Feb 16, 2013

ကုလ လူ့အခွင့်အရေး ကိုယ်စားလှယ် ကင်တားနားမှ ဘင်္ဂလီတို့ ၀င်ရောက်လွယ်စေရန် နယ်စပ်ရှိ စစ်တပ်များ ရုပ်ပေးရန် တောင်းဆို


မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်တွင် ဘင်္ဂလီများ ကိစ္စရှုပ်ထွေးချိန်က ရောက်လာခဲ့ပြီး ဘင်္ဂလီကို ရိုဟင်ဂျာများ အဖြစ် ပြောဆိုခဲ့သည့် ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ်Tomas Ojea Quintana ဟာ ကချင်ပြည်နယ် အတွင်း စစ်ပွဲများအပြီး အချိန်ကိုက် ရောက်ရှိလာခဲ့ပြန်ပါတယ်။ ၄င်း ရောက်ရှိမှုနှင့်အတူ ရခိုင်ပြည်နယ် ဒေသ များမှ ဘင်္ဂလီအကြမ်းဖက်မှုများ ဖြစ်ပွားခဲ့ပြီး၊ ညမထွက်ရ အမိန့်များ ပြန်လည်ထုတ်ပြန်ရသည့် အချိန်ကိုက် ဖြစ်စေခဲ့ပါတယ်။

 အဆိုပါ ကိုယ်စားလှယ်မှ ဘင်္ဂလီများကို ဂရုတစိုက် ကူညီသင့်ကြောင်း ပြောဆိုရင်း နယ်စပ် များရှိ စစ်တပ်များကို ဘယ်အချိန် ရုပ်သိမ်းမှာလဲဟု မေးခဲ့သည့်အတွက် တာဝန်ရှိသူများက မေးခွန်းမှာ ဘောင် ကျော်နေကြောင်း တုန့်ပြန်ခဲ့ကြသည်ဟု သိရပါသည်။

ရခိုင်ပြည်နယ်တွင်အနောက်တံခါးလုံဖို့တစ်စိုက်မတ်တွန်းအားပေးနေသည့် ဒေါက်တာ အေးမောင်တို့၏ ပြောစကားနှင့် ဆန့်ကျင်စွာ နေရာယူထားတဲ့ တပ်များကို ရုပ်သိမ်းရန် ပြောကြားခြင်းသည် ရခိုင် ဒေသအတွင်း ဘင်္ဂလီများ လွတ်လပ်စွာ စိမ့်ဝင်နိုင်ရန်အတွက် ဖြစ်လာနိုင်ကြောင်း ဒေသခံများမှ ပြောကြားခဲ့ပါတယ်။
ဘင်္ဂလီတို့ရွှာလုံးကျွတ်မီးရှို့မှုကြောင့် အိမ်ခြေပျက်ခဲ့ရသော ရခိုင်အဖွားတစ်ဦး


ယခင် တစ်ခေါက် မြန်မာနိုင်ငံသို့ လာရောက်ပြီး ဘင်္ဂလီများနှင့် ပတ်သက်၍ ကင်တားနားမှ အောက်ပါအတိုင်း ပြောဆိုခဲ့ဖူးပါတယ်။ကုလသမဂ္ဂနဲ့ အစိုးရမဟုတ်သော နိုင်ငံတကာ အဖွဲ့အစည်းများ (INGO များ) အပေါ်ဆန့်ကျင်တဲ့ခံစားချက်တွေပေါ်မှာလည်းကျွန်တော်စိုးရိမ်ပူပန်မိပါတယ်။ အထူးသဖြင့် လူသားချင်း စာနာထောက်ထားမှု ထောက်ပံ့ ကူညီမှုများအား ဘက်မလိုက်ရေးနှင့် ကြားနေရေးဆိုသော အခြေခံမူများအတိုင်း မထောက်ပံ့ဟူသော ရခိုင်ဗုဒ္ဓ္ဓဘာ သာဝင်တွေရဲ့ ထင်မြင်ယူဆမှုတွေကို ပူပန်ပါတယ်။ ဒီထင်မြင်မှုတွေကို ချေဖျက်ဖို့ရာ ပါဝင်ပတ်သက်နေသော နိုင်ငံတကာအဖွဲ့အစည်းများ အနေနဲ့အစိုးရအာဏာပိုင် များနှင့်အတူတကွ ပူးတွဲလုပ်ဆောင်ရန် ကျွန်တော်တိုက်တွန်းပါတယ်။

ဒါ့အပြင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လိုအပ်ချက်တွေကို အစိုးရက တုံ့ပြန်ရန်ကြိုးစားပြီး နေရာရွှေ့ပြောင်း နေထိုင်ရသူ များအား ပြန်လည် နေရာချထားရေး အလယ်အလတ် ကာလတစ်ရပ်အစီအစဉ်တွေ ရှိနေပေမယ့်လည်း ပြန်လည်ထူထောင်ရေးနဲ့ ပြန်လည်ရင်ကြားစေ့ရေးမှာ တာရှည်ခံသော မဟာဗျူဟာ တစ်ရပ်ဖော်ထုတ်ဖို့ရာ သတိပြုလုပ်ဆောင်ရပါမယ်။ လူ့အဖွဲ့အစည်းနှစ်ရပ်ကို ခွဲခြားရေးထက် ပေါင်းစည်းမှုပေါ် အခြေခံတဲ့ မဟာဗျူဟာတစ်ရပ် ဖော်ထုတ်ရပါမယ်။

ဘင်္ဂလီအားပေး ဘင်္ဂလီသူသျှိုတွေ


ရခိုင်ပြည်နယ်က လူ့အဖွဲ့အစည်းတွေကြားက အမြစ်တွယ်နေတဲ့ မုန်းတီးမှုတွေနဲ့ မယုံကြည်မှုတွေနဲ့ ပတ်သက်ပြီးတော့လည်း ကျွန်တော်အလွန်အမင်းစိုးရိမ်မိပါတယ်။ အစိုးရက ရဲရင့်တဲ့ ခြေလှမ်းတွေ မလှမ်းဘူးဆိုရင် အခြေအနေဟာ ပိုမိုယိုယွင်းပျက်စီးသွားပါလိမ့်မယ်။


ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီးတော့ ကျွန်တော့်ရဲ့ လုပ်ပိုင်ခွင့်ကာလတစ်လျှောက်လုံးမှာ ရိုဟင်ဂျာတွေကိုစနစ်တကျခွဲခြားဆက်ဆံမှုတွေအပေါ်ပူပန်မှုတွေကို တောက်လျှောက်အသားပေးပြောဆိုခဲ့ပါတယ်။ ဒီပူပန်မှုတွေမှာ ရိုဟင်ဂျာတွေကို နိုင်ငံသားအဖြစ် ငြင်းပယ်မှု သို့မဟုတ် တရားဝင်အနေအထားမပေးမှု၊ သူတို့ရဲ့ လွတ်လပ်စွာ သွားလာလှုပ် ရှားခွင့်အပေါ် ကန့်သတ်ချက်များ ထားရှိမှု၊ အိမ်ထောင်ပြုရေး ကန့်သတ်မှုတွေနဲ့ အခြားခွဲခြားဆက်ဆံမှု ပေါ်လစီတွေ ပါဝင်ပါတတယ်။နိုင်ငံတကာ လူ့အခွင့်အရေး စံနှုန်း တွေနဲ့ကိုက်ညီစေဖို့ရာ ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေကို ပြန်လှန်သုံးသပ်ခြင်း အပါအ၀င် ဒီကိစ္စတွေကို ဖြေရှင်းသွားမယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်။

ရိုဟင်ဂျာတွေရဲ့ နိုင်ငံမဲ့မှုအခြေအနေအတွက်တာရှည်ခံမယ့် ဖြေရှင်းချက်တွေကို ဖော်ထုတ်ရာမှာနိုင်ငံတကာ အသိုင်းအ၀ိုင်းကလည်း ပါဝင်ဆောင်ရွက်ရပါမယ်။ အဲဒီ ဖြေရှင်းချက်တွေကို လူ့အခွင့်အရေးအခြေခံမှုတွေ အပေါ်မှာ မူတည်ရပါမယ်။

(oppositeye)
(မောင်ကျောက်ခဲ အဖွဲ့)
Print Friendly and PDF

1 ယောက် ဆွေးနွေးခဲ့တယ်:

Anonymous said...

"အဆိုပါ ကိုယ်စားလှယ်မှ ဘင်္ဂလီများကို ဂရုတစိုက် ကူညီသင့်ကြောင်း ပြောဆိုရင်း နယ်စပ် များရှိ စစ်တပ်များကို ဘယ်အချိန် ရုပ်သိမ်းမှာလဲဟု မေးခဲ့သည့်အတွက် တာဝန်ရှိသူများက မေးခွန်းမှာ ဘောင် ကျော်နေကြောင်း တုန့်ပြန်ခဲ့ကြသည်" Correct!

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ