Aug 20, 2013

BRTစနစ်ဖြင့် ပြေးဆွဲမည့် ယာဉ်စီးခ ငွေကျပ်၄၀၀ သတ်မှတ်ရန်စီစဉ်

ရန်ကုန်မြို့တွင် ယာဉ်ပိတ်ဆို့မှုကို လျော့ပါးစေရန် အထောက်အကူဖြစ် စေမည့် BRT Bus  Rapid  Transit စနစ်ဖြင့် စတင်ပြေးဆွဲရန် စီစဉ်နေချိန် တွင် ပါဝင်ပြေးဆွဲရန်  အဆိုပြုထား သောပုဂ္ဂလိကကုမ္ပဏီက ဘတ်စ်ကား ၈ဝ  ပြေးဆွဲရန်စီစဉ်ထားပြီး ၁၂ စီးကို အရန်အဖြစ်ထားကြောင်း၊ ယာဉ် စီးခကို  ငွေကျပ်  ၄ဝဝ   သတ်မှတ်ထား ကြောင်း၊ ဘယ်မှတ်တိုင်ကပဲစီးစီး ငွေကျပ်   ၄ဝဝ ပဲဖြစ်ကြောင်း  အဆိုပါ ကုမ္ပဏီ တာဝန်ရှိသူတစ်ဦးက  ပြောကြားချက်ကို သြဂုတ် ၁၈ ရက်က မီဒီ ယာများတွင် သတင်းဖော်ပြကြောင်း မြို့တွင်းသွား  ခရီးသွားများက ဆို သည်။



ယခုအခါ    တစ်နေ့လုပ်အားခ ပျမ်းမျှငွေကျပ် ၃ဝဝဝ သာရရှိချိန်တွင် BRT ကားခအသွားအပြန် ငွေကျပ် ၈ဝဝ ဖြစ်နေရာ လူများစု  လက်လှမ်း မမီနိုင်ကြောင်း၊ ရန်ကုန်မြို့တွင်း ခရီး သည်ပို့ဆောင်ရေးကို     အများ ပြည်သူ အတွက် ဝန်ဆောင်မှုကောင်းဖြစ်စေလိုကြောင်း၊  အစိုးရသစ်လက်ထက်တွင် မော်တော် ယာဥ ဈေးနှုန်း၊ ဖုန်းဈေးနှုန်း များ  မမျှော်မှန်းထားရဲသောဈေးနှုန်း အတိုင်းအတာတစ်ခုအထိ   ကျဆင်းလာ သည်ကိုပွင့်လင်းစွာမြင်တွေ့ရ ကြောင်း၊ဈေးနှုန်းကြီးမြင့်နေသော ဖုန်း ပြောခနှုန်းများ မကြာမြင့်မီကာလတွင်    သိသာစွာကျဆင်းရန်ရှိသည့် သတင်း များထွက်ပေါ်နေချိန်တွင်   ရန်ကုန်မြို့ တွင်း နေ့စဉ် သန်းချီအသုံးပြုနေသော မြို့တွင်း ခရီးသည်သယ်ယူပို့ဆောင်ရေး စနစ်တွင်  စီးပွားရေးဆန်စွာ ထပ်မံ၍ ကားခနှုန်း   မြှင့်တင်မည်ဆိုသော သတင်းစကားများအတိုင်း ဖြစ်ပေါ် လာလျှင်  အများပြည်သူများအတွက်  ဝန်ထုပ်ဝန်ပိုး ဖြစ်စေမည်ဖြစ်ကြောင်း၊သို့ဖြစ်၍ ရန်ကုန်မြို့တွင်း  ခရီးသည် သယ်ယူပို့ဆောင်ရေးလုပ်ငန်းကို ဆင်း ရဲမှုလျော့ပါးရေးနှင့်  ယာဉ်ပိတ်ဆို့မှု လျော့ပါးရေးနှစ်မျိုးစလုံးပေါ်  အခြေခံ ခွင့်ပြုပေးစေလိုကြောင်း ရန်ကုန်မြို့တွင်း ခရီးသွားများက ဆိုသည်။   
                                                                                                                        ခင်ဆိုင်
 (မောင်ကျောက်ခဲ အဖွဲ့) 


Print Friendly and PDF

0 ယောက် ဆွေးနွေးခဲ့တယ်:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ