Mar 17, 2012

မီဒီယာတွေ ဘက်လိုက်တယ်

မရှင်းလို့မေးပါရစေဦးဗျာ
မြန်မာနိုင်ငံမှာ ကြံခိုင်ရေးနဲ့ NLD ပါတီနှစ်ခုပဲရှိတာလား
ဒေါ်စု သွားလေရာ ဖော်ပြမှ သတင်းလား ပြည်သူအကျိုးပြုသတင်းလား။

ဒါဆိုရင်လည်းဗျာ ဝန်ကြီးဌာနတွေ လာဘ်စားတာတောင် သက်သေရှိတယ် ဆိုပြီး ဖော်ပြောရဲသေးတာပဲ
ဒေါ်စု နဲ့ဒေးဗစ် လှမြင့်တို့ရဲ့ မရှင်းမရှင်း ဇာတ်လမ်းတွေ ဘာလို့ မရေးကြတာလဲ။
The Lady ဇာတ်ကားမှာ ဒေါ်စု အကျယ်ချူပ်ကာလမှာ အမျိုးသမီးတွေကို ညဘက် စုပြီး Safe Sex ဆိုပြီး
ကင်းဆေး အစီရင်ခံစာ(အမေရိကန် အမျိုးသား/အမျိုးသမီးတို့ ဘယ်လို လိင်ဆက်ဆံကြတယ်။ဘယ်နည်းနဲ့ က ကောင်းတယ် စသည်ဖြင့် အပြာစာအုပ်ကဲ့သို့ ရေးထားသော အစီရင်ခံစာ) နဲ့ လေဒီချက်ဒလီလပ်ဗ်ဗာ စာအုပ်တွေ ညတိုင်း ဆွေးနွေးနေခဲ့တယ်ဆိုတာ လေးတွေလည်း ကျန်ခဲ့တယ် ထောက်မပြကြပါလား ။

ဒေါ်စု ရုပ်မြင်သံကြားက နေ စကားပြောတဲ့ အစီအစဉ်က ဘာလို့ ကြိုထွက်လာရတာလဲ။
အဲလို ကြိုထွက်လို့ ရကြေးဆိုရင် တခြားပါတီတွေက ရော ဘာလို့ မထွက်ရတာလဲ။
ဘာလို့ ဒေါ်စု သတင်းတွေချည်းကိုပဲ ဖော်ပြနေရတာလဲ။ဂျာနယ်ရောင်းကောင်းအောင်လား။
မိမိသတင်းဌာန လူကြည့်များအောင် လုပ်နေတာလား။
ဘာလဲ...ဒေါ်စုမှ လူရာသွင်းတာလား ။ ခင်ဗျားတို့မှ မဟုတ်ဘူး။ လက်ရှိ အစိုးရက လူရာသွင်းလို့ လွှတ်တော်
ထဲတောင် တစ်ခေါက် လေ့လာခွင့်ရခဲ့တယ် မလား ။ စိတ်ချ လူရာ မဝင် ဝင်အောင် သွင်းပေးပါလိမ့်မယ်။
အဲလောက် မြောက်ပင့်နေစရာမလိုပါဘူး ။

မြန်မာ့အလင်းဖတ်မိခါမှ အော်..ဒေါ်စုတင် စကားပြောခွင့်ရတာ မဟုတ်ပဲ ..ကျန်တဲ့ပါတီတွေလည်း ပြောခွင့်
ရတာပါပဲလား..အားလံး အတူတူတန်းတူ သဘောထားပါလား..လို့တွေးမိတယ်..။မဟုတ်ရင် ဒေါ်စုကိုပဲ အစိုး
ရက ကြောက်လွန်းလို့  အထူးအခွင့်အရေးတွေ ပေးနေပါတယ် သဘောပေါက်အောင်  ခင်ဗျားတို့ တမင် ငြိမ်
ပေးနေကြတာမလား ။
တကယ် အကျိုးပြူလား ။မပြူလား ။တစ်ခုထောက်ပြမယ်။
ဒေါ်စု ခရီးစဥင်္တွေ အားရဝမ်းသာ ဖော်ပြကြနဲ့ ..။ မော်တော်ပီကယ် ဖမ်းတော့ သောက်ကျင့်ယုတ်တယ် ပြောအုံးမယ် ။ လမ်းစည်းကမ်း မလိုက်နာလို့  ဘယ် ဂျာနယ် ဘယ်သတင်းဌာန ထောက်ပြခဲ့လဲ ။ ထောက်ပြတဲ့ လူကျတော့ နေရင်းထိုင်ရင်း စစ်ခွေးလို့ ကင်ပွန်းတပ်ကြ
ကြံဖွတ်လက်ကိုင်ဒုတ် ဖြစ်လိုက်နဲ့..မီဒီယာတွေ နားကန်းနေကြတယ် သောက်လုံးတွေ ကန်းနေကြတယ်။
ဒေါ်စု တစ်ယောက်တည်း ပြောတတ်တာ မဟုတ်ဘူး




သူတို့တွေလည်း နိုင်ငံအတွက် ကိုယ့်ပေါ်လစီနဲ့ကိုယ်သွားနေတဲ့ ပါတီတွေ
မော်တော်ပီကယ်တချို့ စည်းမျဉ်းမဲ့တော့ လာဘ်စားတယ် ထိပ်ဆုံးကအော်တယ် ။
ဒေါ်စု ခရီးစဉ်ထဲက ပေါက်လွှတ်ပဲစား ခွေးဝဲစားတွေ အလှူအိမ်မှာ ထမင်းကျန်လွှင့်လို့ ပြေးကောက်သလို
အုပ်စုကြီး စည်းမဲ့ကမ်းမဲ့ ဖြတ်မောင်းသွားတာ ကို ဘာမှ မလုပ်ရပဲ ရပ်ကြည့်နေရတဲ့ ရဲသားတွေဘက်က
ဘယ် မီဒီယာက ထောက်ပြခဲ့လဲ။

ဘုန်းကြီးတွေ စည်းကမ်းမရှိတာ ဝိနည်းနဲ့မညီတာကျတော့ မထောက်ပြဘူး ။ ဝိနည်းမညီတဲ့ ဘုန်းကြိးကို
အရေးယူတော့ သတင်းဖြစ်တယ်တဲ့လား ။

အခုဘင်္ဂလားဒေ့ရှ် ကိစ္စဖြစ်တယ် ။ ဘယ် ဂျာနယ် တွေကများ ကိုယ့်အာဘော်နဲ့ကိုယ် သုံးသပ်ချက်နဲ့ ဆောင်းပါးတစ်ပုဒ် ရေးနိုင်လဲ ။ ဘယ်ရေးနိုင်ပါ့မလဲ ။ ရေပြင်ပိုင်နက် သဘောတရားတောင်မှ နားမလည်တာ။ ။ဒေါ်စု ဝိုင်းကြိး ပတ်ပတ် ဒူဝေဝေ ခုန်ပြီး
ချိုမိုင်မိုင် ဒီမို ချိုချဉ်စုပ်တာ ပဲ ကြည့်နေတာကိုး။


မြန်မာနိုင်ငံ ပြည်တွင်းရော ပြည်ပရော စတုတ္တမဏ္ဍိုင်ဆိုသူတွေကို မောင်ကျောက်ခဲဝိုင်းတော်သားများ က
အထင်ကို မကြီးတာဗျာ။ လုံးဝ ကိုမလေးစားတာ ။ ခင်ဗျားတို့ အားလုံးက ငွေမျက်နှာပဲ ကြည့်နေတာ။
ဒီသတင်းလေး တင်ရင် ဂျာနယ် ရောင်းကောင်းတယ် ။ငါတို့ သတင်းဌာန လူကြည့်များတယ် ။ဒါပဲ ခင်ဗျားတို့
သိတယ်။အလကား လေတလုံး မိုးတလုံးတွေ။တကယ်တော့ ခင်ဗျားတို့ အတွင်းသဘောကတော့ မီဒီယာကို သုံးပြီး ငွေရသလောက် ကျူံးထည့်တာပဲ သိတာပါ။နိင်ငံကို အထောက်အကူပြုလို့ သာ အော်နေတာ ဘယ်နားသွား အကျိုးပြုတာလည်းတော့ မသိဘူး ။မြန်မာ နိုင်ငံက စတုတ္တမဏ္ဍိုင်တွေ သေရင်တောင် နောင်ဘဝမှာ ဂဏာန်းတို့ပုစွန်လုံးတို့ ဖြစ်မယ် ။ဘက်လိုက်တာများသွားလို့လေ။
_____________________________________________________________________________
မောင်ကျောက်ခဲ အဖွဲ့ ဝိုင်းတော်သားများ
Print Friendly and PDF

1 ယောက် ဆွေးနွေးခဲ့တယ်:

Anonymous said...

မီဒီရာ ဆိုတာ သူများနိုင်ငံကလို တွေ့သမျှ ကလောင်စွမ်းထက်ရမှာဗျ။ ဘီဘီစီ Hard Talk Program ကြည့်ရင် ခင်ဗျားတို့သိမယ်။ အခုက တောသားမြို့ရောက် ဘုမသိဘမသိ မန်ယူ ကြိုက်သလိုဖြစ်နေတယ်။ ဘာကြောင့်လဲ ဆိုတာ အရင် ဆန်းစစ် ကြည့်ကြပါဦး။ တခုခု မှန်ရာ နဲ့ ကိုယ်မကြိုက်တာ ပြောတာနဲ့ပဲ အကုန် ကျီးတွေ လို ဝိုင်းအာနေတာ ဒီမိုကရေစီမှ မဟုတ်တာ။ ကိုယ့် Right နဲ့ ကိုယ် ရှိတာ လက်ခံနိုင်ရမှာပါ့ဗျ။ ရေးကြစမ်းပါ စတုတ္ထ တွေ ရယ် ဘယ်ဘက်ကအကြောင်းပဲဖြစ်ဖြစ် အမှန်အတိုင်းပေါ့။ ဒါမှ ပြည်သူတွေ ဘု သိ ဘ သိ မှာပေါ့။

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ