Aug 19, 2013

၂၅ နှစ်ကြာ အကုသိုလ်များ ပြေပျောက်စေရန် ABSDF ဒုဥက္ကဌ မျိုးဝင်း မြန်မာနိုင်ငံသို့ရောက်ရှိစဉ် ရဟန်းဘောင်သို့ ခေတ္တဝင်ရောက်ပြီး တောထဲ ပြန်သွားခဲ့

ပြည်ထောင်စုအဆင့်ငြိမ်းချမ်းရေးဆွေးနွေးရန် ရန်ကုန်မြို့သို့ တရားဝင်ရောက်ရှိခဲ့ပြီး
နောက် မွေးဇာတိ ထားဝယ်မြို့သို့ သြဂုတ်လ ၁၂ ရက်နေ့က ရောက်ရှိနေသော
မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(ABSDF)ကျောင်းသား
တပ်မတော် ဒုဥက္ကဋ္ဌရဲဘော်မျိုးဝင်းသည် ထားဝယ်မြို့မှပြန်လည်မထွက်ခွာမီ သြဂုတ်၁၇ရက်နံနက်ပိုင်းတွင် ၀ဲကျွန်းရပ် ကမ္မဋ္ဌာန်းကျောင်း၌ ရဟန်းဘောင်သို့ခေတ္တ၀င်ရောက်ခဲ့သည်။



၎င်းသည် ၁၉၈၈ ခုနှစ် ဒီမိုကရေစီအရေးတော်ပုံကာလအတွင်း နယ်စပ်သို့
ထွက်ခွာသွားခဲ့ပြီးနောက် ၂၅ နှစ်အကြာတွင်မှ ဇာတိမြေသို့ပြန်လာခဲ့ပြီး ၂၅ နှစ်ကြာ ပြုလုပ်ထားသော အကုသိုလ်များ ပြေပျောက်စေရန် ရဟန်းဘောင်သို့ ခေတ္တဝင်ရောက်ခြင်းဖြစ်သည်ဟု ဦးမျိုးဝင်း၏ ဆွေမျိုးများက ပြောကြားပါသည်။

သြဂုတ်လ ၁၈ ရက်နေ့တွင် သင်္ကန်းချွတ်၍ လေကြောင်းခရီးဖြင့် ရန်ကုန်မြို့သို့ ပြန်လည်
ထွက်ခွာသွားပါသည်။ထိုမှတစ်ဆင့် ထိုင်းနိုင်ငံ၊မဲဆောက်သို့ ပြန်လည်ထွက်ခွာမည်ဖြစ်ကြောင်းသိရသည်။ (မောင်ကျောက်ခဲ အဖွဲ့)
Print Friendly and PDF

1 ယောက် ဆွေးနွေးခဲ့တယ်:

Anonymous said...

ငါ့လီပဲ့ ကျောက်ခဲ စောက်တလွဲ

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ