Aug 19, 2013

နိုင်ငံရေး အကျဉ်းသားဟောင်းများစောင့်ရှောက်ရေးလုပ်ငန်းများတွင် ပါဝင် ဆောင်ရွက်လို ဟု ဦးခင်ညွန့်ပြောကြား

" ဟိုအရင် ကတည်းက နိုင်ငံရေး ကိစ္စတွေမှာ ယုံကြည်ချက်ကြောင့် အကျဉ်းကျခဲ့သူတွေ ရှိခဲ့တယ်လေ ၊ ပြောမယ်ဆိုရင် အန်ကယ်လည်း နိုင်ငံရေး အကျဉ်းသားဟောင်းပါပဲ "လို့ဦးခင်ညွန့်ကပြောပါတယ် ၊

နိုင်ငံရေး အကျဉ်းသားသတ်မှတ်ချက်တွေမှာ မပြည်ုစုံသေးတာတွေရှိပါတယ် ၊ ဥပမာ အခု အကျဉ်းကျခံရဆဲ ဗိုလ်ချုပ်ကြီးမြင့်အောင်ဆိုရင်လည်း နိုင်ငံရေး အကျဉ်းသားတစ်ယောက်ပါပဲ ၊ ခုထိမလွတ်သေးတဲ့ အန်ကယ့် အဖွဲ့တွေဟာလည်း ပြောမယ်ဆိုရင် နိုင်ငံရေး အကျဉ်းသားတွေပါပဲ လို့လည်း နိုင်ငံရေး အကျဉ်းသား အဓိပ္ပါယ်ဖွင့်ဆိုချက်နှင့်ပတ်သတ်ပြီး ဖြည့်စွက်ပြောကြားခဲ့ပါတယ် ၊လောလောဆယ်တော့ အန်ကယ်စိတ်ထဲမှာ နိုင်ငံရေး ဆက်လုပ်မယ်ဆိုတာ မရှိသေးပါဘူး ၊ ထောင်ကထွက်လာတဲ့ အထဲမှာ ခုအချိန်အထိ စီပွားရေး အဆင်မပြေကြတာတွေရှိသေးတယ်လေ ၊

အန်ကယ့် တပည့်တွေကိုပြောတာပါ ၊ သူတို့မိသားစုတွေလည်း တော်တော် ဒုက္ခရောက်ခဲ့တာပေါ့ ၊ အဲဒီလို အချိန်တွေ တုန်းကဆို ကိုယ်ကလည်း ထောင်ထဲရောက်နေတယ် ၊ အပြင်ကကိုယ့်မိသားစုကလည်း ဝိုင်းအပါယ်ခံ အကျဉ်ခံဘဝရောက်နေတယ် ၊ အန်ကယ်တို့ တပည့်တွေ ဖြစ်ခဲ့တာတွေကို နားလည်ပေးနိုင်မယ့်သူ တော်တော်ရှားပါတယ် ၊ သူတို့ မိသားစုတွေ ပြန်လည်ထူမတ်နိုင်အောင် အန်ကယ့်မှာလည်း တာဝန်ရှိပါတယ် ၊ ဒါကြောင့် အန်ကယ့်အနေနဲ့ တတ်နိုင်တာတွေကို မိတ်ဆွေဟောင်းတွေနဲ့ အစွမ်းကုန် ဆောင်ရွက်နေပါတယ် ၊ သူတို့မိသားစုတွေကိုပတ်ဝန်းကျင်မှာ ဝင်ဆံ့စေချင်တယ် ၊ အတိတ်က အရိပ်မည်းကြီးက သားစဉ်မြေးဆက် ခြောက်လှန့်နေတာမဖြစ်စေချင်ဘူး ၊ ဒါကြောင့် အန်ကယ့်အနေနဲ့ ကိုယ်နိုင်တဲ့ အပိုင်းတွေမှာ နည်းနာယူပူပေါင်းပါဝင်ချင်တာပါ လို့လည်း နိုင်ငံရေး အကျဉ်းသားဟောင်းစောင့်ရှောင်ရေး ပြန်လည်ထူထောင်ရေးများတွင်ပါဝင်လိုသော သူ၏ဆန္ဒကို ထုတ်ဖော်ပြောဆိုသွားခဲ့ပါသည်။

 (မောင်ကျောက်ခဲ အဖွဲ့)
Print Friendly and PDF

0 ယောက် ဆွေးနွေးခဲ့တယ်:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ