Feb 16, 2013

ဒေါက်တာဆိတ်ဖွားအရေး စိုးရိမ်သည်ဟု ကုလကိုယ်စားလှယ်ပြော

မြန်မာအစိုးရ အတိုက်အခံတို့ လွန်စွာ အထင်ကြီးလေးစားစော ကုလသမဂ္ဂလူ့အခွင့်အရေးကိုယ်စားလှယ် မစ္စတာကင်တာနားသည် မြန်မာတပြည်လုံးသိရှိနေသော ဘင်္ဂလီအားပေး အဖွဲ့အစည်းများအား အစိုးရမှ မနှိပ်ကွပ်ရန်နှင့် နိုင်ငံသားဖြစ်ရေးကို စဉ်းစားစေလိုကြောင်း ပြောဆိုသွားပါသည် ။


ထို့အပြင် မြန်မာ့လွတ်တော်၏ မယောင်ယာဆီလူးလုပ်ရပ်ဖြစ်သော ဒေါက်တာဆိတ်ဖွားရှာပုံတော်ကြီးသည်
လွန်စွာ ရယ်စရာဟာသဖြစ်နေကြောင်းဆိုလိုသော အဓိပ္ပ္ပ္ပါယ်ရသော စကားဖြစ်သည့်  "ဥပဒေအထက်တွင် လွှတ်တော်ရှိသလား" ဆောင်းပါးဖြင့်လွှတ်တော်ကို ဝေဖန်ရေးသားခဲ့သော ဒေါက်တာဆိတ်ဖွားကို ဖော်ထုတ်ရန် ကော်မရှင် ဖွဲ့စည်းဆောင်ရွက်မှုအပေါ်စိုးရိမ်မိသည်ဟု ထပ်လောင်းပြောကြားသွားပါသည် ။

နေပြည်တော်တွင် လွှတ်တော်ကိုယ်စားလှယ်များနှင့်တွေ့ဆုံစဉ် ဒေါက်တာဆိတ်ဖွားကို ကော်မရှင်ဖွဲ့ စုံစမ်းမှု အပေါ် စိုးရိမ်ထုတ်ဖော်ပြောဆိုခဲ့ခြင်းဖြစ်ပြီး ဒီမိုကရေစီတွင် ဝေဖန်မှုများကို လက်ခံရန် လိုအပ်ကြောင်း၊ အထူးသဖြင့် ပြည်သူရေးရာကိစ္စများတွင် ဝေဖန်မှုများကို လက်ခံသင့်သည်ဟု မစ္စတာကင်တာနားက ပြောသည်။

မစ္စတာကင်တာနားက မြန်မာနိုင်ငံတွင် ဖြစ်ထွန်းလာသော မီဒီယာလွတ်လပ်ခွင့်အပေါ် ကြိုဆိုလိုက်ပြီး ရုပ်သံဥပဒေတရပ်ပေါ်ထွန်းရေးကိုလည်း ဆောင်ရွက်ရန် တိုက်တွန်းပြောဆိုသွားသည်။
(မောင်ကျောက်ခဲ အဖွဲ့)
Print Friendly and PDF

0 ယောက် ဆွေးနွေးခဲ့တယ်:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ