Feb 11, 2013

ခွေးစကားပြောတဲ့ ဒေါ်စုနှင့် နွားစကားပြောတဲ့ ဦးဝင်းတင်

ဟံသာဝတီဦးဝင်းတင်က ဇန်န၀ါရီ ၃၁ ရက်က ကျင်းပသော လွတ်လပ်ခြင်းအနုပညာ ရုပ်ရှင်ပွဲတော်ဆုပေးပွဲ အခမ်းအနားတွင် "ကျနော်တို့ပါတီမှာလုပ်တယ်ဆိုတာ နွားလိုလုပ်တယ်၊ နွားလိုပဲ နောက်နေပြီးတော့ ဖြောင့်ဖြောင့်လိုက်တယ်၊ ဒါ ကျနော်တို့စိတ်ကူးပဲ၊သို့သော် ကျနော်တို့ဟာ နွားမဟုတ်ဘူး၊ နွားလို့ကျင့်ဖို့မလိုဘူး "ဟု ဦးဝင်းတင်ကဆိုသည်။ အဆိုပါ စကားအရ NLD ပါတီဝင်များသည် ဒေါ်စု၏ စကားကိုသာ နားထောင်ပြီး နဖားကြိုးထိုးခံပြီး ကြိမ်တို့ခိုင်းမှာသာ ခိုင်းတာလုပ်တတ်ပြီး မည့်သည့်အကြံဥာဏ် ခံယူချက် စဉ်းစားတတ်သော ဦးနှောက် မရှိကြောင်း ပြောသကဲ့သို့ဖြစ်နိုင်ပြီး နောက်တစ်ချက်မှာ ဒေါ်စု၏ လုပ်ဆောင်မှူများကို ငေါ့တော့တော့ပြောခြင်းလားဟု သုံးသပ်ရပါသည် ။ထို့အပြင် ဦးဝင်းတင်နှင့် ဒေါ်စု အကြားမကျေလည်မှူများ ရှိနေပြီဖြစ်ကြောင်း အဆိုပါ စကားရပ်အရ သိရှိလာရမည်ဖြစ်သည် ။



ဒေါ်စု အနေဖြင့် သူ့အား စင်ပေါ်တင်ပေးခဲ့သော်လည်း နောက်ပိုင်းတွင် NLD သက်ကြီးပိုင်းများအား ကန်ထုတ်ထားပြီး လူငယ်များကိုသာ တွဲခေါ်ထားပါတယ် ။အထူးသဖြင့် ပီအေ တဖြစ်လည်း အများကပြောနေသလိုမရှင်းမရှင်းဖြစ်နေသလားဟု မေးခွန်းထုတ်နေရသော ဇေယျာသော်အား ဒေါ်စု ရေချိုးချိန်နှင့်အိမ်သာတတ်ချိန်မှ
အပ တပူးပူးတတွဲတွဲတွေ့နေရခြင်းများကပြောစရာဖြစ်နပါသည် ။

ထို့အပြင် ဒေါ်စု၏ ခွေးလောက် လူတွေ မရိုးသားကြကြောင်း ပြောခဲ့သဖြင့် ပြည်သူလူထုမှာ မကျေနပ်မှူများစွာ ရှိနေပါသည် ။ဒေါ်စုသည် သူမ၏ ဥရောပသွေးပါသော ခွေးအား အလွန်ချစ်မြတ်နိုးကာ စကားပြောတိုင်းထည့်ထည့်ပြောသဖြင့်ပါတီတွင်းတွင်လည်း ခွေးမပါရင်မပြောတတ်တော့ဘူးဟု
 နောက်ပြောင်စကားများဖြစ်ပေါ်နေပါသည် ။ဒေါ်စုသည် သူ၏ ခွေးလောက် ရိုးသားကြပါဟုပြောသော်လည်း ခွေးသည်ခွေးသာဖြစ်သည် ။သူ၏ ရိုးသားသော ခွေးမှာ အကိုက်ကြမ်းလွန်း၍ ခြံအတွင်း သတိ ကိုက်တတ်သည် ဟု ပုံနှင့်တကွ သတိပေးထားရသည် ။


ထို့ကြောင့် ခွေးစကားပြောသည့် အန်တီစု နှင့် နွားစကားပြောသည့် ဦးဝင်းတင်တို့၏ စကားစစ်ထိုးမှူများ လုပ်ရပ်များကို ဆက်လက်စောင့်ကြည့်ကြရမည်ဖြစ်သည် ။
(မောင်ကျောက်ခဲ အဖွဲ့)
Print Friendly and PDF

1 ယောက် ဆွေးနွေးခဲ့တယ်:

Anonymous said...

ရိုးသားသည်နှင့် အသည်မှာမတူ အသည် နှင့် ဒူသည် မှာလည်း မတူပါ ရိုးသားသည်ဆိုသည်မှာ မှန် ရာလုပ်တာ လို့ အနီးစပ်ဆုံး ဆိုနိုင် ပါတယ် မှန်တယ် ထင် လျင် နောက်မတွန့်တဲ့စိတ်ထား မမှန် တာဆို ရင် မုန်းတီးတတ်တယ် ခွေးတွေရဲ့ သ ဘောသဘာဝတို့ကလည်း အဲ့ဒီလိုရှိကြ တယ် ဆရာအတ္တကျော်ရဲ့ခွေးလိုကျင့်ဆောင်းပါးကိုကြည့်ရင် သိနိုင် ပါတယ် အတယ်ဆိုတာက ကိုယ့်ကိုမုဒိမ်းကျင့် တာ တောင် ကလိရားထိုးတယ်လို့ထင် တဲ့သူတွေပေါ့
ဒူတာက တော့ လကို လေးခွနဲ့ပစ်ခြွေ ဖို့ ကြံသူတွေ ပေါ့ဗျာ

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ