Readmore »
Mar 17, 2012
ဘဝင်တွေး လက်တွေ့မြင် နောက်ကွယ်ကိုကြည့်တော့ NLD သည်.???????
ရေးသားသူအဖွဲ့  = မောင်ကျောက်ခဲ အချိန်= 10:53 PM 0 ယောက် ဆွေးနွေးခဲ့တယ်
ဆိုင်ရာကဏ္ဍ = သရော်စာ
လူငယ်များ ယဉ်ကျေး လိမ္မာစေရန် ဗုဒ္ဓဘာသာ ယဉ်ကျေးမှု သင်တန်း ဖွင့်လှစ်
ဘာသာခြားလွမ်းမိုးမှုမှ ကာကွယ်ပေးသောဗုဒ္ဓဘာသာ ယဉ်ကျေးမှု သင်တန်း
မျိုးဆက်သစ် ကျောင်းသားလူငယ်များ ယဉ်ကျေးလိမ္မာ စေဖို့အတွက် ဗုဒ္ဓဘာသာ ယဉ်ကျေးမှု သင်တန်းကို မတ်လ ၁၆ ရက်နေ့က ရန်ကုန်မြို့ ဗဟန် ၂ လမ်းမှာရှိတဲ့ ပြည်ထောင်စု ရှေ့နေချုပ်ရုံး ဓမ္မာရုံမှာ
ဖွင့်လှစ်ခဲ့တယ်လို့ သိရပါတယ်။ ဒီလို သင်တန်းတက်ရတဲ့ အကျိုးကျေးဇူးတွေမှာ
ကလေးတွေအတွက် အသိလိမ္မာ တိုးပွားလာနိုင်ခြင်း ၊ ပါဋ္ဌိစာပေ အရေး ၊ အဖတ်
တတ်မြောက်လာနိုင်ခြင်း ၊ ဘာသာရေး ကိုင်းရှိုင်းတတ်ပြီး လူမှုဆက်ဆံရေး
အတတ်ပညာများ တိုးပွားလာနိုင်ခြင်း အစရှိတဲ့ အကျိုးကျေးဇူး တွေရရှိမှာ
ဖြစ်ပါတယ်။
အဆိုပါ သင်တန်း ကိုတော့ မတ်လ ၁၆ ရက်နေ့မှ
၃၁ ရက်နေ့အထိ ဖွင့်လှစ်သွားမှာဖြစ်ပြီး သင်တန်းမှာ သင်တန်းသား ၅၀ ဦး
တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ သင်တန်းကို တော့ ပြည်ထောင်စု
ရှေ့နေချုပ်ရုံး ၊ ဥပဒေရုံးများဆိုင်ရာ ဗုဒ္ဓသာသနာ့ နုဂ္ဂဟ အသင်းမှ ကြီးမှူး
ဖွင့်လှစ်တာဖြစ်ပြီး ၁၁ ကြိမ်မြောက် ဖွင့်လှစ်တဲ့သင်တန်း ဖြစ်တယ်လို့
သတင်းရရှိပါတယ်။
မျိုးဆက်သစ် ကျောင်းသားလူငယ်များ ယဉ်ကျေးလိမ္မာ စေဖို့အတွက် ဗုဒ္ဓဘာသာ ယဉ်ကျေးမှု သင်တန်းကို မတ်လ ၁၆ ရက်နေ့က ရန်ကုန်မြို့ ဗဟန် ၂ လမ်းမှာရှိတဲ့ ပြည်ထောင်စု ရှေ့နေချုပ်ရုံး ဓမ္မာရုံမှာ ဖွင့်လှစ်ခဲ့တယ်လို့ သိရပါတယ်။ ဒီလို သင်တန်းတက်ရတဲ့ အကျိုးကျေးဇူးတွေမှာ ကလေးတွေအတွက် အသိလိမ္မာ တိုးပွားလာနိုင်ခြင်း ၊ ပါဋ္ဌိစာပေ အရေး ၊ အဖတ် တတ်မြောက်လာနိုင်ခြင်း ၊ ဘာသာရေး ကိုင်းရှိုင်းတတ်ပြီး လူမှုဆက်ဆံရေး အတတ်ပညာများ တိုးပွားလာနိုင်ခြင်း အစရှိတဲ့ အကျိုးကျေးဇူး တွေရရှိမှာ ဖြစ်ပါတယ်။
အဆိုပါ သင်တန်း ကိုတော့ မတ်လ ၁၆ ရက်နေ့မှ ၃၁ ရက်နေ့အထိ ဖွင့်လှစ်သွားမှာဖြစ်ပြီး သင်တန်းမှာ သင်တန်းသား ၅၀ ဦး တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ သင်တန်းကို တော့ ပြည်ထောင်စု ရှေ့နေချုပ်ရုံး ၊ ဥပဒေရုံးများဆိုင်ရာ ဗုဒ္ဓသာသနာ့ နုဂ္ဂဟ အသင်းမှ ကြီးမှူး ဖွင့်လှစ်တာဖြစ်ပြီး ၁၁ ကြိမ်မြောက် ဖွင့်လှစ်တဲ့သင်တန်း ဖြစ်တယ်လို့ သတင်းရရှိပါတယ်။
ရေးသားသူအဖွဲ့  = မောင်ကျောက်ခဲ အချိန်= 10:30 AM 0 ယောက် ဆွေးနွေးခဲ့တယ်
ဆိုင်ရာကဏ္ဍ = သတင်း
မီဒီယာတွေ ဘက်လိုက်တယ်
မြန်မာနိုင်ငံမှာ ကြံခိုင်ရေးနဲ့ NLD ပါတီနှစ်ခုပဲရှိတာလား
ဒေါ်စု သွားလေရာ ဖော်ပြမှ သတင်းလား ပြည်သူအကျိုးပြုသတင်းလား။
ဒါဆိုရင်လည်းဗျာ ဝန်ကြီးဌာနတွေ လာဘ်စားတာတောင် သက်သေရှိတယ် ဆိုပြီး ဖော်ပြောရဲသေးတာပဲ
ဒေါ်စု ရုပ်မြင်သံကြားက နေ စကားပြောတဲ့ အစီအစဉ်က ဘာလို့ ကြိုထွက်လာရတာလဲ။
အဲလို ကြိုထွက်လို့ ရကြေးဆိုရင် တခြားပါတီတွေက ရော ဘာလို့ မထွက်ရတာလဲ။
ဘာလို့ ဒေါ်စု သတင်းတွေချည်းကိုပဲ ဖော်ပြနေရတာလဲ။ဂျာနယ်ရောင်းကောင်းအောင်လား။
မိမိသတင်းဌာန လူကြည့်များအောင် လုပ်နေတာလား။
ဘာလဲ...ဒေါ်စုမှ လူရာသွင်းတာလား ။ ခင်ဗျားတို့မှ မဟုတ်ဘူး။ လက်ရှိ အစိုးရက လူရာသွင်းလို့ လွှတ်တော်
ထဲတောင် တစ်ခေါက် လေ့လာခွင့်ရခဲ့တယ် မလား ။ စိတ်ချ လူရာ မဝင် ဝင်အောင် သွင်းပေးပါလိမ့်မယ်။
အဲလောက် မြောက်ပင့်နေစရာမလိုပါဘူး ။
မြန်မာ့အလင်းဖတ်မိခါမှ အော်..ဒေါ်စုတင် စကားပြောခွင့်ရတာ မဟုတ်ပဲ ..ကျန်တဲ့ပါတီတွေလည်း ပြောခွင့်
ရတာပါပဲလား..အားလံး အတူတူတန်းတူ သဘောထားပါလား..လို့တွေးမိတယ်..။မဟုတ်ရင် ဒေါ်စုကိုပဲ အစိုး
ရက ကြောက်လွန်းလို့  အထူးအခွင့်အရေးတွေ ပေးနေပါတယ် သဘောပေါက်အောင် ခင်ဗျားတို့ တမင် ငြိမ်
ပေးနေကြတာမလား ။
တကယ် အကျိုးပြူလား ။မပြူလား ။တစ်ခုထောက်ပြမယ်။
ဒေါ်စု ခရီးစဥင်္တွေ အားရဝမ်းသာ ဖော်ပြကြနဲ့ ..။ မော်တော်ပီကယ် ဖမ်းတော့ သောက်ကျင့်ယုတ်တယ် ပြောအုံးမယ် ။ လမ်းစည်းကမ်း မလိုက်နာလို့  ဘယ် ဂျာနယ် ဘယ်သတင်းဌာန ထောက်ပြခဲ့လဲ ။ ထောက်ပြတဲ့ လူကျတော့ နေရင်းထိုင်ရင်း စစ်ခွေးလို့ ကင်ပွန်းတပ်ကြ
ကြံဖွတ်လက်ကိုင်ဒုတ် ဖြစ်လိုက်နဲ့..မီဒီယာတွေ နားကန်းနေကြတယ် သောက်လုံးတွေ ကန်းနေကြတယ်။
ဒေါ်စု တစ်ယောက်တည်း ပြောတတ်တာ မဟုတ်ဘူး |
သူတို့တွေလည်း နိုင်ငံအတွက် ကိုယ့်ပေါ်လစီနဲ့ကိုယ်သွားနေတဲ့ ပါတီတွေ |
ဒေါ်စု ခရီးစဉ်ထဲက ပေါက်လွှတ်ပဲစား ခွေးဝဲစားတွေ အလှူအိမ်မှာ ထမင်းကျန်လွှင့်လို့ ပြေးကောက်သလို
အုပ်စုကြီး စည်းမဲ့ကမ်းမဲ့ ဖြတ်မောင်းသွားတာ ကို ဘာမှ မလုပ်ရပဲ ရပ်ကြည့်နေရတဲ့ ရဲသားတွေဘက်က
ဘယ် မီဒီယာက ထောက်ပြခဲ့လဲ။
ဘုန်းကြီးတွေ စည်းကမ်းမရှိတာ ဝိနည်းနဲ့မညီတာကျတော့ မထောက်ပြဘူး ။ ဝိနည်းမညီတဲ့ ဘုန်းကြိးကို
အရေးယူတော့ သတင်းဖြစ်တယ်တဲ့လား ။
အခုဘင်္ဂလားဒေ့ရှ် ကိစ္စဖြစ်တယ် ။ ဘယ် ဂျာနယ် တွေကများ ကိုယ့်အာဘော်နဲ့ကိုယ် သုံးသပ်ချက်နဲ့ ဆောင်းပါးတစ်ပုဒ် ရေးနိုင်လဲ ။ ဘယ်ရေးနိုင်ပါ့မလဲ ။ ရေပြင်ပိုင်နက် သဘောတရားတောင်မှ နားမလည်တာ။ ။ဒေါ်စု ဝိုင်းကြိး ပတ်ပတ် ဒူဝေဝေ ခုန်ပြီး
ချိုမိုင်မိုင် ဒီမို ချိုချဉ်စုပ်တာ ပဲ ကြည့်နေတာကိုး။
မြန်မာနိုင်ငံ ပြည်တွင်းရော ပြည်ပရော စတုတ္တမဏ္ဍိုင်ဆိုသူတွေကို မောင်ကျောက်ခဲဝိုင်းတော်သားများ က
အထင်ကို မကြီးတာဗျာ။ လုံးဝ ကိုမလေးစားတာ ။ ခင်ဗျားတို့ အားလုံးက ငွေမျက်နှာပဲ ကြည့်နေတာ။
ဒီသတင်းလေး တင်ရင် ဂျာနယ် ရောင်းကောင်းတယ် ။ငါတို့ သတင်းဌာန လူကြည့်များတယ် ။ဒါပဲ ခင်ဗျားတို့
သိတယ်။အလကား လေတလုံး မိုးတလုံးတွေ။တကယ်တော့ ခင်ဗျားတို့ အတွင်းသဘောကတော့ မီဒီယာကို သုံးပြီး ငွေရသလောက် ကျူံးထည့်တာပဲ သိတာပါ။နိင်ငံကို အထောက်အကူပြုလို့ သာ အော်နေတာ ဘယ်နားသွား အကျိုးပြုတာလည်းတော့ မသိဘူး ။မြန်မာ နိုင်ငံက စတုတ္တမဏ္ဍိုင်တွေ သေရင်တောင် နောင်ဘဝမှာ ဂဏာန်းတို့ပုစွန်လုံးတို့ ဖြစ်မယ် ။ဘက်လိုက်တာများသွားလို့လေ။
_____________________________________________________________________________
မောင်ကျောက်ခဲ အဖွဲ့ ဝိုင်းတော်သားများ
ရေးသားသူအဖွဲ့  = မောင်ကျောက်ခဲ အချိန်= 9:11 AM 1 ယောက် ဆွေးနွေးခဲ့တယ်
ဆိုင်ရာကဏ္ဍ = ပန်ကြားပါရစေ
Mar 16, 2012
အတိတ်ကို ပြည်ဖုံးကား ချလို့ ရရင် ကောင်းမယ်
ရေးသားသူအဖွဲ့  = မောင်ကျောက်ခဲ အချိန်= 11:38 PM 0 ယောက် ဆွေးနွေးခဲ့တယ်
ဆိုင်ရာကဏ္ဍ = သရော်စာ
သန့်ရှင်းသော အစိုးရ ဖြစ်စေဖို့ တက္ကစီသမား အသတ်ခံရမှူကို မျှတအောင် ဆုံးဖြတ်ပေးပါ
အဆိုပါ သေဆုံးသွားသည့်ဖြစ်စဉ်ကို ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် ရန်ကုန်အနောက်ပိုင်း ခရိုင်တရားရုံး၊ ဒုတိယခရိုင် တရားသူကြီး (၃) မှ ပြစ်ဒဏ်ချမှတ် လိုက်သည့်အပေါ် မမျှတမှုဟု ယူဆရသဖြင့် တရားလို မိသားစုဝင်များမှ တိုင်းတရားရုံးသို့ ပြစ်ဒဏ်တိုးမြှင့်စေရေးအတွက် ပြင် ဆင်မှုကို ၂၀၁၂ ခုနှစ် မတ်လ ၉ ရက်နေ့က လျှောက်ထားခဲ့ကြောင်း သိရှိရသည်။
အဆိုပါဖြစ်စဉ်ကို ရန်ကုန်တိုင်းဒေသကြီး အနောက်ပိုင်းခရိုင် တရားရုံး ဒု-ခရိုင် (၃)တွင် ဦးမောင် မောင်လွင်မှ ၂၀၁၁ ခုနှစ် ပြစ်မှုကြီးမှု အမှတ် ၁၀၃/၂၀၁၀ ဖြင့် တရားလို ပြုလုပ်၍ ကျူးလွန်သူများဖြစ်သည့် ကိုကိုဝင်း၊ သော်ဇင်၊ ညီညီဇော်နှင့် ကျော်ထွေးတို့အပေါ် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မကြီး ၃၀၂ (၂)ဖြင့် တရား စွဲဆိုခဲ့သည်။ ထိုသို့ စွဲဆိုပြီးနောက် တရားလိုနှင့် ကျူးလွန်သူများ အပါအ၀င် သက်သေအသီးသီးအား စစ်ဆေးပြီး ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက် နေ့တွင် ရုံးတော်မှညီညီဇော်နှင့် သော်ဇင်တို့အား ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၂၅ ဖြင့် ထောင်ဒဏ်ငါးနှစ်ချမှတ် ခဲ့ပြီး ကိုကိုဝင်းနှင့် ကျော်ထွေးတို့ အား ပုဒ်မ ၃၂၅/ ၁၁၄ အရ ထောင် ဒဏ်တစ်နှစ်နှင့် သုံးလချမှတ်ခဲ့ကြောင်း သိရှိရသည်။
“၀ိုင်းဝန်း၍ ရိုက်နှက်ခြင်း၊ ထိုးခုတ်ခြင်း၊ အန္တရာယ်ပြုခြင်းစသည်တို့ ပြုလုပ်ကြရာတွင် မည်သူ့လက် ချက်ဖြင့် ထိုသူသေဆုံးရသည်ဟူ၍ သက်သေအထင်အရှား မတွေ့ရှိလျှင် ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၀၂ မဟုတ် ဘဲ ၃၂၆ အရ ပြင်းထန်စွာ အနာတရ ဖြစ်စေမှုကို ကျူးလွန်သည်ဟု တွေ့ရှိလျှင် ပိုမိုမျှတမှန်ကန်သည်ဟု မောင်စံတင်နှင့် နိုင်ငံတော်အမှုနှင့် သောင်းခိုင်နှင့် နိုင်ငံတော်အမှုတို့တွင် ညွှန်ပြထားသည်။ ကိုမြင့်အောင်နှင့် နိုင်ငံတော်အမှုတွင်လည်း အထက်ပါစီရင်ထုံး အမှုများအတိုင်း ညွှန်ပြထားသည်။ ဤအမှုတွင် သေသူ ကိုညီညီဇော်နှင့် သော်ဇင်တို့က ခုတ်ဖြတ်ရန် ကိရိယာဖြစ်သည့် ထက်မြက်သော လက်နက်ဖြစ်သော ဓားလှံအစရှိသော လက်နက်တို့ဖြင့် ပြုလုပ်ခြင်း မဟုတ်ဘဲ တုတ်ဖြင့်သာ အသုံးပြုခဲ့ကြောင်း ပေါ်ပေါက်သဖြင့် အထက် ပါ စီရင်ထုံးများ၏ ညွှန်ပြချက်များ နှင့်အညီ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၂၅ အရ အပြင်းအထန် နာကျင်စေမှုဖြင့် (၂) တရားခံညီညီဇော်နှင့် (၃) တရားခံသော်ဇင်တို့အား သုံးသပ်ရပေသည်။ (၁) တရားခံကိုကိုဝင်းနှင့် (၄) တရားခံ ကျော်ထွေးတို့သည် တုတ်များကိုယ်စီ ကိုင်ဆောင်လျက် ညီညီဇော်၊ သော်ဇင်တို့က ပြစ်မှုကျူး လွန်ရာတွင် အားပေးကူညီသူများ ဖြစ်ကြောင်း ပေါ်ပေါက်နေသဖြင့် ၎င်းင်းတို့နှစ်ဦးအား အားပေးကူညီသူ အဖြစ် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၂၅/၁၁၄ အရအပြစ်ပေးသင့်ကြောင်း သုံးသပ်ရရှိပေသည်။ တရားခံအသီးသီးအပေါ် ကျူးလွန်သောပြစ်မှုနှင့် လျော်ညီစွာ ပြစ်ဒဏ်ချမှတ်သင့်ကြောင်း သုံးသပ်ရရှိ၍ အောက်ပါ အမိန့်ကို ချမှတ်လိုက်သည်။ အဖ ဦးခင်မောင်ဝင်း၏ သားဖြစ်သူ (၂) တရားခံ ညီညီဇော်၊ အဖဦးသန်း အောင်၏သားဖြစ်သူ (၃) တရားခံ သော်ဇင်တို့သည် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၂၅အရပြစ်မှုရှိကြောင်း တွေ့ရှိရသဖြင့် ယင်းပုဒ်မအရအလုပ် နှင့် ထောင်ဒဏ်ငါးနှစ် တိတိကျခံစေ။ အဖ ဦးအေးမြင့်၏ သားဖြစ်သူ (၁) တရားခံကိုကိုဝင်း၊ အဖ ဦးကျော်ဌေး ၏သားဖြစ်သူ (၄) တရားခံကျော် ထွေးတို့သည် ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၃၂၅/၁၁၄ အရ အပြစ်ရှိကြောင်း တွေ့ရှိရသဖြင့် ယင်းပုဒ်မ အရ အလုပ်နှင့်ထောင်ဒဏ်တစ်နှစ် နှင့် သုံးလတိတိကျခံစေ။ တရားခံများ အချုပ်ခံရသော (၄.၁၂.၂၀၁၀) နေ့မှစ၍ချုပ်ရက်များကိုထောင်ဒဏ် မှ ထုတ်နုတ်ကျခံစေ” ဟူ၍ စီရင်ချက်တွင် ထည့်သွင်းထားသည်ကို တွေ့ရပါသည်။ တရားရုံးတွင် အမှုရင်ဆိုင်ခဲ့ရသည့်ကာလမှာ တစ်နှစ် နှင့်သုံးလရှိခဲ့သဖြင့် တရားရုံးမှ အမိန့်ချအပြီးတွင် တရားခံ(၁)နှင့် တရားခံ (၄) တို့မှာ ထောင်မှလွတ်မြောက် သွားပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ ဖြစ်စဉ်ဖြစ်ပွားကာစ၌လည်း ယင်းဖြစ်စဉ်သည် လူစည်ကားရာနေရာ၌ တရားဥပဒေမဲ့စွာ မင်းမဲ့စရိုက်ဆန်ဆန် ပြုမူသည့် ရာဇ၀တ်မှုမျိုးဖြစ်ကြောင်း၊ ယင်းဖြစ်စဉ်ကြောင့် အနီးပတ်ဝန်းကျင်ရှိ လူအချို့ပင် ထိတ်လန့်ခဲ့ရကြောင်း၊ ထို့ကြောင့် ပြစ်မှုကျူးလွန်သူများအား ထိရောက်ပြစ်ဒဏ်များ ချမှတ်ခြင်း ဖြင့် မြန်မာနိုင်ငံ၏ တရားဥပဒေစိုးမိုးရေးကို လက်ရှိအစိုးရသစ်၏ တရားစီရင်ရေး မဏ္ဍိုင်က သက်သေ ပြနိုင်လိမ့်မည်ဟု ယင်းဖြစ်စဉ်အား စိတ်ဝင်စားသူ ပြည်သူများက မျှော်လင့်ခဲ့ကြကြောင်းလည်း သိရသည်။
သေစေခြင်းဖြစ်တန်ရာသော ကိုယ်အင်္ဂါ နာကျင်မှုကို ဖြစ်စေရန် အကြံဖြင့် မည်သူမဆို ပြုလုပ်မှု တစ်ခု ခုကိုပြု၍ လူကိုသေစေလျှင် ထိုသူသည် လူသတ်မှုမမြောက်သည့် ရာဇ၀တ် ပြစ်ဒဏ်ကို ထိုက်သော လူသေမှုကို ကျူးလွန်သည် မည်ကြောင်း ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၉၉ တွင် ပြဋ္ဌာန်းထားချက်အရသိရသည်။
မည်သူမဆို လူသတ်မှုမမြောက်သည့် ရာဇ၀တ်ပြစ်ဒဏ်ထိုက်သော လူသေမှုကို ကျူးလွန်လျှင် ထိုသူကို တစ်သက်တစ်ကျွန်း ဒဏ်ဖြစ်စေ၊ ဆယ်နှစ်ထိထောင်ဒဏ် တစ်မျိုးမျိုး ဖြစ်စေ ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်ကြောင်း ရာဇသတ် ကြီးပုဒ်မ ၃၀၄ တွင် ဆိုထားပါသည်။
ထို့အတူ ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၃၀၀ တွင် ပြဋ္ဌာန်းထားသည်မှာ “ ပြုလုပ်မှုကို လူသတ်မှုမမြောက် သည့် လူသေမှုဖြစ်အောင်ပြုသော ပတ်ဝန်းကျင်အကြောင်းခြင်းရာ မရှိ ခဲ့သော်မည်သူမဆို သေစေရန် အကြံ ဖြင့်ဖြစ်စေ၊ ဖြစ်တတ်သောသဘော အရ အမှန်အားဖြင့် သေစေလောက် သော ကိုယ်အင်္ဂါနာကျင်မှုကိုဖြစ်စေ ရန်အကြံဖြင့်ဖြစ်စေ၊ ပြုလုပ်မှုတစ် ခုခုကို ပြု၍ လူကိုသေစေလျှင် ထိုသူသည် လူသတ်မှု ကျူးလွန်သည် မည်၏”ဟု ပြဋ္ဌာန်းထားပါသည်။
ထို့ပြင် မည်သူမဆို တစ်သက် တစ်ကျွန်းဒဏ် စီရင်ခြင်းခံရသည့် အတွင်း၊ သို့တည်းမဟုတ် တင်ကူး ကြံရွယ်ချက်ဖြင့် သို့တည်းမဟုတ် ရာဇသတ်ကြီးအရ ခုနစ်နှစ်အထိ ထောင်ဒဏ်ချမှတ်ခြင်း ခံထိုက်သော ပြစ်မှုကို ကျူးလွန်နေစဉ်လူသတ်မှုကို ကျူးလွန်လျှင် ထိုသူကို သေဒဏ်ချ မှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်ကြောင်း ရာဇသတ်ကြီးပုဒ်မ ၃၀၂(၁) အရ သိရသည်။
အလားတူ မည်သူမဆို အခြားအချက်မျိုး၌ လူသတ်မှုကျူးလွန်လျှင် ထိုသူကို တစ်သက်တစ်ကျွန်း ဒဏ်ဖြစ်စေ၊ ဆယ်နှစ်ထိ အလုပ်ကြမ်းနှင့် ထောင်ဒဏ်ဖြစ်စေ ချမှတ် ရမည့်အပြင် ငွေဒဏ်လည်း ချမှတ် နိုင်ကြောင်း ရာဇသတ်ကြီးပုဒ်မ ၃၀၂ (၂) တွင် ပြဋ္ဌာန်းထားပြီး ပြုလုပ်မှု တစ်ခုသည် တင်ကူးကြံရွယ်သော ပြုလုပ်မှုဖြစ်သည်၊ မဖြစ်သည်ဆိုသော အချက်မှာ အကြောင်းချင်းရာ ပြဿနာဖြစ်သည်ဟုလည်း ရှင်းလင်းချက်တွင် ဖော်ပြထားပါသည်။
“အထက်က အမှုမှာ တရားသူကြီးက တရားခံနှစ်ဦးကို ပြစ်မှု ဆိုင်ရာ ဥပဒေပုဒ်မ ၃၂၅ နဲ့ အလုပ် နဲ့ ထောင်ဒဏ် ငါးနှစ်ချမှတ်ပြီး ကျန်နှစ်ဦးကို ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၂၅/၁၁၄ နဲ့ အလုပ်နဲ့ ထောင်ဒဏ် တစ်နှစ်နဲ့ သုံးလ ချမှတ်ခဲ့ပါတယ်။ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၂၅ နဲ့ ထောင်ဒဏ် ငါးနှစ်ချမှတ်တယ်ဆို တာတောင်ဒီပုဒ်မရဲ့အမြင့်ဆုံး ထောင်ဒဏ် မဟုတ်သေးပါဘူး။ ပုဒ်မ ၃၂၅ ကတုံးသော လက်နက်နဲ့ အပြင်းအထန် နာကျင်စေမှုမျိုးမှာ ကျူးလွန်သူကို အရေးယူတဲ့ပုဒ်မဖြစ်ပြီး ထောင်ဒဏ် ခုနစ်နှစ်အထိ ချမှတ်လို့ရတယ်ဆို တာကို ဥပဒေမှာ ပြဋ္ဌာန်းထားပါတယ်။ ဒါကြောင့် အမှုတစ်မှုမှာ တရားခံဟာ တရားသူကြီးရဲ့ ဆင်ခြင်သုံးသပ်မှုပေါ်မှာ မူတည်ပြီး ထောင်ဒဏ်အမြင့်ဆုံးဖြစ်တဲ့ ထိရောက်တဲ့ပြစ်ဒဏ် ချမှတ်ခံရနိုင်သလို လျှော့ပေါ့တဲ့ပြစ်ဒဏ်လည်း ချမှတ်ခံရနိုင်ပါတယ်” ဟု ရှေ့နေ တစ်ဦးက ဆိုပါသည်။
တရားစီရင်ထုံးများနှင့် ပတ်သက်၍ ဥပဒေပညာရှင် တစ်ဦးက သုံးသပ်ပြောကြားခဲ့ရာ “အကြောင်း အရာနောက်ကို စီရင်ထုံးမလိုက်ရဘဲ စီရင်ထုံးနောက်ကိုသာ အကြောင်းအရာက လိုက်ရမယ်ဆိုတဲ့ ဥပဒေသ ရှိပါတယ်။ စီရင်ထုံးကို ကိုးကားတဲ့ နေရာမှာ အမှုအကြောင်းခြင်းရာချင်း တူဖို့လိုပါတယ်။ ကိုးကားပြီး ဆုံးဖြတ်ရမယ့်အမှုပါ အကြောင်းအရာဟာ ယခင်ချမှတ်ခဲ့တဲ့ စီရင်ထုံးပါ အကြောင်းအရာနဲ့ ကိုက်ညီမှုရှိဖို့တော့ လိုပါတယ်။ ဥပဒေပြဋ္ဌာန်း ချက်မှာ အတိအကျ အဓိပ္ပာယ်ဖွင့်ဆို ထားတာရှင်းလင်းစွာ ကောက်ယူနိုင်တဲ့ အချက်အလက်မျိုး မပေါ်ပေါက်ရင် အမှုတစ်ခုချင်းရဲ့ ဖြစ်ရပ်ပေါ်မူ တည်ပြီးတော့ တရားရုံးက ဆင်ခြင်တုံတရားနဲ့ သုံးသပ်ပြီးယခင်အဆက် ဆက်ချမှတ်ခဲ့တဲ့ စီရင်ထုံးကို ကိုးကားပြီးတော့ ဆုံးဖြတ်ပေးရပါ တယ်။ ဒါဟာ စီရင်ထုံးကို ဘယ်လိုနေရာမှာ သုံးရတယ်ဆိုတာကို ရှင်းပြတာပါ။ ဥပဒေပြဋ္ဌာန်းချက်မှာ အတိအကျ အဓိပ္ပာယ်ဖွင့်ဆိုထားတာ ရှိတယ်ဆိုရင်တော့ ဥပဒေပြဋ္ဌာန်းချက်နဲ့ စီရင်ထုံးယှဉ်လာရင် စီရင်ထုံး က ဥပဒေပြဋ္ဌာန်းချက်ကို လွှမ်းမိုးလို့ မရပါဘူး” ဟု ရှင်းပြခဲ့ပါသည်။
“ဖြစ်နိုင်မယ်ဆိုရင်တော့ တရားရုံးတစ်ခုက ချမှတ်လိုက်တဲ့ စီရင်ချက်တစ်ခုဟာ ဘယ်အဆင့်ကိုမှ ထပ်တက်စရာမလိုဘဲ အဖက်ဖက် က ကျေနပ်လက်ခံနိုင်တဲ့၊ တရား မျှတတဲ့ အဖြေမျိုးထွက်မယ်ဆိုရင် တော့ အကောင်းဆုံးပါပဲ။ ဒါဆိုရင် ပြည်သူအများက ယုံကြည်အားကိုး ရတဲ့ တတိယမဏ္ဍိုင် ပိုပီပြင်လာမှာ ဖြစ်ပါတယ်” တရားစီရင်ရေးမဏ္ဍိုင် အား လေ့လာနေသူတစ်ဦးက အကြံ ပြုပါသည်။
“လူမြင်ကွင်းမှာ အုပ်စုလိုက် ၀ိုင်းရိုက်လို့ သေဆုံးခဲ့ရတဲ့ဖြစ်စဉ် အပေါ် မူလက ပြစ်မှုဆိုင်ရာပုဒ်မ ကြီး ၃၀၂ (၂) လူသတ်မှုပုဒ်မနဲ့ တရားစွဲတာကို သက်ဆိုင်ရာ တရား သူကြီးက ပုဒ်မ ၃၂၅ အပြင်းအထန် နာကျင်စေမှု ပုဒ်မနဲ့ပြောင်းပြီး အမိန့် ချခဲ့ပါတယ်။ ဒီအမှုဖြစ်စဉ်မှာ ဥပဒေ ရှုထောင့်အရ ဘယ်လိုအနေအထား တွေရှိနေတယ် ဆိုတာထက် အများပြည်သူအမြင်၊ မီဒီယာရှုထောင့်က အမြင်အရတော့ ဒါဟာ မဖြစ်သင့် ဘူးလို့ထင်တယ်။ လူမြင်ကွင်းမှာ လူအများ ထိတ်လန့်တကြားဖြစ်စေနိုင်တဲ့ မင်းမဲ့စရိုက်ဆန်တဲ့ ရမ်းကားမှုတွေ ကို စနစ်တကျ တားဆီးနိုင်ဖို့ တရား ဥပဒေစိုးမိုးမှုက အဓိကကျပါတယ်။ အခုလိုအမိန့်ချတဲ့အပေါ် ပြည်သူတွေအနေနဲ့ ဥပဒေရဲ့ အကာအကွယ် ဟာ လုံခြုံမှုမရှိဘူးလို့ ခံစားရစေပါ တယ်။ ဒါကြောင့် ဒီဖြစ်စဉ်ဟာ မှားယွင်းစွာ ဆုံးဖြတ်တာဟုတ်၊ မဟုတ် ဒါမှမဟုတ် တရားစီရင်ရေးမှာ ပါဝင်ပတ်သက်သူတွေရဲ့အဂတိ လိုက်စားမှုကြောင့်လား၊ တရားစီရင်ရေး နောက်ကွယ်က ဘယ်လိုပါဝင်ပတ်သက်မှု ဖိအားတွေ ရှိနေလို့လဲဆိုတာ တွေကိုတော့ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့ပြီး သေချာစစ်ဆေး အဖြေရှာသင့် ပါတယ်။ လူသိရှင်ကြား ရှင်းလင်းမှုမျိုးတွေ လုပ်သင့်ပါတယ်။ နိုင်ငံတော် သမ္မတကြီးကလည်း Rule of Law နဲ့ ပတ်သက်ပြီး ပြောထားတာဆိုတော့ ဒီလိုကိစ္စမျိုးတွေကို စနစ်တကျ စုံစမ်းစစ်ဆေး ပေးသင့်ပါတယ်” ဟု Weekly Eleven Journal ၏ အယ်ဒီတာချုပ် ကိုဝေဖြိုးက ပြောကြားခဲ့ပါသည်။
မောင်ကျောက်ခဲအဖွဲ့ ဝိုင်းတော်သားများ
ရေးသားသူအဖွဲ့  = မောင်ကျောက်ခဲ အချိန်= 1:00 PM 0 ယောက် ဆွေးနွေးခဲ့တယ်
ဆိုင်ရာကဏ္ဍ = သတင်း
မြန်မာ့စီးပွားရေး အနောက်အုပ်စု ဝင်ရောက်ခြယ်လှယ်မည့်အရေး အမေရိကန်စီးပွားရေးပညာရှင် သတိပေး
၎င်းက IMF နှင့် World Bank တို့ မြန်မာနိုင်ငံသို့ ဝင်ရောက်လာပါက ၄င်းတို့၏နောက်တွင် အနောက်နိုင်ငံများမှ စီးပွားရေးပညာရှင်များနှင့် အလှူရှင်များ လိုက်ပါလာကြမည်ဖြစ်ပြီး မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးမှုနှင့် ဆင်းရဲနွမ်းပါးမှု လျှော့ချရေးတို့ကိုသာ အဓိက ဆောင်ရွက်သွားကြမည် ဖြစ်သည်။ ထိုသို့ ဆင်းရဲမွဲတေမှုပြဿနာအား ဖြေရှင်းရန်အတွက် မြန်မာနိုင်ငံမှ ပြည်သူများနှင့် စီးပွားရေးလုပ်ငန်းရှင်များက အာရုံစိုက်နေစဉ် မြန်မာ့စီးပွားရေးလုပ်ငန်းများအား ပြည်ပစီးပွားရေးလုပ်ငန်းရှင်များက ဝင်ရောက်ရင်းနှီးမြှုပ်နှံကာ မြန်မာ့စီးပွားရေးလုပ်ငန်းအပေါ် သြဇာလွှမ်းမိုး၍ ခြယ်လှယ်မှုများ ရှိလာမည်ဖြစ်ကြောင်း ။
ထို့အပြင် IMF နှင့် World Bank တို့သည် အစိုးရနှင့် ကုမ္ပဏီများအကြား ယခင်ထားရှိခဲ့သော ဆက်ဆံရေး ကတိကဝတ်များအား ဖြတ်တောက်ပစ်နိုင်သည့်အပြင် ဈေးကွက်အတွင်း လွတ်လပ်စွာ ရောင်းဝယ်နိုင်ခွင့် ရှိသည့်အခွင့်အရေးအရ ပြည်ပကုမ္ပဏီများ၏ ထုတ်ကုန်ပစ္စည်းများသည် ပြည်တွင်းဈေးကွက်အတွင်းရောက်ရှိကာ ပြည်တွင်းလုပ်ငန်းရှင်များကို အရှုံးပေါ်၍ လုပ်ငန်းရပ်ဆိုင်းသည်အထိ ဖြစ်ပေါ်စေနိုင်ကြောင်း၊ အထူးသဖြင့် မြန်မာနိုင်ငံကဲ့သို့ ဖွံ့ဖြိုးဆဲနိုင်ငံအနေဖြင့် IMF နှင့် World Bank တို့၏ အကြံဥာဏ်များကိုသာ အဓိကရယူသင့်ပြီး အခြားသောအထောက်အပံ့ အကူအညီများကို သတိပြု၍ယူရန် လိုအပ်ကြောင်း ပြောသည်။
IMF နဲ့ World Bank တွေရဲ့ အကူအညီက နိုင်ငံရေးအရရော၊ စီးပွားရေးအရပါ ဝင်ရောက်ခြယ်လှယ်မှုတွေ ပါဝင်နေတယ်။ သူတို့တွေရဲ့ သမိုင်းကို ပြန်မေးရင်လည်း ဘယ်တော့မှ ပြောမှာမဟုတ်ဘူး။ ဘာကြောင့်လဲဆိုတော့ သူတို့က ကိန်းဂဏန်းတွေရဲ့ ရေတိုစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကိုပဲကြည့်ပြီး ဒေသခံတွေရဲ့ ရေရှည်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို မကြည့်လို့ပဲ။ IMF အဖွဲ့ဝင်နိုင်ငံချင်း အတူတူမှာပဲ ချမ်းသာတဲ့နိုင်ငံနဲ့ ဆင်းရဲတဲ့နိုင်ငံတွေမှာ ချမ်းသာတဲ့နိုင်ငံကိုပဲ ဦးစားပေးပြီး လုပ်ပိုင်ခွင့်တွေ၊ စွက်ဖက်ခွင့်တွေ ပေးထားတာ အများကြီးပဲဟု ၄င်းက ပြောပြခဲ့ပါတယ်။
_________________________________________________________________
မောင်ကျောက်ခဲအဖွဲ့ ဝိုင်းတော်သားများ
ရေးသားသူအဖွဲ့  = မောင်ကျောက်ခဲ အချိန်= 10:30 AM 0 ယောက် ဆွေးနွေးခဲ့တယ်
ဆိုင်ရာကဏ္ဍ = သတင်း
နှစ် ၅၀ ကြာ ရပ်ဆိုင်းထားသော ၈ တန်း ပညာသင်ဆု အရည်အချင်း စစ်၍ ပြန်ပေးတော့မည်
ရေးသားသူအဖွဲ့  = မောင်ကျောက်ခဲ အချိန်= 8:30 AM 1 ယောက် ဆွေးနွေးခဲ့တယ်
ဆိုင်ရာကဏ္ဍ = သတင်း
တပ်မတော်ကို ပြည်သူတွေနဲ့ ထိပ်တိုက်ရင်ဆိုင်ခိုင်းတာ ဗိုလ်ချူပ်ကိုစော်ကားတာပဲ ဒေါ်စု
ရေးသားသူအဖွဲ့  = မောင်ကျောက်ခဲ အချိန်= 3:00 AM 17 ယောက် ဆွေးနွေးခဲ့တယ်
ဆိုင်ရာကဏ္ဍ = စစ်ရေး, ပန်ကြားပါရစေ, ပေးစာကဏ္ဍ
Mar 15, 2012
ဘင်္ဂလားဒေ့ရှ်တွေ ဖမ်းထားလိုက်ပြီ
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၈ ရက်နေ့ ညပိုင်းတွင် အထက်ပါ မြို့ နယ်ခွဲ၏ ကွင်းဘက် ကမ်းခြေသို့ ရောက်ရှိလာသော အဆိုပါ လူမျိုး ကွဲနိုင်ငံသား များအား ကမ်းခြေမြို့ နယ်ရှိ (လဝက) မြို့နယ် အုပ်ချုပ် ရေးမှူး၊ ရဲတပ်ဖွဲ့နှင့် သက်ဆိုင်ရာ အဖွဲ့အစည်းများမှ ထိန်းသိမ်း ဖမ်းဆီးပြီး ငရုတ်ကောင်း မြို့နယ် မူကြို ကျောင်းတွင် ထားရှိ ခဲ့ကြောင်း၊ ယခု အခါ အဆိုပါ အဖွဲ့မှ ၄၈ ဦးအား ငပုတော မြို့နယ် အုပ်ချုပ်ရေးနှင့် တရားစီစဉ်ရေး ဆိုင်ရာ အဖွဲ့များထံ သို့ ပို့ဆောင်မည် ဖြစ်ပြီး ကျန်လူ များအား ရခိုင်ပြည်နယ် ဂွမြို့မှ တစ်ဆင့် ၄င်းတို့၏ နေရပ်သို့ ပြန်လည် ပို့ဆောင်ရန် စီစဉ်ထား ကြောင်း သိရသည်။
မောင်ကျောက်ခဲအဖွဲ့ ဝိုင်းတော်သားများ
________________________________________________________________
ရေးသားသူအဖွဲ့  = မောင်ကျောက်ခဲ အချိန်= 11:53 PM 1 ယောက် ဆွေးနွေးခဲ့တယ်
ဆိုင်ရာကဏ္ဍ = သတင်း
ရေပိုင်နက် အရေး မြန်မာ မရှူံးသေးပါ
ခုံရုံးရဲ့ ဆုံးဖြတ်ချက်ပြီးလျှင်ပြီးချင်း ဘင်္ဂလားဒေ့ရှ်ရဲ့ မီဒီယာတွေက အပြိုင်အဆိုင် သူ့ထက်ငါဦးအောင် သတင်းထုတ်ပြန်သလို နိုင်ငံခြားရေး ဌာနကလဲ ကုလက ဆုံးဖြတ်တာကို ကျေနပ်ကြောင်း သူတို့လိုတာထက် ပိုရကြောင်း ဝမ်းသာအားရ ကြေညာသွားပါတယ်။ တစ်ခုပဲခံပြင်းတာက တဖက်ပြိုင်ဘက်က ပြောနေတာတွေကို သံယောင်လိုက်ပြီး ဒီဘက်ကမီဒီယာတွေက မြန်မာရှုံးတယ် ဘင်္ဂလားနိုင်တယ်နဲ့ အသံထွက်နေကြတာပါ။ စိတ်ပျက်ဖွယ်ပါပဲ။
သေသေချာချာလေ့လာကြည့်စေချင်ပါတယ် ဆုံးဖြတ်ချက်က ဘာလဲဆိုတာကိုပါ။ ဒီလင့်က ခုံရုံးက ဆုံးဖြတ်ထားတာပါ။
http://www.itlos.org/fileadmin/itlos/documents/cases/case_no_16/1-C16_Judgment_14_02_2012.pdf
အပေါ်ကပုံက မြန်မာနဲ့ ဘင်္ဂလားတို့ အပြိုင်အဆိုင် အဆိုတင်သွင်းထားတဲ့ပုံပါ။ ပြီးတော့ ကြားထဲကလိုင်းက ဆုံးဖြတ်ချက်ချပေးလိုက်တဲ့ မျဉ်းကြောင်းသစ်ပါ။ နောက်ထပ်ပုံတွေ လေ့လာကြည့်ရအောင်။
ဒီပုံက ဘင်္ဂလားတွေ ကမ်းလွန်ရေနံနဲ့ သဘာဝဓါတ်ငွေ့အတွက် လျာထားတဲ့ပုံပါ။ ဘင်္ဂလားတွေက တကယ်လိုချင်တာက အပြာရောင်ချယ်ထားတဲ့အပိုင်းပါပဲ။
ဒီပုံက မြန်မာ့ကမ်းလွန်လုပ်ကွတ်တွေပုံပါ။ ဒီပုံကို MoGE ကနေယူပါတယ်။ ကမ်းလွန်လုပ်ကွတ် AD 11, 12, 13, 14 တွေက ရာထားတဲ့နေရာတွေပါ စမ်းသပ်တာတွေ တူးဖော်တာတွေ မလုပ်ရသေးပါဘူး။ ဘယ်နိုင်ငံကမဆို အရင်းအမြစ်တွေ ရှိနေတယ်ဆိုရင် လိုချင်ကြတာပါပဲ။ တစ်ခုမမေ့ဖို့က စိန့်မာတင်ကျွန်းကြီး ခံနေတဲ့အတွက် ကိုယ်တွေဘက်က တပန်းရှုံးနေတာပါ။
ဒီလောက်ဆိုရင် နိုင်လားရှုံးလား ကွဲလောက်ပြီထင်ပါတယ်။ နိုင်ငံတကာခုံရုံးအနေနဲ့ အိမ်နီးချင်း အချင်းချင်း မိတ်မပျက်အောင် ကြားချပြီး ဆုံးဖြတ်ခဲ့တာပါ။ ဘင်္ဂလားတွေတောင်းတဲ့ အတိုင်းမပေးပဲ တဖက်သတ် တောင်းဆိုတာတွေကို ပယ်ချခဲ့ပြီး အဆင်ပြေအောင် ကြားချပြီး ဆုံးဖြတ်ပေးခဲ့တာပါ။ လုပ်နေတဲ့ လုပ်ကွတ်တွေ ဘာမှ ပဲ့ပါသွားတာမရှိပါဘူး။ ရာထားတာတော့ သူတို့လဲ ရာတတ်တာပါပဲ။ သူတို့တောင်းတိုင်း ပေးပြစ်လိုက်ရတာမှ မဟုတ်တာ။
၂၀၀၉ ခုနှစ်က AD7 လုပ်ကွတ်မှာ စူးစမ်းလေ့လာနေတဲ့ သဘောင်္တွေကို ဘင်္ဂလားရေတပ်က ၀င်ရောက်ရန်ပြုခဲ့တာကနေစပြီးတော့ အခု အငြင်းပွားမှုစခဲ့တာပါ။ ပြောရရင် AD7 ဆိုတာ မြန်မာပိုင်ဆိုတာ ဆုံးဖြတ်ပေးခဲ့တာပါ။ အဲဒိတော့ သူတို့ပိုင်တယ်ဆိုပြီး ဝင်နှောင့်ယှက်ခဲ့တဲ့ နေရာဟာ မြန်မာပိုင်ဖြစ်နေပါပြီ။ နောက်ပြီးတော့ စိန့်မာတင် ကျွန်းရှိနေတာဟာ မြန်မာအတွက် တပန်းရှုံးနေတာပါ။ ဒါပေမယ့် အခုဆုံးဖြတ်ချက်က တရားမျှတတယ်ထင်ပါတယ်။
နိုင်လား ရှုံးလား ခဏခဏမေးနေကြပါတယ်။ အနိုင်နဲ့ အရှုံး သိသိသာသာ ကွဲရအောင် ကလေးကစားရာ မဟုတ်ပါဘူး။ အဓိက ခုံကဆုံးဖြတ်တာဟာ အိမ်နီးချင်းတွေ မျက်နှာမပျက်စေဖို့ အဓိကထားပါတယ်။ ဘင်္ဂလားကတော့ မြန်မာတွေကို နှိမ်ချင်လို့ ဖိန့်လုံးတွေ ထုတ်တယ်။ ဒီဘက်ကလဲ အစိုးရဆိုရင် ကလော်ဆဲဖို့လောက် တွေးနေကြတယ်။ စာတော့ ဖတ်ကြမယ် မစဉ်းစားကြဘူး။ ဟိုက သူတို့နိုင်တယ်ဆို မြန်မာရှုံးတယ် အလိုလို ဖြစ်သွားကြတယ်။ ကိုယ့်နိုင်ငံဆို ကိုယ်တိုင်ကြိုးစားချင်စိတ်မရှိပဲ သံယောင်လိုက် အချင်းချင်း စောက်ပြစ်တင်နေကြရင် မနုသီဟကမှ ဖင်နှစ်ခွပါ။ မြန်မာပြည်ဟ ဖင်ငါးခွဖြစ်လာပါလိမ့်မယ်။
ဒီကြားထဲ လုပ်ဇာတ်ကြီးပါ။ တရုတ်ကခိုင်းတာပါ။ အစိုးရက ဒီလုပ်ကွတ်တွေက ရတာတွေ ပြည်သူတွေအတွက် ဘာမှမသုံးတာပဲ ဘာမှမဖြစ်ပါဘူးဆိုတဲ့ အသားထဲကလောက်တွေ ရွံလွန်းလို့ပါ။
အသေးစိတ်ကို ဒီမှာလေ့လာကြပါ။ http://www.itlos.org/
ကိုစိုးသူရထွန်း၊ ကိုကျော်နိုင်ဝင်းတို့ကို ကျေးဇူးတင်ပါတယ်။ အမှားအယွင်း တစ်စုံတစ်ရာပါရင် ပြင်ပေးကြပါ။
ပေးပို့သူ(ကောင်းနိုင်မင်း)
________________________________________________________________
ရေးသားသူအဖွဲ့  = မောင်ကျောက်ခဲ အချိန်= 10:15 PM 1 ယောက် ဆွေးနွေးခဲ့တယ်
ဆိုင်ရာကဏ္ဍ = ဆင်ခြင်နိုင်ကြစေ, သုတကဏ္ဍ, ပေးစာကဏ္ဍ
မြန်မာ-ဘင်္ဂလားဒေ့ရှ့် ရေပိုင်နက်အား တရားရုံး ကဒီလို ဆုံးဖြတ်ခဲ့ခြင်းဖြစ်
မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ့်  အကြား အငြင်းပွားခဲ့တဲ့ ပင်လယ်ပြင်နယ်နိမိတ် ပိုင်ဆိုင်မှု ပြဿနာအပေါ် ပင်လယ်ပြင် ဥပဒေဆိုင်ရာ ကုလသမဂ္ဂ နိုင်ငံတကာ တရားရုံး (ITLOS) က ဆုံးဖြတ်ခဲ့တာနဲ့ ပတ်သက်ပြီး (ကျနော်တို့လို လူပြိန်းတွေ အတွက်) အထိုက်အလျောက် နားလည်နိုင်ဖို့က အသုံးအနှုန်း၊ အခေါ်အဝေါ် တွေရဲ့ အနက်ကို အရင်သိမှ ဖြစ်ပါမယ်။
ကုန်တွင်း ရေပိုင်နက် သတ်မှတ်ရာမှာ ရေမိုင် အတိအကျ မရှိ (ဟု ယူဆရ)။ အခြေခံမျဉ်း (Baseline) မှ ကုန်တွင်းဘက်ခြမ်း ဧရိယာအားလုံးပါ။ အခြေခံမျဉ်း (Baseline) ရဲ့ အကွာအဝေး ကို သတ်မှတ်ရာမှာ ရေတိမ်မျဉ်း (Low-Water Line) အပေါ်မူတည်။ ဒါကြောင့် ရေတိမ်မျဉ်းမှစပြီး ကုန်းတွင်း ကမ်းဦးရေတိမ်ပိုင်းဧရိယာအားလုံးကို ကုန်တွင်း ရေပိုင်နက် ဟု ခေါ်။ ကုန်တွင်း ရေပိုင်နက် အတွင်းမှာ သက်ဆိုင်ရာ ကမ်းရိုးတန်း နိုင်ငံက ဥပဒေ၊ လုပ်ထုံးလုပ်နည်းတွေ ပြဌာန်းလို့ရ၊ ရှာလို့ရသမျှ (ထွက်သမျှ) သယံဇာတပိုင်၊ နိုင်ငံခြား သင်္ဘော (စစ်/အရပ်/ကုန်တင်စီးပွား) ဖြတ်သွားခွင့်မရှိ။
အခြေခံမျဉ်း (Baseline) မှ (ပင်လယ်ဘက်) ရေမိုင် (၁၂) မိုင် (၂၂ ကီလိုမီတာ/ ၁၄ မိုင်) ကို သတ်မှတ်။ ဥပဒေ နဲ့ သယံဇာတ လုပ်ပိုင်ခွင့်မှာ ကုန်တွင်း ရေပိုင်နက် နှင့် အတူတူ။ သက်ဆိုင်ရာ ကမ်းရိုးတန်း နိုင်ငံရဲ့ အချုပ်အခြာ အာဏာ ကို မထိပါးစေတဲ့၊ အန္တာရယ်မရှိတဲ့ သင်္ဘော (Innocent Passage) သွားလာခွင့်ရှိ။ အန္တာရယ်မရှိတဲ့ သင်္ဘော အနက်အဓိပ္ပါယ်တွင် ငါးဖမ်းခြင်း၊ ပင်လယ်ပြင် (သဘာဝ ပတ်ဝန်းကျင်) ညစ်ညမ်းစေခြင်း၊ လက်နက် စမ်းသပ် ပစ်ခတ်ခြင်၊ လေ့ကျင့်ခြင်း၊ ထောက်လှမ်းခြင်း မပါ။ နိုင်ငံခြားစစ်သင်္ဘောအနေနဲ့ ခရီးလမ်းကြောင်းပေါ် ရှိနေလို့ ဖြတ်တဲ့ သဘောနဲ့ (ဆက်)သွားမယ်ဆိုရင် ဖြတ်သွားလို့ရ။
Territorial Waters ဧရိယာ မှ နောက်ထပ် ရေမိုင် (၁၂) မိုင် (၂၂ ကီလိုမီတာ/ ၁၄ မိုင်)၊ တနည်းအားဖြင့် အခြေခံမျဉ်း (Baseline) မှ ရေမိုင် (၂၄) မိုင် အကွားအဝေးကို သတ်မှတ်။ သက်ဆိုင်ရာ ကမ်းရိုးတန်း နိုင်ငံမှ လူဝင်မှု၊ အခွန်၊ ရေထု ညစ်ညမ်းမှု နဲ့ ပတ်သက်လို့ ဥပဒေ ပြဌာန်းနိုင်။ ဥပမာ - အခွန်ရှောင်/မှောင်ခို၊ လူကုန်ကူး စတဲ့ သင်္ဘောတွေကို သက်ဆိုင်ရာ နိုင်ငံရေတပ်က မိမိရဲ့ ကမ်းလွန်ရေပိုင်နက် ကို ကျော်ပြီး Contiguous Zone ထိလိုက်ဖမ်းနိုင်။
ခု အထက်က ဖော်ပြထားတဲ့ ရေပိုင်နက်တွေကို အကြမ်းအားဖြင့် (နိုင်ငံတစ်နိုင်ငံ ပိုင်ဆိုင်တဲ့) မိမိရေပိုင်နက်လို့ (သီးခြားဖြစ်တဲ့ လုပ်ပိုင်ခွင့်၊ အာဏာ ကွာပေမဲ့) ခေါ်နိုင်။ ဆိုတော့ မိမိရေပိုင်နက် အပြင် (အခြေခံမျဉ်း ရေမိုင် (၂၀၀) မိုင် အလွန်) ကို နိုင်ငံတကာ ရေပိုင်နက် (International waters) ဟု ခေါ်။
ပုံ-၁ |
အဲ့သလို အတိအကျ သတ်မှတ်ထားပေမဲ့ (မြန်မာ နဲ့ ဘင်္ဂလားဒေ့ရှ့်  လို) အိမ်နီးချင်း နိုင်ငံတွေမှာ အခြေခံမျဉ်း (Baseline)၊ တနည်းအားဖြင့် ကမ်းဦး ရေတိမ်မျဉ်း (Low-Water Line) သတ်မှတ်ရာမှ လုံလောက်တဲ့ အကျယ်အဝန်း မရှိတဲ့အတွက် အငြင်းပွားမှု ဖြစ်လေ့ရှိ။
ခု ဒီပြဿနာ စဖြစ်ရတာကလည်း မြန်မာက ၂၀၀၈ မှာ တစ်နိုင်ငံတည်း (မူပိုင်) စီးပွားလုပ်ကိုင်နိုင်တဲ့ ပိုင်နက် (EEZs) မှာ သဘာဝဓာတ်ငွေ့ ရှာတော့ ဘင်္ဂလားဒေ့ရှ့် က (နှစ်နိုင်ငံ)အခြေခံမျဉ်း သတ်မှတ်မှု မတူညီဖြစ်နေတဲ့အပေါ်မူတည်ပြီး ကုလသမဂ္ဂမှာ ကန့်ကွက်ရာမှ စဖြစ်။
ရေနယ်နိမိတ်တွေရဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်တွေကို ယေဘုယျ နားလည်သွားပြီ ဆိုရင် ခုတရားရုံးက ဆုံးဖြတ်ချက် မှတ်တမ်းမှာ ပါတဲ့ ဓာတ်ပုံတွေကို ကြည့်လို့ ရပြီ။
ပုံ-၂ |
ပုံ-၃ |
ပုံ-၄ |
ပုံ-၅ |
ပုံ-၆ |
ပုံ-၇ |
ပုံ(၇) အတိုင်း စီးပွားရေးလုပ်ပိုင်ခွင့်အတွက် နောက်ဆုံးသတ်မှတ်ပေးလိုက်တဲ့နေရာမှာ နှစ်နိုင်ငံရလိုက်တဲ့ ရေပိုင်နက်နှစ်ခု ထပ်တူကျတဲ့ (Overlap) ဖြစ်တဲ့ နေရာရှိတယ်။ အညိရောင် ဧရိယာ (Grey Area) ဟု သတ်မှတ်။
ပုံ-၈ |
ပုံ-၉ |
ပုံ (၁၀) အတိုင်း နောက်ဆုံး သတ်မှတ်ထားတဲ့ နယ်နိမတ်မျဉ်းမှာ ခြွင်းချက် ကင်းလွတ် သွားတာက စိန့်မာတင်ကျွန်း (St. Martin's Island)။
ပုံ (၁၀) ရဲ့ နယ်နိမတ်မျဉ်းအတိုင်းပြောရင် စိန့်မာတင်ကျွန်းကို မြန်မာပိုင်တယ်။
ဒါပေမဲ့ ကျွန်းပိုင်ဆိုင်မှုကို သတ်မှတ်ရာမှာ ပုံ (၉) ရဲ့ နယ်နိမိတ်မျဉ်းက သက်ရောက်မှု မရှိတဲ့အတွက် (Territorial Waters ပိုင်ဆိုင်မှု နယ်နိမိတ်သတ်မှတ်မျဉ်း ပုံ (၃) အရ) စိန့်မာတင်ကျွန်းကို ဘင်္ဂလားဒေ့ရှ် ပိုင်လို့ သတ်မှတ်လိုက်တယ်။
ရေးသားတင်ပြသူ=(ငြိမ်းချမ်းအေး)
_________________________________________________________________
မောင်ကျောက်ခဲအဖွဲ့ ဝိုင်းတော်သားများ
ရေးသားသူအဖွဲ့  = မောင်ကျောက်ခဲ အချိန်= 7:51 PM 3 ယောက် ဆွေးနွေးခဲ့တယ်
ဆိုင်ရာကဏ္ဍ = ဆင်ခြင်နိုင်ကြစေ, သုတကဏ္ဍ, ပေးစာကဏ္ဍ
မြစ်ဆုံကိစ္စနဲ့ အခု ရေပိုင်နက်ကိစ္စ ဘယ်လိုကွာခြားသလဲ
ရေးသားသူအဖွဲ့  = မောင်ကျောက်ခဲ အချိန်= 8:00 AM 4 ယောက် ဆွေးနွေးခဲ့တယ်
ဆိုင်ရာကဏ္ဍ = သရော်စာ
စတုတ္တမဏ္ဍိုင်တွေ လည်း ငွေမျက်နှာနဲ့ ပထွေးမျက်နှာကြည့်ပါတယ်
မြန်မာ-ဘင်္ဂလားဒေ့ရှ် ကိစ္စ ဖြစ်တာက ၂၀၀၈ ကတည်းကဖြစ်တာ...အခုချိန်ထိ ဘယ်စတုတ္တမဏ္ဍိုင်က အရေးကြီး သတင်းအနေနဲ့ မီးမောင်းထိုးခဲ့သလဲ..ဘယ်သတင်းဂျာနယ်တွေကရော ခေါင်းကြိးသတင်း တင်ခဲ့လဲ..ရှိရင် လာပြော..အခုရေးနေတဲ့ လက်ကို ဖြတ်လိုက်မယ်..။
ဘာ...သတင်းလွပ်လပ်ခွင့် မရလို့..ဟုတ်လား..အလကားပါ...အဲဒါမျိုး ပြောလာမဲ့လူတွေအတွက် ကဲ..ကျူပ်တို့ သတင်းဂျာနယ်ကတော့ စာပေစီစစ်ရေးက ခွင့်မပြုလို့ ဒီမြန်မာ-ဘင်္ဂလားဒေ့ရှ် သတင်းလေး ပယ်ခဲ့ရပါတယ် ဆိုတာ ရှိရင် ဗြောင်ဖွင့်ပြော..ဟုတ်ပြီနော်..ဘယ်တော့မှ ခင်ဗျားတို့ အဲလို မလုပ်ခဲ့ပါဘူး....
ဘွားတော်တစ်ယောက် သေးပေါက်နေတယ်...ထမင်းစားနေတယ်...ကားပေါ်တတ်တယ်...
ရေ ၂ ငုံတောင်းသောက်တယ်...ဒါနဲ့ ပဲ ခင်ဗျားတို့ ဂျာနယ်တွေ ရောင်းစား..ပြည်ပ မီဒီယာ ဆိုတာတွေကရော ဘာလုပ်နေလဲ..မပြောဘူးမလား.ဘယ်ပြောမလဲ.$ မှ မရတာ..ဟုတ်တယ်မလား..ခင်ဗျားတို့ ပြည်ပကနေ မြန်မာနိုင်ငံ အတွက် အသံတွေ လွှင့်နေတယ် ပြောနေတယ် ဆိုတာ အလကားပါဗျာ..တကယ်တော့ ခင်ဗျားတို့ မိန်းမတွေ/ခင်ပွန်းတွေရဲ့ တန်ဆာ တွေကို ရွှေကွပ်ဖို့ $ စုနေတဲ့ လူတွေပဲ..ငြင်းချင်ရင် ကြိုက်တဲ့ ဖြေရှင်းချက် ထုတ်ပြ..ကျုပ်တို့ ထောက်ပြတာကိုတော့ မှန်မှန်ကန်ကန် ဖြေရှင်းပြတတ်ဖို့တော့ လိုသပေါ့..။
သူများနိုင်ငံ က ပြောမှ သူများနိုင်ငံ သတင်းwebsite တွေက ပြောမှ ကိုယ့်နိုင်ငံက သိရတဲံ အဖြစ်..
.ပြည်ပ မီဒီယာ တွေ ဘာလုပ်နေလဲ..အစိုးရ မကောင်းကွက်ထိုင်ရှာနေတယ်...
ပြည်တွင်း မီဒီယာတွေ ဘာတွေ ရေးဖို့ အားသန်နေလဲ..မျိုးမစစ်တစ်ယောက် နဲ့လုပ်စားနေတယ်..
အရင်တခါတုန်းကလည်း ကိုယ့်နိုင်ငံ သမ္မတ တစ်ယောက်လုံး စကာင်္ပူထွက်သွားတာ ကိုယ့်နိုင်ငံက လူတွေ မသိလိုက်ရအောင် မီဒီယာတွေ အားကောင်းတာများပြောပါတယ်...။
ကဲ..အခု..
HOT ဖြစ်မယ့် သတင်းကို ပြန်တင်..အခုလည်း ပြည်တွင်း မီဒီယာ တွေမှာတင်ထားတယ်ဆို
တာကလည်း သိပ် စေတနာ ရှိ လို့ မထင်နဲ့...အွန်လိုင်းမှာ အပြောများနေတဲ့ ကိစ္စ မို့လို့ တင်ပေးတာမှတ်...။ဘယ်ဂျာနယ်မှ ခေါင်းကြီးသတင်း ဖော်ပြမှာ မဟုတ်ဘူး...။ ဘာအာဘော်မှ
ရေးနိုင်မှာ မဟုတ်ဘူး..အယ်ဒီတာ ဆိုတဲ့ လူတောင် ဒီကိစ္စကို အစ အဆုံး မသိဘူး..။
သူတောင် UN သတင်းနဲ့ ဘင်္ဂလားဒေ့ရှ် သတင်းတွေကို ဘာသာပြန်ပြီး ဆရာလုပ် နည်းနည်း
ဖြည့်စွက်ရေးလိုက်ရတာ။ပြဿနာ ဖြစ်ပြီးချိန်က စပြီး ဘယ်နေ့မှာ တရားမှူတွေကို စစ်ဆေးတယ်။ ဘယ်သူတွေပါတယ်။ မသိရင် ငါကွ အယ်ဒီတာ..ငါကွ မြန်မာစတုတ္တမဏ္ဍိုင်
အော်ရဲလား...အော်ရဲမယ်ထင်တာပဲ..ငွေမျက်နှာ ကြည့်ပြီး S ရှက်တွေလည်း ရှိပုံ မရတော့ဘူး။
ကဲ...ဘာလို့ ကတ်ကတ်လှန် ရန်မတွေ့ကြတာလဲ..အရင် န-အ-ဖ ကို ရန်တွေ့သလို တွေ့ပါအုံးလား..ဒီသတင်းလေးကိုတောင် ဘာသာပြန်တင်ပေးနေရတာမလား...။
ခင်ဗျားတို့လည်း အလကားပါဗျာ...ကုလားဖြူ အဝှာ ကြည့်ပြီး ထမင်းစားနေရတာ ဆိုတော့
သခင် အလိုကျ ဘယ်ပြောရဲပါ့မလဲ...။
ကျမကို ထောက်ခံပါ..ဒါပဲ သိတယ်..အခုလို ကိစ္စကျတော့ ခင်ဗျား အကျွမ်းတဝင်ရှိလှပါတဲ့
အနောက်နိုင်ငံတွေ UNတွေ .. အခုကိစ္စကို စီရင်တဲ့ တရားသူကြီးတွေပါဝင်တဲ့ နိုင်ငံတွေကို
ခင်ဗျား ဘာအကူအညီတောင်းဖူးလဲ..ဆန်ရှင် ပိတ်ဖို့ပဲ တောင်းဖူးမှာပေါ့..ခင်ဗျားလည်း ဒါပဲ
တတ်တာကိုးဗျ.. အခုလို နိုင်ငံရေးရာ နဲံပတ်သတ်လာရင် ဘယ်နားလည်ပါ့မလဲ..ဒါကြောင့်
ခေါင်းရှောင်တာပေါ့...။ ခင်ဗျားက အစိုးရဟာကွက်ကို ထောက်မယ်..ပြည်သူကို ရန်တိုက်ပေး
မယ်..ကျမကိုပဲထဲ့ခိုင်းနေတယ်..ခင်ဗျားလည်း အာဝါတီး နိုင်ငံရေး ခပ်ပေါပေါသမားတစ်ယောက်ပဲ..။25 % ပဲ ဖယ်ခိုင်းချင်တာ ပဲသိတာ..မိုင် ၂၀၀ လောက်ပေးလိုက်ရတာရော သိပါ့မလား..။အဲဒါ ခင်ဗျားအဖေဗိုလ်ချူပ် ပြန်ယူထားတဲ့
နယ်နမိတ်ထဲက ဖဲ့ပေးလိုက်ရတာ..ခင်ဗျား အဖေရဲ့ ခန္ဒာကိုယ် တစ်စိတ်တစ်ပိုင်းကို ဖဲ့ပေးလိုက်
ရတာ...အေးလေ..ခင်ဗျားက ခင်ဗျား ခန္ဒာတစ်ခုလုံးတောင် ကုလားဖြူကို စိတ်ကြိုက်ပေးထား
တာပဲ...ခင်ဗျားလည်း ဘယ် ပြော..ဘယ်သိချင်ပါ့မလဲ..။အလကား ဘွားတော်။
အေး..အဲမှာ မဲရူး ရူးနေကြ.. ခေါင်းမှာ ထဘီ အနီပတ်ပြီး ဆိုင်ကယ်သရဲ လုပ်နေကြ..
စစ်တပ်နဲ့ အစိုးရ..စစ်တပ် နဲ့ပြည်သူ တွေကို သွေးခွဲနေကြ..ခင်ဗျားတို့ အမတ် မဖြစ်ရင် ၅ နှစ်
စောင့် အမတ်ဖြစ်တယ်..အခု တစ်သက်လုံး ပြန်မရတော့ဘူး..။ ခင်ဗျားတို့ မြန်မာနိုင်ငံကို ချစ်
ပါတယ်ဆိုတဲ့ နိုင်ငံရေးသမားတွေ. ပြည်တွင်း လေးချောင်းထောက်တွေ ပြည်ပ မီဒီယာတွေ
ဒေါ်စုနဲ့အပေါင်းအပါတွေ တကယ်တော့ ခင်ဗျားတို့လည်း မြန်မာနိုင်ငံကို ဈေးကွက် တစ်ခု
အနေနဲ့ပဲမြင်တာပါ..ကိုယ့်အိမ်ကိုယ်ယာ လို့မြင်တဲ့လူ တစ်ယောက်မှ မရှိပါဘူးဗျာ..။
ရှိရင် ကျူပ်တို့ အပေါ်မှာ ပြောထားတာတွေကို ချက်နဲ့လက်နဲ့ ပြန်ရှင်းပြဗျာ။ ဟုတ်ပြီလား။
အလကား ငွေရူး...ဘဝင်ရူးတွေ..။
____________________________________________________________
မောင်ကျောက်ခဲအဖွဲ့ ဝိုင်းတော်သားများ
ရေးသားသူအဖွဲ့  = မောင်ကျောက်ခဲ အချိန်= 5:07 AM 4 ယောက် ဆွေးနွေးခဲ့တယ်
ဆိုင်ရာကဏ္ဍ = ပန်ကြားပါရစေ
မြန်မာ-ဘင်္ဂလားဒေ့ရှ် ပင်လယ်နယ်နိမိတ်သစ်ကို ကုလသမဂ္ဂတရားရုံးက ဆုံးဖြတ်သတ်မှတ်
သယံဇာတ ရင်းမြစ်ကြွယ်ဝသော ပင်လယ်ပြင် ဧရိယာတွင် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်ကြား ပိုင်ဆိုင်မှု အငြင်းပွားနေခြင်းကို အဆုံးအဖြတ်ပေးသည့်အနေဖြင့် နှစ်နိုင်ငံကြား ပင်လယ်နယ်နိမိတ်သစ်တစ်ခုကို ကုလသမဂ္ဂ ပင်လယ်ပြင်ဥပဒေဆိုင်ရာ အထူးခုံရုံး (International Tribunal for the Law of the Sea) က မတ်လ ၁၄ ရက်နေ့တွင် သတ်မှတ်ပေးလိုက်သည်။
ဂျာမနီနိုင်ငံ၊ မြောက်ပိုင်း ဟမ်းဘတ်မြို့ရှိ ITLOS တရားရုံးက ချမှတ်ခဲ့သည့် အမိန့်အရ ပင်လယ်ပိုင်း နယ်နိမိတ်သစ်ကို တရားသူကြီးအဖွဲ့ဥက္ကဋ္ဌ ဟိုဆေးလူးဝစ်ဂျီးဆပ်စ်က တင်ပြခဲ့သည်။ နှစ်နိုင်ငံစလုံးအနေဖြင့် ၎င်းတို့၏ သက်ဆိုင်ရာ ကမ်းဦးရေတိမ်ပိုင်းနှင့် ပတ်သက်၍ အချုပ်အခြာ အာဏာပိုင်ဆိုင်မှုကို ထိန်းသိမ်းရမည်ဖြစ်ကြောင်း ၎င်းက အမိန့်ချခဲ့သည်။ နယ်နိမိတ်အား တိုင်းတာရာတွင် မြန်မာ၏ နည်းလမ်းကို ထောက်ခံခဲ့သော်လည်း ဘင်္ဂလားဒေ့ရှ်က ဧရိယာပိုမိုရရှိခဲ့သည်။ တရားရုံး၏ ဆုံးဖြတ်ချက်ပါ တချို့အစိတ်အပိုင်းများအပေါ် တရားသူကြီးအချို့ သဘောထား ကွဲလွဲခဲ့သော်လည်း ဆုံးဖြတ်ချက်ကိုမူ တစ်ကမ္ဘာလုံးမှ တရားသူကြီး ၂၃ ဦးက တညီတညွတ်တည်း ချမှတ်ခဲ့ခြင်းဖြစ်သည်။ ''နှစ်ဖက်စလုံးဟာ တစ်စုံတစ်ရာကို ရရှိခဲ့ကြသလို တစ်စုံတစ်ရာကိုလည်း ဆုံးရှုံးခဲ့ကြပါတယ်''ဟု ဂျာမန်တရားသူ ကြီး ရူဒီဂျာဝိုလ်ဖရမ်က ပြောကြားခဲ့သည်။ တရားရုံး၏ ဆုံးဖြတ်ချက်မှာ နှစ်ဖက်စလုံးအတွက် အောင်ပွဲဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး ဒီပူမိုနီက ပြောကြားခဲ့သည်။ သို့သော်လည်း ဘင်္ဂလားဒေ့ရှ်ဘက်က အနိုင်ရရှိခဲ့သော နေရာတွင် သဘာဝဓာတ်ငွေ့နှင့် ရေနံ တူးဖော်နိုင်ပြီဟုလည်း ပြောကြားခဲ့သည်။ ဘင်္ဂလားဒေ့ရှ်၏ သီးသန့် စီးပွားရေးဇုန် ရေမိုင် ၂၀၀ ကို တရားရုံးကသတ်မှတ်ပေးခဲ့ပြီး ဘင်္ဂလားဒေ့ရှ်က ပိုင်ဆိုင်သည်ဟု တောင်းဆိုထားသည့် စိန့်မာတင်ကျွန်း တစ်ဝိုက်နေရာတစ်ခုကိုလည်း အတည်ပြုပေးခဲ့သည်။
ပိုင်နက်အငြင်းပွားမှုမှာ ဆယ်စုနှစ်များစွာ ကြာမြင့်ခဲ့ပြီး မြန်မာသည် အငြင်းပွားရေပိုင်နက်တွင် သဘာဝဓာတ်ငွေ့ တူးဖော်နေသည်ဟု ဘင်္ဂလားဒေ့ရှ်က စွပ်စွဲခဲ့သည့် ၂၀၀၈ ခုနှစ်က နှစ်နိုင်ငံမှာ စစ်ရေးပဋိပက္ခ ဖြစ်လုနီးပါး အခြေအနေသို့ ဆိုက်ရောက်ခဲ့သည်။ ဘင်္ဂလားပင် လယ်အော်တွင် ကြီးမားသည့် သဘာဝဓာတ်ငွေ့သိုက်များ မြန်မာက တွေ့ရှိခဲ့ပြီး ဘင်္ဂလားဒေ့ရှ်က ပိုင်ဆိုင်သည်ဟု ပြောကြားထားသည့်နေရာတစ်ခုတွင် နောက်ထပ်တူးဖော်ရန် ရည်ရွယ်ထားကြောင်း ပြောကြားခဲ့သည်။ ဘင်္ဂလားဒေ့ရှ်သည် အိန္ဒိယနှင့် အလားတူ ပင်လယ်ပိုင်နက် အငြင်းပွားမှု ပြဿနာကို ၂၀၁၄ ခုနှစ်တွင် ဖြေရှင်းရန် မျှော်လင့်ထားသည်။
Eleven Media Group
________________________________________________________________
မောင်ကျောက်ခဲအဖွဲ့ ဝိုင်းတော်သားများ
ရေးသားသူအဖွဲ့  = မောင်ကျောက်ခဲ အချိန်= 2:46 AM 1 ယောက် ဆွေးနွေးခဲ့တယ်
ဆိုင်ရာကဏ္ဍ = သတင်း
Mar 14, 2012
၉၀ ရွေးကောက်ပွဲစစ်တမ်း နဲ့ ဘယ်သူ့ကို မဲပေးမလဲ
- သင်နေထိုင်သော မြို့နယ်မှ အမတ်မင်းနာမည်ကို သိပါသလား။
- ထိုအမတ်မင်းကို သင်မြင်ဘူးပါသလား။ ယခုမြင်ရင်မှတ်မိပါ့မလား။
- သူကိုယ်စားပြုယှဉ်ပြိုင်တဲ့ပါတီကိုသိပါသလား။
- ထိုသူဟာ ယခုဘာလုပ်နေပါသလဲ အသက်ထင်ရှားရှိပါသေးလား။
- သူဟာ နှုတ်ထွက်သွားပြီလား။
- သူဟာ ၁၉၉၀ နောက်ပိုင်းမှာ ထောင်ကျ အဖမ်းခံရသေးလား။
- ထိုအမတ်မင်းဟာ ပညာအရည်အချင်းဘယ်လောက်ရှိပါသလဲ။
- ပြီးခဲ့တဲ့ အနှစ် ၂၀ ကျော်အတွင်း ထိုအမတ်မင်း ဘာတွေလုပ်ခဲ့တာကို သင်သိပါသလဲ။
- သူ့ အကြောင်းကို သင်တို့ မြို့နယ်တွင်းမှာ ပြောသံကြားဘူးပါသလား။
- အကယ်၍ သူသာ လာမဲ့ကြားဖြတ်ရွေးကောက်ပွဲမှာ ၀င်ပြိုင်မယ်ဆိုရင် သင်မဲပေးဦးမှာလား။
- သူပြောတဲ့ တိုင်းပြည်အတွက် ဒီမိုကရေစီအရေး မှတ်သားစရာတစ်ခုကို သင်ပြောနိုင်မလား။
- သူဟာ ၁၉၉၀ မတိုင်ခင်က နိုင်ငံရေး အတွေ့အကြုံ ဘယ်လောက်ရှိပါသလည်း။
- သူပြောတဲ့ စီးပွားရေးဆိုင်ရာမူဝါဒက ဘာလည်း။
- သင့်မြို့နယ်အတွက် သူဆောင်ရွက်ခဲ့တဲ့ အရာ ၃ ခုကိုပြောနိုင်မလား။
- သင်တို့ မြို့နယ်မှာ အာဏာပိုင်တွေရဲ့ မတရားမှု တွေ ကို သူ့အားသွားရောက်တင်ပြဘူးပါသလား။
- သင့်မြိုနယ်မှာ နေတဲ့သင့်သိတဲ့မိတ်ဆွေထဲမှာ ယခုမေးခွန်းတွေကို ဖြေနိုင်မယ့်သူ ဘယ်နှစ်ဦးရှိနိုင်ပါသလဲ။
- သင်သူ့ကို ဆက်သွယ်ခြင်ရင် ဘယ်လိုလုပ်ရမလဲသိပါသလား။
- သင်ဟာ မဲဆန္ဒရှင်တစ်ဦးအနေနဲ့ ထိုအမတ်မင်းကို ယုံကြည်ပါသလား။
- ထိုသူကိုမဲပေးမိတဲ့အတွက် သင်နောင်တရသလား(သို့) ထိုသူ အနိုင်ရတာ သင်နောင်တရသလား။
- သင်အခု သူ့ကို ဆက်သွယ်ချင်သလား။
ရေးသားသူအဖွဲ့  = မောင်ကျောက်ခဲ အချိန်= 1:30 PM 2 ယောက် ဆွေးနွေးခဲ့တယ်
ဆိုင်ရာကဏ္ဍ = ဆင်ခြင်နိုင်ကြစေ
မြန်မာနိုင်ငံနှင့် အိမ်နီးချင်းများ၏ နယ်နမိတ် သတ်မှတ်ချက်များ
______________________________________________________________
ရေးသားသူအဖွဲ့  = မောင်ကျောက်ခဲ အချိန်= 11:00 AM 2 ယောက် ဆွေးနွေးခဲ့တယ်
ဆိုင်ရာကဏ္ဍ = သုတကဏ္ဍ
စိန်အမြောက်အများထွက်ရှိမည့် စိန်တွင်း မြန်မာနိုင်ငံတွင် တွေ့ရှိ
ကရင်ပြည်နယ် မြဝတမြို့တောင်ဘက် မိုင် ၂ဝအကွာတွင် အဖိုးတန်စိန်အမြောက်အမြား
ထွက်ရှိသော စိန်တွင်းတစ်တွင်းကို အမေရိကန်နိုင်ငံ နာဆာမလွှတ်တင်ထားသော Land
Sat7 ဂြိုလ်တုဖြင့် မကြာသေးခင်က တွေ့ရှိခဲ့သည်ဟု ဒဂုံတက္ကသိုလ်
ဘူမိဗေဒဌာနမှ အငြိမ်းစား ပါမောက္ခဦးစိုးသိန်းကပြောသည်။
အဆိုပါစိန်တွင်းရှိရာနေရာသို့ မြဝတီမြို့မှကားလမ်းဖြင့် တိုက်ရိုက်ရောက်ရှိနိုင်ပြီး
ထိုင်းနိုင်ငံမှ အဆိုပါစိန်တွင်းကို တူးဖော်ခွင့်ရရှိရန် ဆောင်ရွက်နေ
ကြောင်း သိရသည်။''ဩစတြေးလျနဲ့တရုတ်လဲ မကြာခင်က တူးကြသေးတယ်။ အောင်မြင်မှု
ရှိမရှိတော့ မသိဘူး။ ဂြိုလ်တုက နေကြည့်တော့ စိန်အမြောက် အမြားထွက်နေတယ်
ဆိုတာ သေချာတယ်'' ဟု ဦးစိုးသိန်းက ထပ်မံပြောသည်။
'သတ္တုတွင်း ဝန်ကြီးဌာနအနေနဲ့ကတော့ စိန် တူးခွင့် လျှောက်ထား လာတဲ့
ကုမ္ပဏီတွေ ကိုသတ်မှတ်ချက် စည်းမျဉ်းစည်းကမ်း နဲ့ ညီမညီ အရင်ကြည့်တယ်။
သတ်မှတ်ချက် စည်းမျဉ်းတွေနဲ့ ညီရင်တော့ လုပ်ပိုင်ခွင့် ပြုမိန့်တွေ
ချထားပေးမှာပါ'' ဟု အမှတ်(၂) သတ္တုတွင်း ဝန်ကြီး ဌာနမှ တာဝန်ရှိသူ
တစ်ဦးကပြောသည်။''ဩစတြေးလျနဲ့တရု တ်လဲ မကြာခင်က တူးကြသေးတယ်။ အောင်မြင်မှု ရှိမရှိတော့ မသိဘူး။ဂြိုလ်တုက နေကြည့်တော့ စိန်အမြောက် အမြားထွက်နေတယ် ဆိုတာ သေချာတယ်''
မြန်မာနိုင်ငံတွင် ကျောက်မျက်ရတနာ တန်းဝင်စိန်များကို ၁၉၆ဝပြည့်နှစ်တွင်
မိုးမိတ်မြို့နယ်၊ မကျည်း ပင်ကျေးရွာနှင့် မိုးဟောက်
ကျေးရွာပတ်ဝန်းကျင်တွင် စတင်တွေ့ရှိရပြီး ၁၉၇၂ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်
ဘူမိဗေဒဌာနတို့ ပူးပေါင်းရှာ ဖွေရာတွင် စိန်တွေ့ရှိရာ နယ်မြေ အသစ်များ
နှစ်စဉ်နှင့်အမျှ တိုးပြီးတွေ့နေရ ကြောင်း သိရသည်။
မြန်မာနိုင်ငံ
တနင်္သာရီတိုင်း သိန္ဓောဒေသရှိ စိန်တွင်းသည် တန်ဖိုးကြီး စိန် များနှင့်
စိန်အမြောက်အမြားထွက်ရှိသော ဒေသတစ်ခုအဖြစ် ထင်ရှားသည်။ တောင်ငူဒေသ
တွင်လည်း မကြာသေးမီက စိန်တွင်း တစ်တွင်း တွေ့ရှိခဲ့ရာ ၁၄ရတီခန့် အထိ
ရှိသော တန်ဖိုးကြီးစိန် တစ်ခုလည်း ပါဝင်လာခဲ့ကြောင်း သိရသည်။
မောင်ကျောက်ခဲအဖွဲ့ ဝိုင်းတော်သားများရေးသားသူအဖွဲ့  = မောင်ကျောက်ခဲ အချိန်= 7:58 AM 0 ယောက် ဆွေးနွေးခဲ့တယ်
ဆိုင်ရာကဏ္ဍ = သတင်း
Mar 13, 2012
မတ် ၁၄ ကိုမေ့နေသော အသုံးမကျသော မြန်မာများ
ကဲ အဲမှာ တမဲထဲမဲနေကျ ကုလားမည်းတွေက ဖင်ချသွားလိမ့်မယ်..အဲဒါသူတို့ ပြောတဲ့ သူတို့ပိုင်ရေပိုင်နက် တဲ့ |
နှစ်ပေါင်း
၄၀ နီးပါး အငြင်းပွားမှု ဖြစ်ပွားနေခဲ့သော မြန်မာ - ဘင်္ဂလားဒေ့ရှ်
ရေပိုင်နက် အငြင်းပွားမှု ပြဿနာကို မတ်လ ၁၄ ရက်နေ့တွင် ဂျာမနီနိုင်ငံ၊
ဟမ်းဘတ်မြို့ရှိ ပင်လယ်ရေပိုင်နက်ဆိုင်ရာ အပြည်ပြည်ဆိုင်ရာ ခုံရုံး၌
ဆုံးဖြတ်ချက် ချမှတ်မည် ဖြစ်ကြောင်း သတင်းမီဒီယာများတွင် ဖော်ပြထားသည်။
The International Tribunal for the Law Of the Sea(ITLOS) ဥက္ကဋ္ဌ Jose Luis
Jesus ကလည်း အမေရိကန် ပြည်ထောင်စု၊ နယူးယောက်မြို့ရှိ ကုလသမဂ္ဂရုံးချုပ်၌
၂၀၁၁ ခုနှစ်၊ ဇွန်လ ၁၃ ရက်နေ့က ပြုလုပ်သော ပင်လယ်ရေကြောင်း ဥပဒေဆိုင်ရာ
ညီလာခံတွင် မြန်မာ - ဘင်္ဂလားဒေ့ရှ် ရေပိုင်နက် အငြင်းပွားမှုကို ၂၀၁၂ ခုနှစ်၊
ပထမ သုံးလပတ်အတွင်း ဆုံးဖြတ်ချက် ချနိုင်ရန် မျှော်လင့်ကြောင်း ထုတ်ဖော်
ပြောဆိုထားသည်။
မြန်မာ - ဘင်္ဂလားဒေ့ရှ် ရေပိုင်နက်
အငြင်းပွားမှုအတွက် ကြားနာ စစ်ဆေးမှုများကို ITLOS အခြေစိုက်ရာ ဂျာမနီ
နိုင်ငံ၊ ဟမ်းဘတ် မြို့တွင် ပြုလုပ်ခြင်း ဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ
အနေနှင့် မြန်မာနိုင်ငံကို တရားစွဲဆိုထား သကဲ့သို့ အိန္ဒိယ နိုင်ငံကိုလည်း
အလားတူ တရားစွဲဆိုမှုများ ရှိသည်ဟု နိုင်ငံတကာ သတင်းဌာနများတွင်
ဖော်ပြထားသည်။
အဆိုပါ အငြင်းပွားမှု ဖြစ်ပွားနေသော ရေပိုင်နက်တွင်
မြန်မာ့ကမ်းလွန် ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းများ လုပ်ကိုင်လျက်
ရှိသော A 1 လုပ်ကွက် ပါဝင်သည်။
မောင်ကျောက်ခဲအဖွဲ့ ဝိုင်းတော်သားများရေးသားသူအဖွဲ့  = မောင်ကျောက်ခဲ အချိန်= 11:00 PM 0 ယောက် ဆွေးနွေးခဲ့တယ်
ဆိုင်ရာကဏ္ဍ = သတင်း
တစ်ခါတည်းမှားမိတာပါ..အနောက်တစ်အုပ်စုနဲ့
ရေးသားသူအဖွဲ့  = မောင်ကျောက်ခဲ အချိန်= 10:13 PM 0 ယောက် ဆွေးနွေးခဲ့တယ်
သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ
ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ | ကြိုဆိုသူများနဲ့ အင်တာဗျူး |
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ | ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ |
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ | မြန်မာ့သိုင်းအစွမ်း |
Latest Videos
88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် | ပြောင်ကြီးဘာလို့ထောင်ကျ |