Aug 19, 2013

မူးယစ်ဆေးဝါးမှုဖြင့် ဖမ်းဆီးခံထားရသည့် မြန်မာနိုင်ငံသားကို ထိုင်းအစိုးရက လွှဲပြောင်းပေး

မူးယစ်ဆေးဝါးမှုဖြင့် ထိုင်းနိုင်ငံတွင် ဖမ်းဆီးခံခဲ့ရသည့် အသက် ၄၆ နှစ်အရွယ်ရှိ မြန်မာနိုင်ငံသား ဦးရွှေနုဆိုသူကို ထိုင်းရဲတပ်ဖွဲ့က သြဂုတ် ၁၆ ရက်တွင် မြန်မာနိုင်ငံသို့ လွှဲပြောင်းပေးလိုက်ကြောင်း သိရသည်။

၎င်းသည် မက်သာဖက်သာမင်း ဆေးပြားများ ရောင်းဝယ်မှုဖြင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကလည်း အလိုရှိနေသူတစ်ဦး ဖြစ်သည်။၎င်းနထိုင်ရာ ရှမ်းပြည်နယ်ရှိ နေအိမ်တွင် မက်သာဖက်သမင်းဆေးပြား ၁၇၁၀၀၀ ပြားကို ရှာဖွေတွေ့ရှိပြီးနောက် ရဲတပ်ဖွဲ့က ဦးရွှေနုအား ဖမ်းဝရမ်းထုတ်ထားခြင်း ဖြစ်သည်။

"ဦးရွှေနုဟာ ထိုင်းနိုင်ငံမှာ အလုပ်လုပ်နေတဲ့ မြန်မာအလုပ်သမားတွေကို မက်သာဖက်သာမင်း ဆေးပြားတွေ ရောင်းချနေတဲ့သူ တစ်ဦးဖြစ်ပါတယ်" ဟု ထိုင်းနိုင်ငံ မူးယစ်ဆေးဝါး ထိန်းချုပ်ရေးအဖွဲ့ရုံး အကြီးအကဲ ရဲချုပ်ဖွန်ဆာဖတ်ဖွန်ချာရွန်က ပြောကြားခဲ့သည်။

လူဝင်မှုကြီးကြပ်ရေး မှတ်တမ်းများအရ ဦးရွှေနုသည် ထိုင်းနိုင်ငံအတွင်းသို့ မကြာသေးမီ နှစ်များအတွင်း လေကြောင်းမှ ၁၉ ကြိမ် ၀င်ရောက်ခဲ့ကြောင်း တွေ့ရှိခဲ့ရသည်။

ဦးရွှေနုအား ထိုင်းအစိုးရက ပြစ်မှုဆိုင်ရာ ဥပဒေများဖြင့် တရားစွဲဆိုထားပြီး ဖြစ်သော်လည်း မြန်မာနိုင်ငံမှ စွဲဆိုထားသည့် အမှုများကို ဦးစွာရင်ဆိုင်နိုင်စေရန် ထိုင်းရဲတပ်ဖွဲ့က သဘောတူညီလိုက်ခြင်းဖြစ်သည်။
From:[_ The Nation _]
 (မောင်ကျောက်ခဲ အဖွဲ့)
Print Friendly and PDF

0 ယောက် ဆွေးနွေးခဲ့တယ်:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ