Aug 18, 2013

ပဲခူးတိုင်းဒေသကြီး အတွက် ပညာရေးဝန်ထမ်းများ လိုအပ်နေဆဲ

ပဲခူးတိုင်းဒေသကြီး အနောက်ပိုင်းတွင် အခြေခံပညာ ကျောင်းများ အတွက် နေ့စားလပေး ပညာရေးဝန်ထမ်း ၁၉၀၀ ကျော်ကို ခန့်အပ်ထားနိုင်သော်လည်း ဒေသတွင်း လိုအပ်ချက်အရ ခန့်အပ်ရမည့် ဝန်ထမ်းနေရာ ၃၈၉၉ နေရာရှိသည့်အတွက် လစ်လပ်နေရာ ၁၉၉၁ နေရာ ကျန်ရှိနေ ကြောင်း ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) ပညာရေးမှူးရုံးထံမှ စုံစမ်းသိရှိရသည်။


  •  မူလတန်းပြ ဆရာ၊ ဆရာမ - ၈၇၈ ဦး၊
  •  ဓာတ်ခွဲကျွမ်းကျင်            -၂၉ ဦး၊
  •  အငယ်တန်းစာရေး          - ၁၃၇ ဦး၊ 
  • အထွေထွေလုပ်သား         - ၄၅၀ ဦး 

အပါအဝင် အခြားအဆင့် ရာထူးများအတွက် စုစုပေါင်း ၁၉၀၈ ဦး ခန့်အပ်ခဲ့ပြီး ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) တိုင်းဒေသကြီး ပညာရေးမှူးရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

မူလတန်းပြကတော့ လစ်လပ်နေရာ မရှိပါဘူး။ ခန့်ထားပြီး ဝေးလို့ အလုပ်မဝင်သေးတဲ့ သူတွေလည်း ရှိတယ်” ဟု ၎င်းကဆက်လက် ရှင်းပြသည်။ နေစားလပေး ပညာရေးဝန်ထမ်း နေရာအတွက် ဧပြီလ ၉ ရက်နေ့က ဝင်ခွင့်ရေးဖြေ စာမေးပွဲ ကျင်းပခဲ့ပြီး ဇူလိုင်လ ၂၉ ရက်နေ့တွင် ခန့်အပ်ခဲ့ကြောင်း ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) ပညာရေးမှူးရုံးက စုံစမ်းသိရှိရသည်။
(မောင်ကျောက်ခဲအဖွဲ့)
Print Friendly and PDF

0 ယောက် ဆွေးနွေးခဲ့တယ်:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ