Mar 16, 2012

တပ်မတော်ကို ပြည်သူတွေနဲ့ ထိပ်တိုက်ရင်ဆိုင်ခိုင်းတာ ဗိုလ်ချူပ်ကိုစော်ကားတာပဲ ဒေါ်စု



          မတ်လ(၁၄)ရက်နေ့ ညပိုင်းမှာ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားကနေ မြန်မာ့လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီဥက္ကဋ္ဌဦးဇင်အောင်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ ဟောပြောချက်တွေကို နားထောင်လိုက်ရပါတယ်။ အဲဒီမှာကျွန်တော်တို့နားထောင်ချင်တာက ဒေါ်အောင်ဆန်းစုကြည်ရဲ့ဟောပြောချက်ပါ။ အန်တီစုဘာတွေများပြောမလဲ…..ဆိုပြီးနားစွင့်နေမိပါတယ်။ ပြောတာတွေကတော့ အရမ်းကိုကောင်းပါတယ်။ အန်တီစုက ကျွန်တော်တို့ ဗိုလ်ချုပ်ရဲ့ သမီးဆိုပေမဲ့ နိုင်ငံခြားမှာကြီးပြင်း၊ နိုင်ငံခြားသားနဲ့အိမ်ထောင်ကျ၊ နိုင်ငံခြား မှာပဲအနေကြာဆိုတော့မြန်မာစကားပြောတဲ့နေရာမှာ ပီပီသသပြောဆိုနိုင်ပါ့မလားလို့ ထင်မြင်နေတာ မဆိုးပါ ဘူး….ပြောနိုင်ပါတယ်။
          အန်တီစုပါတီပြောပြီးတော့မြန်မာ့လူ့ဘောင်သစ်ကဦးဇင်အောင်ပြောတာကို ဆက်နားထောင်မိပါတယ်။ အဲဒီမှာကွာခြားချက်(၂)ခုသွားတွေ့ပါတယ်။ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီရဲ့ တပ်မတော်အပေါ်သဘောထားနဲ့ အန်တီစုNLDရဲ့ တပ်မတော်ပေါ်သဘောထား(၂)ခုကို နှိုင်းယှဉ်နားထောင်မိပါတယ်။ လူ့ဘောင်သစ်ပါတီရဲ့ သဘော ထားမှာ တပ်မတော်ကို ကျွန်ုပ်တို့၏မိတ်ဆွေကောင်းအဖြစ် သဘောထားမယ် ဆိုပြီး သမိုင်းကြောင်းမှာတွေ့ ကြုံခဲ့ ရတဲ့ အတ္တလွန်ကဲမှုကြောင့် ဆုံးရှုံးနစ်နာမှုတွေဖြစ်ခဲ့ရတဲ့ အကြောင်းပြောသွားပါတယ်။ ထိပ်တိုက်ရင်ဆိုင်ရေး၊ အာဏာဖီဆန်ရေး၊ အလုံးစုံပျက်သုဉ်းရေးမူဝါဒလမ်းစဉ်တွေကြောင့် ပြည်သူလူထုရဲ့ရင်ထဲမှာ ဒဏ်ရာဒဏ်ချက်တွေ ရရှိစေပြီး ဒေါသမီးတောက်လောင်ခဲ့တယ်လို့ ရိုးသားပွင့်လင်းစွာတင်ပြသွားပါတယ်။



NLD ပါတီဥက္ကဋ္ဌ အန်တီစုကတော့ တပ်မတော်ခေါင်းဆောင်ကြီးဗိုလ်ချုပ်အောင်ဆန်းရဲ့သမီးဖြစ်ပေမဲ့ တပ်မတော်အပေါ်မှာမလိုလားမှုတွေ တွေ့နေရပါတယ်။ လွှတ်တော်ထဲမှာ တပ်မတော်သားတွေ၂၅ ရာခိုင်နှုန်း ရှိနေတာ  အရွေးချယ်မခံဘဲ လွှတ်တော် ကိုယ်စားလှယ်တွေဖြစ်တဲ့အတွက် မနှစ်သက်တဲ့အကြောင်း ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြောဆိုသွားပါတယ်။ ဒီလိုမျိုး ရှိနေတာဟာဒီမို ကရေစီစံနှုန်းနဲ့မညီဘူးလို့လဲ ထောက်ပြခဲ့ပါတယ်။ အန်တီစု ပြောဆိုတဲ့ ဒီမိုကရေစီ စံနှုန်းဆိုတာ ဘယ်နိုင်ငံကဒီမိုကရေစီနဲ့ တိုင်းတာ သလဲဆိုတာ မသိပေမဲ့ ကျွန်တော်တို့မြန်မာ့နိုင်ငံမှာ ဒီမိုကရေစီ အစိုးရသစ်ပေါ်ထွန်းတာ(၁)နှစ်ပဲရှိ ပါသေးတယ်။ တကယ်တန်းတည်တည်ငြိမ်ငြိမ်ရှိတဲ့ နှစ်ပေါင်း များစွာ ကြာမြင့် နေပြီဖြစ်တဲ့ဒီမိုကရေစီစစ်စစ်နိုင်ငံ မဟုတ်သေး ဘူးဆိုတာအန်တီစုသိသင့် ပါတယ်။ ဒီမိုကရေစီစနစ် တည်တည် ငြိမ်ငြိမ်ဖြစ်ဖို့အတွက် ကျွန်တော်တို့နိုင်ငံမှာတော့ တပ်မတော်ရဲ့ အခန်းကဏ္ဍတစ်ရပ် ပါဝင်နေသင့်တယ်လို့ မြင် ပါတယ်။

တပ်မတော်သားတွေအနေနဲ့ကလဲ လွှတ်တော်ထဲမှာ တက်ရောက်နေကြရတာကို အခွင့်အရေးကြီးတစ်ခုလို့ သဘောမထားကြပါဘူး။ နိုင်ငံတော်အတွက် ကျရာတာဝန်တစ်ခုကို ထမ်းဆောင်နေခြင်းဖြစ်တယ်လို့ပဲသတ်မှတ် ထားကြပါတယ်။ ၂၀၀၈ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာကလဲ ပြည်သူတစ်ရပ်လုံးက ၉၂.၄ရာခိုင်နှုန်း ထောက်ခံ ထားတဲ့ ဥပဒေဖြစ်ပါတယ်။  လွတ်လပ်ရေးကြိုးပမ်းစဉ်ကာလကစပြီး တပ်မတော်ဟာ နိုင်ငံတော်အပေါ်သစ္စာရှိစွာနဲ့ ပြည်သူတွေရဲ့အသက်အိုးအိမ်စည်းစိမ်ကိုကာကွယ်ပေးခဲ့ပြီး ပြည်သူတွေရဲ့အကျိုးကို အမြဲသယ်ပိုးလျက်ရှိနေပါတယ်။ ပြည်တွင်းရောင်စုံသူပုန်သောင်းကျန်းမှုများ၊သဘာဝဘေးအန္တရာယ်အပါအ၀င် သာမန်လူတွေမလုပ်ချင်တဲ့ အလုပ်တွေကို သက်စွန့်ဆံဖျားလုပ်ကိုင်ခဲ့ တာကို အတိတ်သမိုင်းမှာလဲကြည့်နိုင်ပါတယ် ဒေါ်စုကြည်။

တပ်မတော်ရဲ့ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကတော့ သမီးဖြစ်သူ ဒေါ်စုကြည်ရဲ့ပါတီစည်းရုံးရေးမိန့်ခွန်းကို ကြားရရင်တော့`` ငါ့သမီး မှားနေပြီ၊ တပ်မတော်သားတွေက ပြည်သူထဲက ပေါက်ဖွားလာတာ၊ တိုင်းပြည်အတွက် အသက်စွန့်ပြီးတာဝန်ထမ်းဆောင်နေတဲ့သူတွေဖြစ်တယ်။ ငါ့သမီးက ဗြိတိန်နိုင်ငံသားကို ယူထားတော့ အတွေး အခေါ်တွေက မှားမှာပေါ့``… အဲဒီလိုပြောဆိုမယ်ဆိုတာ ဒေါ်စုကြည်တွေးမိရဲ့လား။ ဘုရားပြီးရင် ငြမ်းဖျက်တယ်ဆိုတဲ့ စကားပုံရှိပါတယ်။ ဒါပေမဲ့ အခုဟာက ဘုရားကစတည်နေတုန်းမို့ ငြမ်းကို မဖျက်သင့်ပါဘူး။ ဒီမိုကရေစီလမ်းကြောင်း ပေါ်လျှောက်လှမ်းနေတာ (၁)နှစ်တောင် မပြည့်သေးဘဲ တပ်မတော်သားတွေကို လွှတ်တော်ထဲမှာ မရှိစေချင်ဘူး ဆိုရင် ဒေါ်စုကြည်အတွေးအခေါ်တွေ မှားနေပြီ။ ဆန္ဒစောနေပြီ။

ဒေါ်စုက အခုမှ နိုင်ငံအကျိုး၊ ပြည်သူအကျိုးကို စတင်ထမ်းဆောင်ဖို့ လွှတ်တော်ထဲကိုဝင်မယ်ဆိုရုံရှိပါသေး တယ်။ တပ်မတော်သားတွေက ခေတ်အဆက်ဆက်တိုင်းပြည်ရဲ့လွတ်လပ်ရေးနဲ့ အချုပ်အခြာအာဏာကိုအသက် သွေး ချွေးတွေနဲ့ ထမ်းဆောင်ခဲ့တာ ဒေါ်စု မမြင်ဘူးလား။ မတွေ့ဘူးလား၊ မသိတော့ဘူးလား။ တပ်မတော်သားတွေ ကို လွှတ်တော်ထဲက ဖယ်ရှားဖို့ ကြိုးစားတာ ပြည်သူတွေအတွက်လား၊ ဒီမိုကရေစီနည်းလမ်းကျကျ အကောင် အထည်ဖော်နေတယ်လို့ ပြောနေတဲ့ ဒေါ်စုကြည်၊ ပြည်သူအတွက် ဘာမှမလုပ်ပေးနိုင်သေးပါဘူး။ ဖခင်ဗိုလ်ချုပ် တည်ထောင်ခဲ့တဲ့ တပ်မတော်ကို လွှတ်တော်ထဲကနေဖယ်ရှားတာ၊ ဖခင်ဗိုလ်ချုပ်ကို စော်ကားတာနဲ့ တူနေပြီ။ ဖခင်ကလက်နဲ့ရေး၊ သမီးက ခြေနဲ့ဖျက်ဖို့ ကြိုးစားနေတယ်။ ဒေါ်စုကြည်ရဲ့ NLD ဟာ ယခုကြားဖြတ်ရွေးကောက်ပွဲမှာ ထင်သလောက်အောင်မြင်မှာမဟုတ်ဘူးဆိုတာ ရဲရဲကြီးအာမခံရဲပါတယ်။
 ________________________________________________________________________________
 မောင်ကျောက်ခဲအဖွဲ့ ဝိုင်းတော်သားများ
Print Friendly and PDF

17 ယောက် ဆွေးနွေးခဲ့တယ်:

အိပ်မက်ဖူး said...

ဗိုလ်ချုပ်သာရှိနေကြည့်ပါလား စုကြည်မှားနေပြီလို့မပြောဘူး ပုံထဲကအတိုင်း ဓားနဲ့ထခုတ်လိမ့်မယ် ဒေါ်ခင်ကြည်ဈေးခြင်းတောင်းဆွဲခိုင်းတာတောင် ပါးရိုက်ပါတယ်ဆိုမှ စုကြည်လောက်ကတော့ မျောက်ကတောင်ကသွားအုံးမယ်

Anonymous said...

ဒေါ်စုကြည်က အနောက်နိုင်ငံမှာ အနေကြာတော့ သူ့မှာ နိုင်ငံခြားသားကိုပဲ အထင်ကြီးတဲ့ ရောဂါရှိနေတယ်.. ဒါကြောင့် မြန်မာ့စစ်တပ်ကို နားမလည်နိုင်ဘူးဖြစ်နေတာ.. သူသာအာဏာရလာရင် အမေရိကန်က ငါတို့ နိုင်ငံကို ၀င်တော့မှာပဲ... အဲလိုဝင်လာရင် ငါတို့နိုင်ငံ ဘယ်လိုဖြစ်သွားမလဲဆိုတာ ဘယ်သူအာမခံနိုင်လဲ.. စစ်တပ်က နိုင်ငံတော်ကို ကာကွယ်လာတာ ဟိုးအရင် အဆက်ဆက်ကပါ.. ရောင်စုံသောင်းကျန်းသူ..တရုတ်ဖြူ ..ဗကပ စသည်ဖြင့် ငါတို့နိုင်ငံတော်ကို ကာကွယ်ခဲ့ကြတာပါ.. နောက် စစ်တပ်ဆိုတာ ဒေါ်စုအဖေ ဗိုလ်ချုပ်အောင်ဆန်းက တည်ထောင်ခဲ့တာပါ.. ခုလိုပြောနေတာက အဖေကိုပြန်စော်ကားနေတဲ့ သဘောမျိုးသက်ရောက်ပါတယ်.. နိုင်ငံခြားမှာနေတာကြာလို့.. အဲလိုအတွေးအခေါ်တွေဝင်နေလားဆိုတာ.. ဒေါ်စုကိုယ်တိုင်ပဲ သိမှာပါ

Anonymous said...

ဒေါ်အောင်ဆန်းစုကြည် က စစ်တပ်ကို ပြောတဲ့ စကားတွေသာ ဗိုလ်ချုပ်သိရင် အာဇာနည်ဗိမန်ကနေ ထလာပြီး ပါးရိုက်မှာ
မွေးရကျိုး မနပ်လိုက်တဲ့ သမီး

ဦးမာန်အောင် said...

မှန်တယ်ကွာ..မြန်မာနိုင်ငံမှာ စစ်တပ် မရှိရင် ဆိုတဲ့ အတွေးဆိုးတွေ ဝင်နေ
တာ ဆိုးတယ်.တကယ်တော့ စစ်တပ်က သာမြန်မာလူမျိုးအရေးကို ထိန်း
နိုင်မှာ.မြန်ာမလူမျိုးတွေရဲ့ တလွဲဆံပင်ကောင်းစိတ်ဓါတ်ကို ပြင်ဖို့လိုပြီ.။
ဘုရားပြိး ငြမ်းဖျက်ချင်တဲ့ ဒေါ်စုတစ်ယောက်..သူ့သာ လွှတ်တော်ထဲရောက်၇င် စစ်တပ်ကို လျှော့မယ်ပြောနေတာ..တကယ်တမ်း
စစ်တပ် မပါရင် ဖရိုဖရဲနဲ့ အခုလက်ရှိ နိုင်ငံအရေးကို ပဝါမနိုင် ထဘီမနိုင်နဲ့ဖြစ်နေမှာ မြင်ယောင်သေးတယ်ကွာ

Anonymous said...

တပ်မတော်ကို ကျေးဇူးမကန်းပါနဲ့ ဒေါ်စု
ဒီနေ့ မြန်မာနိုင်ငံကြီး ကမ္ဘာ့အလည်မှာ ဒီလိုမျက်နှာပန်းပွင့်လာတာ ဘယ်သူ့ကြောင့်လည်း ဆိုတာ မမေ့ပါနဲ့
တပ်မတော်အစိုးရက ဆွဲပေးခဲ့တဲ့ အခြေခံဥပဒေနဲ့ တပ်မတော် အစိုးရ တည်ထောင်ထားတဲ့ မြို့တော်က တပ်မတော်အစိုးရ ဆောက်လုပ်ထားတဲ့ လွှတ်တော်ခန်းမထဲ ဝင်ဖို့ တပ်မတော်ကို စော်ကားတဲ့ စကားမပြောနဲ့
နိုင်ငံတည်ဆောက်ရေးမှာ တပ်မတော်လိုတယ်ဆိုတာကို လက်ခံပါ
တပ်မတော်ကို မထီမဲ့မြင်ပြုတာက သိန်းနဲ့ချီတဲ့ တပ်မတော်သား အားလုံးကို မထီမဲ့မြင်လုပ်တာဖြစ်သလို တပ်မတော်သားတွေကို မှီခိုနေတဲ့ သန်းပေါင်းများစွာသော ပြည်သူ တွေကို မထီမဲ့မြင်လုပ်တာပဲ
နောက်ဆို အပြောအဆိုဆင်ခြင်ပါ

အိပ်မက်ဖူး said...

အောင်မြင်မလား မအောင်မြင်ဘူးလားတော့မသိဘူး nld ကိုယ်စားလှယ်တွေရဲ့လုပ်ရပ်တွေကတော့ဒေါ်စု သင်ပေးသလား မှတ်ရတယ် အပုပ်နံ့ကိုသင်းနေတာပဲ

Anonymous said...

အမေစုကိုအကောင်းမပြောတဲ့ကောင်တွေ ကြားဖြတ်ရွေးကောက် ပွဲရလဒ်နဲ့ပဲဆုံးဖြတ်မယ်ကွ.....ဟဟ ကြောက်ချီးပန်းမနေနဲ့

Anonymous said...

ပ၀ါမနိုင် ထမီမနိုင်တာတော့ပြောမနေနဲ့ အသက်တောင် ကြွင်းဝရောက်နေပြီ ကမျင်းကြောကခုထိထချင်တုန်း ဒါကြောင့်လည်းအမတ်လုပ်တာပေါ့ လမ်းအောင်လေ

Anonymous said...

အခြေခံဥပဒေ မပြင်လည်း လူထုအကျိုးအတွက်လုပ်စရာတွေ အများကြီးရှိတဲ့အကြောင်းကို ဒေါ်စုကို အရင်သင်ပေးလိုက်ပါ ကြပါအုံး မောင်ကျောက်ခဲဝိုင်းတော်သားများရေ

Anonymous said...

ဒေါ်စုကတော့ လင်တော်ရုံအားမရဘုး နိုင်ငံကိုပါ ရောင်းစားမလို့ ကြံနေပြန်ပြီ.. ဗိုလ်ချုပ်သာသိရင် အသည်းကွဲပြီးသေသွားလောက်တယ်...

Anonymous said...

အသက် ၃၀ အရွယ် တပ်မတော်ကိုယ်စားလှယ်များနေရာတွင်
အသက် ၆၀ အရွယ် ကျောင်းသား(၈၈) များကို အစားထိုးပါ
လွှတ်တော်ကို ဘိုးဘွားရိပ်သာ လို့နာမည်ပေးပါ

Anonymous said...

မြန်မာနိုင်ငံတွင် အလိုအပ်ဆုံးကဒီမိုကရေစီဟု ပြောကြပါ၏ ။ ဟုတ်သည် . . . မြန်မာနိုင်ငံတွင်အလိုအပ်ဆုံးက ဒီမိုကရေစီပင်ဖြစ်သည် ။ ပြည်သူများ အပေါ်အကြောက်တရားကြီးစိုးချိန်မှာ ကြာခဲ့ပါပြီ . . . မြန်မာပြည်သူများသည်
ဆယ်အိမ်ခေါင်းမှ အစ တိုင်းမှုးအထိ ကြောက်ခဲ့ကြရသည် ။ ပွင့်လင်းစွာပြောလိုပါသည် . . . နအဖ မှ အစ ကြံ့ဖွံ့ပါတီဝင်များကို ခေါင်းငုံ့လျိုနေခဲ့ကြရသည် ။ ဒီလိုအဖြစ်ဆိုးတွေက လွတ်အောင် ဘယ်လိုလုပ်ကြရမည်နည်း . . . ? ။

အန်အယ်ဒီပြန် ပေါ်လာသည် ။ ဒေါ်အောင်ဆန်းစုကြည် ပြန်လည်ပြန်လည်လွတ်မြောက်လာသည် ။ ပြည်သူများမှာ အရှေ့နေ၀န်းထွက်သည့်ပမာ ပျော်ရွင်ခဲ့ကြသည် . . . ၀မ်းမြောက်ခဲ့ကြသည် ။ စာရေးသူကိုယ်တိုင်ပင် မျက်ရည်ဝဲအောင်ဝမ်း
သာခဲ့ပါသည် ။ သို့သော် စာရေးသူ ယုံကြည်သော ပါတီ ၊ ခေါင်းဆောင် များကို ပြည်သူ့အတွက်အကောင်းဆုံး ဖြည့်ဆည်းပေးနိုင်သော သူရဲကောင်းများပမာသာ ဖြစ်စေချင်ပါသည် ။ဟေလာမောင်ရို့ဝါး . . . ဟူသော ဝေလေလေ လူမျိုးများ
မဖြစ်စေလိုပါ ။ထိုအချိန်မှ စ၍ အန်အယ်ဒီဝေဖန်ရေးဆောင်းပါးများရေးဖြစ်ခဲ့ပါသည် ။

" မင်းဘာဖြစ်လို့ ကြံ့ဖွံ့ ကို ကြတော့ မဝေဖန်ပဲနဲ့ အန်အယ်ဒီကိုပဲ ဝေဖန်နေတာတုန်း " ဟုမေးပါက ဖြေရန် အဖြေအဆင်သင့်ရှိပါသည် ။ ကြံ့ဖွံ့သည် စာရေးသူ ယုံကြည်သော ပါတီမဟုတ်ပါ . . . စာရေးသူယုံကြည်သော အဖွဲ့အစည်းသည်
အန်အယ်ဒီ သာ ဖြစ်ပါသည် ။ထိုကြောင့် အန်အယ်ဒီ ဆောင်ရန်ရှောင်ရန် ဆောင်းပါးများ ရေးဖြစ်ပါသည် ။ ထိုကြောင့် ပါဆင်နယ်မေးလ်များပို့၍ ဆဲဆိုခြင်းကိုလည်း မေ့လျှော့လိုက်ပါသည် . . . ကဲ့ရဲ့ ချုံ့ချ ခြင်းကိုလည်း သည်းခံလိုက်ပါသည် ။
စာရေးသူ သည် ကိုယ့်လိပ်ပြာကိုယ်လုံလျှင်ပြီး ပြီဟု ယူဆသော တစောက်ကန်းတယောက်လည်း ဖြစ်နေပြန်သည် ။

ပထမဆုံး စာရေးသူ မကြိုက်သော အချက်ကို စပြောပါမည် ။ အမေစု ( သို့ ) ဒေါ်အောင်ဆန်းစုကြည် အပေါ် ပါဆင်နယ်ပိုင်းဆိုင်ရာ အယုံကြည်လွန်ကဲနေခြင်း ၊ အကြည်ညိုလွန်ကဲခြင်းကိုမနှစ်ခြိုက်ပါ ။ စစ်မှန်သော ဒီမိုကရေစီတွင် ပါဆင်နယ်
အီလစ်များအပေါ်တွင် အလွန်တရာ အားထားခြင်းမရှိ ။ ဒီမိုကရေစီသည် လူပုဂိုလ်တစ်ယောက်အပေါ်တွင်တည်ရှိခြင်းမဟုတ် ။ ဒီမိုကရေစီသည် ပြည်သူများအပေါ်တွင် မူတည်နေခြင်းသာ ဖြစ်ပါသည် ။ အမေစုအား ဒီမိုကရေစီကို ရှေ့ဆောင်
လမ်းပြသော သူရဲကောင်းဟု လူထုက ယူဆနေကြခြင်းကို လည်းနားလည်ပါသည် ။ သို့သော် ၂၁ ရာစု ဒီမိုကရေစီိလိုက်ဇေးရှင်းတွင်ကား ဤကဲ့သို့ယူဆစရာမလိုဟု ထင်မြင်မိသည် ။ စာရေးသူပြောချင်သည်ကား ယုံတော့ယုံပါ . . . မပုံနှင့်
ဟူ၍ဖြစ်သည် ။ သူရဲကောင်းခေတ်သည် လွန်ခဲ့ပြီ . . . သူရဲကောင်းကိုမျှော်၍လည်း မြန်မာပြည်သားတို့ နာခဲ့ပေါင်းများလှပြီ . . . အဆိုးရွားဆုံးဝေဖန်ရလျှင် မြန်မာပြည်သားများသည် ဒီမိုကရေစီကို သေချာကျနစွာသဘောမပေါက်သေး . . .
လွတ်လွတ်လပ်လပ် နေချင် ခြင်းသာ ရှိကြသည် ။

ဝေဖန်ခြင်းနှင့် အပုတ်ချခြင်းမှာမတူညီပါ . . . ဒီမိုကရေစီလိုလားသူများသည် ဒီမိုကရေစီလိုလားသူများလို ကျင့်ကြံကြရမည် ။ လက်ရှိအခြေအနေအရ ထိုသို့မဟုတ် . . . လူထုတွင် မပြည့်ဝသူများကို အများအပြားတွေ့မြင်ကြရသည် ။ လူလတ်
တန်းစား အီလစ်များ ရှင်သန်ကြီးထွားသော ရန်ကုန်မြို့ကြီးမှာပင် အမြင်မတော်ဆင်တော်နှင့်ခလောက်ဟူသော ဆန့်ကျင်ဘက်များကို မြင်တွေ့နေရသည် ။ နအဖ စစ်အာဏာရှင်များမှိုင်းတိုက်ခဲ့၍ ဟူသော အကြောင်းပြချက်သည် အမှန်တကယ်ဖြစ်ပျက်နေသော . . . စည်ကမ်းမဲ့မှု့နှင့် ညဏ်ရည်ညဏ်သွေး မပြည့်ဝမှု့များကို တဖက်စောင်းနင်းဖုံးဖိရာကြပါလိမ့်မည် ။ အန်အယ်ဒီကို မတန်မဆ ၀န်ထုပ်ဝန်ပိုးပေးခြင်းကားမဟုတ် ။ အန်အယ်ဒီသည် ပြည်သူ့ပါတီဖြစ်သည့်
အတွက် နယ်မြေအရပ်ရပ်သို့ အောင်နိုင်ရေး စည်းရုံးရေးဆင်းသည်သာမက . . . အခြေခံပြည်သူလူထုများ အပေါ် အတွေးအမြင်ပွင့်လင်းမှု့ရှိလာအောင် ကေဒါများလွှတ်လျှက် ဆောင်ရွက်သင့်သည် ဟု ယူဆမိသည် ။

Anonymous said...

ဒုတိယ အချက်ကို ပြောပါမည် ။ အန်အယ်ဒီသည် ဒေါ်အောင်ဆန်းစုကြည်အပေါ်မှီခိုလွန်းအားကြီးသည် ။ အန်အယ်ဒီသည် ပါတီမူပိုင်လှုပ်ရှားမှု့ဟူ၍ မရှိ . . . ရှိခဲ့သော်လည်း မထိရောက် ။ အကယ်၍ ဒေါ်အောင်ဆန်းစုကြည် တစုံတရာဖြစ်ခဲ့လျှင်
ဆက်ခံမည့် ခေါင်းဆောင်မရှိ . . . ရှိခဲ့လျှင်လည်း ဒေါ်အောင်ဆန်းစုကြည် ၏ အီမိုးရှင်း ပါဝါ နော့လစ်ခ်ျ ကို မမှီ ။ ဆက်ပြောရလျှင် အင်မတန်ခွကျပါမည် . . . စာရေးသူလည်း တော်တော်အဆဲခံရမည့်လမ်းကိုမြင်ပါသည် ။ ပါတီသည် လီဒါအပေါ်
မှီခိုလွန်းအားကြီးသည့်အတွက် . . . ဟိုးရှေးယခင်က ၀ါဒမှိုင်းဖြန့်ခဲ့ကြသလို အန်အယ်ဒီ အသံကြားသည်နှင့် အမေစုကိုသာ မြင်ယောင်ကြတော့သည် ။ ကောင်းပြီ . . . အမေစု ဆက်လက်ရှိနေလျှင် အကြောင်းမဟုတ် . . . အမေစု မတော်တဆ
တစုံတခု ဖြစ်ခဲ့ပါမူ . . . တပ်မတော်ကိုယ်စားလှယ် နှင့် ကြံ့ဖွံ့ အမတ်များကြားတွင် အန်အယ်ဒီ လှုပ်မရ ရှားမရ . . . ငုတ်တုတ်မေ့ချေတော့မည် . . . ပြည်သူများ ဤနွံထဲမှ လွတ်တော့မည့်လမ်း ကို စာရေးသူ မမြင် . . .။

Anonymous said...

တတိယအချက်ကိုပြောပါမည် ။ ဖွဲ့စည်းပုံ အခြေခံဥပဒေသည်ခိုင်မာလွန်းသည် ။ ကြားဖြတ်ရွေးကောက်ပွဲသာမက လာမည့်ရွေးကောက်ပွဲတွင် အန်အယ်ဒီနေရာအများစု အောင်နိုင်ပါစေဦး . . . ကွန်စတီကျူ့ရှင်းကိုပြောင်းလဲနိုင်မည်ဟုမမြင်
မြန်မာပြည်သာ စစ်တပ် သြဇာအောက်ကျရောက်ဆဲပင်ဖြစ်သည် ။ ကျရောက်နေဦးမည် . . . ဤကဲ့သို့အခြေအနေတွင်ပင် အတိုက်အခံများကြားတွင် စည်းရုံးမှု့မရှိ . . . ယခင်က ဒုတိယ အန်အယ်ဒီဟု အမည်ခံထားသော အန်ဒီဖက်ဖ်နှုင့်
အန်အယ်ဒီကြားခမောက်လုနေကြသည် . . . စကားစီးချင်းထိုးနေကြသည် ။ ပါတီအများအပြားသည် အန်အယ်ဒီ အရိပ်အောက်တွင် မခိုလှုံ . . . ပါတီပိုင် ပြည်သူ့ကိုယ်စားလှယ်များကို အားပြူလျှက် ကိုယ့်ထီးကိုယ့်နန်း ကိုယ့်ကြဌန်း ပုံစံ
မျိုးနှင့်နေနေကြသည် ။ အန်အယ်ဒီသည် ထိုအတိုက်အခံ ပါတီဝင်များကို စည်းရုံးရမည့်အစား အန်အယ်ဒီအောက်ခြေနှင့် အလယ်အလတ်တချို့က ပါတီငယ်လေးများကို ရန်ထောင်နေသည် ။ တိုင်းရင်းသားပါတီများကို မဟာမိတ်လိုက်မဖွဲ့
ပဲသွေးကြီးနေသည်ဟု ယူဆမိပါသည် ။ စာရေးသူအထင်မှားနိုင်ပါသည် . . . စာရေးသူသည်နိုင်ငံရေးသမားမဟုတ်သည့်အတွက် ပြည်သူတဦးလိုသာ မြင်မိပါသည် ။

စတုတ္တအချက်မှာ အန်အယ်ဒီ ပါတီရုံးခွဲများသည် လှုပ်ရှားမှု့မရှိ ။ နေရာတိုင်းသို့မရောက် ။ပါတီဝင်ချင်သူများသည် မည်ကဲ့သို့ပါတီဝင်ရမှန်းမသိ ။ ပါတီဝင်ချင်ရင် ရုံးကိုသွားဟု လွယ်လွယ်ပြောလျှင်ရနိုင်ပါသည် . . . သို့သော်အရေးကြီးသော
ဤ အခြေအနေတွင် ပါတီဝင် အမာခံများသည် ရပ်ကွက်များသို့ ရောက်နေရမည် . . .ကျေးရွာများသို့ရောက်နေရမည် . . . နေရာတကာသို့ ဗိုင်ဗရိတ်ဖြစ်ရေရမည် ။ နိုင်ငံတကာ မှ ပါတီများသည် ပါတီဝင်အင်အားပြည့်ဝဖို့အတွက် အိမ်သာ
အထိ လိုက်လံ အင်အားဖြည့်ခဲ့ကြသော သာဓက ရှိခဲ့ဖူးသည် ။ ယခုသော် အိမ်သာမဆိုနှင့် အိမ်ဦးခန်းသို့ပင်မရောက် ။ ယခုအချိန်တွင် အန်အယ်ဒီကို ဝေဖန်သော စာရေးသူအား အမြင်စောင်းသော်လည်း လက်ခံနိုင်ပါသည် ။ ယခုစာရေးသူ
တင်ပြသော အချက်များအား စာဖတ်သူများ စဉ်စားစေလိုပါသည် ။ အကျိုးလို၍ ညောင်ပင်ရေလောင်းသည် . . . ပတ်ထမ်းနှင့်တွေ့သော်လည်း ၀မ်းမနည်း ။

D P MG said...

၈၈ တွေရော ဘာထူးလဲ..မအေ-ိုးတွေ စောက်လုပ်စောက်ကိုင်မရှိပဲ
အစိုးရ မကောင်းတာ ထိုင်ပုတ်ခတ်နေတာ
ကြာကူလီကောင် ကပါသေးတယ် ။ မင်းကိုနိုင် စောက်ရူး သူသောက်ဆင့်နဲ့  သမ္မတ မိန့်ခွန်းတောင် ကောက်ဝေဖန်သေးတယ်
အလကားကောင် ဘာမှတတ်တာမဟုတ်ဘူး ။ အစိုးရကို ဆန့်ကျင်မယ် ဒေါင်းခေတ်ပြန်ရောက်မယ် သာ စွတ်အော်ဖိုပဲ သိတယ်
စီးပွါးရေးလည်းမသိ နိုင်ငံရေးလည်းမသိ အခုလည်း ဆင်ဖြူမရှင်ကျွန်းနား သွားငိုခိုင်းအုံးမယ် အဲဒီ မအေေ-းကို

Anonymous said...

ဒေါ်စုကြည်ကို ပုဂိုလ်ရေးအရ ကျုပ်လေးစားပါတယ်။ ဒါပေမယ့် ကျုပ်ပြောချင်တာက Leadership မှာ Source of Power ဆိုတာ အရမ်းအရေးကြီးတယ်ဗျ။ ခေါင်းဆောင်မှုအတွက် ဒီပါဝါကို ဘယ်ကရတာလဲ။ ဒီတော့ NLD ရဲ့ ပါဝါက ဘယ်ကရတာလဲ။ ရှင်းရှင်းလေးပါ အခြေအနေအရ Situational Leader ဖြစ်လာတဲ့ ဒေါ်စုကြည်ဆီကရတာပေါ့။ ကဲ ဒေါ်စုကြည်ကို ပြည်သူတွေ ဘာကြောင့်အားပေးလဲ၊ သူ့ရဲ့ ပါဝါကရော ဘယ်ကရတာလဲ? သူကိုယ်တိုင် ဖန်တီးခဲ့တာလား? မဟုတ်ပါ သူ့ရဲ့ Source of Power ဟာ လွတ်လပ်ရေးခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းဆီက ရခဲ့တာပါ။ ဒီတော့ ဗိုလ်ချုပ်ကြောင့်ရခဲ့တာကို ဗိုလ်ချုပ်တည်ထောင်ပေးခဲ့တဲ့ ဒီစစ်တပ်ကို မစော်ကားသင့်ပါဘူး။ ကျုပ်ပြောချင်တာတော်တော်များသဗျ၊ ဒါပေမယ့်အလျဉ်းသင့်လို့ပြောရရင် ခင်ဗျားတို့ NLD တို့၊ ကျောင်းသားဆိုတဲ့ကောင်တို့၊ ရှိသမျှ မြို့ပေါ်မှာ သာသာယာယာ နေ နေတဲ့ကောင်တွေ စစ်တပ်က ဘာတိုက်ပွဲတွေ တိုက်နေလဲလိုါမေးရင် ခင်ဗျားတို့ ဘာဖြေမလဲ။ ကျုပ်အထင် ခင်ဗျားတို့ကြားဖူးနားဝ ရှိတဲ့ မိုင်းယန်းတို့ မဲသဝေါတို့လောက်ဖြေကြမှာပေါ့။ နောက်ပိုင်းမှာ စစ်အေးတိုက်ပွဲတွေကို တပ်ကကောင်တွေ ထောင်ကျတာလောက်ကိုမပြောနဲ့ အသက်ကို ဖက်နဲ့ ထုတ်ပြီးအခုအချိန်ထိတိုက်နေခဲ့ရတာ ခင်ဗျားတို့မြို့ပေါ်ကလူတွေ ဘာသိကြလို့လဲ။အေးဘာကြောင့်တိုက်နေရတာလဲ မေးရင် အရင်အကြွင်းအကျန်တွေသာ စစ်တပ်ကဆက်မတိုက်ခဲ့ရင် ခင်ဗျားတို့မြို့ပေါ်မှာ ဒီလိုအေးအေးဆေးဆေးတောင် အော်နေလို့ရမှာမဟုတ်ဘူး ၊ ဒင်းတို့တွေ မြို့ပေါ်အထိ နယ်ချဲ့ပြီး ခင်ဗျားတို့ပါ ထွက်တိုက်ရမယ်ဗျ။ ခင်ဗျားတို့အစား အသက်ပေးပြီး တိုက်ပေးနေရတဲ့ စစ်တပ်ကို ဒေါ်စုကြည်အပါအဝင် မစော်ကားစေချင်ဘူး။ လူဆိုတာ သွားရောဂါ ရှိမှ သွားကိုက်တဲ့ ဒုက္ခကို ခံစားတတ်တာ။ မျှမျှတတတွေးကြစမ်းပါ။ ပြီးတော့ အထက်ကပုဂ္ဂိုလ်ပြောသလိုပဲ ပုဂ္ဂိုလ်ရေးယုံကြည်မှုတစ်ခုနဲ့ ဘယ်တော့မှပုံမအပ်ကြပါနဲ့။ NLD အာဏာရခဲ့သည်ရှိသော် ဒါတွေက ဒုတိယ Monopoly အုပ်ချုပ်ရေးစနစ်ကို ထပ်ရောက်သွားရင် ဒီမိုကရေစီဆိုတာ သွားပြီပေါ့ဗျ။ တန်းတူညီမျှ အခွင့်အရေး အရ ခင်ဗျားတို့ရော ကျုပ်တို့ရော ကြိုက်ချင်တဲ့ပါတီ ကြိုက်လို့ရတယ်။ NLD ကိုမကြိုက်တာနဲ့ ကျီးတွေလို ဝိုင်းအာပြီး ဆဲနေကြတာ တော်တော် ရုပ်ညံ့တယ်ဗျာ။ မနေ့တနေ့ကမှ တောကနေ ဘောလုံးအကြောင်း မသိတဲ့ကောင် မြို့တက်လာပြီး မန်ယူ ကြိုက်တာ မဖြစ်ကြစေနဲ့ပေါ့ဗျာ။ နောက်မှ ဆက်ဦးမည်။

Anonymous said...

ကောင်းလိုက်တဲ့ အတွေးအခေါ်တွေပါလား။ ခုမှပဲကြားဖူးတော့တယ်။ ကောင်းပါတယ်။

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ