Aug 22, 2013

မြန်မာနိုင်ငံအနေဖြင့် တစ်ဦးတစ်ယောက်တည်း အတွက် အခြေခံဥပဒေကို ပြင်ဆင်ခြင်းသည် မှားယွင်းကြောင်း ဥပဒေပညာရှင် Andrew McLeod ပြောကြား

၂၀၁၃  ခုနှစ် မေလအတွင်းက ပြုလုပ်ခဲ့သော ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ဒီမိုကရေစီ
အလုပ်ရုံဆွေးနွေးပွဲတွင် ထုတ်ပြန်ခဲ့သော အစီရင်ခံစာ တစ်စောင်နှင့်ပတ်သက်ပြီး ဆစ်ဒနီတက္ကသိုလ်မှ ဥပဒေပညာရှင် Andrew McLeod အား ၂၀၁၅ ခုနှစ်မတိုင်မီ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်မည့် အခြေအနေ ရှိ ၊ မရှိသတင်းထောက်များက မေးမြန်းခဲ့ ရာတွင် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ
ပြင်ဆင် ရေးသည်  အချိန်အနည်းငယ်ဖြင့်သာ ပြင်ဆင်နေ၍ မရဘဲ ခေတ်ကာလ
အခြေအနေနှင့် မလျော်ညီသည့် အခါတိုင်း အစဉ်အမြဲ ပြုလုပ်နေရမည့်ကိစ္စဖြစ်ကြောင်း ပြောကြားခဲ့ သည်ဟု သိရသည်။“ဘယ်လောက် အတိုင်းအတာအထိ လုပ်နိုင်မလဲ ဆိုတာကိုပဲ ကျွန်တော် စဉ်းစားပါတယ်။



ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်တယ်ဆိုတာ အချိန်နည်းနည်းနဲ့ ပြင်ဆင်လို့မရပါဘူး။ ခေတ်ကာလနှင့် မလျော်ညီတိုင်း တောက်လျှောက် အမြဲတမ်း ပြင်နေရတဲ့ကိစ္စပါ။ ဒါကြောင့် ၂၀၁၅ ခုနှစ် မတိုင်မီ ဘယ်လောက်အတိုင်းအတာ အထိပြုပြင်နိုင်မလဲဆိုတာ ကိုပဲ ကျွန်တော်သိချင်ပါတယ်။ အမြဲလုပ်နေရမယ့်
ကိစ္စဖြစ်ပါတယ်” ဟု ပြောကြားသည်။ယခုလက်ရှိ မြန်မာနိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေတွင်သမ္မတဖြစ်ခွင့်နှင့် ပတ်သက်၍  တစ်ဦးတစ်ယောက်တည်းအတွက် အခြေခံဥပဒေကို ပြင်ဆင် ပါက ယင်းရွေးချယ်မှုသည် မှားယွင်းနေကြောင်း၊ထို့အပြင်လက်ရှိ နိုင်ငံရေးအကျပ်အတည်းပေါ်မူတည်၍ ပြန်လည် ရေးဆွဲပါကလည်းအလွန်အန္တရာယ်များကြောင်း နှင့်တကယ်တမ်း ပြင်ဆင်သင့်သည်မှာ မြန်မာ
ပြည်သူလူထု အများစု၏ အကျိုးစီးပွားကို ရှေးရှု၍ ရေးဆွဲသင့်ကြောင်း ဥပဒေပညာရှင် Andrew Mcleod က သုံးသပ် ပြောကြားသည်။

ထို့နောက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်၍စစ်ဘက်ဆိုင်ရာအနေဖြင့် တည်ငြိမ် အေးချမ်းမှုကို လိုချင်ကြောင်း၊ပြည်ထောင်စုလွှတ်တော် ဆိုင်ရာ ဖွဲ့စည်းပုံအခြေခံ ဥပဒေ လေ့လာသုံးသပ်ရေးကော်မတီတွင် တပ်မတော်သားများ ပါဝင်သည့်အတွက် ဆွေးနွေးပြောဆိုမှုများ
လုပ်ကိုင်လာမည် ဖြစ်ပြီး ဖွဲ့စည်းပုံ ပြင်ဆင်သည့်အခါ တပ်မတော် အနေဖြင့်အတိုင်းအတာတစ်ခုထိ ပါဝင်လာမည်ဟု ယုံကြည်ကြောင်း၊ မည်သို့သော ပုံစံဖြင့်ပါဝင်လာမည်ကို မိမိအနေဖြင့် မသိရှိသော်လည်း တစ်နိုင်ငံလုံးရှိ ပြည်သူများအားလုံး ပါဝင်ခွင့် ပေးရမည်ဖြစ်ကာ ၎င်းတို့အတွက် တရားမျှတမှုဖြစ်စေရန်
အခြေခံဥပဒေ ပြင်ဆင်ပြောင်းလဲရေးတွင် ပွင့်ပွင့်လင်းလင်း ပြောဆိုခွင့်များပေးရမည်ဖြစ်ကြောင်း အစီရင်ခံစာနှင့် ပတ်သက်၍ အလုပ်ရုံဆွေးနွေးပွဲ အပြင် တပ်မတော် အရာရှိကြီးများနှင့် သွားရောက်တွေ့ဆုံခဲ့မှုအား ပြန်လည်ရှင်းလင်းပြောကြားသည်။

 ဆစ်ဒနီတက္ကသိုလ်မှဥပဒေပညာရှင်Andrew Mcleodသည် မြန်မာနိုင်ငံရှိဖွဲ့စည်းပုံအခြေခံဥပဒေ
 ပြုပြင်ပြောင်းလဲရေးပရောဂျက်တစ်ခုတွင်ဒုတိယညွှန်ကြားရေးမှူးတာဝန်ရယူကာ ဆောင်ရွက်ခဲ့သူတစ်ဦး ဖြစ်ပြီး
အစီရင်ခံစာနှင့်ပတ်သက်၍အလုပ်ရုံဆွေးနွေးပွဲအပြင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်၊တပ်မတော် ထိပ်ပိုင်း အရာရှိကြီးများ၊ လွှတ်တော် တာဝန်ရှိသူများ ၊ဖွဲ့စည်းပုံအခြေခံ ဥပဒေ လေ့လာသုံးသပ်ရေး ကော်မတီနှင့် အခြားနိုင်ငံရေးနယ်ပယ် အသီးသီးမှ 
ပုဂ္ဂိုလ်များနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။
(မောင်ကျောက်ခဲ အဖွဲ့)
Print Friendly and PDF

0 ယောက် ဆွေးနွေးခဲ့တယ်:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ