Aug 18, 2013

ပြည်တွင်းသတင်းထောက်လောကကြီးကို ပယ်ပယ်နယ်နယ် နှပ်ပစ်လိုက်တဲ့ မဟာကြောင်

ကြောင် တစ်ကောင် ငြိမ်နေတယ်ဆိုတာ ပျင်းလို့တော့ မဟုတ်ဖူး။ အရိပ်အောက်မှာ လဲလျောင်း အညောင်းဆန့်ရင်း ဘယ်သူတွေ ဘာလုပ်မလဲဆိုတာ ဘာအချိုးမပြေတာ လုပ်မလဲဆိုတာ စောင့်ကြည့်နေတာလေ။ နေ့စဉ်ရက်ဆက် ကြောင့်မျက်လုံးထဲ ကန့်လန့် ကန့်လန့် ၀င်လာတာတွေက သတင်းထောက်တွေ ဖြစ်နေတော့လည်း တတ်နိုင်ဘူး။အမှန်တိုင်းပြောရရင် သတင်းထောက်တွေကိုတော့ သိပ်မပြောချင်ဘူး။ သူတို့က အုပ်စုတောင့်တယ်။ ပြောလိုက်ရင်လဲ ကျီးများလို့ ၀ိုင်းအာကြတာ။ Constructive Criticism တွေ ဘာတွေ နားမလည်ဘူး။ ငါ့တို့ကို ပြောပြီဟေ့ ၀ိုင်းဖဲကြဆိုပြီး လုပ်တတ်ကြလွန်းလို့ ငြိမ်နေမိတာများတယ်။

 အခုတော့ ပြောစရာက သူတို့တစ်တွေဖြစ်လာတဲ့ အပြင် တော်တော်လေး လွန်လာတော့ ပြောစရာရှိ ပြောရုံပေါ့။

  • အစ ပထမတော့ ဘာတဲ့ ပြည်သူ့ လွတ်တော်က ဟိုတလောက အတည်ပြုလိုက်တဲ့ ပုံနှိပ်ခြင်းနဲ့ ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေဆိုလား၊ အဲဒါက သတင်းသမားတွေရဲ့ လွတ်လပ်ခွင့်ကို ထိပါးလို့ ဘာလို့ ညာလို့နဲ့ ကန့်ကွက်ကြပါရောလား။ မဟာကြောင်တောင် ကန့်ကွက်တဲ့ လက်မှတ် ၈၈ ပွဲမှာ ထိုးခဲ့သေးတယ်။ အားပေးရမှာပေါ့။ ဒါက ကြောင်တိုင်း အဲလေ လူတိုင်းနဲ့ ဆိုင်တာပဲ။ ဖေ့စ်ဘုတ်မှာလည်း လူထု သတင်းမှန် ရရှိရေး မီဒီယာဥပဒေ လွတ်လပ်ခွင့် ပေးဆိုတဲ့ စာကြောင်းကို အပြိုင် အဆိုင် ပရိုဖိုင်းလ် တင်ကြတော့ တွေ့ရမြင်ရ အားတက်ဖွယ်ကြီးပေါ့လေ။ 
  •  
  • မုဒိတာ ပွားလို့မှ မဆုံးသေးဘူး အင်ပါယာဆိုလား သတင်းစာက ပိုင်ရှင် ဇော်ဝင်းထွတ်လား၊ ကောင်းမြတ်ထွတ်လား အဲဒီ ထွတ်က အင်ပါယာသတင်းထောက်တွေကို လစာ မပေးဘူးဆိုတဲ့ သတင်း ဆူညံ ဆူညံ ကြားရတယ်။ သိပ်မကြာခင်မှာပဲ အဲဒီ ထွတ် ပလပ်ကျွတ်ပြီး ရုံးတွင်းအစည်းအဝေးမှာ လျှောက်ပြောထားတဲ့ အသံဖိုင်က ဖေ့စ်ဘုတ်တခွင်မှာ ပြဲပြဲစင် နားမထောင်ချင်မှအဆုံး တွေ့နေရတယ်။ ချက်ဆို နားခွက်က မီးတောက်တဲ့ ဟော့ နယူးစ်ဂျာနယ်က ၀ုန်းကနဲဆို မျက်နှာဖုံးမယ် မဟာထွတ်ရဲ့ ဓါတ်ပုံကြီး ပြူးတူးပြဲတဲနဲ့ ပလပ်ကျွတ်ပြောချက်တွေကို သတင်းလုပ်ရေးလိုက်ပါလေရော......။ 
  • သတင်းထောက် အပေါင်း သူတော်ကောင်း တစ်စု က ငါတို့ကို လစာမပေးတဲ့ ကောင် ကဲ မှတ်ပလားဆိုတဲ့ သဘောနဲ့ လားတော့ မသိ ၀မ်းသာအားရ ၀ိုင်းရှယ်ကြ ပြုကြ ကောင်းချီးသြဘာပေးကြပေါ့.. ပွက်လောကို ရိုက်သွားပါလေရော။ ဟော...တချို့ တချို့က where is ethic လို့လည်း မေးခွန်းထုတ်လိုက်ရော၊ ချွင်းချက်လို့ ဆိုသူကဆို၊ ဒီလို ကောင်စား ဒီလိုလုပ်မှ ရမယ်လို့ ပြောသူက ပြော၊ အက်သစ်နဲ့ အဝေးကြီးလို့ စောဒက သူက စောဒက တက်ကြတာ ပေါ့လေ။ ဆင်ခြေလေးတွေပေး၊ 
  • ဆိုတော့ကာ...... အဲဒီအကြောင်းလေး မဆုံးသေးဘူး။ ဆရာမင်းလူ ကွယ်လွန်ပါလေရော။ သိကြတဲ့အတိုင်း ဆရာမင်းလူရဲ့ သမီး ယုယကို အဖေဆုံးတာ အပေါ် ခံစားမှုတဲ့.. မေးတတ်လိုက်တဲ့ သတင်းထောက် အင်တာဗျုးသမား။ ပုံသေနည်းအတိုင်း မေးလိုက်တာများ... ဘယ်လိုခံစားရသလဲဆိုတာ နင်အဖေ အရင်သေခိုင်းကြည့်လို့ ပြန်ပြောရမလားပဲ...။ 
  • သိပ်မကြာပြန်ဘူး၊
  • အယ်ဒီတာမမငယ်ငယ် လေးတစ်ယောက်က ဖေ့စ်ဘုတ်က တောင်တက်သမားလေးရဲ့ နုတ်စ်ကို သူ့သတင်းထဲမှာ အပိုဒ်လိုက် ကူးပြန်ရော။ ကူးပြီးတော့ သတင်းပါတာ ကျေးဇူးမတင် ဖင်လှန် ပြ ဆိုပြီးတော့လည်း ဆိုပြန်သေးဆိုပဲ။ ဒီတော့ သို့လော သို့လော၊ ကူးတာ မှန်တယ်၊ ကူးတာ မမှန်ဘူး၊ ကျေးဇူးတင်သင့်တယ် ကျေးဇူး မတင်သင့်ဘူး စသည် စသည်ဖြင့် ဖြစ်လာပြန်ရော။ အဲသည်မှာလည်း သတင်းထောက်များက မမှားသေးဘူး။ လာမပြောနဲ့တဲ့။ လူသိစေချင်လို့ သတင်းထဲ ထည့်သုံးပေးတာ၊ အက်သစ်တွေ ဂွက်ပစ်တွေ နဲ့ ဆြာလာမလုပ်ကြနဲ့ ဆိုပဲ။
  •  ဟော ကနေ့ လာပြန်ပြီ နောက် တစ်ခု Myanmar News week ဆိုတဲ့ ဂျာနယ်က ဖေ့စ်ဘုတ်က အရည်ကြိုရဲ့ Notes ကို အပိုဒ်လိုက် ကူးချပြန်သတဲ့။ မြန်မာ့ စတုထ္ထမဏ္ဍိုင်ကြီးဟာ သူတို့ အခွင့်အရေးတော့ တစာ စာ အော်တတ်ပြီး၊ 

သူတို့ စောင့်ထိန်းရမဲ့ ကျင့်ဝတ် သိက္ခာကျ တစ်စက်ကလေးမှ အရေးလုပ်ဖို့ စဉ်းစားမိဟန်လည်း မရှီကြဘူး။ ငါ သတင်းထောက် ငါရေးတာ အမှန်၊ ငါတို့ သာ အမှန် ဆိုတဲ့ စိတ်ဓါတ်တွေနဲ့ အလုပ်လုပ်နေကြတော့ကာ....... သုံးလေးဖွဲ့ ကွဲနေတဲ့ သတင်းစာအဖွဲ့အစည်းများကလည်း ဒါတွေကျ ဥပေက္ခာ ပြုကြသဗျ။

တခုခုဆို ကြေငြာချက်လေး ထုတ်၊ နေရာလေး ၀င်ယူ၊ ပွဲလေးတက်၊ ၀န်ကြီးနဲ့ တွေ့၊ သမ္မတနဲ့ တွေ့ လေးတော့ လုပ်ကြရဲ့ ကိုယ့် လောကသား၊ ကိုယ့်လူတွေကို ဘယ်လို အရည်အသွေး မြင့်ပေးရမလဲဆိုတာလည်း မသိကြတာပဲလား. .. နားလည်ပေးရ မှာပေါ့ လို့ ဆိုရမလား၊

တဘက်ကလည်း မီဒီယာကို ဖိနှိပ်တာ မကြိုက်ဖူး ဆိုပြန်၊ ပြန်ကြားရေးကို မကြိုက်ဖူး ဆိုပြန်၊ တဘက်ကလည်း တခြားသူတွေရဲ့ အတွေး အိုက်ဒိယာကို ခိုးချပြန်၊ တဘက်ကလည်း အနှစ် ၂၀ ကျော်မင်းသားကြီး ကျော်ဆန်း လုပ်သလို လုပ်နေပြနဆိုတော့ ကြောင် ဘယ်လို နားလည်ရမလဲ ပေါ့နော်.........။ ..လွတ်လပ်တဲ့ မီဒီယာ ဥပဒေကြီးသာ တကယ်ဖြစ်လာခဲ့ရင် ကျွန်တော်တာ့ ရေးသတိ၊ ပြောသတိ၊ သွာား သတိ၊ ၊လာ သတိ ......... သတိကြီးကြီး ထားပြီး နေထိုင်ကြဖို့ လိုနေပြီ။ မဟုတ်ရင် ကိုယ်ရေးထားတဲ့ စာတွေ တခြားသူနံမယ်နဲ့ စာမျက်နှာပေါ်တက်၊ ရည်းစားနဲ့ ချိန်းတွေ့တုန်း ညုထားတဲ့ အသံဖိုင်တွေ သတင်းလုပ်ရေး.... ပရိတ်သတ်ကြီးနေရ သတိဗျို့၊ သတိ၊ သတိသာ ထားကြ။
 စာမရေးချင်တော့တဲ့ ကြောင်...

From:[_ မဟာကြောင် _] (မောင်ကျောက်ခဲ အဖွဲ့)
Print Friendly and PDF

0 ယောက် ဆွေးနွေးခဲ့တယ်:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ