မစာနာဘဲဖွတယ် ပြောတယ် ။ လက်ဆောင်ယူတဲ့ သူတော်တော်များများက လစာနည်းလို့ တိုက်က မထောက်ပံလို့ ယူရတာ ဆိုတယ်။လွန်ခဲ့တဲ့ နှစ်နှစ်လောက် က လည်း တော်ဝင်နှင်းဆီမှာ သတင်းထောက် တစ်ယောက် ကွိုင်လာရှာတယ် သူလည်း ဒီစကားလုံးတွေဘဲပြောသွားခဲ့တာဘဲ ။အဲဒီအချိန်သူကတောင် လစာများတယ်။ကျွန်တော်က တိုက်ပျောက်နေတဲ့ အပုဒ်စား သတင်းထောက် ။
ကျွန်တော်ပြောချင်တာ ကျွန်တော်တို့လည်း လေးသောင်းလောက်ကတည်းက ဘာလက်ဆောင်ပဏ္ဍာမှ မယူဖြစ်ခဲ့ပါဘူးဗျ လက်ဆောင် ယူဖို့မပြောနဲ့ အစားအသောက်တောင် မစားခဲ့ဖူးဘူး ။source က ညီလေး မင်းဂျာနယ်မှာပါဖို့ ဘယ်လောက်ပေးရမလဲ ။သူကို မုန့်လိုက်ကြွေးလိုက်ကွာဆိုရင် မျက်ရည်ဝဲပြီး ပြန်ခဲ့ရတာဘဲ ။ ဒီလိုဘဲ ကားခမရှိ ရထားခိုးစီးပြီး သတင်းလိုက်ခဲ့တာပါဘဲ ။ စာမှုခဆိုတာတောင် တစ်ပါတ်တစ်ပါတ် မှင်နီတွေကြားထဲက ဖြတ်လာတဲ့ နှစ်ထောင်သုံးထောင်ဘဲ မက်ခဲ့ရတာ ။ခင်ဗျားတို့လို နေ့စဉ် စာမူပါ နေတာတောင် မဟုတ်ဘူး ။ ဒါပေမယ့် ကိုယ်ဝါသနာပါတဲ့ ဒီအလုပ်ကို တန်ဖိုးထားလို့ တန်ဖိုးထား လာစေချင်လို့ လစာနဲ့စာမူခကလွဲပြီး ဘာမှကို မမျော်ကိုးခဲ့ဘူး ။ သတင်းထောက်အလုပ်က ချမ်းသာမှာ မဟုတ်တာ ၀င်လားကတည်းက သိထားကြပြီးသားမဟုတ်လား ။
လက်ဆောင်ယူတာမယူတာက ခံယူချက်နဲ့ဘဲဆိုင်တယ်။အဓိက တွေးရမှာ ကိုယ်ဘယ်လို မီဒီယာသမားဖြစ်ချင်လဲဆိုတာ ။ ယူချင်တဲ့လူကတော့ ဆပ်ပြာမှုန့် တို့ အချဉ်ရည်ဗူးတို့လာပေးလည်း ယူတာဘဲ ။ ဒီတော့ မီဒီယာအလုပ်ဒီအလုပ်ကို တကယ်တန်ဖိုးထားရင် တကယ် မြတ်နိုးတယ်ဆိုရင် ကြုံကြုံ လာတတ်တဲ့ ကိုယ့်ရှေ့က လက်ဆောင်တွေစာအိပ်တွေ ကနေ လွတ်မြောက်အောင် ကြိုးစားနိုင်ပါစေ လို့ ဆုတောင်းပါတယ်။
From:[_ https://www.facebook.com/ko.thuramyo _]
(မောင်ကျောက်ခဲ အဖွဲ့)
0 ယောက် ဆွေးနွေးခဲ့တယ်:
Post a Comment
မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။