Home »
သုတကဏ္ဍ
» မြန်မာနိုင်ငံ၏အသွင်ကူးပြောင်းရေး အာရှဖွံ့ဖြိုးရေးဘဏ် အစီရင်ခံစာ
မြန်မာနိုင်ငံသည် နိုင်ငံရေးစီးပွား ရေးအရ အထီးကျန်နိုင်ငံအဖြစ် နှစ် ပေါင်း ၅ဝ ခန့်ရှိခဲ့ရာမှ ယခုဖောက် ထွက်လာခဲ့ပြီ။
လွန်ခဲ့သည့် ဆယ်စုနှစ်ပေါင်းများ စွာကဒေသအတွင်းရှိ တိုးတက်မှုမြင့်မား ကာ အသွင်ကူးပြောင်းနေကြသော နိုင်ငံ များပြုလုပ်ခဲ့ကြသကဲ့သို့ မြန်မာသည် လည်း ရဲဝံ့သော ခြေလှမ်းသစ်တွေကို လှမ်းနေသည်။ ကုန်သွယ်မှုအတွက် တံခါးဖွင့်ပေးခြင်း၊ နိုင်ငံခြားရင်းနှီးမြှုပ် နှံမှုကိုအားပေးခြင်း၊ ငွေကြေးကဏ္ဍ နက် ရှိုင်းစေရန်ပြုလုပ်ခြင်းတို့ကိုတွေ့ရသည်။ ဒေသအတွင်း၊ တိုးတက်မှုလျင်မြန်သည့် သမိုင်းကြောင်းကို သိထားခြင်းကြောင့် မြန်မာသည် ကာလလတ်၊ ကာလရှည် ရည် မှန်းချက်များရရှိရေးအတွက် အရေး ပါသော ဆုံးဖြတ်ချက်များ ချမှတ်ရာ တွင်လမ်းညွှန်အဖြစ် အသုံးပြုနိုင်သည်။ ကံကောင်းထောက်မစွာ အာရှ ဒေသတွင် စီးပွားရေးတိုးတက် ဖွံ့ဖြိုး မှုဆိုင်ရာ သင်ခန်းစာများ အလျံပယ်ရှိ နေသည်။ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ အင် ဒိုနီးရှား၊ မလေးရှား၊ ထိုင်း၊ ဗီယက်နမ် နှင့်မကြာမီက ကမ္ဘောဒီးယားနိုင်ငံတို့ကို ကြည့်လျှင် တိုးတက်မှုနှုန်းမြင့်မားသည့် ကာလအတွင်း နှစ်စဉ်ခြောက်ရာခိုင်နှုန်း မှ ၁ဝ ရာခိုင်နှုန်းအတွင်း တိုးတက်ခဲ့ကြ သည်။ ဆယ်နှစ်အတွင်း ဆင်းရဲနွမ်းပါး မှုကို တစ်ဝက်ခန့် လျှော့ချနိုင်ခဲ့သည်။ မြန်မာနိုင်ငံသည်ဆယ်နှစ်ကျော် အတွင်း တစ်နှစ်လျှင် ပျမ်းမျှ ခုနစ်ရာခိုင်နှုန်းမှ ရှစ်ရာခိုင်နှုန်းတိုးတက်ကာ ၂ဝ၃ဝ ပြည့် နှစ်တွင် တစ်ဦး ကျပ်ဝင်ငွေဒေါ်လာ ၂ဝဝဝ မှ ဒေါ်လာ ၃ဝဝဝ အထိဖြစ်လာ နိုင်သည်။ နိုင်ငံတစ်နိုင်ငံနှင့် တစ်နိုင်ငံ ဖွံ့ဖြိုး မှုအတွေ့အကြုံ တူညီခြင်းမရှိပါ။ ထူး ခြားသည့် သမိုင်းကြောင်း၊ ယဉ်ကျေးမှု၊ ပြည်တွင်းရေးနှင့် လက်ရှိ နိုင်ငံတကာ ပတ်ဝန်းကျင်တို့၏ ပုံသွင်းမှုကိုခံရသည်။ သို့သော် အခြားအောင်မြင်သော နိုင်ငံ များ၏အတွေ့အကြုံမှ အရေးပါသော သင်ခန်းစာများကို ရယူနိုင်သည်။ ပထမ အချက်အနေဖြင့် ထိရောက်သော နိုင်ငံ အဆင့်စီးပွားရေးစီမံခန့်ခွဲမှုဖြင့် ငွေဖောင်း ပွမှုနှုန်း နိမ့်ကျတည်ငြိမ်စေရန် ဆောင် ရွက်ရမည်။ ဒုတိယအချက်အနေဖြင့် နိုင်ငံရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများအတွက် ပြည်တွင်းစုဆောင်းမှုမြင့်မားရန်လိုသည်။ တတိယအချက်အနေဖြင့် စိုက်ပျိုးရေး ကဏ္ဍသည် အရေးကြီးသည် မှန်သော် လည်း ထုတ်လုပ်မှုစွမ်းအားမြှင့်တင်ရေး၊ ပို့ကုန်မြင့်မားရေး၊ အလုပ်အကိုင်အခွင့် အလမ်းများဖန်တီးရေးတို့အတွက် စက်မှု နှင့်ဝန်ဆောင်မှုကဏ္ဍကို ဦးတည်၍ စီး ပွားရေးအဆောက်အအုံပုံသဏ္ဌာန်ပြောင်း လဲရမည်။ ထိုသင်ခန်းစာကြီးများအပြင် အာရှဒေသတိုးတက်မှုရရန်အတွက် လူ့ အရင်းအနှီးအတွက် ရင်းနှီးမြှုပ်နှံမှု၊ စွမ်း ရည်မြင့် အခြေခံလမ်းပန်းဆက်သွယ် ရေး၊ ခိုင်မာသော ဥပဒေစည်းမျဉ်းစည်း ကမ်းနှင့် အဖွဲ့အစည်းများ၊ လူမှုရေး တည်ငြိမ်မှု သယံဇာတများ ခွဲဝေရာ၌ ဈေးကွက်ယန္တရားကိုအသုံးပြုမှုများလည်း လိုအပ်သည်။ မြန်မာ့ အသွင်ကူးပြောင်းမှုသည် ကမ္ဘာ့စီးပွားရေးအခင်းအကျင်း၊ အခြေ ခံကစပြီး၊ လှုပ်လှုပ်ရှားရှား၊ ပြောင်းလဲ သည်အချိန်နှင့် ကြုံကြိုက်နေသည်။ မကြာသေးမီကဖြစ်ပွားခဲ့သော ဘဏ္ဍာ ရေးအကျပ်အတည်းသည် ကမ္ဘာ့စီးပွား ရေးအလေးသာမှု အနောက်မှ အရှေ့၊ မြောက်မှတောင်သို့ ရွေ့သွားသော ပုံမှန်အခြေအနေသစ် (နြတ သြမာေူ) ကိုဖြစ်ပေါ်စေသည်။ဤအခင်းအကျင်း အပြောင်းအလဲသည် အာရှ၏ စီးပွား ရေးအရှိန်အဟုန်အပေါ် ကြီးမားသော အကျိုးသက်ရောက်မှုများကို ဖြစ်ပေါ် စေသည်။ အာရှသည် ကမ္ဘာစီးပွားရေး တိုးတက်မှု၏ ဗဟိုချက်အသစ်ဖြစ်လာ သောအခါ ဒေသအတွင်း နိုင်ငံ အချင်း ချင်းပေါင်းစည်းရေးသည် ယခင်က ထက်ပိုပြီး ထိရောက်သော တိုးတက်မှု မဟာဗျူဟာ ချမှတ်နိုင်ရေးတွင် အရေး ပါ သော အမယ်တစ်ရပ်ဖြစ်လာသည်။ မြန်မာနှင့် အိမ်နီးချင်းနိုင်ငံများအနေဖြင့် အနောက်နိုင်ငံတွေ စားသုံးရန်အတွက် အရှေ့တိုင်းနိုင်ငံတွေက ထုတ်လုပ်ပေး နေရသော အာရှစက်ရုံအဖြစ်ကို ရေရှည် အားကိုး၍ ရတော့မည်မဟုတ်ပေ။ အာရှ ဒေသသည် ပြည်တွင်း ဝယ်လိုအားကို လည်း တောင့်တင်းခိုင်မာအောင်လုပ် ကာ မြန်မာကဲ့သို့သော နိုင်ငံများအတွက် အခွင့်အလမ်းသစ်များ ဖန်တီးပေးသကဲ့ သို့ အချိန်အဆမျှတသော ကမ္ဘာ့စီးပွား ရေး အဆောက်အအုံဖြစ်စေရန်လည်း အထောက်အကူပြုရန် လိုအပ်ပါသည်။ ဒေသအတွင်း စီးပွားရေးပေါင်းစည်းမှု ပိုမိုကျယ်ပြန့်လာလျှင် ကုန်သွယ်မှုတိုး ပွားခြင်း၊ နယ်စပ်ဖြတ်ကျော်ရင်းနှီးမြှုပ် နှံမှုမြင့်မားခြင်းမှတစ်ဆင့် တိုးတက်မည့် အလားအလာများကို ဖြစ်ပေါ်စေပါ သည်။ မြန်မာနိုင်ငံသည် ဒေသအတွင်း တွင် စီးပွားရေးအင်အားကြီးနိုင်ငံ၏ ကြားတွင် မဟာဗျူဟာကျကျ တည်ရှိ နေပါသည်။ ထိုနိုင်ငံများတွင် လူဦးရေ ၂ ဒသမ ၅ ဘီလီယံနေထိုင်ကြသည်။ တရုတ်နိုင်ငံသည် လုပ်အားသုံး ထုတ်လုပ်မှုကို အားကိုးအားထားပြု နေရာမှ တန်ဖိုးမြင့်ထုတ်ကုန်များကို ပြောင်းလဲထုတ်လုပ်ပေးပြီး လုပ်သား များက မြင့်မားသောလုပ်ခများ တောင်း ဆိုလာကြသောအခါ စက်ရုံများကို မြန်မာနိုင်ငံအပါအဝင် အရှေ့ အာရှနိုင်ငံ များသို့ပြောင်းရွှေ့ရန် ကြိုးစားနေသည်။ အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ)နှင့်ချိတ်ဆက်မှုကို ပိုမိုအား ကောင်းစေ၍၊တရုတ်နှင့်အိန္ဒိယ၊ တောင် အာရှနှင့် အရှေ့တောင် အာရှကြားတွင် ပေါင်းကူးပေးနိုင်သောထူးခြားသည့်အခြေ အနေကို အသုံးချကာ၊ အခွင့်အလမ်း သစ်အမျိုးမျိုးကိုရယူနိုင်သည်။ အာဆီယံ ကုန်သွယ်မှု စုစုပေါင်း ၂၆ ရာခိုင်နှုန်း သည် အဖွဲ့ဝင်နိုင်ငံများအကြား ကုန် သွယ်မှုဖြစ်သည်။ အာဆီယံ၏ တရုတ် နိုင်ငံနှင့် ကုန်သွယ်မှုသည် ၂ဝဝဝ ပြည့် နှစ်က လေးရာခိုင်နှုန်းအောက်တွင်သာ ရှိရာမှ ၂ဝ၁၁ခုနှစ်တွင် ၁ဝ ရာခိုင် နှုန်း ကျော်အထိတက်လာခဲ့သည်။ ထိုကာလ တွင်အာဆီယံအသင်းကြီး၏ စက်မှုနိုင်ငံ များနှင့် ကုန်သွယ်မှုသည် ၅၄ ရာခိုင် နှုန်းမှ ၃၆ ရာခိုင်နှုန်းသို့ ကျဆင်းလာခဲ့ သည်။ ကမ္ဘောဒီးယားနှင့် ဗီယက်နမ် နိုင်ငံတို့ကို အတုယူ၍ မြန်မာနိုင်ငံသည် ဒေသခွဲအဖွဲ့များတွင် ပါဝင်ရာမှတစ်ဆင့် တိုးချဲ့နိုင်သည်။ မြန်မာနိုင်ငံအနေဖြင့် စီးပွားရေးအသွင်ကူးပြောင်းမှုတွင်တရုတ်၊ အိန္ဒိယနှင့် အာဆီယံသစ်နိုင်ငံများ အင်အားကြီးမားလာမှုကို အခွင့်ကောင်း ယူနိုင်ရန်၊ မဟာဗျူဟာမြောက်စီမံကိန်း များရေးဆွဲရန် အချိန်တန်နေသည်။ မြန်မာနိုင်ငံသည် လွတ်လပ်သော ဈေးကွက်စီးပွားရေးစနစ်သို့ အသွင်ကူး ပြောင်းရာတွင် အားသာချက်များ အခွင့် အလမ်းများကို ရယူအသုံးချ နိုင်သည်။ ကျယ်ပြန့်သော ပြုပြင် ပြောင်းလဲမှု အမျိုးမျိုးပြုလုပ်ရန် တာဝန်ယူထားမှု ကို သဘာဝစွမ်းအားစုများြ သို့သော်မြန်မာနိုင်ငံအနေဖြင့် တိုး တက်မှုကိုဟန့်တားမည့် အကန့်အသတ် များအန္တရာယ်များလည်းရှိသည်။အဓိက ကန့်သတ်ချက်များမှာ ဈေးကွက် ယန္တရားကို အသုံးမချသော နိုင်ငံ အဆင့်စီးပွားရေးစီမံခန့်ခွဲရာတွင် အား နည်းမှု၊ မပြည့်စုံသော ဘဏ္ဍာရေး အရင်းအမြစ်များ စွမ်းရည်နိမ့်ပြည်တွင်း ငွေစုဆောင်းရင်းနှီးမြှုပ်နှံမှု၊ အရင်း အနှီးရရှိနိုင်မှု၊ လမ်းပန်းဆက်သွယ်ရေး အခြေခံပြည့်စုံမှု၊ လူ့စွမ်းအား တိုးတက် ဖွံ့ဖြိုးမှုကို အဟန့်အတားဖြစ်နေစေ သည့်မပြည့်စုံသော ပညာရေး၊ ကျန်း မာရေးလုပ်ငန်းများနှင့် လုပ်ငန်းများကို ဖြန့်ကျက်မှု မပြုနိုင်ခြင်းတို့ ဖြစ်သည်။ စိုက်ပျိုးရေးနှင့် သဘာဝသယံဇာတ ထုတ်လုပ်ရေးလုပ်ငန်းများသည် ရာသီ ဥတုအပြောင်းအလဲဒဏ်ကို အများဆုံး ခံရပြီး ယခုအခါ ရာသီဥတုပြောင်းလဲ မှုနှင့် သဘာဝဘေးရန်များ၏ ဒဏ်နှင့် အကြိမ်အရေအတွက်လည်းတိုးပွားလာ နေသည်ကို တွေ့ရသည်။ အာရှဒေသတွင် ဆင်းရဲနွမ်းပါးမှု လျှော့ချရေးအတွက် တိုးတက်မှုရရှိ အောင် ဆောင်ရွက်ခြင်းသည်သာလျှင် အထိရောက်ဆုံး နည်းလမ်းဖြစ်သည်။ သို့သော် မကြာသေးမီက ဆယ်စုနှစ် များအတွင်း တိုးတက်မှုနှုန်း လျင်မြန် သောနိုင်ငံများတွင် ညီညီမျှမျှ ဖြစ်ပေါ် ခြင်းမရှိသည်ကို တွေ့ရသည်။ ဂျပန်၊ ကိုရီးယားသမ္မတနိုင်ငံနှင့် အခြား အံ့ သြလောက်ဖွယ်တိုးတက်ခဲ့သောနိုင်ငံ များနှင့် နှိုင်းယှဉ်၍မရပေ။ မကြာမီက သာဓကများအရ နိုင်ငံတစ်နိုင်ငံနှင့် တစ်နိုင်ငံဒေသခွဲတစ်ခုနှင့်တစ်ခုထောင် စုနှစ်ဖွံ့ဖြိုးရေးရည်မှန်းချက်များ ရရှိရေး ကြိုးပမ်းရာတွင် တိုးတက်မှု မညီမမျှ ဖြစ်နေသည်ကို တွေ့ရသည်။ မြန်မာ နိုင်ငံသည်ထောင်စုနှစ်ဖွံ့ဖြိုးရေး ရည် မှန်းချက်များကို ဦးတည်၍ အကောင် အထည်ဖော်ရာတွင် တိုးတက်မှုများရရှိ နေသော်လည်း လူလေးယောက်တွင် တစ်ယောက်သည်ဆင်းရဲနေဆဲဖြစ်ကာ အသက် ငါးနှစ်အောက် ကလေးသုံး ယောက်တွင် တစ်ယောက်သည် ကိုယ် အလေးချိန်မပြည့်ကြပေ။ ငှက်ဖျား၊ အဆုတ်ရောဂါနှင့် ခုခံအားကျဆင်းမှု အပါအဝင်အခြားရောဂါများ၏အန္တရာယ် သည် ဒေသတွင်းရှိ အခြားအာရှနိုင်ငံ များနှင့်စာလျှင် မြန်မာနိုင်ငံ၌ မြင့်မား နေဆဲဖြစ်သည်။ ဆင်းရဲနွမ်းပါးမှုလျှော့ချကာ လူ နေမှုအဆင့်အတန်းမြင့်မားရေးအတွက် နိုင်ငံ၏ စီးပွားရေးတိုးတက်မှု မြင့်မား ရန်လိုသည်။ တစ်ဖက်တွင် လူမှုစု စည်းရေးခိုင်မာခြင်း၊ လူ့စွမ်းအားအရင်း အနှီးများစုဆောင်းနိုင်ခြင်းရှိမှသာ တိုး တက်မှုအရှိန်အဟုန်ကောင်းများကိုထိန်း သိမ်းနိုင်မည်ဖြစ်သဖြင့် အားလုံး ပါဝင် ဆောင်ရွက်နိုင်ရန်လည်း အရေးကြီး သည်။ တိုင်းရင်းသားအမျိုးမျိုးရှိနေ ခြင်းကြောင့် သဟဇာတဖြစ်သော လူ့ အဖွဲ့အစည်း တည်ထောင်ရေးသည် အဓိက စိန်ခေါ်မှုတစ်ရပ်ဖြစ်သည်။ ပြည်တွင်းနိုင်ငံရေးနှင့် လူမှုရေး တင်းမာမှုများသည် မတည်ငြိမ်မှုများကို ဖြစ်ပေါ်စေကာ ကြီးမားသော ပဋိပက္ခ များကို ဦးတည်သွားစေနိုင်သည်။ မြန်မာနိုင်ငံ၏ အနာဂတ် တိုး တက်မှုလမ်းကြောင်းသည် အပြန် အလှန်အထောက်အကူဖြစ်နေသော ဖွံ့ဖြိုးရေး မဟာဗျူဟာသုံးခုဖြစ်သည့် ဒေသဆိုင်ရာပေါင်းစည်းမှု၊ အများပါ ဝင်မှု၊ ပတ်ဝန်းကျင်မထိခိုက်စေရန် ထိန်းသိမ်းနိုင်မှုတို့ အပေါ်တွင်မူတည် သည်။ နိုင်ငံရင်ဆိုင်နေရသော စိန် ခေါ်မှုအမျိုးမျိုးကတစ်ဖက်၊ စွမ်းအားစု အကန့်အသတ်ရှိမှုက တစ်ဖက် ကြောင့် ပြည်ပမှ အကူအညီပေးရာတွင် ဦးစား ပေးအစီအစဉ်ရေးဆွဲကာ အကျိုးအများ ဆုံးဖြစ်ထွန်းစေရန်အတွက် ဦးစားပေး အစီအစဉ်များကို ရှေ့နောက်ချိတ်ဆက် ထားနိုင်သည်။ အဓိက ဖွံ့ဖြိုးရေးအစီအစဉ်များ တွင် အောက်ပါတို့ပါဝင်သည်။နိုင်ငံအဆင့် စီးပွားရေးတည်ငြိမ်မှု နိုင်ငံအဆင့် စီးပွားရေးတည်ငြိမ်မှုသည် ရင်းနှီးမြှုပ်နှံမှုနှင့် ရေရှည်တိုး တက်မှုအတွက် အခြေခံကောင်းဖြစ်သည်။ ခိုင်မာသော နိုင်ငံအဆင့် စီးပွား ရေးမူဝါဒများ နိမ့်ကျပြီး တည်ငြိမ်သော ငွေဖောင်းပွမှုနှုန်း၊ ရေရှည်ထိန်း သိမ်းနိုင်သော ဘဏ္ဍာရေးအနေအထား၊ ပြောင်းလဲလွယ်သောဈေးကွက် အခြေခံ ဖလှယ်နှုန်းတို့ပါဝင်သည်။ရင်းနှီးမြှုပ်နှံရန် ဘဏ္ဍာရေးအရင်း အမြစ်များ စုစည်းခြင်း ပြည်တွင်းပြည်ပစုဆောင်းမှုများ မြင့်မားရေးသည် ပြည်သူပိုင်ကဏ္ဍ နှင့် ပုဂ္ဂလိကကဏ္ဍမှ လိုအပ်ချက်အမျိုးမျိုးကို ဖြည့်ဆည်းရေးအတွက် အရေးကြီးသည်။ ထို့အပြင် အစိုးရ၏ဘဏ္ဍာတော်တိုးပွားရေး (ဥပမာ- အခွန်အကောက်)နှင့် စွမ်းရည်မြင့်ဘဏ်လုပ်ငန်းတို့သည် ဖွံ့ဖြိုးရေး လုပ်ငန်း များအတွက် စဉ်ဆက်မပြတ်ငွေကြေး ထောက်ပံ့ပေးနိုင်သည်။လမ်းပန်းဆက်သွယ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ပညာရေး၊ ကျန်းမာရေးနှင့် လမ်းပန်းဆက်သွယ်ရေးတို့တွင်ရှိနေ သော အဓိကအဟန့်အတားများကို ဖယ်ရှားခြင်းသည် လူ့စွမ်းအားဖွံ့ဖြိုးမှုနှင့် အဆက်အသွယ်ကောင်းမွန်မှုအတွက် အရေးကြီးသည်။စိုက်ပျိုးရေးတိုးတက်၍ စက်မှုနှင့် ဝန်ဆောင်မှုကိုဖြန့်ကျက် အခြေခံ ထုတ်ကုန်လုပ်ငန်းများအပြင် စီးပွားရေးအခြေခံကို တိုးချဲ့ ခြင်းသည် ထုတ်လုပ်မှုစွမ်းအားမြင့်မားကာ တန်ဖိုးများတိုးပွားစေရန် ဆောင် ရွက်နိုင်သည်။ သို့သော် စိုက်ပျိုးရေး၊ ငါးလုပ်ငန်းနှင့် သယံဇာတလုပ်ငန်း များကို လျစ်လျူရှုထား၍ မရပါ။ ထိုလုပ်ငန်းများသည်လည်း ချဲ့ထွင် နိုင်မည့် အလားအလာများစွာရှိသည်။ထုတ်လုပ်မှုတွင် အစိုးရ၏ အခန်းကဏ္ဍကိုလျှော့ချခြင်း ထုတ်လုပ်မှုလုပ်ငန်းများကို အစိုးရ၏ပိုင်ဆိုင်မှုနှင့် ထိန်းချုပ်မှု ထပ်မံ လျှော့ချခြင်းသည် ပြိုင်ဆိုင်မှုကို တိုးပွားကာ တန်းတူရည်တူ ဆောင်ရွက် နိုင်သဖြင့် ရင်းနှီးမြှုပ်နှံမှုကို တိုးပွားစေသည်။ အစိုးရ၏ အဖွဲ့အစည်းများ ခိုင်မာတောင့်တင်းခြင်း စီးပွားရေးပြုပြင်ပြောင်းလဲမှုကို ထိရောက်သော အစိုးရအဖွဲ့အစည်း များက အထောက်အကူပြုနိုင်သည်။ သို့သော် ထိုအဖွဲ့အစည်းများ တည် ဆောက်ရန်နှင့် စွမ်းရည်မြှင့်တင်ရန်အတွက် အချိန်ပေးရသည်။ အုပ်ချုပ် ရေးနှင့် စည်းမျဉ်းစည်းကမ်းများ စနစ်တကျရှိစေခြင်း၊ သဘာဝသယံဇာတ များကို စီမံခန့်ခွဲခြင်းတို့ကို အာရုံစိုက်လုပ်ဆောင်ရမည်။ အရေးအကြီးဆုံး မှာ စနစ်တစ်ခုလုံးအောက်ရှိ အစိုးရဝန်ထမ်းများ၏ စွမ်းရည်မြင့်မားရေး သည်အရေးကြီးသည်။
___________________________________________________________
0 ယောက် ဆွေးနွေးခဲ့တယ်:
Post a Comment
မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။