Aug 19, 2013

ပြန်ကြားရေးဝန်ကြီးဌာနနှင့် မြန်မာ နိုင်ငံ စာနယ်ဇင်း ကောင်စီ( ယာယီ) တို့ သတင်း မီဒီယာဥပဒေကြမ်းနှင့် ပတ်သက်၍ ဆွေးနွေး၊ သဘောတူညီမှုများရရှိ

ပြန်ကြားရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီ(ယာယီ) တို့ ၁၂.၈.၂၀၁၃ ရက်နေ့ တွေ့ဆုံဆွေးနွေးရာတွင် သဘောထား ကွဲလွဲမှုများနှင့် အခြား ဆွေးနွေးရန် ရှိသည်များကို စေ့စပ်ညှိနိုင်း ဆွေးနွေးသောနည်းဖြင့် ဆက်လက် ဆောင်ရွက်သွားရန် သဘောတူခဲ့ကြကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ချက် ၁/၂၀၁၃ ဖြင့် ဩဂုတ်လ (၁၂) ရက်နေ့တွင် ထုတ်ပြန်ကြေညာ ခဲ့သည်။


၎င်းသဘောတူညီချက် အရ ပြန်ကြားရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးရဲတင့် ဦးစီးသော တာဝန်ရှိသူများနှင့် မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီ(ယာယီ) ဥက္ကဌ ဦးခင်မောင်အေး ဦးစီးသော အဖွဲ့တို့သည် ရန်ကုန်မြို့၊ ယုဇနတာဝါရှိ မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီ(ယာယီ) ရုံးခန်းတွင် ဩဂုတ်လ (၁၇) ရက်နေ့ နံနက်ပိုင်းက၊ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) မှ ရေးဆွဲတင်သွင်းမည့် သတင်းမီဒီယာ ဥပဒေကြမ်းအပေါ် နှစ်ဘက်ကြား သဘောထား ကွဲလွဲချက် (၁၇) ချက်နှင့် ပတ်သက်၍ တွေ့ဆုံဆွေးနွေး ခဲ့ကြသည်။ ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် သဘောထား ကွဲလွဲနေသည့် ၁၄ ချက်အား နှစ်ဘက် ညှိနိုင်းဆွေးနွေး သဘောတူညီချက် ရရှိခဲ့ပြီး ကျန်ရှိနေသည့် အချက် (၃) ချက်အပေါ် လွှတ်တော်တွင် ဆက်လက် ဆွေးနွေးဆောင်ရွက် သွားကြမည်ဖြစ်ကြောင်း သတင်းရရှိသည်။

From:[_ ပြန်ကြားရေးဝန်ကြီးဌာန website_]
 (မောင်ကျောက်ခဲ အဖွဲ့)
Print Friendly and PDF

0 ယောက် ဆွေးနွေးခဲ့တယ်:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ