
မိတ္ထီလာမှာ သူ့ကားက လူ ၂ဝဝ လောက် ရှိတဲ့ လူအုပ်ကြီးနဲ့ တွေ့ခဲ့ရတယ်၊ ကားမှန်တံခါးတွေ ထုရိုက်ခံရတယ်လို့ ကင်တားနားက ဆိုပါတယ်။
ကင်တားနားကြီးရဲ့ ပြောဆိုချက်နဲ့ ပတ်သက်ပြီး သမ္မတပြောခွင့်ရအရာရှိ ဦးရဲထွဋ်က သူ့ Facebook မှာ မနေ့က ပြန်တုန့်ပြန်ပါတယ်။
အဲဒီထဲက သက်ဆိုင်တဲ့ စာပိုဒ်ကို ကူးယူ ဖော်ပြလိုက်ပါတယ်။
ဒီတစ်နေ့လုံး မိတ္ထီလာကြောင်းပဲ မီဒီယာတွေကို ပြန်ရှင်းပြနေရပါတယ်။
ရှင်းပြချက်တွေက မီဒီယာတွေမှာ ပါပြီးနေလို့ အသေးစိတ်ပြန်မပြောလိုတော့ပါဘူး။
ဒါပေမယ့် သူပြောသလို လူနှစ်ရာ လောက်က သူ့ကားကို ဝိုင်းပြီး ထုကြ၊ ကန်ကြ
( my car was descended upon by a crowd of around 200 people who proceeded to punch and kick the windows and doors of the car while shouting abuse)
တယ်ဆိုရင် သူ့ကားမှာ ပိန်ချိုင့်သွားတာ၊ မှန်များ အက်သွားတာများရှိသလား၊ ရှိတယ်ဆိုရင် ပြပါလို့ ပဲ ပြောလိုပါတယ်။
အစိုးရနဲ့ ပတ်သက်ရင် ထစ်ကနဲရှိ ဆော်လိုက်မယ်ဆိုတဲ့ အွန်လိုင်း မီဒီယာများ ချင့်ချိန်နိုင်ဖို့ပါ။
(မောင်ကျောက်ခဲ အဖွဲ့)

0 ယောက် ဆွေးနွေးခဲ့တယ်:
Post a Comment
မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။