုယ့်အဆင့်အတန်းနဲ့ ကိုယ့်ကိုယ်ကိုယ် ပြန်ပြီး စော်ကားနေသလိုမျိုး ဖြစ်သွားတတ်တယ် ဆိုတာလည်း သတိပြုစေချင်ပါတယ်။ ခေတ်သစ် Performance အနေနဲ့ ကြိုက်တဲ့ဝတ်စုံ ဝတ်ပြီး ဆန္ဒပြနိုင်ပါတယ်။ မကျေနပ်ရင် ဘာမှမဝတ်ဘဲနဲ့လည်း ဆန္ဒပြလို့ ရပါတယ်။ ဘွဲ့နဲ့ ရှာဖွေလုပ်ကိုင် စားသောက်နေကြတဲ့ ကိုယ့်ရဲ့မိဘ၊ ဆွေမျိုး၊ ညီအစ်ကို၊ မောင်နှမတွေကို စော်ကားသလိုမျိုး ဘွဲ့ဝတ်စုံကြီးတွေ ဝတ်ပြီး Performance လုပ်နေတာတွေကတော့ အမြင်မတော်လို့ ရပ်တန်းက ရပ်ကြပါလို့ မေတ္တာရပ်ခံချင်ပါတယ်။
 (အငြိမ်းစားကျောင်းဆရာတစ်ဦး) 

From:[_ The Voice _]
(မောင်ကျောက်ခဲ အဖွဲ့)
Readmore »

ထိုင်း ပြီးတော့ စင်္ကာပူကိုပါ စားကျက်မြေ အဖြစ် ခြေဆန့်နေတဲ့ လူလိမ် ဗိုလ်ပြုတ်


ပြည်ပရောက်နေတဲ့ မြန်မာတွေရဲ့ ဘဝဟာ အတော်လေးကို ရုန်းကန်ရပါတယ် … ခက်ခက်ခဲခဲနဲ့ ရလာတဲ့ ချွေးနှဲ  စာလေးတွေကို မိသားစုကို ပြန်ထောက်ပံ့သူက တစ်မျိုး ၊ ဘဝအတွက် စုဆောင်းရသူကတမျိုး နဲ့ ကျင်လည်မှု  ပေါင်းစုံနဲ့ ရပ်တည်နေရတာပါ … သူတို့ဆီက ငွေတွေကို မက်လုံးပေးခြင်းနဲ့ ရိုးသားမှုကို ခုတုံးလုပ် သွားတာ တွေကြောင့် ရိုးသားတဲ့လူတွေ ဆီက ငွေတွေဟာ ကိုယ်ကျိုးရှာသမားတွေဆီကို နည်းအမျိုးမျိုးနဲ့ စီးဆင်း နေတုန်းပါပဲ ….။

အခုခေတ်ထနေတဲ့ လိမ်နည်းကတော့ ပရဟိတ ခေါင်းစဉ်တပ်ပြီးလိမ်လည်တာတွေဖြစ်နေပါတယ် ။ မြန်မာနိုင်ငံ  အနှံ့မှာလည်း ဖြစ်ပေါ်နေတဲ့ သဘာဝဘေးအန္တရာယ်တွေအတွက်  ပရဟိတ သမားတွေ များစွာပေါ်လာသလို လူလိမ်တွေ လည်း ပေါလာပါတယ် ။ တစ်ချို့ က ၁၀၀ ဖိုးအလှုခံပြီး ၁၀ ဖိုးလှုပြပါတယ် … တစ်ချို့ကတော့ ခေါင်း စဉ်လေးပဲ တပ်ပြပြီး အကုန်ယူပါတယ် ။ ပြောချင်တဲ့အပိုင်းကတော့ ပြည်သူ့ဘက်တော်သားကြီးလို့ ကိုယ့်ဘာသာ ကင်ပွန်းတပ် ထားတဲ့ စစ်ဗိုလ်ဟောင်းတစ်ယောက် အကြောင်းပါ ။ မြန်မာ့လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေး ကွန်ရက် ဆိုတဲ့နာမည်နဲ့ လှုပ်ရှား နေတာတော့ တွေ့ပါတယ် ။ တလောကပဲ ထိုင်းကို သွားခဲ့ပါ သေးတယ် ။ အဲဒီမှာ ထိုင်းရောက်မြန်မာတွေက ရေဘေး ဒုက္ခသည်တွေအတွက် တတ်နိုင်သလောက် လှုဒါန်းတာတွေ ရှိပါတယ် ။ ထိုင်းရောက်နေတဲ့ ကာလမှလည်း ပတ္တရားနဲ့ ဖူးခတ်ကမ်းခြေတို့မှာ အပန်းဖြေနေခဲ့ပါတယ် ။ လူမှုဘဝ ဖွံ့ဖြိုးတိုးတတ်ရေး အတွက်လို့ နာမည်တပ်ပြီး ခါးနာတာကို ကုဖို့တောင်   အွန်လိုင်းမှာ အလှုခံပြီး ဆေးကုရတဲ့ ဘဝ နဲ့ သူတစ်ယောက်က ဘယ်လိုနည်းနဲ့များ  ကမ္ဘာကျော် ကမ်းခြေတွေမှာ အနားယူအပန်းဖြေနိုင်တာပါလိမ့် ။ အလှုငွေထောက်ပံ့သူ ဒိုနာတွေကတော့ ဒီက္စိကို မကျေနပ်ခဲ့ကြပါဘူး ။ ထိုင်းခရီးက ပြန်လာတုန်းကလည်း ရေဘေးဒုက္ခသည်တွေအတွက် ဆိုပြီး ပြန်လှုတဲ့ တင်ပြမှုတွေကို ကြည့်မိ  တော့ သောင်းဂဏာန်းပမဏ လောက်သာ လှုဒါန်းခဲ့တာ တွေ့ရပါတယ် ။


အခုလည်း စင်္ကာပူ ကိုရောက်နေပါတယ် ။ စင်္ကာပူက မြန်မာတွေဆီက ဒေါ်လာ ၃၀ က နေ ဒေါ်လာ ရာကျော်အထိ အလှု  ငွေတွေ လက်ခံနေပါတယ် ။ အလှုငွေလက်ခံရာမှာ အထွေထွေအလှု ဆိုတဲ့နာမည်နဲ့ ကောက်နေတာပါ .. ကျနော်တို့ လုပ်  ငန်းတွေမှာ အထွေထွေစရိတ် ဆိုတာ လူတိုင်း သိဖူး ၊ထိတွေ့ဖူး ၊ အသုံးပြုဖူးမှာပါ … အလုပ်တစ်ခု လုပ်တဲ့အခါ…ဘဏ်က  နေ ကိုယ့် ကုမ္ပဏီ ကို ငွေလွှဲလေးတစ်ခု သွားထုတ်တာတောင် သွားထုတ်သူဝန်ထမ်းရဲ့ လမ်းစရိတ်  စားစရိတ် စသည်တို့  ကို အထွေထွေ စရိတ်အနေနဲ့ သုံးနှုန်းတင်ပြရပါတယ် … ။ခုလည်း အထွေထွေအလှု ဆိုတဲ့ နာမည်နဲ့ မြင်တော့ အဲဒီလို အထွေထွေကုန်ကျစရိတ်ဆိုတာ ကြီးကို ပြေးမြင်မိပါတော့တယ် ။ အလှုရှင်တွေဆီက ရသမျှကို မှတ်တမ်းလည်းမရှိ ၊ ပြန်ပေးတဲ့ မှတ်တမ်းကလည်း အလျဉ်းသင့်တဲ့လူကိုပဲ ထုတ်ပေး ၊ ငွေကြေးပြန်သုံးတာလည်း မှတ်တမ်းမှတ်ရာမရှိနဲ့ .. သူ့  အရပ်နဲ့သူ့ဇာတ်တော့ ဟုတ်နေတာပါပဲ … စင်္ကာပူက မြန်မာတွေကိုလည်း မလှုပါနဲ့မပြောလိုပါ … စေတနာယိုဖိတ်လို့ ပေး  တာပေးလှုပါ … ဒါပေမယ့် ကိုယ့်ပိုက်ဆံဟာ အများအတွက်လှုတဲ့အလှုဆီရောက်ရဲ့လား …. အလှုခံသူရဲ့ ကိုယ်ကျိုးစီးပွါး  အတွက် သုံးစွဲခံနေရသလား ဆိုတာ သိဖို့လိုနေပါပြီ ..။ တကယ်ဆို စင်္ကာပူဟာ နေမျိုးဇင်နဲ့ မစိမ်းပါဘူး ။ ဗိုလ်ပြုတ်ဘဝနဲ့  စကာင်္ပူမှာ ဆိပ်ကမ်းတစ်ခုမှာ ကားကြီးလာ မောင်းခဲ့ရပါသေးတယ်ကို သိကြမယ်ဖြစ်ပါတယ် ။ ပရဟိတ အဖွဲ့ဆိုပြီး အလှုငွေ ကောက်တာရော ဒီတစ်ခါ ဘယ်ကိုလှုဦးမှာပါလဲ ..။ လှုတယ်ဆိုတာက အလှုခံပုဂ္ဂိုလ် စင်ကြယ်မှ ကုသိုလ်ရတာ  ဖြစ်ပါတယ် … နို့မို့ဆိုရင် သူတောင်းစားကို ပေးတာလောက်တောင် ကုသိုလ်မရပါဘူး ..။

ကိုယ်တိုင်တောင် သူများပေးသ  နားစာ နဲ့ ဆေးကုနေရတဲ့ သူတစ်ယောက်ဟာ မြန်မာ့လူမှုဘဝကို မြှင့်တင်ဖို့ဆိုတာ ဖြစ်နိုင်ပါ့မလားဆိုတာ သေချာစဉ်းစား  ကြဖို့လိုနေပြီ မိတ်ဆွေတို့ …။ သံဃာတော်တွေက ဘာသာခြားတွေနဲ့ ပတ်သတ်ပြီး ကန့်ကွက်တာတောင် အရင်ကတည်း က ရှိနေတဲ့ လူမျိုးကို ဘာလို့ နှင်ထုတ်ရမှာလဲ ဆိုပြီးတောင် ပြန်အော်ခဲ့တဲ့ လူတစ်ယောက် ဟာ အမျိုး၊ ဘာသာ ၊သာသနာ  အတွက် အကျိုးဖြစ်မယ်ဆိုတာ ယုံနေတဲ့ စိတ်ကိုလည်း အံ့သြမိပါရဲ့ ..။ တကယ်တော့ စင်္ကာပူကိုလာတယ် ဆိုတာက  အလှုငွေကိစ္စမဟုတ်ပဲ သူ့ကိုယ်ရေးကိုယ်တာ စိတ်အပန်းဖြေဖို့အတွက်လို့သာ မြင်ပါတယ် …ဘာအကြောင်းမှ မရှိပဲ ရောက်လာပြီး အဆင်သင့်ပဲ လာပေးလိုက်တဲ့ အလှုငွေတွေနဲ့ အိမ်အပြန်မျက်နှာပန်းလှနေဦးမှာပါ …အလှုငွေတွေနဲ့ ထိုင်းကနေ ဆေးကုပြန်လာပြီးပြီးချင်း ကားတစ်စီးက ဝယ်စီးလိုက်နိုင်တဲ့ ကိုယ်ပိုင်အလုပ်မရှိတဲ့ ယောကျာင်္းတစ်ယောက်ကို မိန်းမတစ်ယောက် က ကြည်ကြည့်ဖြုဖြု တင်ကျွေးထားတယ်ဆိုကတည်းက သဘောပေါက်သင့်ပြီ ထင်ပါတယ်လေ ..။

နေမျိုးဇင် အကြောင်း ပြည့်စုံစွာ သိချင်လျှင်-

ဗိုလ်ကြီးဟောင်း နေမျိုးဇင် ရဲ့ ဟန်ဆောင်အရေခွံကို ကျောက်ခဲဖြင့် ထုနှက်ရိုက်ခွဲကာ ခွါပြလိုက်ခြင်း
http://mgkyautkhae.blogspot.com/2013/02/blog-post_7366.html

မိုက်ရိုင်းတဲ့ နေမျိုးဇင် ဘယ်ဥကပေါက်သလဲ
http://mgkyautkhae.blogspot.com/2012/12/blog-post_9535.html


(မောင်ကျောက်ခဲ အဖွဲ့)
Readmore »

Aug 29, 2014

တရားဥပဒေစိုးမိုးရေးကော်မတီ ဘာအလုပ်မှမလုပ်ဘဲ လိုင်းကြောင်နေ ဟု ဆို


တရားဥပဒေ စိုးမိုးရေးကော်မတီသည် ဘာအလုပ်မှမလုပ်ဘဲ လိုင်းကြောင်နေသည် ဟု အမျိုးသားလွှတ်တော်ကိုယ်စားလှယ် တစ်ဦးက ဝေဖန်ပြောကြားလိုက်သည်။

“တရားဥပဒေစိုးမိုးရေးကော်မတီဆိုတာရှိတယ်။အဲဒီကော်မတီက ဘာအလုပ်မှ လုပ်တာ မရှိဘူး။ ငါတို့လုပ်လိုက်ရင် အစိုးရ နံမည်ရသွားလိမ့်မယ် ဆိုပြီး သဘော ရှိလားတော့ မသိဘူး။
အဲဒီကော်မတီက အလုပ်တွေအများကြီး ရှိတယ်။အဲဒါကိုသူတို့ မလုပ်ဘူး” ဟု အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေက Hot News ဂျာနယ်အား ပြောကြားခဲ့ခြင်း ဖြစ်သည်။


“စဖွဲ့စဉ် ကာလကတော့ တရားရုံးတွေကို သွားရောက် စစ်ဆေးခဲ့တယ်။ အလုပ် လုပ်ပြတယ်။ နောက်တော့ အလုပ်မလုပ်တော့ဘူး။ အခုကျတော့ ၄၃၆ လိုင်း ရောက်ပြီး လိုင်းကြောင်နေတယ်” ဟု ၄င်းက ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီသည် ပြည်သူ့လွှတ်တော်သို့ အစီရင်ခံစာ တစ်စောင် တင်သွင်းခဲ့ပြီး လာမည့် လွှတ်တော်အစည်းအဝေး တွင် နောက်ထပ် တစ်စောင် တင်သွင်း မည် ဖြစ်ကြောင်းကော်မတီ အတွင်းရေးမှူး ဦးဝင်းမြင့်က မကြာသေးခင် က ထုတ်ဖော်ပြောကြားထားသည်။

အဆိုပါ ကော်မတီ၏ လုပ်ဆောင်ချက် မည်မည်ရရ မရှိပုံကို ဦးလှဆွေက ဝေဖန်ခဲ့ရာ၌ ”ကျွန်တော်ပါတဲ့ ကော်မတီဆိုရင် ဥပဒေ(၂)ခု ရေးဆွဲတယ်။ ပြသနာ တွေ ဖြစ်တဲ့နေရာတွေကို ကွင်းဆင်းစစ်ဆေးတယ်။ တိုင်စာတွေအတွက် ခေါ်ပြီး ကြားနာတယ်။ ဒါမျိုးတွေ လုပ်ဖို့ ဖွဲ့ထားတဲ့ကော်မတီက အလုပ်လုပ်
မယ် ဆိုရင် မဆိုးဘူး။ အခု တရားဥပဒေ စိုးမိုးရေးကော်မတီက ဘာတစ်ခုမှမယ်မယ်ရရလုပ်တာမတွေ့ရဘူး လို့ ပြောချင်တယ်” ဟု ပြောကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည် ဥက္ကဌအဖြစ် ပါဝင်သော ယင်းကော်မတီသည် တရားစီရင်ရေးနှင့် အုပ်ချုပ်ရေးကိစ္စရပ်များသာ ပါရှိသည့် အစီရင်ခံစာ တင်သွင်းခဲ့ပြီး ဥပဒေပြုရေးဆိုင်ရာ ကိစ္စရပ်များ ပါ
ဝင်ခြင်း မရှိခဲ့သဖြင့် ဝေဖန်မှုများ ခံခဲ့ရကြောင်း သိရှိရသည်။

“ဒါက သူ့ကော်မတီမှာ လုပ်နိုင်ကိုင်နိုင်တဲ့သူ မရှိဘူးလေ။ လက်ပံတောင်းကော်မတီတုန်း က လုပ်နိုင် ကိုင်နိုင်တယ် ဆိုတာ ကြံ့ခိုင်ရေးကအမတ်တွေ၊အစိုးရအရာရှိဟောင်းကြီးတွေက အကုန်လုံး သူတို့ လုပ်သွားတာ။ NLD ပါတီမှာ အရည်အချင်း ပြည့်မီတဲ့သူ မရှိဘူး။ ဒေါ်စုကလွဲရင် ကျန်တဲ့သူတွေက
သုံးစားမရဘူး။ ဒေါ်စုကိုယ်တိုင်တောင် သူ့ကော်မတီအလုပ်တွေမည်မည်ရရ မလုပ်နိုင်ဘူး ဆိုမှတော့ အောက်ကလူတွေ ဆို ပြောစရာကို မရှိနိုင်တော့ဘူး။

လွှတ်တော်ထဲမှာ NLD အမတ်တွေ မေးတဲ့ မေးခွန်းတွေ လေ့လာကြည့်ရင်လည်း အခါကြီးရက်ကြီးတွေ နာမည်ပြောင်းဖို့ တို့၊ခေါင်းပေါင်းချွတ်ခွင့် တို့၊ ဒါမျိုးတွေပဲ ကြည့်လေ။ ဒေါ်စုကိုယ်တိုင်
လွှတ်တော်ထဲမှာ ဘယ်ဥပဒေ ပြဌာန်းနိုင်ခဲ့လို့လဲ။

ဒီတော့ ဦးလှဆွေ ပြောတာ မှန်တယ်ဗျ” ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် တစ်ဦးက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်၏ လွှတ်တော်အတွင်း စွမ်းဆောင်ရည်မှာ သိသိသာသာ ကျဆင်းနေပြီး NLD ပါတီအနေဖြင့်လည်း လူအစားထိုးနိုင်ရန်အတွက်လွန်စွာမှပင်ဒုက္ခရောက်လျက်ရှိကြောင်း
သတင်းရရှိသည်။

From:[_ ပြည်သူ့အာဏာ _]
(မောင်ကျောက်ခဲ အဖွဲ့)
Readmore »

Aug 28, 2014

ပြည်ပ မှ သူများသည် ဆရာ များဖြစ်ပြီး ပြည်တွင်းမှ သူများသည် တပည့်များဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြောကြား

 သြဂုတ်လ ၂၈ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်မှ ပြည်ပမှလာသူများသည် ဆရာများဖြစ်ပြီး ပြည်တွင်းမှ သူများသည် တပည့်များဖြစ်သည်ဟု အဓိပ္ပါယ်ရသော စကားအား RFA ကို ပြောကြား လိုက်သည် ။ 


ဒေါ်စုမှ".အားလုံးကတိုင်းပြည်ကို တိုးတတ်စေချင်တယ်..ပြည်သူတွေကို ဖွံ့ဖြိုးစေချင်တယ်ဆိုရင်..
အပြင်ကလူတွေက ဒီထဲကို ကူညီစေချင်တဲ့ စိတ်နဲ့... နောက်ပြီးတော့ ဆရာကောင်း တွေဆိုရင်..အပြင်ကလူတွေကို ဆရာလို့ပြောတာမဟုတ်ပါဘူး...
ဒါပေမယ့် 'မ' ပြောချင်တာက တကယ့်အကောင်းဆုံးဆရာတွေဆိုရင် သူတို့ဘယ်လောက်တတ်တယ် ဆိုတာ တပည့်တွေကို သင်ဖို့ထက် တပည့်တွေ ဘယ်လောက် သိတယ်ဆိုတာပေါ် အခြေခံပြီးတော့ ပိုပြီးတော့ တိုးတတ်အောင်လုပ်ပေးဖို့ဖြစ်တယ်.. ပြင်ပက သူတွေကလည်း မောက်မာစရာမလိုပါဘူး. ဗမာပြည်က သူတွေ ဘာအရည်အချင်းတွေရှိတယ်... သူတို့မှာမရှိတဲ့ဟာတွေ..ဗဟုသုတတွေ.ဘာတွေလိုတယ်ဆိုတာကို အခြေခံပြီး အားလုံး တိုးတတ်အောင် ကူညီမှာပေါ့..ဒီမှာနေတဲ့ သူတွေကလည်း ပြင်ပကလူတွေဟာ တကယ်စေတနာနဲ့ ကူတယ်ဆိုတာကို စေတနာကို အသိအမှတ်ပြုဖို့လိုတယ်" ဟူ၍ ပြောကြားခဲ့သည် ။

 ဆရာလို့မပြောချင်ပါဘူးဟု ကြိုတင်ဖာထေးပြောဆိုသော်လည်း နောက်ပိုင်းတွင် ပြည်ပကလူတွေက ပြည်တွင်းမှသူများတွင် အတွေ့အကြုံဗဟုသုတများမရှိ၍ ပြည်ပက ၀င်လာသူများမှ ပြန်လည် သင်ကြား ဖြန့်ပေးရမည်ဖြစ်သည်ကို ဆရာ(ပြည်တော်ပြန်/ပြည်ပမှသူများ) က သိတာတွေကို ပြောရမှာမဟုတ်ဘူး. .တပည့်(ပြည်တွင်း) များသိတာတွေကို ဖော်ထုတ်ကူညီရမှာ ဟုဆိုလိုခြင်းဖြစ်သည် ။ ပြန်လာသူများ ပြည်တော်ပြန်များ၏ စေတနာကို အသိအမှတ်ပြုသင့်ကြောင်း ပြောကြားခြင်းဖြင့် ရှေ့စကားနောက်စကား လွဲနေသည်ဟု သုံးသပ်မှုများ တွေ့ရပါသည် ။ မြန်မာနိုင်ငံရှိ အဖွဲ့အစည်းများ(အထူးသဖြင့် နိုင်ငံရေးအဖွဲ့များ) တွင် ပြည်ပမှ ပြန်လာသူများက သူတို့ကဲ့သို့ အမြင်ကျယ်မှုမရှိဘူး ဟုယူဆက နေရာဝင် ယူမှုများ ဖြစ်နေပြီး ပြည်တွင်းမှသူများကလည်း ပြည်ပမှပြန်ဝင်လာသူများကို သူတို့လောက် မြန်မာ့ နိုင်ငံအရေး နားမလည်ကြ မတွေ့ကြုံဖူးကြဟူသော အမြင်များဖြင့် နေရာယူမှုများ ဖြစ်နေသည် ဟု ကြားသိရ ပါကြောင်းဖြင့် RFA ၏ မေးခွန်းကို ပြန်လည်ဖြေကြားရာတွင် ယင်းသို့ ပြောကြားခြင်းဖြစ်သည် ။

 ပြည်ပနိုင်ငံများနှင့် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ တို့နှင့် ဒေါ်အောင်ဆန်းစုကြည်တို့သည် သဘောထားခြင်း တူညီနေပြီး အထူးသဖြင့် ရခိုင်ပြည်နယ်ကိစ္စများနှင့် ဘင်္ဂလီကိစ္စတွင် မြန်မာပြည်သူများ က ဘင်္ဂလီများအား အနိုင်ကျင့်နေပြီး ဘာသာရေးခွဲခြားမှုများ ပြုလုပ်နေခြင်းဖြစ်သည်ဟု ခံယူထားသော စိတ်စေတနာ နှင့် အမြင်ရှိသည် ။မြန်မာနိင်ငံကို ဖွံဖြိုးတိုးတတ်စေလိုသော စေတနာဖြင့် စီးပွါးရေးပိတ်ဆို့မှု ကို တောက်လျှောက် ပိတ်ပင်ခဲ့သူ ၊ ဆန်ရှင်အား ဖြေလျှော့မှုကို အပြစ်တင်ခဲ့သူ ဒေါ်အောင်ဆန်း စုကြည် သည် ၎င်း၏ ပါတီမှ ပညာရေးကွန်ရက်အဖွဲ့များအား မကြာသေးမီက တရုတ်နိုင်ငံသို့ ပညာတော်သင် စေလွှတ်ခဲ့သည် ။

From:[_MyoMahar _]
(မောင်ကျောက်ခဲ အဖွဲ့)
Readmore »

Aug 22, 2014

ဒီမိုကရေစီကို သကြားနှင့် လဲခဲ့စဉ်၌


အချိန်ကား ၁၉၆၂ အကျော် ကောင်စီ ခေတ်၊ သမ ဝါယမ ခေတ်က ဖြစ်သည်။
ဒီမိုကရေစီ ဆိုသည့် အသံတွေ ပေါ်လောမြောလျက် လမ်းတကာ ရွာတကာ လူပြောများနေသည်။ အချို့ နေရာများ၌ ဒီမိုကရေစီ တောင်းဆိုရေး ဆန္ဒပြသည်ဟု ဆိုပဲ။
ထို့ကြောင့် မြို့နယ် သ/မ ဥက္ကဋ္ဌ ဦးပုလု (အမည်လွှဲ) စိတ်ထဲမှာ သိပ်နေထိုင် မကောင်းချင်။ မိမိမြို့နယ် မှာများ ဒီမိုကရေစီ လာတောင်းရင် ခက်ရချည်သေး။
ဒီမိုကရေစီ ဆိုသည့် အကောင်ကိုလည်း အထက် ခရိုင် သ/မ ဥက္ကဋ္ဌက အခုထိ မိမိတို့ မြို့နယ်ကို ချပေး သေးခြင်း မရှိ။ စိတ်တွင် အိုက်နေသည်။ မတော်လို့ မိမိမြို့နယ်က လူတွေ ဒီမိုကရေစီ လာတောင်းရင် ဘာပေးရမလဲ ?
မိမိ သ/မ ဆိုင်မှာ ရှိတာက သကြား သုံးအိတ် ရှိသည်။ ရေနွေး ဓါတ်ဗူး တစ်လုံး ရှိသည်။
စိတ်ထင့် နေ၍မှ မဖြောင့်သေး။ ထင်ထါးတဲ့ အတိုင်း
"ဒီမိုကရေစီ ပေးပါ" ဟူ၍ တောင်းဆိုသည့် လူအပ်ကြီး သ/မ ဆိုင်ရှေ့ ရောက်လာသည်။
ပြသနာတော့ စပြီ ။
အော်သံတွေ တောင်းဆိုသံတွေ ဦးပုလု နားထောင်ရင်း
"ဟဲ့ အမောင်တို့
မင်းတို့ တောင်းတဲ့ ဒီမိုကရေစီ အထက်က မချ ပေးသေးဘူးကွယ်၊
မင်းတို့ တောင်းဆိုတဲ့ အတွက် လက်ရှိ သ/မ ဆိုင်မှာ ရှိတဲ့ သကြား သုံးအိတ် ကိုပဲ ခွဲတမ်း အညီ အမျှ ခွဲပြီး ယူသွား ကြချည်
ရေဘူး ကတော့ ငါလူကြီး ရေနွေးကြမ်း သောက်ဖို့ ထားထါး ပေးကြပါကွယ်"
ဟု ပြန်ပြောတော့
ဒီမိုကရေစီ တောင်းသည့် လူအုပ် ကြီးလည်း သကြား သုံးအိတ်ကို ကိုယ်စီ အညီအမျှ ခွဲဝေ ယူကြရင်း အိမ်ပြန် သွားကြသည် ဟူသတတ်။
(မှတ်ချက် - ကြားမိသည့် ပါးစပ် ရာဇဝင် ဟာသ တစ်ခုအား ပြန်၍ ရေးသား ခြင်းသာ ဖြစ်သည်၊ ဟာသာ အဖြစ်သာ ရည်ရွယ် ပါသည်။ လက်ရှိ မွန်ပြည်နယ် အစိုးရ ဘတ်ဂျက်၌ သန်းတစ်ထောင် ကွာခြား နေတဲ့ ကိစ္စလေးနဲ့ ဆက်ပ်ပြီး အတွေး ရောက်မိလို့ ရေးခြင်း ဖြစ်ပါသည်။)
ပျော်ရွှင် ကြပါစေ
From:[_ ဟင်္သာနီ (မွန်မြေ) _]
(မောင်ကျောက်ခဲ အဖွဲ့)
Readmore »

Aug 18, 2014

စစ်ဗိုလ်ဟောင်းကြီးတွေ လက်နက်ကိုင်အဖွဲ့တွေကို ကြောက်နေရလား ???

ဇွန်လ က ပွဲဆူသွားတဲ့သတင်းတစ်ခုကို မှတ်မိကြဦးမယ်ထင်ပါတယ် ။ MPC ဦးအောင်မင်း က စစ်သားတွေ ရဲ့ သစ္စာလေးချက်ထဲက ဒုတိယ အချက်ဖြစ်တဲ့ ကျဆုံးသွားသော တပ်မတော်သား တို့ရဲ့ သစ္စာကို စောင့်သိ  ရိုသေပါမည် ဆိုတဲ့ အချက်ကို ဖြုတ်သင့်တယ် ဆိုတဲ့ စကားကို ပြောခဲ့တာနဲ့ ပတ်သတ်ပြီးတော့ တပ်မတော်ထဲ  မှာရော တပ်မတော်သားဟောင်းတွေကပါ အသည်းပေါက်မတတ်နာကျင်ရလို့ ပြန်လန်တုံ့ပြန်တဲ့ ကိစ္စဟာ မီဒီ  ယာတွေနဲ့ အွန်လိုင်းမီဒီယာလောကမှာပါ ပြင်းထန်ခဲ့တဲ့ ကာလတစ်ခုဖြစ်ပါတယ် ။

တစ်ချို့ကဆိုရင် ဦးအောင်မင်းကို တိုက်ပုံဝတ်သွားလို့ ယူနီဖောင်းကို ပြန်စော်ကားတာလား ၊ စင်ပေါ်တင်ပေးခဲ့  တဲ့ ဒီဘဝကို မေ့သွားပြီ စသဖြင့် မှတ်ချက်တွေ ပေးခဲ့ပါတယ် ။ စစ်ဗိုလ်ဟောင်းတစ်ဦးဖြစ်သူ ယခု လွတ်တော် အမတ် ဦးလှဆွေ ( ဘုးလက်လှဆွေ ) ကိုယ်တိုင်ကလည်း “ပါတီဆိုတာ ပျက်ချင်ပျက်မယ်။ တပ်မတော်ဆိုတာ မပျက်ဘူး။ အစိုးရ အဖွဲ့ဆိုတာ ပြောင်းချင်ပြောင်းသွားမယ်။ တပ်မတော်က မပြောင်းဘူး။ Positiveပဲမြင်တယ်”   ဆိုတဲ့ မှတ်ချက်နဲ့ ယင်းကိစ္စကို အကြောင်းပြုပြီး ပြောကြားခဲ့ပါတယ် ။ ဦးအောင်မင်းဟာ သူရဲ့ စကားအတွက် တပ်မတော်ကို ပြန်လည်တောင်းပန်ခဲ့တယ်လို့ဆိုပေမယ့် တောင်းပန်ခြင်းဆိုတဲ့ ပြန်ကြားစာမှာ ဘာကြောင့် ပြောရတယ် ဘာကိုဆိုလိုတယ်လို့မပါရှိတဲ့အတွက် စစ်သားတွေဟာ ကျေနပ်ခြင်း မရှိကြသေးပါဘူး။ ဦးအောင်မင်းကတော့ ဒီကိစ္စနဲ့ပတ်သတ်ပြီး မီဒီယာကို ပြောရာမှာတော့ စစ်တပ်ကလည်း ကျဆုံးလေပြီးသော တပ်မတော်သားတွေရဲ့ သစ္စာကိုစောင့်သိရိုသေပါမည် ပြောတယ် … ကချင်ကလည်း ကျဆုံးလေပြီးသော ကချင်တပ်သား ၊ ကရင်ကလည်း ကျဆုံးလေပြီးသော ကရင်ရဲဘော် တို့ရဲ့ သစ္စာကို စောင့်သိရိုသေပါမည် လို့ သစ္စာတွေပြုနေခြင်းက ငြိမ်းချမ်းရေးကို ထိခိုက်စေတယ်လို့ ပြောပြသွားပါတယ် ။


ဒီနေရာမှာ ထောက်ပြစရာ ရှိလာတာကတော့ တိုင်းရင်းသားတွေရဲ့ တော်လှန်ရေးနေ့တွေကိုလည်း ပြန် ကြည့်မယ်ဆိုရင် ဖဆပလခေတ် ၁၉၄၈ ခုနှစ်မှာ တပ်မတော်က ကယားပြည်နယ် ဒီမောဆိုးမြို့နယ် မြလဲရွာက ကရင်နီတပ်တွေကို တိုက်တဲ့နေ့ကို ကရင်နီများ မှတော်လှန်ရေးနေ့ ( ခုခံတော်လှန်ရေးနေ့ ) အဖြစ်သတ်မှတ် ခဲ့သလို ကရင်များကလည်း ၁၉၅၀ ခုနှစ် မှာ စစ်တပ်ကနေ KNU ဥက္ကဌ စောဘဦးကြီး  နဲ့ KNU ဗိုလ်ချုပ်စိုင်းခေ တို့ကို ကော့ကရိတ်မြို့နယ် ထို့ကော်ကိုးရွှာမှာ ချေမှုန်းနိုင်ခဲ့တဲ့နေ့ကို ကရင်အာဇာနည်နေ့ အဖြစ် ပြုလုပ်ခဲ့ ပါတယ်။ ၁၉၅၈ ခုနှစ်မှာ မိုင်းတုံမြို့နယ် ထဲက နမ့်ကျွတ်ချောင်းတစ်နေရာမှာ နွံစစ်ဟန်(ခ) သျှမ်းမျိုးချစ်တပ် ဆိုပြီး စဝ်နွဲ့စောယန္တ ဦးဆောင်လို့ မေလ ၂၁ ရက်မှာ နယ်ချဲ့ဗမာတပ်ကို တိုက်ရန်နဲ့ သျှမ်းပြည်ခွဲထွက်ရန်ဆိုပြီး စတင်  ဖွဲ့စည်းတဲ့နေ့ကို  သျှမ်းတော်လှန်ရေးနေ့အဖြစ်သတ်မှတ်လာခဲ့ကြပါတယ် ။ အဲဒီလိုပဲ မွန်လူမျိုးရေးရာ အဖွဲ့ချုပ်က ဘားအံမြို့နယ်၊ ဇာသပြင်ရဲစခန်း ကို စီးနင်းပြီးလက်နက်များသိမ်း ယူခဲ့တဲ့ ၁၃၁၀ ခုနှစ် ဝါခေါင် လပြည့်နေ့ကိုလည်း မွန်တော်လှန်ရေးနေ့အဖြစ် သတ်မှတ်ကျင်းပလာခဲ့ကြပါတယ်။ကချင်လက်နက်ကိုင်များ ကလည်း ကေအိုင်အို ဥက္ကဌ လထော်ဇော်ဆိုင်း ၊ ဇော်တူး နဲ့ ပုံရွှေ ဇော်ဆိုင်း တို့ ထိုင်းနယ်စပ်တစ်နေရာမှာ လုပ်ကြံခံ ရတဲ့နေ့ကို ကချင်အာဇာနည်နေ့ဆိုပြီး ကျင်းပနေခဲ့ပါတယ်။ တခြားတပ်တွေဖြစ်တဲ့ ချင်းတပ်ဦးနဲ့ ပလောင် တပ်ဦး တွေကလည်း နယ်မြေခွဲထွက်ဖို့ တပ်တွေ စထောင်တဲ့နေ့တွေကို တော်လှန်ရေးနေ့  ဆိုပြီး ပြုလုပ်ကျင်းပနေကြပါတယ် ။

ယခင်က သူတို့လှုပ်ရှားရာ တောတွင်း နေရာများ ၊ ပြည်ပရောက် ဒုက္ခသည်များနဲ့ နိုင်ငံရေးသမားများက ကျင်းပခဲ့ပေမယ့် ယခုအချိန်မှာ သူတို့တပ် တွေ ရှိရာ ဌာနချုပ်တွေမှာ ပေါ်ပေါ်တင် တင်ကျင်းပလာကြပါတယ် ။ ကရင်အာဇာနည်နေ့ဆိုရင် ရန်ကုန်မှာပါ ကျင်းပသွားပါတယ် ။ဒီလို တိုင်းရင်းသား  လက်နက်ကိုင်တွေရဲ့ တော်လှန်ရေးနေ့ ၊ အာဇာနည်နေ့တွေမှာ တပ်မတော်ရဲ့ ထိုးစစ်ကြောင့် ကျဆုံးသွားတဲ့ သူတို့ရဲ့ခေါင်းဆောင်တွေကို သတိရကြောင်း ၊ ဒီအဖြစ်တွေကို အမြဲသတိတရရှိစေလိုကြောင်း ပြောကြားနေ တာတွေဟာ အမုန်းပွါးမှုကို ပိုမိုမဖြစ်စေနိုင်ဘူးလားလို့ မေးစရာ ရှိနေပါတယ် ။ တကယ်လို့သာ ဒီကျဆုံးသွားတဲ့ တပ်မတော်သားတွေရဲ့  သစ္စာကို စောင့်သိမယ် လို့ခံယူခြင်းဟာ   တိုင်းရင်းသားတွေအတွက် အမုန်းပွါးစရာ တစ်ခုဖြစ်လာတယ် လို့ MPC က ဦးအောင်မင်းက ဆိုရင် လက်နက်ကိုင်တပ်ဖွဲ့တွေ ပြုလုပ်နေတဲ့  တော်လှန်ရေးနေ့ ၊ လူမျိုးရေးခေါင်းဆောင် အာဇာနည်နေ့ တွေကိုလည်း ဖျက်သိမ်းဖို့ ပြောနိုင်ရမယ် ။

ဒါလိုပြောမှသာ နှစ်ဖက်တပ်တွေရဲ့ အမုန်းပွါးမှုကို မဖြစ်ချင်လို့ဆိုတဲ့ စေတနာမှန်မယ်လို့ ထင်တယ် ။ ဘာလို့လည်းဆိုရင်   လက်နက်ကိုင်တပ်တွေ ပြုလုပ်တဲ့ တော်လှန်ရေးနေ့ နဲ့ အာဇာနည်နေ့တွေဟာ ဘာသာရေး ၊ လူမျိုးရေးနဲ့ ပြည်နယ် ခွဲထွက်ဖို့ စတင် တောခိုတဲ့ နေ့တွေဖြစ်သလို အဲဒီအကျိုးဆက်ကြောင့် ဖြစ်ပေါ်လာတဲ့ တိုက်ပွဲတွေမှာ သူတို့  ခေါင်းဆောင်တွေ ကျဆုံးသွား ရတဲ့နေ့တွေ ဖြစ်တဲ့အတွက်ကြောင့် ဒီလိုနေ့တွေ ရှိနေခြင်း ကျင်းပခွင့်ပေးခဲ့ခြင်း တို့ဟာ သူတို့ကို တိုက်ခိုက်ခဲ့ ရတဲ့ စစ်တပ်ကပဲ တစ်ဖက်သက် အကြောင်းမဲ့ တိုက်ခိုက်ခဲ့ပြီး သူတို့ရဲ့ လူမျိုးခေါင်းဆောင်တွေဟာ အပြစ်မဲ့ စွာသေဆုံးသွားသလို ဖော်ပြနေလို့ပဲ ဖြစ်ပါတယ် ။ ဥပမာ ဆိုရရင် KIO က ခေါင်းဆောင်ဟောင်း ဇော်ဆိုင်း တို့ဟာ ထိုင်းနယ်စပ်မှာ လုပ်ကြံခံရတာဟာ ကေအိုင်အေရဲ့  ရင်း(၁၁)တပ်ရင်းမှူး ဆိုင်းတူ ကပဲ ပြန်လုပ်ကြံ လိုက်တာဖြစ်ပြီး ဒါကို အစိုးရကလုပ်ကြံခိုင်းတာဆိုပြီး သမိုင်းလိမ်ခဲ့ကြတာမျိုးတွေ ဖြစ်တယ် ။ နောင်တစ်ချိန်မှာ သမိုင်းမှား  ဖြစ်လာမယ့်အဖြစ် လူမျိုးစွဲ မုန်းတီးမှုတွေ ဘယ်တော့မှ အဆုံးသတ်စေတော့မှာ မဟုတ်တဲ့ အတွက် MPC က ငြိမ်းချမ်းရေးတကယ်လိုလားလို့ အိမ်ရောင်း ခြံရောင်းနဲ့ လုပ်နေရရှာတဲ့ ဂုဏ်သရေရှိ လူကြီးမင်း အနေ နဲ့ ဒီလို တိုင်းရင်းသားတွေရဲ့ တော်လှန်ရေးနေ့ နဲ့ အာဇာနည်နေ့တွေဟာ မဖြစ်သင့်ပါဘူး လို့ ပြောရဲတယ်ဆိုတာမျိုးမှ မျှတတဲ့အမြင်ဖြစ်မယ် ။


(မောင်ကျောက်ခဲ အဖွဲ့)
Readmore »

Aug 6, 2014

၈၈ ကာလမှ ဆိုးသွမ်းရက်စက် ခေါင်းဖြတ် လူသားစားမှုများ အပိုင်း(၁)

(ရှစ်လေးလုံးမှာ ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ကြသည်သာမက ရင်ကိုခွဲ အသည်းကိုယူ ကြော်လှော်ချက်ပြုတ်စားခဲ့ကြသည်ကိုပင် အားရတင်းတိမ်မှု မရှိဘဲ စားလို့ကောင်းလိုက်တာ အားမရသေးဘူးဟု ဆိုကာ တစ်ကျော့ပြန်လာ၍ သေးဆုံးသူ၏ ပေါင်သားကို လှီး၍ ယူဆောင်ကာ မီးကင်စားကြသည့် ဖြစ်ရပ်တစ်ခု ရှိခဲ့ပါသည်)
(ညွန့်အောင်လတ်)
******

၁၉၈၈ ခုနှစ်၊ အရေးအခင်းကာလတွင် မြေစာပင်များသဖွယ် ကြားညပ်ခံရသူများ၏ ဖြစ်ရပ်မှန်များ၊ မလိုလားအပ်သော ကောလာဟလ မမှန်သတင်းများ၊ သွေးဆာနေသော စရိုက်၊ ခက်ထန်သော စိတ်၊ ကြမ်းတမ်းသောအမူအရာများနှင့် မင်းမဲ့စရိုက်ဖြင့် ရက်စက်စွာ သတ်ဖြတ်ခဲ့သော ဖြစ်ရပ်မှန်ကို ၂၀-၉-၉၀ ရက်နေ့တွင် လုပ်သားပြည်သူ နေ့စဉ် သတင်းစာတွင် ကိုယ်တွေ့ကြုံသူတစ်ဦးက ၄-၉-၈၈ နေ့ စီမံကိန်း (၁) အရေး အခင်း ဖြစ်ရပ်အမှန်များ ဆောင်းပါးဖြင့် ပြည်သူများအား အဖြစ်မှန်ကို ရေးသား တင်ပြခဲ့ပါသည်။ ထိုဖြစ်ရပ်မှန်ကို ဖတ်ရှုရသော ပြည်သူများအဖို့ စိတ်မချမ်းသာဖွယ်၊ ရင်နင့်ဖွယ် ခံစားခဲ့ကြရပါသည်။
ထိုဖြစ်ရပ်မှန်တွင် မြတ်ဗုဒ္ဓတရားတော်အရ လူသားချင်းထားရှိကြရမည့် သနားကြင်နာစိတ်များ ကင်းမဲ့ကာ ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ကြသည်ကို တွေ့မြင်ခဲ့ ကြရပါသည်။ ယင်းဖြစ်ရပ်ထက် ပိုမိုရက်စက်ကြမ်းကြုတ်လှသော ဖြစ်ရပ်တစ်ခု ရှိပါ သေးသည်။ ထိုဖြစ်ရပ်တွင် ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ကြသည်သာမက ရင်ကိုခွဲ အသည်းကိုယူ ကြော်လှော်ချက်ပြုတ်စားခဲ့ကြသည်ကိုပင် အားရတင်းတိမ်မှု မရှိဘဲ စားလို့ကောင်းလိုက်တာ အားမရသေးဘူးဟု ဆိုကာ တစ်ကျော့ပြန်လာ၍ သေးဆုံးသူ၏ ပေါင်သားကို လှီး၍ ယူဆောင်ကာ မီးကင်စားကြသည့် ဖြစ်ရပ်တစ်ခု ရှိပါသေးသည် ဆိုလျှင် ပြည်သူများ ယုံကြည်မည်ဟု မထင်ပါ။

တန့်ဆည် (၁၃-၉-၈၈)
*********
သို့ရာတွင် ယင်းဖြစ်ရပ်သည် အမှန်တကယ်ပင် ရှိခဲ့ပါသည်။ ဖြစ်ပွား ပေါ်ပေါက် ခဲ့သည်ဒေသမှာ စစ်ကိုင်းတိုင်းအတွင်းရှိ တန့်ဆည်မြို့၌ ဖြစ်ပွားခဲ့ခြင်း ဖြစ်ပါသည်။
တန့်ဆည်မြို့တွင် ၁၉၈၈ ခုနှစ်၊ အရေးအခင်းကာလ ရှစ်လေးလုံးနေ့တွင်လည်း ဆန္ဒပြ ဆူပူမှု မရှိခဲ့။ အေးဆေးငြိမ်သက်စွာ ရှိနေခဲ့သော မြို့တစ်မြို့ဖြစ်ပါသည်။ အသည်းကို ကြော်၊ လူသားကို မီးကင်စာခဲ့သည့် ရက်စက်ကြမ်းကြုတ်လှသော ဖြစ်ရပ် ပေါ်ပေါက်ရန်အတွက် အစပျိုးခဲ့သောနေ့က ၁၀-၉-၈၈ ရက်နေ့က စသည်ဟု ဆိုရပါမည်။
၁၀-၉-၈၈ ရက်နေ့တွင် ဒီမိုကရေစီတောင်းဆိုခဲကြသော ပြည်သူများသည် တန့်ဆည်မြို့၌ လှည့်လည်ဆန္ဒပြခဲ့ကြပါသည်။ တန့်ဆည်မြို့၏ အနောက်ဘက် နှစ်မိုင်ခန့် အကွာ လမ်းဆုံရှိ ရွှေကတော်ဘုရားဝင်းအတွင်းတွင် အထွေထွေသပိတ်စခန်းများ ဖွင့်လှစ်ကာ ကျောင်းသားများ ပါဝင်သည့် ကျောင်းသားသမဂ္ဂ၊ သံဃာတော်များ ပါဝင်သည့် သံဃာသမဂ္ဂများကို ဖွဲ့စည်းခဲ့ကာ ဆန္ဒပြ လှည့်လည်မှုများ ပြုလုပ်ခဲ့ကြပါသည်။
တန့်ဆည်မြို့နယ်အတွင်းရှိလူထုအား သပိတ်စခန်းခေါင်းဆောင်များက ကွင်းဆင်း စည်းရုံး ဟောပြောခဲ့ကြသည်။ အချို့ကျေးရွာလူထုက “ဒီမိုကရေစီဆိုတာဘာလဲ” ဟု မေးမြန်းခဲ့ရာ၌ သပိတ်ခေါင်းဆောင်များက “ဒီမိုကရေစီဆိုတာ ကိုယ်လုပ်ချင်တာတွေ လွတ်လွတ်လပ်လပ် လုပ်နိုင်ကြတယ်”ဟု အဓိပ္ပာယ်ဖွင့်ပေးခံကြသည်။ ထိုသို့အဓိပ္ပာယ် ဖွင့်ပေးခဲ့ရုံသာမက ပါတီ၊ ကောင်စီမှ ပုဂ္ဂိုလ်များ၏ အိမ်များကို ဖျက်ကြရန် တီးတိုးလှုံ့ဆော် လက်ညှိုးထိုးပြခဲ့ကြသည်။ ကျေးရွာလူထုက ထိုအိမ်များကို ဖျက်ဆီးခဲ့ ကြသူများရှိကြ သကဲ့သို့ ပရိဘောဂပစ္စည်းများ ယူဆောင်သွားကြသူများလည်း ရှိကြသည်။ ကျေးရွာများရှိ ရပ်ကွက် ကောင်စီဥက္ကဋ္ဌ နေအိမ်များ၊ ရပ်ကွက်သမဝါယမ အသင်းများကို ဖျက်ဆီး ကြသည်။ အရေးယူသူ မရှိသည့်အခါ သပိတ်ခေါင်းဆောင်များ အနက်အဓိပ္ပာယ် ဖွင့်ပေးခဲ့သည့်အတိုင်း “ဒီမိုကရေစီဆိုသည်မှာ လုပ်ချင်တာကို လွတ်လွတ်လပ်လပ် လုပ်နိုင်တယ်ဆိုတာ တယ်မှန်ပါလား”ဟု ဆိုကာ နေ့စဉ် ရက်ဆက် လွတ်လွတ်လပ်လပ် ဖျက်ဆီး ယူဆောင်ခဲ့ကြပါသည်။

ထိုသို့ ဖျက်ဆီးမှုများ ပြုလုပ်ခဲ့ရာ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ဥပဒေရုံး၊ မြို့နယ်တရာရုံး၊ မြန်မာ့စီပွားရေးဘဏ်တို့အပြင် ကျေးရွာသမဝါယမ အသင်း ၁၉ သင်း၊ တန်ဖိုးငွေကျပ် ၂ သိန်းကျော်ဖိုး ဆုံးရှုံးခဲ့ကြပါသည်။ ၂၂-၈-၈၈ ရက်နေ့တွင် ဧရိယာ ၃၀၀၀ ကျော်ရှိ ဝက်တိုး နိုင်ငံပိုင်စိုက်ကွင်းရှိ ခိုင်ခံ့သော အဆောက်အဦများ၊ ဂိုထောင်များကို ဖျက်ဆီးခဲ့ကြသည့်အပြင် စိုက်ကွင်းရှိ သီးနှံပင်များ၊ ထွန်စက် ခုနှစ်စီးနှင့် ထရေလာ ခုနှစ်စီး ကို ဖျက်ဆီးခဲ့ကြသည့်အတွက် တန်ဖိုးငွေကျပ် ၂၈ သိန်းကျော်ဖိုး ဆုံးရှုံးခဲ့ကြပါသည်။
ထိုသို့ လူအုပ်ဖြင့် အကြမ်းဖက်ရာမှ မင်းမဲ့စရိုက်ဝင်လာကြရာ၌ ၂၉-၈-၈၈ ရက်နေ့ တွင် တန့်ဆည်မြို့အတွင်းရှိ ဒေါင့်ကြီးကျေးရွာ၌ ရွာသားအချို့က ယခင်ရန်ငြိုးရှိခဲ့သည့် ရွာသားဖြစ်သူ ဦးငြိမ်းအား ဝိုင်းဝန်းရိုက်နှက်၍ လက်ပြန်ကြိုးတုပ် ဖမ်းဆီးခဲ့ကြသည်။ ဦးငြိမ်း၏ ဇနီးဒေါ်ဌေးနှင့် သားဖြစ်သူ မောင်ကိုတို့က အမျိုးမျိုး ငိုယိုတောင်းပန် အသနားခံ သော်လည်း မရဘဲ ဦးငြိမ်းအား သုဿာန်သို့ ဒရွတ်တိုက် ဆွဲယူသွားကာ ဓား၊ လှံများဖြင့် ရက်စက်စွာ ခုတ်သတ်လိုက်ကြသည်။ ဦးငြိမ်းအား ဤကဲ့သို့ ရက်စက်စွာ သတ်ဖြတ် လိုက်သည့် အကြောင်းရင်းကို တင်ပြရမည်ဆိုပါလျှင် ကျောင်းတော်က ရန်စဟု ဆိုရမည် ဖြစ်ပါသည်။ ဒေါင့်ကြီးကျေးရွာ ချယားပင် ကျောင်းတိုက် ဆရာတော် ပျံလွန်တော်မူခဲ့ရာ ကျောင်းတိုင်ဆရာတော်အသစ် တင်မြှောက်နိုင်ရေးအတွက် ကျေးရွာသားများ သဘောထား ကွဲခဲ့ကြသည်။ ခိုက်ရန် ဖြစ်ကြမည်စိုး၍ ကျောင်းကို သက်ဆိုင်ရာက ချိတ်ပိတ်ထားခဲ့သည်။

လအတန်ကြာ ချိတ်ပိတ်ပြီး ကျောင်းကို ပြန်လည်ဖွင့်လှစ်ပေးခဲ့ရာက တစ်ဖက်နှင့်တစ်ဖက် တိုက်ခိုက်ခဲ့ကြသည့်အတွက် သက်ဆိုင်ရာက ပုဒ်မ ၁၄၄ ထုတ်ပြန် ကာ အရေးယူခဲ့သည်။ ထိုသို့အရေးယူခဲ့သည့်အတွက် အရေးယူခံရသူများက ဦးငြိမ်း၏ သတင်းပေးမှုကြောင့်ဆိုကာ ရန်ငြိုးထားခဲ့ကြသည်။ ထိုကျောင်းတော်က ရန်စကို ယခုကဲ့သို့ အရေးအခင်းကာလ အတွင်း၌ လုပ်ချင်တာလုပ်နိုင်သည်။ ဘယ်သူမှ အရေးမယူဘူး ဆိုသည့် သပိတ်ခေါင်းဆောင်များ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်ကို ယုံကြည်၍ ရက်စက်စွာ သတ်ဖြတ်ခဲ့ကြခြင်း ဖြစ်ပါသည်။
တန့်ဆည်မြို့တွင် ဖွင့်လှစ်ထားသော သပိတ်စခန်းများမှာလည်း ရက်ကြာလာသည် နှင့်အမျှ တစ်ဖက်နှင့်တစ်ဖက် အယူအဆများ၊ လုပ်ရပ်များ ကွဲလွဲလာကြသည်။ တစ်ဦးနှင့် တစ်ဦး ယုံကြည်မှု နည်းပါးလာခဲ့ကြသည်။
ထို့သို့ သဘောထားကွဲလွဲခဲ့ကြသည့်အတွက် ဒီမိုကရေစီကြွေးကြော်သံများ၊ တစ်ပါတီစနစ် ဖြုတ်ချရေး ကြွေးကြော်သံများ ဆိတ်သုဉ်းကွယ်ပျောက်ကာ အကြမ်းဖက်ရန်အတွက် စစ်သင်တန်းများ ပို့ချကြသည်။ သပိတ်ခေါင်းဆောင်များ သဘောထားကွဲလွဲ ခဲ့ကြသည့် နည်းတူ အောက်ခြေတွင်လည်း သဘောထားကွဲလွဲ လာခဲ့ကြသည်။ မြို့ပေါ်ရှိ လုံခြုံရေးကင်းများအနက် တန့်ဆည်မြို့တွင်းနှင့် လမ်းဆုံလုံခြုံရေး ကင်းအဖွဲ့တို့ သိပ်မကြည်ကြ။ ထိုသို့သော အခြေအနေတွင် တန့်ဆည်မြို့နယ်၊ ပြည်သူ့ ရဲတပ်ဖွဲ့မှူး ဦးသန်းမြင့်နှင့် တပ်ဖွဲ့ဝင်များက မြို့လူထုလုံခြုံရေးအတွက် ကင်းလှည့်မြဲပင်။
သပိတ်ခေါင်းဆောင်များသည် လက်နက် ဘယ်ကရမလဲ၊ ဘယ်မှာရှိနိုင်သလဲ ဆိုသော မေးခွန်းကို အဖြေရှာကြရာ၌ အနီးအနားတွင် သေနတ်ရနိုင်သော နေရာသည် ရဲစခန်းပင်ဖြစ်သည်။ လွယ်လွယ်ကူကူ တောင်းကြည့်မည်။ မရပါလျှင် ရဲစခန်းကို တိုက်ခိုက်၍ လက်နက်ရယူမည်။ ရဲတပ်ဖွဲ့တွင် သေနတ်များ ရှိသည့်အတွက် သပိတ် အဖွဲ့အား တစ်နေ့ တန်ပြန်တိုက်ခိုက် ဖြိုခွဲနိုင်သည်ဟုသော အဖြေကို တွေ့ခဲ့ကြသည်။ ထို့ကြောင့် ၁၂-၉-၈၈ ရက် သပိတ်အဖွဲ့မှ ဘုန်းကြီး ဦးကောဝိဒ ခေါင်းဆောင်သော သံဃာတော် လေးငါးပါးနှင့် ကျောင်းသား လေးငါးယောက်တို့သည် ယခင်မြို့နယ်ပြည်သူ့ ကောင်စီဥက္ကဋ္ဌ အသုံးပြုသော မာဇဒါဂျစ်ကားဖြင့် ရဲစခန်းသို့ ရောက်ရှိလာကာ သိမ်းထားသော လိုင်စင်ဖြင့် ကိုင်ဆောင်သည့် လက်နက်များ ပေးအပ်ရန် တောင်းဆိုခဲ့ ပါသည်။ ထိုအခါ မြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့မှူးက “အရှင်ဘုရားတို့ လက်နက် ကိုင်ဆောင် တာဟာ အင်မတန် အန္တရာယ်များလှပါတယ်။ အရေးအကြောင်းရှိရင် အရှင်ဘုရားတို့ လုံခြုံရေးအတွက် လိုအပ်တယ်ဆိုရင် တပည့်တော်တို့ လာရောက် စောင့်ရှောက် ပေးပါမယ်”ဟု လျှောက်ထားခဲ့ရာ လက်နက်တောင်းဆိုသော အဖွဲ့မှာ မကျေမနပ်ဖြင့် ရဲစခန်းမှ ပြန်လည်ထွက်ခွာသွားကြပါသည်။ ထိုသို့ ထွက်ခွာသွားရာ၌ မြို့နယ်တရားရုံး အနီးသို့ ရောက်ရှိခဲ့ရာ၌ လုံခြုံရေးကင်းစောင့်သူများက ကားကို တားဆီးခဲ့ကြသည်။ ထိုစဉ် ကျေးရွာမှ လူများ ထပ်မံရောက်ရှိ၍ ဝိုင်းဝန်းကြပြန်ပါသည်။ ထိုအချိန်တွင် ပြဿနာဖြစ်မည်စိုးရိမ်၍ လိုက်လာသော မြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့မှူးနှင့် ရဲသားများ လက်နက်များ ကိုင်ဆောင်၍ ရောက်ရှိလာရာ ကားပေါ်မှ ဘုန်းကြီးနှစ်ပါးမှာ ကြောက်လန့်၍ ထွက်ပြေးသွားကြသည်။

ကျန်ရှိနေသော သံဃာတော်များနှင့် ကျောင်းသားများအား မြို့နယ်ပြည်သူ့ ရဲတပ်ဖွဲ့မှူးက ညမိုးချုပ်နေပြီဖြစ်၍ ဆက်လက်သွားရန် မသင့်တော့သဖြင့် စခန်းတွင် ညအိပ်ရန် ပြောကြားခဲ့ပြီး ရဲစခန်းသို့ ခေါ်သွာသည်။ ညအိပ်ရန်အတွက် စောင်၊ ဖျာ၊ ခေါင်းအုံးများ ငှားရန်းပေးခဲ့ကြသည်။ ထိုအချိန်တွင် ထွက်ပြေးသွားသော သံဃာ ၂ ပါးက သပိတ်စခန်းသို့ ရောက်ရှိသွားရာ၌ “ဘုန်းကြီးတွေနဲ့ ကျောင်းသားတွေကို ရဲက ဖမ်းချုပ် ထားလိုက်သည်”ဟု ပြောပြရာ သပိတ်စခန်းမှ မကျေမနပ်ဖြစ်ကာ အင်အား ၂၀၀ ခန့် လူစုပြီး လိုက်လာခဲ့ကြသည်။ တန့်ဆည်မြို့ရှိ လုံခြုံရေးကင်းများကလည်း “ဒီကောင်တွေ သိပ် လူပါးဝတယ်” ဟု ဆိုကာ အင်အား ၂၀၀ ကျော် လူစုပြီး သပိတ်စခန်းသို့ လိုက်သွား ကြရာ ယခင်မြို့နယ်ပြည်သူ့ကောင်စီရုံးရှေ့၌ ရင်ဆိုင်တွေ့ခဲ့ကြပါသည်။ ထိုအချိန်မှာ ည ၉ နာရီခွဲကျော်နေပြီ ဖြစ်ပါသည်။

ရင်ဆိုင်တွေ့ကြသော နှစ်ဖက်အုပ်စုသည် တစ်ဖက်နှင့်တစ်ဖက် ခွများ၊ ခဲများဖြင့် ပစ်ခတ် တိုက်ခိုက်ကြတော့သည်။ ထိုတိုက်ခိုက်မှုသတင်းကို ကြားသိရသော မြို့နယ် ပြည်သူ့ ရဲတပ်ဖွဲ့မှူးနှင့် ရဲသား ၁၅ ယောက်ခန့်တို့ လိုက်လာကာ သေနတ်ပစ်၍ လူစုခွဲခဲ့ရာ သပိတ်စခန်းမှ တစ်ဦး ပေါင်တွင် ထိမှန်ခဲ့သည်။ လူစုလည်းကွဲသွားခဲ့ပါသည်။ သို့ရာတွင် သပိတ်အဖွဲ့က ရဲသားများသည် တန့်ဆည်မြို့ဘက်မှ ပါဝင်၍ မိမိတို့ကို တိုက်ခိုက်ခဲ့သည်ဟု မကျေမနပ်ဖြစ်ခဲ့ကြပါသည်။ ထို့ကြောင့် ညတွင်းချင်း ပတ်ဝန်းကျင်ရှိ ကျေးရွာများသို့ လှည့်လည်၍ “ ဘုန်းကြီးနဲ့ ကျောင်းသားများကို ရဲတွေက သတ်ပစ်လိုက်ကြောင်း၊ ရဲစခန်းကို စီးနင်းရန်အတွက် တစ်အိမ်တစ်ယောက် ဓားတစ်ချောင်း၊ လှံတစ်ချောင်း ကိုင်ဆောင်လိုက်ပါကြရမည်ဖြစ်ကြောင်း၊ မလိုက်ပါသော အိမ်ကို မီးရှို့” ပစ်ပြီး သတ်ပစ် မည်ဟု ခြိမ်းခြောက်စည်းရုံးမှုကို အသံချဲ့စက်များဖြင့် ပြုလုပ်ကြသည်။ ရဲစခန်းတွင် ညသိပ်ထားသော ဘုန်းကြီးနှင့် ကျောင်းသားများကို မြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့မှူးက ၁၃-၉-၈၈ ရက်နေ့ နံနက်စောစော နှစ်နာရီခန့်တွင် သပိတ်စခန်းသို့ပြန်ရန် စေလွှတ်ပေးခဲ့ကြ ပါသည်။
၁၃-၉-၈၈ ရက်နေ့ကား တန့်ဆည်မြို့နယ်၏ အလှအပများကို အကျည်းတန် အရုပ်ဆိုးစေ သောနေ့၊ ရက်စက်ကြမ်းကြုတ်မှုများ သရဖူဆောင်းသော နေ့တစ်နေ့ ဖြစ်ခဲ့ရပါသည်။ ထိုနေ့ နံနက် ၆ နာရီခန့်တွင် သပိတ်အဖွဲ့က အရေးပေါ်အစည်းအဝေး ပြုလုပ်ရာ၌ မြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့မှူး ဦးသန်းမြင့််သည် မြို့လူထုဘက်မှ ဘက်လိုက် ခဲ့ကြောင်း၊ ထို့ကြောင့် ရဲစခန်းအား စီးနင်းတိုက်ခိုက်ရန်နှင့် မြို့နယ်ပြည်သူ့ ရဲတပ်ဖွဲ့မှူးနှင့် ဒုရဲအုပ်ကျော်ဆွေတို့အား ရှင်းလင်းပစ်ရန် ဆုံးဖြတ်ခဲ့ကြသည်။ ထို့နောက်နံနက် ၇ နာရီခွဲခန့်တွင် ခြိမ်းခြောက်စည်းရုံးခဲ့သော ရွာသားများ တုတ်၊ ဓား၊ လှံကိုင်ဆောင်၍ ချီတက်လာသော အင်အားတစ်သောင်းကျော်တို့ဖြင့် စခန်းအား ဝိုင်းခဲ့ကြသည်။

ရဲစခန်းကို ဝိုင်းနေသော လူအုပ်ကြီးကို ခေါင်းဆောင်သူမှာ သပိတ် စခန်းမှ ခေါင်းဆောင်တစ်ဦးဖြစ်သူ အသက် ၂၃ နှစ်ရှိ ချိုထွန်းဆိုသူဖြစ်သည်။ ချိုထွန်းက ရဲစခန်းကို ဝိုင်းထားပြီးဖြစ်သဖြင့် ရဲသားများအားလုံး လက်နက်ချရန် တောင်းဆိုခဲ့ပါသည်။ မြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့မှူးနှင့် ရဲသားများသည် မိသားစုများကိုခေါ်၍ ကာဘိုးဆည်ရှိ တပ်မတော်စစ်ကြောင်းနှင့် သွားရောက် ပူးပေါင်းရန် ဆုံးဖြတ်ကြသည်။ ထို့သို့ဆုံးဖြတ်ခဲ့ရသည်မှာလည်း သံဃာတော် တစ်ချို့နှင့် မြို့မိမြို့ဖ အချို့က ဆန္ဒပြသူများကို ပြန်လည်ပစ်ခတ်ပါက မြို့လူထု နစ်နာမည် ဖြစ်ကြောင်း၊ ယခုလာသူတို့တွင် အကြမ်းဖက်သူများ ပါသဖြင့် ရဲကပစ်ခတ်ခြင်း မပြုပါရန် လာရောက် မေတ္တာရပ်ခံခဲ့ကြသည့်အတွက် မြို့နယ်ရဲမှူးက မြို့လူထုကို ငဲ့ညှာသော အားဖြင့် ရဲစခန်းကိုစွန့်ခွာရန် ဆုံးဖြတ်ခဲ့ခြင်းပင်ဖြစ်သည်ဟု သိရသည်။
မြို့နယ်ရဲမှူးနှင့် ရဲသားများ၊ မိသားစုများ စခန်းကိုစွန့်ခွာ၍ လယ်ကွင်းအတွင်း ရောက်ရှိ သည် ဆိုလျှင်ပင် အကြမ်းဖက်သမားအချို့က ရဲစခန်းကို မီးရှို့ကြသည့်နည်းတူ တချို့ရဲတန်းလျားများကို မီးရှို့ဖျက်ဆီးကြသည့်အပြင် ပရိဘောဂ ပစ္စည်းများကိုပါ လုယက်ယူငင်ခဲ့ကြ ပါသည်။

မြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့မှူးနှင့် ရဲတပ်ဖွဲ့ဝင်များ ရဲစခန်း၏အရှေ့ဘက် တစ်ဖာလုံခန့် အကွာ လယ်ကွင်းထဲသို့ ရောက်ရှိကြရာ၌ အကြမ်းဖက်လူအုပ်က ရဲတပ်ဖွဲ့ဝင်များအား ထပ်မံဝိုင်းခဲ့ကြသည်။ မိသားစုများကို အလယ်တွင်ထားကာ ရဲတပ်ဖွဲ့ဝင်များက သေနတ် ဖြင့်ပစ်ခတ် လူစုခွဲရန် မြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့မှူးထံ ပစ်မိန့်တောင်းခံခဲ့ကြပါသည်။ ထို အခြေအနေနှင့် ပတ်သက်၍ အကြမ်းဖက်သမားများ ဝိုင်းဝန်းဖမ်းဆီးရာ၌ ပါဝင်ခဲ့သူ ရဲတပ်ဖွဲ့ဝင်တစ်ဦးဖြစ်သူ ကိုတင်အောင်နှင့် ကိုနေဝင်းတို့က “ကျွန်တော်တို့ရဲစခန်းနဲ့ တန်းလျားတွေကို မီးရှို့တာတွေ့ရတော့ အတော် စိတ်မကောင်းဖြစ်မိတယ်။ ဒါကြောင့် ပြန်ပစ်မယ်လို့ အချင်းချင်းပြောကြတဲ့အခါမှာ မြို့နယ်မှူးနဲ့ ရဲအုပ်ခင်မောင်သန်းတို့က မပစ်ကြဖို့ ပြောခဲ့တဲ့အတွက် လူငယ်တွေနဲ့ အငြင်းပွား ခဲ့ကြပါတယ်။ ဒါပေမဲ့ မြို့နယ် ရဲတပ်ဖွဲ့မှူးက အမိန့်မပေးခဲ့တဲ့အတွက် အထက်အရာရှိရဲ့ အမိန့်ကိုနာခံကြတဲ့ ကျွန်တော်တို့ အနေနဲ့ သေနတ်နဲ့ပြန်မပစ်ခဲ့ကြပါဘူး၊ အဲဒီအချိန်မှာပဲ သပိတ်အဖွဲ့ ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ချိုထွန်းဟာ ရဲတပ်ဖွဲ့မှူးအနားကို ကပ်လာပါတယ်။ ချိုထွန်းက “ဦးသန်းမြင့်၊ စဉ်းစားပါအုံး၊ လက်နက်ချပါ။ လူထုနဲ့ပေါင်းရင် ဘာမှမဖြစ်နိုင်ဘူး။ ကလေးတွေ၊ မိန်းမတွေ ဒုက္ခရောက်ကုန်ပါလိမ့်မယ်။ လက်နက်ချရင် တပ်ဖွဲ့ဝင် အားလုံးကို ကျွန်တော်တို့ တာဝန်ယူပါတယ်”ဟု ထပ်ခါတလဲလဲ ပြောနေခဲ့ပါတယ်။ “ဆရာလည်း ဘယ်လိုဆုံးဖြတ်လိုက်သလဲတော့ မသိပါဘူး။ ဆရာ့ခြောက်လုံးပြူးကို ချိုထွန်းလက်ထဲ ပေးလိုက်တာ တွေ့လိုက်ရပါတယ်”ဟု လည်းကောင်း၊ ဒုရဲအုပ် အောင်ကျော်မိုး က “ဆရာက ချိုထွန်းကို သူ့ခြောက်လုံးပြူးပေးလိုက်တော့ ချိုထွန်းက လူအုပ်ဘက်ကို ခြောက်လုံးပြူး မြှောက်ပြလိုက်ပါတယ်။ ဓားတွေ၊ လှံတွေကိုင်ထားတဲ့ အကြမ်းဖက် သမားတွေဟာ ရှေ့ကိုတိုးလာကြပါတယ်။ နောက်ပြီး ကျွန်တော်တို့ တစ်တွေကို လှံနဲ့တေ့ထားကြပါတယ်။ ကျွန်တော်တို့သေနတ်တွေကို ဆွဲယူကြပါတယ်။ ကျွန်တော်တို့ လည်း ဆရာက သေနတ်ပေးလိုက်တော့ ဘာလုပ်ရမယ်မသိဘူး၊ ဒါနဲ့ကျည်ဆံကဒ်တွေ ဖြုတ်ပြီး သေနတ်ကို ပေးလိုက်ကြပါတယ်။ ကျွန်တော်တို့နဲ့ ပါလာတဲ့ ကျည်ဆံတွေကိုတော့ အောက်ကိုပစ်ချပြီး ရွှံ့ဗွက်ထဲရောက်သွားအောင် ခြေထောက်နဲ့ နင်းခဲ့ကြပါတယ်။ အဲဒီအချိန်မှာပဲ ဆရာ့အနားရောက်လာခဲ့ကြတဲ့ အကြမ်းဖက်သမား အချို့ဟာ ဆရာ့ကို ဓားနဲ့လှမ်းခုတ်လိုက်တဲ့အတွက် ဆရာ့ပါး တစ်ခြမ်းမှာ အသားမရှိတော့ဘဲ သွားတွေတောင် ပေါ်လာတာ တွေ့ရပါတယ်။ တချို့ကလည်းဆရာ့ကို ဓားနဲ့ဝိုင်း ခုတ်ကြပါသေးတယ်။ ကျွန်တော်တို့ကိုလည်း လောက်လေးခွ၊ ခဲတွေနဲ့ပစ်တော့ မလှမ်းမကမ်းမှာရှိတဲ့ ဘုန်းကြီးကျောင်း တစ်ကျောင်းဆီ အရောက် ပြေးခဲ့ကြပါတယ်။ ကျောင်းပေါ် တက်ပြေးကြသူတွေရှိသလို ကျောင်းအောက်မှာ ပုန်းနေ ကြတဲ့သူတွေလည်း ရှိပါတယ်။ ဆရာဦးသန်းမြင့်လည်း ဒဏ်ရာတွေနဲ့ နောက်ကလိုက် လာတာတွေ့ရပါတယ်။ ဆရာ ဦးသန်းမြင့်ကို ဒုရဲအုပ် ဦးခင်မောင်မြင့်လို့ ထင်ပါတယ်၊ ကျောင်းပေါ်ကို တွဲပြီးခေါ်လာခဲ့တာ ကို တွေ့ရပါတယ်”ဟု ပြောပြကြပါသည်။

ထိုသို့ အခြေအနေများ ရှုပ်ထွေးနေချိန် ဒုရဲအုပ်၊ စခန်းမှူး ဦးခင်သိန်းမှာ ကျောင်း လှေကားအပေါ်သို့ ပြေးတက်လာစဉ် အကြမ်းဖက်သမားအချို့တို့က ဓားလှံများဖြင့် ဝိုင်းဝန်းထိုးသတ်ခဲ့ကြပါသည်။ ထိုးခုတ်ထားသော ဓား၊ လှံဒဏ်ရာများဖြင့် မသေမရှင် ဖြစ်ကာ လဲကျတော့မည့် ဦးခင်သိန်းအား ချိုထွန်းက ခြေက်လုံးပြူးဖြင့် နှစ်ချက်ဆင့် ပစ်ခဲ့ပြန်ပါသည်။
ရဲတပ်ဖွဲ့ဝင်များ ဘုန်းကြီးကျောင်းပေါ်သို့ တက်ရောက်ပုန်းအောင်းနေရာ၌ အကြမ်းဖက် သမားများက ကျောင်းကိုဝိုင်းထားကာ လောက်လေးခွများ၊ ခဲများ၊ ဂျင်ကလိ စသည် များဖြင့် ပစ်ပေါက်နေကြပါသည်။ ထိုအတောအတွင်း ငှက်ပျောခြံအနီး၌ ပုန်းအောင်းနေသော ရဲတပ်သား ကိုဘိုမောင်ကို အကြမ်းဖက်သမားအချို့က တွေ့ရှိ သွားခဲ့ပြန်ပါသည်။ ရဲတပ်သား ကိုဘိုမောင်ကို အကြမ်းဖက်သမားအချို့က ဆွဲခေါ် လာပြီးနောက် ဘုန်းကြီးကျောင်းလှေကားရင်း၌ ဓား၊ လှံ စသည့် လက်နက်များဖြင့် ဝိုင်းဝန်းခုတ်သတ်လိုက်ကြသည်။ ထို့နောက် အသတ်ခံရသည့် ဒုရဲအုပ်၊ စခန်းမှူး ဦးခင်သိန်းနှင့် ရဲတပ်သား ကိုဘိုမောင်တို့၏ ခေါင်းများကိုဖြတ်ကာ အောင်ပြီအောင်ပြီဟု အော်ဟစ်ကြပြီး သပိတ်စခန်းသို့ ယူဆောင်သွားခဲ့ကြပါသည်။
ရဲတပ်သားကိုဘိုမောင်အား အကြမ်းဖက်သမားအချို့ တွေ့ရှိ ဆွဲထုတ် ခေါ်ယူ သွားခြင်းနှင့် ပတ်သက်၍ ဇနီးဖြစ်သူ အသက် ၅၄ နှစ်ရှိ ဒေါ်ကျင်ရီ ( ရဲတပ်သား များက ဒေါ်ရှမ်းဟုခေါ်သူ) က “ကျွန်မလည်း ကြောက်ကြောက်နဲ့ ထွက်ပြေးခဲ့တာ ကလေးတွေနဲ့ ကွဲသွားပါတယ်။ တစ်နေရာရောက်တော့ ကျွန်မဝပ်နေတုန်းမှာ ကျွန်မ ယောင်္ကျား ကိုဘိုမောင်က ရောက်လာပါတယ်။ ကျွန်မကရှင်မပြေးဘူးလား၊ ပြေးလေလို့ ပြောတော့ ကိုဘိုမောင်က ငါ့မှာ ဘာအပြစ်မှ မရှိပါဘူး ကွာ၊ မပူပါနဲ့၊ သူတို့ ဘာမှလုပ်မှာ မဟုတ်ပါဘူး၊ မင်းသာ လွတ်အောင်ပြေးလို့ ပြန်ပြော ပါတယ်။ ကျွန်မက ရှင်ဝတ်ထားတဲ့ စစ်စွပ်ကျယ်ကို ချွတ်လိုက်အုံးဆိုတော့ ကိုဘိုမောင်က စွပ်ကျယ်ချွတ်ပေးတဲ့အပြင် ဆေးလိပ်တွေပါ ပေးပါတယ်။ အဲဒီအချိန်မှာဘဲ ဘုန်းကြီးတစ်ပါးနဲ့ လူတစ်ချို့ ရောက်လာပြီး ဒီကောင်လည်း ရဲပဲ ၊ ဖမ်း ဖမ်းဆိုပြီး ခြေထောက် နဲ့ကန်ကြ၊ ကြိုးနဲ့ တုပ်ပြီး ရိုက်နှက် ခေါ်သွားကြပါတယ်။ ကျွန်မက မလုပ်ကြပါနဲ့၊ အဘိုးကြီးဖြစ်နေပြီ၊ သက်သက်ညှာညှာ လုပ်ကြပါလို့ တောင်းပန်တဲ့အခါ ခင်ဗျားပါ သေချင်သလားဆိုပြီး ကျွန်မကို တွန်းပစ်ခဲ့ ပါတယ်ရှင်၊ အဲဒီအချိန်ကစပြီး ကျွန်မယောင်္ကျားကို မတွေ့ရတော့ပါဘူး”ဟု မျက်ရည် စမ်းစမ်းဖြင့် ပြောပြခဲ့ပါသည်။
ဘုန်းကြီးကျောင်းတွင် ပုန်းအောင်းနေကြသော ရဲတပ်ဖွဲ့ဝင်များအနက် တပ်ဖွဲ့ဝင် အချို့ကို ယူနီဖောင်းများ ချွတ်ခိုင်းကာ အကြမ်းဖက်သမားများ မသိအောင်သပိတ်စခန်းသို့ ခေါ်ထုတ်သွားကြသည်။ ဒုတိယအသုတ်အဖြစ် ကျန်တပ်ဖွဲ့ဝင် များကို ခေါ်ထုတ်ရာ၌ အကြမ်းဖက်သမားများက သိရှိသွားကာ လှံ၊ ဓားများဖြင့် ထိုးနှက်မည် ပြုလုပ်သဖြင့် ချိုထွန်းက သေနတ်နှစ်ချက် ပစ်ဖောက်၍ ဟန့်တားခဲ့သည်။ ထို့နောက် ရဲတပ်ဖွဲ့ဝင်များအား လက်တစ်ဖက်ကို အပေါ်သို့ မြှောက်ထားစေပြီး ကျန်လက်တစ်ဖက်ကို ဝါယာကြိုးများဖြင့် ပူးတွဲချည်နှောင်၍ ခေါ်ဆောင်သွားကြရာ လမ်းတစ်လျှောက်လုံး တစ်ယောက်တစ်ချက် ဝိုင်းဝန်းရိုက်နှက်ခဲ့ကြသည်။ မြို့နယ် ရဲတပ်ဖွဲ့မှူး ဦးသန်းမြင့်ကိုမူ ဒဏ်ရာများရှိသဖြင့် ထွန်စက်ကားဖြင့် ခေါ်ဆောင် လာခဲ့ကြသည်။ ရွှေကတော်ဘုရားဝင်းအတွင်း ဖွင့်လှစ် ထားသော သပိတ်စခန်းသို့ ရောက်ရှိကြရာ၌ သပိတ်စခန်းအပြင်မှ အကြမ်းဖက်သမား များက ရဲမှူးအားထုတ်ပေးရန် အော်ဟစ် တောင်းဆိုကြပါသည်။ ရဲမှူးအား သတ်ဖြတ်ရန် ကြိုတင်စီစဉ်ထားသည်မှာ အကြမ်းဖက်သမားများရှေ့တွင် စားပွဲတစ်လုံးနှင့် ဓားတစ်ချောင်း ချထားပါသည်။ အသတ်ခံရမည့် သူသည် စားပွဲပေါ်တွင် မှောက်လျက် အနေအထား လည်စင်း ပေးသည့်အခါ ခေါင်းဖြတ်သတ်ရန် စီစဉ် ထားပါသည်။

အကြမ်းဖက်သမားများက ရဲမှူးအား အော်ဟစ်တောင်းဆိုနေစဉ် သပိတ်အဖွဲ့ ခေါင်းဆောင် တစ်ဦးဖြစ်သူ ဇော်ရဲနိုင်က အသံချဲ့စက်ဖြင့် “ဦးသန်းမြင့်ကို ခင်ဗျားတို့ ခွင့်မလွှတ်နိုင်ဘူးလား” မေးမြန်းရာ အကြမ်းဖက်သမားများက ခွင့်မလွှတ်နိုင်ဘူး၊ အခုချက်ချင်း ထုတ်ပေးပါဟု အော်ဟစ်တောင်းဆိုကြသည်။ ထိုအခါ ရဲမှူးသန်းမြင့်က စကားပြောခွင့် ပြုရန် တောင်းခံပြီး အသံချဲ့စက်ဖြင့် “ကျွန်တော်ဟာ ပြည်သူလူထုဘက်ကို ဘယ်တော့မှ ပြောင်းဝမလှည့်ခဲ့ပါဘူး၊ အခုလည်းကျွန်တော့်မှာ ဒဏ်ရာတွေ အပြင်းအထန် ရရှိနေပါပြီ၊ ဒီလောက်နဲ့ကျေနပ်ကြစေလို ပါတယ်၊ ကျွန်တော်အသက်ကို ချမ်းသာ ပေးကြပါ” ဟု တောင်းပန်စကား ပြောဆိုခဲ့ရာ ဇော်ရဲနိုင်က “ဦးသန်းမြင့် တောင်းပန်တာ ခင်ဗျားတို့ ကျေနပ်ကြသလား”ဟု သုံးကြိမ် မေးမြန်းရာ အကြမ်းဖက် သမားများက “လုံးဝ မကျေနပ်ဘူး” ဟု ပြန်လည်အော်ဟစ်ခဲ့ကြပါသည်။ အတိုင်အဖောက် ညီညီဖြင့် မေးမြန်းမှုပြီးဆုံးသွားသည့်အခါတွင် ဇော်ရဲနိုင်က “ခင်ဗျားတို့ အထဲက အမာခံတွေ ဦးသန်းမြင့်ကို လာပြီးခေါ်ထုတ်ပါ” ဟု ကြေညာလိုက်ရာ အကြမ်းဖက် သမားနှစ်ဦးက ရဲမှူးကို လာခေါ်ထုတ်သွားကြပါသည်။ သတ်ရန်ပြင်ဆင်ထားသည့် စားပွဲအထိပင် မစောင့်တော့ဘဲ ဘုရားဝင်းအပြင် ရောက်သည်နှင့် တစ်ပြိုင်တည်း အကြမ်းဖက် သမားများက ဓား၊ လှံများဖြင့် ဝိုင်းဝန်းထိုးခုတ်ကာ ရဲမှူး၏ ခေါင်းကို ဖြတ်လိုက်ကြသည်။ ဤမျှရက်စက်ကြမ်းကြုတ် ယုတ်မာလှစွာသော မြင်ကွင်းကို တွေ့မြင်ကြရသည့်အခါ လူအုပ်ကြီးမှာ စိတ်မချမ်းမသာစွာဖြင့် ပြန်သွားကြပါသည်။
သို့ရာတွင် အကြမ်းဖက်သမားလူတစ်စု ကျန်ရှိနေခဲ့ပါသေးသည်။ ထိုလူစုက ဒုရဲအုပ် ခင်မောင်သန်းကို ထုတ်ပေးရန် အော်ဟစ်တောင်းဆိုခဲ့ကြပြန်ပါသည်။ အချိန်ကား ညနေ ၄ နာရီ ၄၅ မိနစ်ခန့်ရှိပါသည်။ ဇော်ရဲနိုင်က “ခင်မောင်သန်းမှာ ဘာအပြစ်ရှိလို့လဲ”ဟု အသံချဲ့စက်ဖြင့် မေးမြန်းရာ အကြမ်းဖက်သမားတစ်စုက ခြေထောက်တစ်ဖက် ဖြတ်ထားသော ကလေးငယ်တစ်ဦးကို မြှောက်ပြခဲ့ပါသည်။ ထိုကလေးငယ်မှာ အထက်တွင် ဖော်ပြထားသည့် ဒေါင့်ကြီးကျေးရွာ ချယားပင်ကျောင်းကိစ္စနှင့် ပတ်သက်၍ တစ်ဖက်နှင့် တစ်ဖက် ပဋိပက္ခဖြစ်ကြစဉ်က ပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့ရပြီး သေနတ်ဖြင့် ပစ်ခတ်လူစုခွဲရာ၌ ကလေးငယ်၏ ခြေထောက်ကို ထိမှန်ဒဏ်ရာရရှိခဲ့ပါသည်။ ထိုစဉ်က တာဝန်ကျခဲ့သူမှာ ဒုရဲအုပ် ခင်မောင်သန်း ဖြစ်သည့်အတွက် ခင်မောင်သန်းအား အော်ဟစ်တောင်းဆို ခဲ့ကြခြင်းပင် ဖြစ်ပါသည်။

(ဆက်ပါဦးမည်)
From:[_ PPtm_]
(မောင်ကျောက်ခဲ အဖွဲ့)
Readmore »

Aug 5, 2014

8888 မှာ လုံထိန်းတွေ တက္ကသိုလ်ကျောင်းသူတွေကို မုဒိန်းကျင့်တယ်ဆိုတဲ့ ဇာတ်ရှုပ် BBC ဖန်တီးခဲ့ခြင်းသာဖြစ်


ဒီကနေ့  ဘီဘီစီက ရေးသားဖော်ပြလိုက်တဲ့ …၈၈ခုနှစ် အရေးအခင်းမှာ ….လူထုကို ဦးသိန်းစိန် ပစ်ခတ်နှိမ်နှင်းခဲ့သလားဆိုတဲ့ ဆောင်းပါးဟာ …ဖော်ပြပြီး ၅နာရီလောက်အကြာမှာပဲ ….ဘီဘီစီ ပေ့ခ်ျမှာ ၀ိုင်းဝန်းအားပေး ထောမနာပြုကြတဲ့ …ဖေ့စ်ဘုတ်ကာတွေရဲ့ ကောမန့် များအောက်မှာ …ဘီဘီစီ အနေနဲ့  အတော်ကို ဂွမ်းသွားခဲ့ပါတယ် …

အဓိပ္ပာယ်ကတော့ …ဒီကနေ့ လူထုဟာ …၁၉၈၈ ခုနှစ် လူထု မဟုတ်တော့သလို …ဒီကနေ့ ခေတ်ဟာလဲ ….စတုတ္ထမဏ္ဍိုင် တစ်ခုတည်းသာမက ….ပဉ္စမ မဏ္ဍိုင် လူမှုကွန်ယက်တွေ ပါ ….ပေါ်ပေါက်နေတဲ့ ခေတ်ကို …ရောက်ရှိနေပြီမို့ လို့ ပဲ ဖြစ်ပါတယ် ….

ဒါပေမယ့် လွန်ခဲ့တဲ့ ၂၆ နှစ် အချိန်ကာလကတော့ …ဒီလိုမဟုတ်ခဲ့ပဲ ….ဘီဘီစီ ပြုသမျှ …
ကျွန်တော်တို့ နုခဲ့ရဖူးပါတယ် ….

တိတိကျကျ ပြောရရင်တော့ …၁၉၈၈ခုနှစ် သြဂုတ်လ ၆ရက် …ည ၈ နာရီ ၄၅ မိနစ် မြန်မာပိုင်းအစီအစဉ် ကဏ္ဍ …ထုတ်လွှင့်ချက်ပါ ….

သတင်းကတော့ ….အင်းစိန်ထောင်ထဲမှာ …လုံထိန်းများက အကြိမ်ကြိမ် မုဒိန်းပြုကျင့်ခံခဲ့ရပါတယ်ဆိုတဲ့  …
မိန်းကလေးများနဲ့  တွေ့ ဆုံခန်းကို ထုတ်လွှင့်လိုက်တာပါ ….

ကျွန်မ ဘေးအခန်းက မိန်းကလေးတွေရဲ့ ….သနားစဖွယ် အော်ဟစ် ငိုရှိုက် ….တောင်းပန်သံတွေကို ကြားနေရတယ် …ကျွန်မတို့ ကို ….တစ်ယောက်ပြီး တစ်ယောက် …အကြိမ်ကြိမ် ၀င်လာ မုဒိန်းကျင့်နေတယ် …မုဒိန်းကျင့်ခံရတဲ့  မိန်းကလေး ကိုးယောက်မှာ …သုံးယောက်က ကိုယ့်ကိုယ်ကို သတ်သေသွားခဲ့ပြီး ….ကျန်တဲ့သူတွေမှာ ကိုယ်ဝန်ဖျက်ချတဲ့သူဖျက်ရ …ဘ၀ပျက်တဲ့ သူ ပျက်ရ ဆိုတဲ့ အကြောင်း …ကာယကံရှင် မိန်းကလေးကိုယ်တိုင် ရှင်းပြနေတာကို …ထုတ်လွှင့်ပေးလိုက်တာပါ ….

တစ်ပြည်လုံးက ပြည်သူတွေဟာ…သတင်းကို နားထောင်နေရင်း နားထောင်နေရင်း
ခြေဖျားလက်ဖျားတွေ အေးစက်လာပါတယ် ….ပတ်ဝန်းကျင်လေထုဟာ ရုတ်တရက် ငြိမ်ကျသွားတယ် …

လူတွေအားလုံးရဲ့ မျက်နှာဟာ …တစ်စ တစ်စ တင်းမာလာကြတယ်…

တစ်ချက်တစ်ချက် ကျတော့ …စုပ်သပ်သံလေး သဲ့သဲ့ ကြားရတယ် ….နားဆင်နေရင်းပဲ ….
တစ်ချို့ ကတော့ မျက်ရည်တွေကျနေကြတယ်သတင်းအပြီးမှာတော့ …အားလုံးရဲ့ မျက်နာဟာ အံကြိတ်ထားလို့ …မေးကြောကြီးတွေ ထောင်ထောင်ထ …မျက်လုံးတွေကလဲ …မီးတောက်မီးလျှံတွေလို ရဲရဲနီ ကုန်ကြပါပြီ ….


ဒီလောက်ဆိုရင်တော့ …နောက်တစ်နေ့  လမ်းမတွေပေါ်မှာ …ဘာတွေဆက်ဖြစ်ကုန်မလဲ ….
ကျွန်တော်တို့ မှန်းဆလို့ ရနိုင်ပါပြီကော ….

ကောင်းပါပြီ …
ဒီသတင်း ဘယ်လိုဖြစ်လာခဲ့ပါသလဲ ….ဘယ်လို အသံသွင်းယူခဲ့ကြသလဲ ….
ကျွန်တော်တို့ တစ်ချက် လောက် …နောက်ကြောင်းပြန် ကြည့်ကြရအောင်ပါလား ခင်ဗျာ ….

ဘီဘီစီ သတင်းထောက် ခရစ္စတိုဖာ ဂါးနက်ဟာ …၁၉၈၈ခုနှစ် သြဂုတ်လထဲမှာ …
စမ်းချောင်းမြို့ နယ် ၊ ကျွန်းတောတောင်ရပ်ကွက် ချမ်းသာလမ်း ၊အိမ်အမှတ် ၁၈ …
ကိုအောင်မျိုးထွန်း ရဲ့ နေအိမ်မှာ …ဒီရေဒီယို ထုတ်လွှင့်ချက် အစီအစဉ်ကို …
အသံသွင်းဖို့ လုပ်ခဲ့ကြပါတယ် ….

စီစဉ်သူက ကိုနေမင်း …၀ိုင်းဝန်း ကူညီဆောင်ရွက်သူတွေက …ကိုတင်မောင်ထွေး ၊ ကိုဌေးအောင်၊ကိုဌေးကြွယ် နဲ့  ….ကို ကိုကိုလတ်တို့ ဖြစ်ကြပါတယ် …အမျိုးသမီး တွေကတော့ …
မအေးငြိမ်းသူ နဲ့ တစ်ခြားကျောင်းသူ တစ်ဦး ဖြစ်ပါတယ် ….

မအေးငြိမ်းသူ က အကူအညီတောင်းလို့  …ဘုမသိ ဘမသိ အသံသွင်းခဲ့တဲ့သူပါ ….အသံလွှင့်အစီအစဉ် မစတင်မီ …အဲဒီ မုဒိန်းကျင့်ခံရတဲ့ မိန်းကလေးတွေနဲ့  ….တွေ့ ချင်တယ်လို့ ပြောတော့….
အသံသွင်းပြီးရင် လိုက်ပို့ ပေးမယ်လို့ ပြောပြီး …စာရွက်မှာရေးထားတာတွေကို ဖတ်ပြ …စိတ်တိုင်းကျ အသံသွင်းပြီးတဲ့ နောက်မှာ …အချိန်မရတော့လို့ ….နောက်မှပဲ ပို့ တော့မယ်လို့ ပြောပြီး …
မလိမ့်တပတ်လုပ် …ရှောင်ထွက်သွားခဲ့တယ်လို့  ဆိုပါတယ် …

ဘယ်လိုပဲ ဖြစ်ဖြစ် အသံသွင်းတာကတော့ …အောင်မြင်စွာ ပြီးစီးသွားခဲ့ပါပြီ …
ကြိုတင် နှပ်ကြောင်းပေး လှုံ့ ဆော်နေတဲ့  …၈.၈.၈၈ ရက်နေ့ မတိုင်မီ တစ်ရက်အကျော် …
၆.၈.၈၈ ရက်နေ့ မှာ ..ဒီအသံလွှင့်ဇာတ်လမ်းကို ဗုံးခွဲသလို …ဖောက်ခွဲ ထုတ်လွှင့်ပြစ်ခဲ့ပါတယ် ….

နောက်ပိုင်း ဘာတွေဆက်ဖြစ်ကုန်သလဲဆိုတာတော့…၈၈ ကို မီတဲ့သူတွေ အားလုံး သိကြပါတယ် …

သမိုင်းဟာ ညာလို့ မရပါဘူး …ဒီကိစ္စထဲပါခဲ့တဲ့  ၈၈ မျိုးဆက် ကိုဌေးကြွယ်တို့ လဲ …အခု လက်ရှိ ငုတ်တုတ်ကြီး ရှိနေတာပါပဲ …

ဟုတ်မဟုတ် ဆိုတာ ….သမိုင်းအမှန်ကို သိချင်စိတ်ရှိတဲ့  …သတင်းထောက် တစ်ယောက် က ….
သွားမေးကြည့်ရဲဖို့ ပဲ လိုပါတယ် ….

၈၈ အရေးအခင်း မှာ …သင်ရော လိပ်ပြာလုံခဲ့ပါသလား ဘီဘီစီ …..??????

From:[_ ရဲမိုး _]
(မောင်ကျောက်ခဲ အဖွဲ့)
Readmore »

သတင်းထောက်စစ်စစ်ဆိုသည်မှာ ဤသို့

မစာနာဘဲဖွတယ် ပြောတယ် ။ လက်ဆောင်ယူတဲ့ သူတော်တော်များများက လစာနည်းလို့ တိုက်က မထောက်ပံလို့ ယူရတာ ဆိုတယ်။လွန်ခဲ့တဲ့ နှစ်နှစ်လောက် က လည်း တော်ဝင်နှင်းဆီမှာ သတင်းထောက် တစ်ယောက် ကွိုင်လာရှာတယ် သူလည်း ဒီစကားလုံးတွေဘဲပြောသွားခဲ့တာဘဲ ။အဲဒီအချိန်သူကတောင် လစာများတယ်။ကျွန်တော်က တိုက်ပျောက်နေတဲ့ အပုဒ်စား သတင်းထောက် ။ ကျွန်တော်ပြောချင်တာ ကျွန်တော်တို့လည်း လေးသောင်းလောက်ကတည်းက ဘာလက်ဆောင်ပဏ္ဍာမှ မယူဖြစ်ခဲ့ပါဘူးဗျ လက်ဆောင် ယူဖို့မပြောနဲ့ အစားအသောက်တောင် မစားခဲ့ဖူးဘူး ။source က ညီလေး မင်းဂျာနယ်မှာပါဖို့ ဘယ်လောက်ပေးရမလဲ ။သူကို မုန့်လိုက်ကြွေးလိုက်ကွာဆိုရင် မျက်ရည်ဝဲပြီး ပြန်ခဲ့ရတာဘဲ ။ ဒီလိုဘဲ ကားခမရှိ ရထားခိုးစီးပြီး သတင်းလိုက်ခဲ့တာပါဘဲ ။ စာမှုခဆိုတာတောင် တစ်ပါတ်တစ်ပါတ် မှင်နီတွေကြားထဲက ဖြတ်လာတဲ့ နှစ်ထောင်သုံးထောင်ဘဲ မက်ခဲ့ရတာ ။ခင်ဗျားတို့လို နေ့စဉ် စာမူပါ နေတာတောင် မဟုတ်ဘူး ။ ဒါပေမယ့် ကိုယ်ဝါသနာပါတဲ့ ဒီအလုပ်ကို တန်ဖိုးထားလို့ တန်ဖိုးထား လာစေချင်လို့ လစာနဲ့စာမူခကလွဲပြီး ဘာမှကို မမျော်ကိုးခဲ့ဘူး ။ သတင်းထောက်အလုပ်က ချမ်းသာမှာ မဟုတ်တာ ၀င်လားကတည်းက သိထားကြပြီးသားမဟုတ်လား ။

 လက်ဆောင်ယူတာမယူတာက ခံယူချက်နဲ့ဘဲဆိုင်တယ်။အဓိက တွေးရမှာ ကိုယ်ဘယ်လို မီဒီယာသမားဖြစ်ချင်လဲဆိုတာ ။ ယူချင်တဲ့လူကတော့ ဆပ်ပြာမှုန့် တို့ အချဉ်ရည်ဗူးတို့လာပေးလည်း ယူတာဘဲ ။  ဒီတော့ မီဒီယာအလုပ်ဒီအလုပ်ကို တကယ်တန်ဖိုးထားရင် တကယ် မြတ်နိုးတယ်ဆိုရင် ကြုံကြုံ လာတတ်တဲ့ ကိုယ့်ရှေ့က လက်ဆောင်တွေစာအိပ်တွေ ကနေ လွတ်မြောက်အောင် ကြိုးစားနိုင်ပါစေ လို့ ဆုတောင်းပါတယ်။


From:[_ https://www.facebook.com/ko.thuramyo _]
(မောင်ကျောက်ခဲ အဖွဲ့)
Readmore »

Aug 3, 2014

အော်ရီဒူးရဲ့လက်ဆောင် သတင်းထောက်တွေ ဝိုင်းလုကြ




ယမန်နေ့က ကျင်းပတဲ့ အော်ရီဒူး သတင်းစာရှင်းလင်းပွဲအပြီးမှာ သတင်းထောက်တွေကို အော်ရီဒူးက sony Experia E1 ဟမ်းဆက်တစ်လုံးစီကို ဆင်းကဒ်ထည့်ပေးပြီးသား နဲ့ အခြားလက်ဆောင်တွေ ပေးတယ်လို့ဆိုပါတယ် ။ အဲဒီလက်ဆောင်ဝေတဲ့အချိန် သတင်းထောက်တွေ ဝိုင်းလုကြလို့ ရုတ်ရုတ်သဲသဲဖြစ်သွားပါတယ် ။ အဲဒီလို ရုပ်ပျက်ဆင်းပျက်နဲ့ ဖန်းလုယူမှုကြီးဖြစ်ပွါးခဲ့တာကို ဘယ်မီဒီယာကမှ မဖော်ပြရဲကြလို့ သတင်းထောက်အချို့ ကတော့ မကျေနပ်ပဲ သူတို့ရဲ့ ပါဆင်နယ်ဖေ့ဘုတ်အကောင့်တွေမှာ မကျေမနပ်နဲ့ရေးသားနေကြပါတယ်..။

 7 day သတင်းထောက်ဖြစ်တဲ့ ဥက္ကာကိုကိုက လက်ဆောင်လုပွဲကြီးဖြစ်တယ် ဆိုလို့ ရေးသားပြီး BBC သတင်းထောက်ဖြစ်တဲ့ ကိုသူရမျိုး ( သံချောင်းပါတီ အဖြစ် လူသိများ) ကတော့ သတင်းထောက်အချင်းချင်း လက်ဆောင်ပြန်သွင်းလို့ ရတဲ့ ဒိုင်.ဆိုင်ပြန်ဖွင့်မယ်လို ရေးသားတဲ့အပြင် သူပေးလို့ ငါရတိုင်း ဆိုရင် ခင်ဗျားတို့ လာဘ်ပေးလာဘ်ယူ အကြောင်း ဘယ်လိုရေးကြတော့မတုန်း လို့ ဒေါသတကြီး ရေးသားထားပါတယ် လှောင်ပြောင်ရေးသားထားပါတယ် ။ ဧရာဝတီသတင်းထောက် ကိုဆိုင်းဇော်ကလည်း Experia E1 လေးနဲ့ အင်တာနက်ကို H+ နဲ့ သုံးရတာ ဇိမ်ပဲကွာဆိုတဲ့ Status ဘယ်သူတင်မလဲ စောင့်နေတာ ။ ဘယ်သူ့မှလဲ တင်ကြဘူး ဟု သရော်ထားသည်ကို တွေ့ရမည်ဖြစ်သည် ။

 အော်ရီဒူး ဟာ ယူအေအီးနိုင်ငံ ပိုင်ဖြစ်ပြီး အင်တာနက်အသုံးပြုခ ကြီးမြင့်ခြင်း ကြောင့် ဝေဖန်ခံနေရသလို အမျိုးဘာသာအတွက် အသုံးမပြုကြဖို့ကန့်ကွက်မှုတွေလည်းရှိနေပါတယ် ။ ဝယ်ယူရာမှာလည်း သန်းခေါင်စာရင်းကောက်သလို စာရွှက်စာတမ်းများဖြည့်ရသောကြောင့် အွန်လိုင်းသတင်းများက ဖော်ပြသလို ဂျီဟဒ်အတွက် စိမ့်ဝင်ကြိုးပမ်းနေသည်လားဟု သံသယများလည်းဖြစ်ပေါ်နေပါတယ် ။ တယ်လီဖုန်းလုပ်ငန်းတစ်ခုသည် ၎င်းထုတ်ကုန်အသုံးပြုသော ဖုန်းများအား ကြားဖြတ်နားထောင်ခြင်း မှတ်တမ်းတင် record ယူထားခြင်းများ ပြုလုပ်၍ ရသည်ဟု နည်းပညာရှင်များကလည်း ပြောဆိုပါတယ် ။

 ထိုသို့နာမည်ပျက်နေသော်လည်း ဝယ်ယူအသုံးပြုနေကြဆဲ အော်ရီဒူးသည် အွန်လိုင်းတွင် ကန့်ကွက်မှုရှိသော်ကြောင့် အပြင်လောကတွင်လည်း ကန့်ကွက်မှုမရှိစေရန် သတင်းထောက်များအား ဖုန်းနဲ့ဆင်းကဒ်လက်ဆောင်ပေး၍ လာဘ်ထိုးခြင်းဖြစ်ပြီး သတင်းထောက်များမှာ ဘုရားပွဲတွင် ပိုက်ဆံကြဲသလို ကလေးများသဖွယ် လုယူကြကြောင်း ရန်ကုန်မီဒီယာလောကတွင် ပြောဆိုနေသည် ။ (အော်ရီဒူးလက်ဆောင်ပေးသော ပစ္စည်းများကို အေပီသတင်းဌာနမှ ကိုခင်မောင်ဝင်း ဖေ့ဘုတ်မှ ကူးယူသည် -ကိုခင်မောင်ဝင်းမှယင်းပစ္စည်းများကို ပြန်ပေးမည်ဟုဆိုသည်)

(မောင်ကျောက်ခဲ အဖွဲ့)
Readmore »


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ