Feb 13, 2013

တိုင်းရင်းဆေးဝါးအမည်ခံ ကာမထကြွဆေးများ အရောင်းတွင်ကျယ်နေ

ဖေဖေါ်ဝါရီလ ၁၄ ရက်နေ့ (ချစ်သူများနေ့) နီးလာပြီဖြစ်သည်နှင့်အညီ ရန်ကုန်မြို့နှင့် အခြားမြို့ကြီးများတွင် ကာမအားပေးသည့် ဆေးဝါးများ အရောင်းတွယ်ကျယ်လျက်ရှိကြောင်း သိရသည်။


 သို့သော် ၀ယ်ယူသူများမှာ အသက်မပြည့်သေးသူများ လူငယ်အများစုဖြစ်နေကြောင်း၊ အဆိုပါဆေးများကို လိုအပ်သည် မလိုအပ်သည်ကို မသိရှိပဲ သုံးစွဲပြီး မလိုလားအပ်သော ဘေးထွက်ဆိုးကျိုးများ ခံစားနိုင်သည်ကို မသိရှိကြကြောင်း သတင်းရရှိသည်။

အဆိုပါဆေးများအနက် တိုင်းရင်းဆေး၊ အဟာရဖြည့်ပျားရည် အသွင်ဖြင့် ရောင်းချနေခြင်းများလည်း ရှိကြောင်း၊ အဆိုပါဆေးများမှာ ထိရောက်သော ဆေးညွှန်းများ၊ သုံးစွဲရန်လမ်းညွှန်မှုများ၊ သတိပေးမှုများ မပါရှိကြောင်း သုံးစွဲပြီးဖြစ်ပေါ်လာနိုင်သည့် ဘေးထွက်ဆိုးကျိုးများကိုလည်း မဖော်ပြထားပဲ ကာမကို အားပေးသည့် ကြော်ငြာများကိုသာ အဓိကထည့်သွင်းနေကြောင်း သိရသည်။

 ထို့အပြင် အမျိုးသမီများ အသုံးပြုရန် အင်္ဂါကျဉ်းမြောင်းစေသည့်ဆေးဝါးများလည်း ပေါ်ထွက်နေပြီး အဆိုပါဆေးဝါးများကို မည်သည့်ကျန်းမာရေးအဖွဲ့အစည်းများ၏ ဆေးဝါးထောက်ခံချက်မပါရှိပဲ ထုပ်လုပ်ဖြန့်ဖြူးနေသည်မှာအသုံးပြုသူများ၏အန္တရာယ်ကိုဂရုမစိုက်ပဲမိမိအကျိုးအမြတ်တစ်ခုတည်းကိုသာ ရှေးရှုလုပ်ဆောင်ခြင်းဖြစ်ပြီး အရွယ်မရောက်သေးသူများနှင့် ကာမဘီလူးများအား အားပေးသလိုဖြစ်နေကြောင်း သိရှိရသည်။ အဆိုပါဆေးဝါးများကို လူမျိုးခြား၊ဘာသာခြားတစ်ဦးက Skylark အမည်ဖြင့် ဖြန့်ချိနေခြင်းဖြစ်ပြီး အဆိုပါတံဆိပ်ဖြင့် ကြော်ငြာများမှာ မြန်မာ့ယဉ်ကျေးမှုနှင့် မကိုက်ညီသော အသုံးအနှုန်း စာသားရုပ်ပုံများပါဝင်နေခြင်းကြောင့်သင်္ကြန်ပွဲတော်များတွင်လူပြောများခဲ့သော ကြော်ငြာတစ်ခုဖြစ်ခဲ့ကြောင်း သတင်းရရှိသည်။

From:[_ People Development for Knowledge_]
(မောင်ကျောက်ခဲ အဖွဲ့)
Print Friendly and PDF

0 ယောက် ဆွေးနွေးခဲ့တယ်:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ