Feb 16, 2013

ပွင့်လင်းလာသော ခေတ်နှင့်အညီ လေကြောင်းလိုင်းဝန်ထမ်းများ ပရိုဆန်သင့်ပြီ မြန်မာအချင်းချင်းနှိမ်တဲ့အကျင့်ပြင်သင့်ပြီ(ဖြစ်ရပ်မှန်)

မြန်မာတွေဟာ လူမျိုးရေး ခွဲခြားသူတွေ ဖြစ်တယ် ပြောကြတာ ဟုတ်တုတ်တုတ်ဘဲ။ မြန်မာက မြန်မာကို ပြန်ခွဲတာ ကျနော့ကိုယ်တွေ့ပါ။

MAI လေယာဉ်နဲ့သွားတိုင်းမဟာမြန်မာများခမျာ ရောက်ရောက်ချင်း ဆောက်နဲ့ထွင်း မြန်မာလေယာဉ်မယ်ကလေးများက စူအောင့်အောင့် မျက်နှာသေနဲ့ နှုတ်ဆက်ပါတယ်။ ရှေ့က မျက်နှာဖြူကျတော့ သွားတွေ ဝင်းကနဲပေါ်အောင် နှုတ်ဆက်ကြပါတယ်။ တခါ မဟုတ် သုံးခါလေးခါပါ။


အဲ လေယာဉ်ပေါ်မှာ အကျွေးအမွေးအချိန်ကျရင်လဲ ကျနော်က ဝိုင်နီကလေး တောင်းသောက်လေ့ရှိပါတယ်။ တခွက်က နှစ်ခွက်ဖြစ်လာရင် စူပုတ်ပုတ်ဖြစ်လာပါပြီ။ သုံးခွက်မြောက်ဆိုရင်တော့ ကြာမယ်နော် ပြောပြီး ပေါ်မလာ ဇာတ်ကားရိုက်ပါတော့တယ်။ ကျနော်ကလဲ ဘယ်ရမလဲ ခေါင်းလောင်းတီးပြီး ခေါ်ပါတယ်။ မြန်မာလူငယ်ကလေးများခမျာ သူတို့လေယာဉ် စီးမိရင် ကုပ်ချောင်းချောင်းကို ဖြစ်သွားတာပါဘဲ။ ကျနော်တို့ ဒေါ်လာ လေးရာပေးပြီး စီးထားရင် ဒီဝိုင်က ဘယ်လောက်ကျမလဲ။ ကာလာမရွေး ဆက်ဆံရမှာပေါ့။(စကားမစပ် အာရှတခွင် နိုက်ကလပ်တွေက ကောင်မလေးတွေ အဖြူတွေနား ကပ်တာကို နားလည်တယ်။ သူတို့က ဖြုန်းဖို့လာတာလေ။ ပိုက်ဆံရမဲ့လူနား ဝိုင်းတာ နားလည်တယ်။) မူးယစ်ရမ်းကားမဲ့ အတိုင်းအတာကို တောင်းတာလဲ မဟုတ်ရပါ။

စင်ကာပူ Silk Air လိုင်းက ချိုသာလှသော လေယာဉ်မယ်ကလေးများကတော့ ဒုတိယ တခွက်မှာရင်ဖြင့် ဝိုင်ပုလင်းငယ်ကလေး လာချပေးလေ့ရှိပါတယ်။ ဒါကြောင့်လဲ အမြဲလိုလို မြန်မာလိုင်းမစီးပါဘူး။ ဟိုတနေ့ကတော့ ရက်ကပ်ပြီး လက်မှတ်မရလို့ MAI စီးလိုက်ရပါတယ်။ လေယာဉ်မောင်များ ပြေပြစ်သော်ငြား မယ်များက အရင်အတိုင်းဘဲခင်ဗျ။ကျနော်ကတော့ အချိုးမပြေရင် ဘောင်ထဲက တန်အောင်ခိုင်းပါတယ်။ စောင်ကလေးတွေ ထုတ်ပေးတော့ ဪ တိုးတက်လာသား အောက်မေ့တာ မဆင်းခင် နာရီဝက်လောက် အလို ပြန်သိမ်းပါလေရော။ ကျနော့သူငယ်ချင်း စလုံးက ဘာလို့ ပြန်သိမ်းသလဲတဲ့။ ငါတို့ လေကြောင်းလိုင်းကဆို ထားချင်ထားခဲ့ ယူချင်ယူသွားဘဲလေတဲ့။ လက်ဆောင်ဝယ်ဖို့ အချိန်မရလို့ အွန်လိုင်း ဈေးဝယ်ဖို့ မယ်တယောက်ကို မှာလိုက်တာ ရလား မရလားလဲ ပြန်မပြောဘဲ လေယာဉ်သာဆင်းသွားပါတယ်။ထားပါတော့လေ။

ပြောချင်တာက ကျနော်တို့ လူမျိုးတွေ ပရို မဆန်သေးဘူးဗျ။ ပိုက်ဆံ အတူတူပေးတာ ချင်း အဖြူမြင်ရင်တမျိုး၊ မြန်မာအချင်းချင်းကျ မတူသလို မတန်သလို။ နိုင်ငံခြားသားမှ လူထင်တာတော့ မဟုတ်သေးဘူးဗျာ။

COPIED from NL
Tin Min Latt
 (မောင်ကျောက်ခဲ အဖွဲ့)
Print Friendly and PDF

2 ယောက် ဆွေးနွေးခဲ့တယ်:

Anonymous said...

ကျွှန်တော်..စီးဖူးတဲ..ထိုင်းလေကြောင်းလိုင်းနဲ..ရုရှားလေကြောင်းလိုင်း ကတော...သိပ်ချိုသာကြတယ်ဗျာ....လူမျိုးမရွေးကြဘူး... မျက်နှာလေးတွေများချိုသာနေကြတာဘဲ..မြန်မာလူမျိုးများဘာလို့များနိုင်ငံခြားသားအထင်ကြီးနေကြလဲမသိဘူး...သူတို.အထင်ကြီးနေတဲ..နိုင်ငံခြားသားတွေက....သူနိုင်ငံရောက်ရင်..ကိုယ်လူမျိုးကိုဘယ်လိုဆက်ဆ့တယ်ဆိုတာ..မသိကြဘူး..လူမျိုးနဲချင်နေပါစေ..နိုင်ငံသေးနေရင်နေပါစေ..ဒါပေမယ်..နိုင်ငံကြီးတစ်ယောက်ထားရှိရမယ်...စိတ်လေးတော.ထားကြဖို.လိုပါတယ်..အနဲဆု့းတော..ကိုယလူမျိုးကိုကိုယ်အထင်ကြီးလေးစားနေဖို.တော.လိုပါတယ်..နိုင်ငံခြားသားလဲလူပါဘဲ...လူလူချင်းတော..မခွဲ ခြားတာအကောင်းဆုံးလို.မြင်ပါတယ်..စိတ်ထားလေးတွေမွန်မြတ်နိုင်ကြ ပါစေ.............

Anonymous said...

မြန်မာဆိုတာပိုက်ဆံ၇ှိ၇င် တချို.လူတွေကမောက်မာတယ်။

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ