Feb 13, 2013

အစ္စလာမ်မစ် အစွန်းရောက် လက်နက်ကိုင်အဖွဲ့ လက်ရှ်ခါ၊ မြန်မာနိုင်ငံမှာ အခြေချရန် ကြိုးစားနေသည်

အိန္ဒိယအစိုးရဟာ သူ့ရဲ့ အရှေ့ဘက် အိမ်နီးနားခြင်းတွေဖြစ်တဲ့ မြန်မာ၊ ဘင်္ဂလားဒေ့ရှ်နဲ့ ပါကစ္စတန်အခြေစိုက် အကြမ်းဖက်အဖွဲ့တွေရဲ့ လှုပ်ရှားမှုတွေနဲ့ ပါတ်သက်တဲ့ သတင်းအချက်လက်တွေ ဝေငှပေးနေပါတယ်… အဓိကအားဖြင့် ၂၀၁၂ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ ရိုဟင်ဂျာ (စစ်တကောင်း ဘင်္ဂါလီ)များနဲ့ ရခိုင်တွေရဲ့ ရခိုင်နယ်စပ်တလျှောက်က အဓိကရုဏ်းတွေနဲ့ ပါတ်သက်နေပါတယ်….

အဲ့ဒိအဖွဲ့အစည်းတွေကြားမှာ လက်ရှ်ခါ-အီး-တိုင်ဘာ (Lashkar-e-Taiba) ဆိုတဲ့အဖွဲ့ဟာ ထင်ရှားပါတယ်…. ထောက်လှမ်းရေးက ရရှိတဲ့ အချက်အလက်များအရ အစွန်းရောက် ရိုဟင်ဂျာ (စစ်တကောင်းဘင်္ဂါလီ)များရဲ့လှုပ်ရှားမှုတွေရဲ့အဓိကငွေကြေး ထောက်ပံ့မှုတွေဟာ ဆော်ဒီအာရေးဗျမှာရှိတဲ့ အဖွဲ့အစည်းတွေက ဖြစ်တယ်လို့ အိန္ဒိယရဲ့ အဆင့်မြင့် အရာရှိများရဲ့ သတင်းအရင်းအမြစ်က ဆိုပါတယ်…. အဲ့ဒိ အစွန်းရောက် စစ်သွေးကြွများဟာ ပါကစ္စတန်အခြေစိုက် အကြမ်းဖက်အဖွဲ့တွေရဲ့ စစ်ရေးသင်ကြားမှုကို ရရှိနေပြီး လက်နက်တွေဟာ ထိုင်းနိုင်ငံဘက်ကနေ ရရှိနေပါတယ်။

စီးပွားရေးနဲ့ လူမှုရေး အခက်အခဲတွေ့နေတဲ့ ဒုက္ခသည်စခန်းရှိ စစ်တကောင်း ဘင်္ဂါလီ (ရိုဟင်ဂျာ) များမှအပ ကျန်တဲ့အဖွဲ့တွေဟာ လက်နက်များ တိတ်တဆိတ်ခိုးသွင်းခြင်း၊ မူးယစ်ဆေးဝါးများ၊ ဗလီအစရှိတဲ့ ဘာသာရေးအဆောက်အဦးများမှာ အကြမ်းဖက်လုပ်ရပ်များမှာ ပါဝင်တဲ့ သင်တန်းများ ပို့ချခြင်း၊ လက်နက်ပစ္စည်းများ လျှို့ဝှက်ထားခြင်း အစရှိတာတွေဟာ ဒေသတွင်း အကြမ်းဖက် နှိမ်နှင်းရေးအတွက် အဓိကအတားအဆီး အခက်အခဲဖြစ်နေတယ်လို့ အိန္ဒိယအဆင့်မြင့် အရာရှိတွေက ဆိုပါတယ်…

နယူးဒေလီက အဓိက စိုးရိမ်ပူပန်နေတာကတော့ ပါကစ္စတန်အခြေစိုက် စစ်သွေးကြွ အဖွဲ့တွေဟာ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်ကနေ လူသစ် စုဆောင်းမှာတွေ၊ ကလာပ်စည်းများ ထားရှိပြီး အကြမ်းဖက်လှုပ်ရှားမှုတွေကို အရှေ့မြောက်ပိုင်းမှာ လုပ်လာနိုင်လို့ ဖြစ်ပါတယ်… အဲ့ဒိလိုပဲ အဆိုပါ ကလာပ်စည်းများ၊ စုဆောင်ထားတဲ့ လူသစ်များနဲ့ Assam မှာလုပ်ခဲ့သလိုမျိုး သက်ဆိုင်ရာ ဒေသတွေတိုင်းမှာ အကြမ်းဖက်မှုတွေ ဖြစ်ပွားဖို့ လှုံ့ဆော်လာမှာကိုလည်း အဓိက စိုးရိမ်နေပါတယ်….

အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်မှာရှိတဲ့ စစ်တကောင်း ဘင်္ဂါလီ (ရိုဟင်ဂျာ) ဒုက္ခသည် အဖွဲ့အစည်းများရဲ့ တူညီတဲ့ အချက်ကတော့ ပါကစ္စတန် ထောက်လှမ်းရေးနဲ့ လက်ရှ်ခါအဖွဲ့ရဲ့ မသိမသာ ၀င်ရောက်စွက်ဖက်နေတဲ့ ကိစ္စရပ်များဖြစ်ပြီး နှစ်နိုင်ငံစလုံးကလည်း စုံစမ်းရရှိသမျှ အဆိုပါ ကိစ္စရပ်တွေကို ဖလှယ်ဖို့ သဘောတူညီထားကြပါတယ်…. သူတို့တွေဟာ ဘင်္ဂလားဒေ့ရှ်ရဲ့ စစ်တကောင်း တောင်တန်းဒေသတွေမှာ  အခြေစိုက်တဲ့ Jaish-e-Mohammed (JeM) အဖွဲ့ရဲ့ လှုပ်ရှားမှုတွေလည်း ရှိနေနိုင်တယ်လို့ ယုံကြည်နေပါတယ်… အထူးသဖြင့် မြန်မာနိုင်ငံနဲ့ နယ်စပ်တလျှောက်ဖြစ်တဲ့ Cox’s Bazaar နဲ့ တက်နာ့ဖ် ဒေသတွေမှာ လှုပ်ရှားနေတယ်လို့ ယုံကြည်နေကြပါတယ်….

၂၀၁၂ မြန်မာနိုင်ငံ ရခိုင်ဒေသမှာ အကြမ်းဖက်မှု ဖြစ်ပွားပြီးချိန်မှာတော့ လက်ရှ်ခါအဖွဲ့နဲ့ သူ့ရဲ့ မိခင်အဖွဲ့အစည်းဖြစ်တဲ့ Jammaat-ud-Dawwa (JuD) ဟာ Difa-e-Musalman Arakan-Burma (Defence of Muslims in Myanmar) ဆိုတဲ့ဆွေးနွေးပွဲကို ပြုလုပ်ခဲ့ပါတယ်…. အဓိကအားဖြင့် မိုဘိုင်းလှုပ်ရှား အဖွဲ့အစည်းများ၊ ထောက်ခံသူများဖြင့် လက်ရှိ မြန်မာနိုင်ငံရဲ့ အစိုးရကို ဆန့်ကျင်မှုများ ပြုလုပ်နိုင်စေဖို့ ရည်ရွယ်ခဲ့ပါတယ်….

လက်ရှ်ခါနဲ့ ဂျမက် အဖွဲ့နှစ်ခုဟာ ပေါင်းစပ်လိုက်ပြီး အဖွဲ့နှစ်ခုတွင်းမှာ ပါသူများဟာ ဂျမတ်အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ နဒီးမ် အ၀ါရီ (Nadeem Awari) နဲ့ ဂျမတ်အဖွဲ့ရဲ့ သတင်းထုတ်ပြန်ရေးဖြစ်တဲ့ ရှာဟစ် မန်မွတ် ရီမတ်တူလာ့ရှ် (Shahid Mehmood Rehmatullah) တို့ကို သြဂုတ် ၁၀ ၂၀၁၂ မှာ တာဝန်ပေးအပ်လိုက်ပါတယ်…. သူတို့ရဲ့ အဓိက တာဝန်တွေကတော့ မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ်မှာရှိတဲ့ အစ္စလာမ်မစ် အဖွဲ့အစည်းများက အရေးကြီး တာဝန်ရှိသူများနဲ့ အချိပ်အဆက်ရယူရန်ပဲ ဖြစ်ပါတယ်….

အိန္ဒိယအစိုးရစီက ရရှိတဲ့ သတင်းအချက်အလက်များအရ အစ္စလာမ်မစ် အကြမ်းဖက်အဖွဲ့ရဲ့ ခေါင်းဆောင်ဖြစ်တဲ့ ဟာဖီး ဆာအိ (Hafeez Saeed) အပါအ၀င် လက်ရှ်ခါအဖွဲ့ရဲ့ အဆင့်မြင့်ခေါင်းဆောင်များဟာ မြန်မာနိုင်ငံကို အဓိကပစ်မှတ်ထားပြီး လူသစ် စုဆောင်းရရှိနိုင်ဖွယ် ရှိမှုနဲ့ စစ်ရေးလှုပ်ရှားမှုတွေနဲ့ ပါတ်သက်တဲ့ ကိစ္စရပ်တွေကို ဆွေးနွေး၍ စီမံကိန်းများ ချမှတ်တယ်လို့ ဆိုပါတယ်…. လက်ရှ်ခါ အဖွဲ့ဟာ ရခိုင်ဒေသမှ ဖြစ်ပွားခဲ့တဲ့ ကိစ္စရပ်တွေနဲ့ ပါတ်သက်ပြီး ပြုပြင်ရေးသမား ဦးသိန်းစိန် ခေါင်းဆောင်တဲ့ အစိုးရအဖွဲ့ကို အပြစ်တင်လိုက်ပါတယ်….။

Rohingya Solidarity Organization
RSO အဖွဲ့ခေါင်းဆေင် နူရူး အစ္စလာမ်

နူရူးအစ္စလာမ်အား အစည်းအဝေး တစ်ခုတွင် တွေ့ရစဉ်
RSO အဖွဲ့နှင့် နီးကပ်စွာ အဆက်အသွယ် ရှိသည့်  ဒေါက်တာ ၀ါကာအူဒင်
ဗြိတိန်တွင် ရိုဟင်ဂျာအရေး လော်ဘီလုပ်ပေးနေသည့် ဆန္ဒပြပွဲတွင် တွေ့ရသည့် နူရူးအစ္စလာမ်
 ပါကစ္စတန်အခြေစိုက် လက်ရှ်ခါးအဖွဲ့ရဲ့ ဦးဆောင်လှုပ်ရှားသူများဟာ မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ ရခိုင်ဒေသနဲ့ ကပ်ရပ်ဒေသများကို သွားရောက် လေ့လာအကဲခတ်ရန်ရင်းနှင့်အတူ အခြားသော Harkat ul Jihadi al Islami (HUJI), JeM နဲ့ Jammat ul Mujahideen Bangladesh (JMB) အဖွဲ့များဟာ Rohingya Solidarity Organization (RSO) နဲ့ ဆက်ဆံရေး တည်ဆောက်ရန် ရည်ရွယ်ထားပါတယ်….. ထိုကဲ့သို့ ချိပ်ဆက်ခြင်းဟာ အဓိကအားဖြင့် သူတို့ရဲ့ လှုပ်ရှားမှုတွေကို ချဲ့ထွင့်နိုင်ရန်၊ အိန္ဒိယအရှေ့ပိုင်း အစွန်အဖြား ဒေသတွေမှာ စခန်းသစ်များ ထပ်မံတည်ဆောက်နိုင်ရန်အတွက် ဖြစ်ပါတယ်….

အိန္ဒိယနိုင်ငံတွင်းရှိ လုံခြုံရေးအေဂျင်စီတွေဟာ မန်မိုဟန်ဆင်း အစိုးရကို Jammaat ul Arakan (JuA) တပ်ဦးအကြောင်းနဲ့ ပါတ်သက်ပြီး အစီရင်ခံထားပြီး ဖြစ်ပါတယ်….. အဆိုပါ JuA ဟာ JMB အဖွဲ့နဲ့ အခြားသော အစွန်းရောက် ရိုဟင်ဂျာ အဖွဲ့အစည်းများ ပူးပေါင်းပါဝင်ပါတယ်…. အဆိုပါ အစီရင်ခံစာက ညွှန်းဆိုတာကတော့ JMB အဖွဲ့ဟာ ဘင်္ဂလားဒေ့ရှ်ရဲ့ ဒေသဖြစ်တဲ့ ဘန်ဒါဘန်ရဲ့ အလှမ်းဝေးတဲ့ နေရာတွေမှာ စစ်ရေးဆိုင်ရာ သင်တန်းပေးမယ့် အခြေစိုက်စခန်းတွေ တည်ဆောက်ခြင်းတွေမှာ ပါဝင်ပါတ်သက်နေတယ် ဆိုတာပါပဲ…. သူတို့ဟာ မြန်မာနိုင်ငံအတွင်းက လှုပ်ရှားမှုတွေနဲ့ ပါတ်သက်ပြီး တာဝန်ယူဖို့ စီမံကိန်းတွေ ချမှတ်လုပ်ဆောင်နေတယ်လို့ တရားဝင်ဆိုပါတယ်….။


ISI ရဲ့ ခြေရာတွေကို စစ်တကောင်း ဘင်္ဂါလီ (ရိုဟင်ဂျာ) အတွင်းပိုင်းကို ချဲ့ထွင် ၀င်ရောက်ခဲ့ပြီးနောက်ပိုင်း စက်တင်ဘာ ၁၁ ၂၀၁၂ မှာ စစ်တကောင်းအခြေစိုက် Cox’s Bazaar မှာရှိတဲ့ Idgah madarassa အဖွဲ့မှ နော် အယ်လ် အမင် (Noor-ul-Amin) ကို ဖမ်းစီးနိုင်ခဲ့တာပဲ ဖြစ်ပါတယ်…. ကရာချိရှိ Dar-ul-Uloom Islamiya madarassa အဖွဲ့အစည်းက ရွေးချယ်လိုက်တဲ့ ဘာသာရေးခေါင်းဆောင်ဖြစ်တဲ့ Noor-ul-Amin ဟာ ယခင်က ရိုဟင်ဂျာ အကြမ်းဖက်အဖွဲ့အတွက် အမြဲတန်းစစ်မှုထမ်းများကို ရွေးချယ်ခန့်အပ်မှုနဲ့ စစ်ရေးအသိအမြင် ရှိသူတွေကို ထောက်ပြတဲ့တာဝန်ကို ထမ်းဆောင်ခဲ့တယ်လို့ ဆိုပါတယ်….။


သူ့ကို စစ်ဆေးမေးမြန်းစဉ်အတွင်းမှာ အာမင်း ထွက်ဆိုခဲ့တာကတော့ သူ့ရဲ့ ပူးပေါင်းပါဝင်မှုဟာ HUJI (Arakan) အဖွဲ့ရဲ့ ခေါင်းဆောင်လို့ သတ်မှတ်ထားတဲ့ ကရာချိအခြေစိုက် Maulana Abdus Qudus Burmi နဲ့ ဆက်နွယ်မှုပါပဲ….. သူထပ်မံ ထွက်ဆိုတာကတော့ ရိုဟင်ဂျာ ဒုက္ခသည် အသိုင်အ၀န်းအတွင်း လက်နက်များ ကူးလူးဆက်နွယ်မှုတွေမှာ ပါကစ္စတန် စစ်ဖက်ဆိုင်ရာ ထောက်လှမ်းရေး အေဂျင်စီကလည်း ပါဝင်ပါတ်သက်နေတယ် ဆိုတာပါပဲ….. နောက်ပိုင်းမှာ Noor-ul-Amin နဲ့ နီးကပ်စွာရှိတဲ့ အပေါင်းပါတစ်ဦးဖြစ်တဲ့ အလီ အာမက် ခေါ် အဘူဂျီဘရယ် (Ali Ahmend aka Abu Jibral) ဟာလည်း အောက်တိုဘာ ၈ ရက် ၂၀၁၂ ခုနှစ်မှာ ဘင်္ဂလားဒေ့ရှ် လုံခြုံရေးအဖွဲ့အစည်းများရဲ့ အရေးယူခြင်းကို ခံလိုက်ရပါတယ်….

အဘူဂျီဘရယ်ဟာ ပြီးခဲ့တဲ့လတွေမှာ ISI နဲ့ Karachi Islamiya madarassa တို့အကြား ငွေကြေးအလဲအလှယ် ကိစ္စတွေမှာ ပါဝင် ပါတ်သက်ခဲ့တယ်လို့ ဆိုပါတယ်…. အဘူဂျီဘရယ်ကို စစ်ဆေးမေးမြန်းခဲ့စဉ်မှာ ဂျီဘရယ်ဟာ သူ ဂျီဟတ် စစ်သားတစ်ယောက်အနေဖြင့် အာဖဂန် နစ္စတန်မှာ ရှိနေခဲ့စဉ်မှာ ၁၉၈၅ မှ ၁၉၉၄ အတွင်း ၀ါဇာရစ်စတန်မြောက်ပိုင်း မီရန်ရှား တွင်နေထိုင်ခဲ့စဉ်အတွင်း တာလီဘန်အဖွဲ့နဲ့ ပါဝင်ပါတ်သက်ခဲ့တယ်လို့ ဆိုပါတယ်…. HUJI အဖွဲ့ရဲ့ တက်ကြွလှုပ်ရှားသူ ဂျီဘရယ်ဟာ အဖမ်းခံရစဉ်မှာ ပါကစ္စတန် စာရွက်စာတန်းများနဲ့ ဘင်္ဂလားဒေ့ရှ်ပါ့စပို့ ကိုင်ဆောင်ထားပါတယ်။

ရိုဟင်ဂျာ အကြမ်းဖက် သဲလွန်စများနဲ့ ပါတ်သက်ပြီး ဒါကာနဲ့ နေပြည်တော်ကို သတိလှမ်းပေးနေစဉ်မှာ အိန္ဒိယအနေနဲ့ စိုးရိမ်နေတာက ISI ရဲ့ ရခိုင်ဒေသတွေမှာ ရှိတဲ့ မွတ်စလင်တွေအပေါ်ကို စိတ်ဝင်စားမှုနှုန်းတွေ မြင့်တက်လာမှာပဲ ဖြစ်ပါတယ်…. အဓိကအားဖြင့် အကြမ်းဖက် အဖွဲ့တွေဖြစ်တဲ့ လက်ရှ်ခါ (Lashkar)၊ Jaish, HUJI နဲ့ Tehrik-e-Azadi Arakan (TAA) တွေကမှတဆင့် အဆိုပါ မွတ်စလင်တွေကို အစွန်းရောက်တွေအဖြစ် လေ့ကျင့်ပေးပြီး အိန္ဒိယ အရှေ့မြောက်ပိုင်းဒေသတွေကို အန္တရာယ်ပြုရာမှာ အသုံးချလာမှာကို စိုးရိမ်နေပါတယ်….။


ရိုဟင်ဂျာ မွတ်စလင်တွေရဲ့ အရင်းအမြစ်တွေ များပြားလာခြင်းနဲ့ ဆက်နွယ်နေတဲ့ ဖြစ်ရပ်တွေကတော့ပါကစ္စတန်အခြေစိုက် ဖောက်ခွဲရေး ကျွမ်းကျင်သူများ၏ သင်ကြားမှုဖြင့် စစ်ရေးကြွ ဒုက္ခသည်များ ပိုမိုများပြားလာပြီး လက်ဖြစ် ဖောက်ခွဲရေး ပစ္စည်းများ ပိုမိုပြုလုပ်၍ မြန်မာနိုင်ငံတွင်းရှိ လုံခြုံရေး အဖွဲ့အစည်းတွေကို မည်သို့မည်ပုံ ဒုက္ခပေးနိုင်ရန်လည်း ဖြစ်ပါတော့တယ်….

၂၀၁၃ ဇန်န၀ါရီလ ၃၀ ရက်နေ့ ဟင်ဒူစတန်တိုင်းရှိ LeT seeks foothold in Myanmar ကို နားလည်တတ်ကြွမ်းသလောက် ဘာသာပြန်ဆို၍ မိမိကဲ့သို့ စိတ်ဝင်စားသူများ သိရှိနိုင်စေရန် ရည်ရွယ်ပါတယ်… အထူးသဖြင့် ရခိုင်ဒေသတွင် ဖြစ်ပျက်နေသည်များဟာ အစိုးရက တမင်ဖန်တီးနေသည်ဟု မြင်နေကြသူများ သိရှိစေရန်လည်း ဖြစ်ပါတယ်…. အစ္စလာမ်မစ် အစွန်းရောက် လက်နက်ကိုင်အဖွဲ့များ၏ ပူးပေါင်းမှု ရည်ရွယ်ချက်နဲ့ အကြမ်းဖက်လုပ်ရပ်များကို နိုင်ငံအတွင်းရှိ အမျိုးသားရေး စိတ်ဝင်စားသည့် လူငယ် လူရွယ်များ သတိပြုမိစေရန်လည်း ဦးတည်ပါတယ်…..

ထစ်ခနဲရှိ အစိုးရကို လက်ညှိုးထိုးနေတဲ့ အဆိုပါ ပုဂ္ဂိုလ်တွေဟာ ရခိုင်ကိစ္စကို အစိုးရဖန်တီးတယ်လို့သာ စွတ်စွဲနေတယ်၊ အဲ့ဒိလို လုပ်လို့ အစိုးရအနေနဲ့ ဘာများ အကျိုးအမြတ် ရမလဲမေးရင် မဖြေတတ်တာကို တွေ့ရပါတယ်..... နိုင်ငံရေးအရ အစိုးရကို အမြတ်ထုတ်ဖို့ သိက္ခာချ၊ အပုတ်ချဖို့ စွတ်စွဲဖို့ပဲတတ်ကြပြီး အလွန်ကို စဉ်းစားဆင်ခြင်ဥာဏ် နည်းပါးတာကို တွေ့ရပါတယ်.....

အထူးသတိချပ်သင့်တဲ့ ကိစ္စကတော့ အစ္စလာမ်မစ် စစ်သွေးကြွတွေဆိုတာ သူတို့လိုချင်တဲ့နိုင်ငံမရမခြင်း ဦးသိန်းစိန်သော ဒေါ်စုသော ရွေးမနေဘူးဗျ တွယ်နေမယ်ဆိုတာလေး ဦးနှောက်ထဲ ထည့်ထားဖို့ လိုပေလိမ့်မယ်.....


အထက်ပါ အကြောင်းအရာနှင့် ဆက်စပ်နေသည့် ယခင်ကဘာသာပြန်ခဲ့သော နုတ်စ်များ

Wikileaks မှ ပြောသည့် ရိုဟင်ဂျာ များနှင့် Al Qaeda ၊ မြန်မာ သောင်းကျန်သူများ အဆက်အသွယ် ရှိခြင်း
http://www.facebook.com/note.php?note_id=255875664459062

ဘင်္ဂလားဒေ့ရှ် သို့မဟုတ် ရိုဟင်ဂျာ မွတ်စလင် အကြမ်းဖက်သမားများ မွေးဖွားရာ / လေ့ကျင့်ရာ

http://www.facebook.com/note.php?note_id=262075623839066



From:[_James Mint  _]
 (မောင်ကျောက်ခဲ အဖွဲ့)
Print Friendly and PDF

2 ယောက် ဆွေးနွေးခဲ့တယ်:

Anonymous said...

လူကြီးလူကောင်းကို မိုက်မိုက်၇ိုင်း၇ိုင်းဆဲဆိုသောင်းကျန်းတဲ့
ပလေးဘွိုင်အဖွဲ့ကသီချင်းဆိုတဲ့ ကုလားသန်းနိုင်

ကုလားသန်းနိုင်ဟာ သူ့ညီမ အဆိုတော်ပုလဲကို သူပြန်ယူထားသူဖြစ်ပါတယ်

Oak Kar


တေးသံရှင် ပလေးဘွိုင် ဦးသန်းနိုင်ရဲ့ အဖြစ်အပျက်အမှန်....။

အမှန်တရား အတိုင်းတော့ပြောပြချင်တယ်။ ကျွန်တော်အရပ်သားပါ။ ကျွန်တော်တို့က (၉)မိုင် ဂေါ့ကလပ်မှာ အမြဲရိုက်ပါတယ်။
ရဲချုပ်ဗိုလ်မှုကြီးစိုးဝင်း က သက်တမ်း(၂) ခါ့တိတိအရွေးချယ်ခံရတဲ့ ဥက္ကဌ ဖြစ်ပါတယ်။ တရားမျှတစွာ စီမံခန့်ခွဲတတ်ပြီး ဂေါက်ကွင်းသာယာ လှပရေး ဂေါက်လာရိုက်သူများကိုလည်း အဆင်ပြေပျော်ရွင်အောင် စီစဉ်ဆောင်ရွက်ပေေးနတဲ့ လူကြီးလူကောင်းတယောက်ပါ ။
အဲဒီနေ့ က အဖြစ်အပျက်ကို အစအဆုံးကျွန်တော်တို့မြင်တွေ့ခဲ့ရပါတယ်။ အခုလို မတရား စော်ကားပြီး အောက်တန်းကျစွာ နဲ့ ပြောဆိုစွပ်စွဲထားတဲ့ ပလေးဘွိုင်သန်းနိုင်ရဲ့ စကားတွေ နဲ့ တဖက်သတ်တော့ မစွပ်စွဲမရေးသင့်ပါဘူးဗျာ ။
ဥက္ကဌ ဖလား ဂေါက်သီးရိုက်ပြိုင်ပွဲ နဲ့ ညစာစားပွဲ ဆုပေးပွဲ လုပ်တာပါ ။ လူပေါင်း (၂၄၀)လောက်ပျော်ရွင်စွာ ပါဝင်ဆင်နွဲခဲ့ကျပါတယ်။ ဂေါက်ကွင်းဥက္ကဌကြီး ကိုယ်တိုင်က ပလေးဘွိုင်သန်းနိုင် နဲ့ အမျိုးတော် တဲ့ အလုပ်အမှု့ဆောင်အဖွဲ့ဝင် ကိုအယ်ဒီ (ခ) ကိုတင်အောင်မိုးကို တီးဝိုင်းလေးနဲ့ အားလုံးပျော်ရွင်ရအောင်စီမံပြီး ခေါ်ခိုင်းခဲ့တာပါ ။ ဒီအခါ့မှာ ကိုပက်ထရစ်ကိုကိုလေး တို့လဲ လာရောက် ဖျော်ဖြေကျပါတယ်။ ပြီးတဲ့အခါ့မှာ ကိုသန်းနိုင် ကမိုက်ကို ဒုတိယအကြိမ်ထပ်ယူပြီးမလွတ်တမ်းဆိုပါတယ်။ ဒီနောက် မန်ဘာလူငယ်လေးတစ်ဦး(၀င်းမိုးအောင်)က ဥက္ကဌ ကို ကျွန်တော် ရှမ်းသီချင်းဆိုပြီးကချင်တယ်လို့ ခွင့်တောင်းသံကြားလိုက်မိပါတယ်။ အဲဒီအခါမှာ ဥက္ကဌကြီးက ကိုအယ်ဒီ( တီးဝိုင်းစီစဉ်သူ ကိုသန်းနိုင်ရဲ့ အမျိုး)ကို ပြောပေးတာသိလိုက်ရပြိး ကိုအယ်ဒီက စင်ပေါ်တက်သွားပြီး ပြောပြတာလဲတွေ့ရပါတယ်။
နောက် ကိုသန်းနိုင်ကစင်အောက်ကိုပြန်ဆင်းလာပြီး သိပ်မကြာပါဘူးဗျာ ဇာတိစရိုက်ပြတော့တာပါပဲ ။ လက်ထဲမှာကိုင်ထားတဲ့ FM မိုက်နဲ့ *Captain ကို "လီး" ပဲ" လီး" ပဲ လို့ အကြိမ်ရေများစွာ ဆဲဆို သောင်းကျန်းပါတော့ပါတယ်။ အဲဒီအချိန်မှာ မြန်မာနိုင်ငံဂေါက်သီးရိုက်အဖွဲ့ချုပ်က ဦးချမ်းဟန်တို့လို လူကြီးလူကောင်းတွေလဲရှိနေပါတယ်။ ကျွန်တော်တို့ မျက်မြင်ပါပဲ ပလေးဘွိုင်သန်းနိုင်က ရိုင်းစိုင်းစွာ ဆဲဆိုပြိးသောင်းကျန်းနေတော့ မခံရပ်နိုင်သူ ဘေးမှ လူငယ်တချို့ ကရိုက်မယ် ဖြစ်လာတော့ ဥက္ကဌ ဦးစိုးဝင်းကတားဆီးထားပေးတာပါ။ အဲဒီနောက်မှာတော့ ဂေါက်ပွဲတိုင်း လုံခြုံရေးလာပေးတဲ့ မရမ်းကုန်းရဲစခန်းက တာဝန်ရှိသူကရောက်လာပြီး ဆဲရဲတိုင်းထွာဆူပူအော်ဟစ်အများပြည်သူကို နှောက်ယှက်မှု့နဲ့ ပလေးဘွိုင်သန်းနိုင်ကိုအမှု့ဖွင့်ခဲ့တာပါ။ ဥက္ကဌ ဦစိုးဝင်းတောင် အဲဒီ ရဲနဲ့စကားပြောတာ မတွေ့လိုက်ရပါဘူး။ အခုအခါ့မှာတော့ ကျွန်တော်တို့ကြားသိသလောက်သတင်းအရ ဥက္ကဌဦးစိုးဝင်းကို အိမ်လာခွင့်တောင်းပြီး တောင်းပန်မယ် အမှု့ပိတ်ပေးပါလို့ကြားထားပါတယ်။ ဒီနေ့ (၉)မိုင်ဂေါက်ကွင်းမှာ အဲဒီကိစ္စဖြစ်ရပ်မှန်ကို ညနေ(၃)နာရီမှာ သတင်းစာရှင်းလင်းပွဲလုပ်မယ်လို့ သိထားရပါတယ်။ ကိုသန်းနိုင်လဲတက်ရောက်မယ်လို့ကြားထားတယ်။ တကယ့်ဖြစ်ရပ်မှန်ကို မသိပဲ သတင်းရေးသူုအနေနဲ့ တဖက်သတ်မရေးသင့်ပါဘူးဗျာ ။ နစ်နာပါတယ် ကျွန်တော်တို့က ဂေါက်ကွင်းကျမှ ရဲချုပ်ဦးစိုးဝင်းကို တွေ့ဖူးတာပါ ။ ဂေါက်ကွင်းစည်ပင်သာယာလှပရေးတွေလုပ်ဆောင်ပေးတယ် လူကြီးလူကောင်းပီသတယ်။ စေတနာထားတတ်တယ် ဒါကြောင့် အဖြစ်မှန်ကိုပြောပြခြင်းဖြစ်ပါတယ်။ လေ့လာလို့လဲရပါတယ်။ ဒီကိစ္စကို တဖက်သတ် ရေးတဲ့ ကိုမျိုးချစ်မြန်မာ အနေနဲ့ သေချာမလေ့လာမဆန်းစစ်ပဲမရေးသင့်ပါဘူး။ သတင်းတခုကို မခိုင်လုံပဲ တဖက်သတ်ပြောသလို ရေးတဲ့အခါ့မှာ သူတဖက်သားနစ်နာစေပါတယ်။ အဲဒီအချိန်က ရှိတဲ့သူတွေကို မေးမြန်းစုံစမ်းကြည့်ကျပေါ့ဗျာ ။ လူစုံရှိတာပါ။ ပလေးဘွိုင်သန်းနိုင် အနေနဲ့ လူကြီးလူကောင်းပီသစွာ ပြောဆိုခဲ့မယ် ဆဲရေးမတိုင်းထွာခဲ့သင့်ပါဘူး။ သေချာမသိပဲ ပိုစ်ရေးတင် ကျန်တဲ့လူတွေက ၀ိုင်းဆဲနေကျလို့ မနေနိုင်လို့ ပြောပြခြင်းဖြစ်ပါတယ်။ အဲတာပါပဲ..။

ကို Zaw Mintun Zawmintun ၏ မူရင်းပို့စ်မှ Comment ရေးသူ ကို Min Yannaing ၏ ရှင်းလင်းတင်ပြချက်အား မူရင်းအတိုင်း မျှဝေပါသည်။ ။
https://www.facebook.com/photo.php?fbid=3859339061906&set=a.3055985058558.100040.1831311223&type=1&theater

ဥက္ကာ

Anonymous said...

အဆိုတော် ပလေးဘွိုင်သန်းနိုင်က စင်အောက်ကို ပြန်ဆင်းလာပြီး သိပ်မကြာပါဘူးဗျာ ဇာတိစရိုက် ပြတော့တာပါပဲ ။

ပလေးဘွိုင်သန်းနိုင်က လက်ထဲမှာကိုင်ထားတဲ့ FM မိုက်နဲ့ ဂေါ့ကလပ် *Captain (ရဲချုပ်ဗိုလ်မှူးကြီးစိုးဝင်း)ကို "လီး" ပဲ" လီး" ပဲ လို့ အကြိမ်ရေများစွာ ဆဲဆို သောင်းကျန်းပါတော့တယ်။

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ