Aug 21, 2013

မလေးရှားတွင် မုဒိမ်းကျင့်ခံရသူနှင့် အတူနေသည့် မြန်မာ အမျိုးသမီးများအတွက် လုံခြုံရေး ချထား

 ရန်ကုန်၊ သြဂုတ် ၂၀ မလေးရှားနိုင်ငံ ဂျိုဟိုးပြည်နယ်တွင် မုဒိမ်းကျင့်ခံခဲ့ရသည့် မြန်မာ အမျိုးသမီးနှင့် အတူ နေထိုင်သည့် အမျိုးသမီး အလုပ်သမား၂၀၀ ကျော်ကို လုံခြုံသော နေရာသို့ ပြောင်းရွှေ့ပေးရန် အလုပ်ရှင်နှင့် သဘောတူညီမှု ရရှိထားပြီး လက်ရှိ နေထိုင်နေသည့် အဆောင်တွင်လည်း လုံခြုံရေးများ ချပေးထား ကြောင်း အလုပ်သမား ညွှန်ကြားရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးအောင်က ပြောကြား သည်။

မလေးရှားနိုင်ငံရှိ အမျိုးသမီး အလုပ်သမား အချို့ကို နေအိမ် ( ပောာလ်စတယ်လ်) အတွင်းတွေ့ရစဉ်

 ဂျိုဟိုးပြည်နယ်ရှိ Panasonic ဖုန်း ထုတ်လုပ်သည့် Flairis Shd Bhd စက်ရုံ တွင် အလုပ် လုပ်ကိုင်နေ သည့် မြန်မာအမျိုးသမီး လုပ်သားများ နေထိုင် သည့် အဆောင်ကို သြဂုတ်လ ၁၆ ရက်နေ့ ညနေ ၁၀ နာရီခန့်က လူအုပ်စုလိုက် ဝင်ရောက်၍ အမျိုးသမီး တစ်ဦးကို ဖမ်းခေါ်သွားကာ မုဒိမ်းကျင့်ပြီး အဆောင်အနီး လမ်းမတွင် ပစ်ချခဲ့ကြောင်း မလေးရှားရောက် မြန်မာများထံမှ သိရှိရသည်။ အဆိုပါ ပြစ်မှု ကျူးလွန်သူများကို ဖမ်းဆီးရမိခြင်း မရှိသေးကြောင်း၊ ယင်းကိစ္စကို အရေးယူပေးရန် အမူဖွင့် ဆောင်ရွက်နေပြီး အမျိုးသမီးများ လုံခြုံရေးအတွက် မလေးရှားနိုင်ငံဆိုင်ရာ မြန်မာ အလုပ်သမား အရာရှိက ဆောင်ရွက်ပေးနေကြောင်း ဦးမျိုးအောင်က ဆိုသည်။

 မုဒိမ်းကျင့်ခံရသည့် အမျိုးသမီးမှာ ဆေးရုံတွင် ဆေးကုသမှု ခံယူလျက် ရှိကြောင်း မြန်မာ အလုပ်သမားများထံမှ သိရှိရသည်။ မလေးရှားနိုင်ငံတွင် ယခုနှစ် မေလကုန်နှင့် ဇွန် လဆန်းတို့တွင် မြန်မာ လုပ်သားများကို အုပ်စုလိုက် ဝင်ရောက် အကြမ်းဖက် တိုက်ခိုက်မှု များကြောင့် မြန်မာ ခြောက်ဦးထက်မနည်း သေဆုံးခဲ့ပြီး အလုပ်သမား စေလွှတ်မှုကိုလည်း ယာယီ ရပ်ဆိုင်းခဲ့သည်။
From:[_ The Voice _]
(မောင်ကျောက်ခဲ အဖွဲ့)
Print Friendly and PDF

0 ယောက် ဆွေးနွေးခဲ့တယ်:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ