Aug 21, 2013

သံတွဲတွင် ရေကြီးရေလျှံမှူများ ဖြစ်ပေါ်နေ

ရခိုင်ပြည်နယ်၊ သံတွဲမြို့တွင် မိုးသည်းထန်စွာရွာသွန်းခဲ့ပြီးနောက် မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအချို့၌ ရေကြီးရေလျှံမှုများဖြစ်ပေါ်နေသည်ဟု ဒေသခံများထံမှ သိရှိရသည်။

“ပြီးခဲ့တဲ့ သုံးရက်လောက်ကတည်းက မိုးသည်းသည်းမဲမဲရွာနေတာ။ ဒီနေ့ညနေမှာရေစတက်တယ်။ ရေတက်တာကလည်း မြန်တယ်” ဟုသံတွဲမြို့၊ အမှတ် ၂ ရပ်ကွက်နေဦးအောင်ကြီးက ည ၇ နာရီအချိန်က ပြောသည်။ လက်ရှိတွင် သံတွဲမြို့ပေါ်ရပ်ကွက် အားလုံးရေနစ်မြုပ်ခံနေရသည်ဟု ဒေသခံတို့က ဆိုသည်။

 သံတွဲမြို့တွင်းသာမကသံတွဲမြို့နယ်အတွင်းရှိကျေးရွာအချို့တွင်လည်းရေကြီးမှုဖြစ်နေကြောင်းသိရသည်။

ရွှေကျောင်းပြင်၊ ခြံပြင်၊ နတ်ပြင် ရွာတစ်လျှောက်မှာရေကြီးနေတယ်။ပြီးတော့ ဒါးသွေးကျောက်၊ သမုတ်ချောင်းရွာတွေ ဘက်မှာလည်း ရေကြီးနေတယ်။အံတော်ချောင်းဘေးက တရော်တောရွာမှာဆိုရင် ကမ်းပါးတွေ ပြိုကျတယ်“ ဟု ဒေသခံတစ်ဦးက ပြောသည်။


ယခုနှစ် မိုးရာသီတွင် မိုးသည်းထန်စွာရွာသွန်းမှုနှင့်အတူမြန်မာနိုင်ငံအတွင်း မြို့နယ်များစွာ၌ ရေကြီး၊ ရေလျှံမှုများ ဖြစ်ခဲ့ပြီးမြေပြိုမှုများ၊ လမ်းပျက်စီးမှုများဖြစ်ပေါ်ခဲ့သည်။ လွန်ခဲ့သည့် နှစ်များက သံတွဲမြို့ရေကြီးမှုတွင် ချောင်းရေနှင့်အတူနှုန်းမြေများစွာပါဝင်လာသောကြောင့် မြို့နယ်အနှံ့ နုန်းဖုံးလွှမ်းခံခဲ့ရသည်။

ထို့နောက် သံတွဲချောင်းအား ပြန်လည်တူးဖော်ရန် ပြီးခဲ့သည့်နှစ်ကပြည်သူ့လွှတ်တော်၌ တင်ပြပြီး ရံပုံငွေချပေးခဲ့သော်လည်း ယခုအချိန်ထိလုပ်ဆောင်သည်ကိုမူ မတွေ့ရသေးကြောင်း သံတွဲဒေသခံများကပြောသည်။
From:[_ မြစ်မခ _]
(မောင်ကျောက်ခဲ အဖွဲ့)
Print Friendly and PDF

0 ယောက် ဆွေးနွေးခဲ့တယ်:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ