မြန်မာနိုင်ငံ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာနသည် ၂၀၁၁ နှင့် ၂၀၁၂ နောက်ဆုံးပေါ် မော်ဒယ်လ်မာစီးဒီးနှင့် လပ်ဇပ်အစီး ၁၀၀ ခန့်ကို နိုင်ငံခြားငွေဖြင့် ဝယ်ယူလိုသည်ဟု ပြီးခဲ့သည့် သြဂုတ်လ ၂၈ ရက်နေ့က တင်ဒါခေါ်ယူလိုက်ကြောင်း နိုင်ငံပိုင် သတင်းမီဒီယာများမှ တစ်ဆင့် သတင်းထုတ်ပြန်သည်။
 |
mercedes |
 |
audi a4 |
မာစီးဒီးနှင့် လပ်ဇပ် အပါအဝင် အော်ဒီစသည့် ကားအမျိုးအစား ငါးမျိုး စုစုပေါင်း ၁၇၂ စီးကို ဈေးပြိုင်အဆိုပြုလွှာ တစ်စောင်လျှင် ကျပ်တစ်သိန်းအထိ သတ်မှတ်ထားပြီး နေပြည်တော် ဗဟိုစက်ပစ္စည်း စာရင်းအင်းနှင့် စစ်ဆေးရေးဌာန ရုံးအမှတ် ၃၂ ရှိ တင်ဒါပုံးသို့ စက်တင်ဘာလ ၁၀ ရက်နေ့ ညနေ ၄ နာရီ နောက်ဆုံးထား၍ တင်သွင်းရန် ယင်းသတင်း၌ ဖော်ပြပါရှိသည်။ ယင်းကဲ့သို့ တင်ဒါခေါ်ယူ ဝယ်ယူခြင်းမှာ မြန်မာနိုင်ငံတွင် လာမည့်နှစ်များအတွင်း ကျင်းပရန်ရှိသည့် အာဆီယံ အစည်းအဝေးများ အပါအဝင် နိုင်ငံတကာ အစည်းအဝေးများတွင် တက်ရောက်မည့် ဧည့်သည်များအတွက် ဝယ်ယူခြင်း ဖြစ်ကြောင်း နေပြည်တော် အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
 |
toyota lexus |
မြန်မာနိုင်ငံ ကားဈေးကွက် တိုယိုတာလပ်ဇပ်ကားသည် ပြည်တွင်း၌ ဈေးမြင့်သည်ဆိုသည့် လင်ခရုဇာကားထက် ဈေးတစ်ဆခွဲမြင့်ပြီး အနည်းဆုံး ကျပ်သိန်း ၃၅၀၀ ခန့်ရှိနိုင်ကြောင်း ကားတင်သွင်းသူ လုပ်ငန်းရှင်တစ်ဦးက ပြောကြားခဲ့သည်
_______________________________________________________________________
0 ယောက် ဆွေးနွေးခဲ့တယ်:
Post a Comment
မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။