Mar 16, 2012

နှစ် ၅၀ ကြာ ရပ်ဆိုင်းထားသော ၈ တန်း ပညာသင်ဆု အရည်အချင်း စစ်၍ ပြန်ပေးတော့မည်

ရေးဖြေ၊ နှုတ်ဖြေများ အပါအဝင် ကိုယ်လက်ကြံ့ခိုင်မှု စစ်ဆေးခြင်းများဖြင့် (အလယ်တန်း) ၈ တန်း ပညာသင်ဆုကို မတ်လ ၃၀ ရက်နေ့၌ တစ်နိုင်ငံလုံးတွင် တစ်ပြိုင်တည်း ပြုလုပ်ကျင်းပပေးသွားမည်ဟု နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာနမှ သိရသည်။ ၁၉၆၂ ခုနှစ်မှစ၍ ရပ်ဆိုင်းခဲ့သည့် အခြေခံပညာအဆင့် စကောလားရှစ်ဆုများကို ၂၀၁၂-၁၃ ပညာသင်နှစ်တွင် ပညာရေးဝန်ကြီးဌာနမှ ပြန်လည်ပေးအပ်မည်ဖြစ်ရာ ၄င်းနေ့မှာပင် (မူလတန်း) ၄ တန်း ပညာသင်ဆု စာမေးပွဲကိုပါ စစ်ဆေးသွားမည်ဟု အထက်ပါဝန်ကြီးဌာနမှ သိရသည်။ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးကြူက “၈ တန်း ပညာသင်ဆုကို အထက်က ပြောသလိုပဲ ရေးဖြေ၊ နှုတ်ဖြေနဲ့ ကိုယ်လက်ကြံ့ခိုင်မှုကို စစ်မယ်။ အဲဒီရက်မှာပဲ ၄ တန်း ပညာသင်ဆုကိုလည်း စစ်မယ်။ ၄ တန်းကိုတော့ ရေးဖြေတစ်ခုတည်းပဲ သွားမယ်။ ၈ တန်းက နှစ်ရက်လောက် စစ်ရမယ်။ သူက ရေးဖြေနဲ့ တခြားစစ်စရာတွေ ရှိတဲ့အတွက်ကြောင့်ပဲ” ဟု ပြောသည်။ ၄ တန်းနှင့် ၈ တန်း ပညာသင်ဆု စစ်ဆေးမည့် မေးခွန်းကို ဗဟိုမှ ကြီးကြပ်မှုဖြင့် ဘုတ်အဖွဲ့ဖွဲ့ကာ ထုတ်ထားပြီး တက္ကသိုလ်ဝင်တန်း ပုံစံမျိုးဖြင့် ကြပ်မတ်သွားမည်ဟု ဒုတိယဝန်ကြီးက ထပ်မံဆိုသည်။ “ဘာမေးခွန်းမှလည်း မပေါက်စေရဘူး။ တကယ့်ကို သမာသမတ်ကျမယ့် စာမေးပွဲတစ်ခုပဲ။ တစ်မြို့နယ်ကို ၄ တန်းနဲ့ ၈ တန်း တစ်ယောက်စီပေးမယ်” ဟု ဒုတိယဝန်ကြီးက ထပ်လောင်းပြောသည်။ ၄ တန်း ပညာသင်ဆု ရရှိသူအနေဖြင့် အခြေခံပညာအလယ်တန်း အဆင့်များတွင် ချီးမြှင့်ငွေ တစ်လလျှင် ကျပ် ၁၀၀၀၀ ဖြင့် နှစ်တစ်နှစ်တွင် ၁၀ လတာ ရရှိသွားမည်ဖြစ်ပြီး ၈ တန်း စကောလားရှစ် ရရှိသူဆိုပါက တစ်လလျှင် ကျပ် ၁၅၀၀၀ ဖြင့် တစ်နှစ်တွင် ၁၀ လတာကို သတ်မှတ်ထားသည့် အတန်းများအလိုက် ရရှိသွားမည်ဟု တရားဝင်ထုတ်ပြန်မှုအရ သိရကြောင်း ၂၀၁၂ ခုနှစ် မတ်လ ၁၅ ရက်နေ့ထုတ် Popular News ဂျာနယ်တွင် ဖော်ပြထားပါသည်။  မောင်ကျောက်ခဲအဖွဲ့ ဝိုင်းတော်သားများ
Print Friendly and PDF

1 ယောက် ဆွေးနွေးခဲ့တယ်:

ပျံလွှား said...

ကောင်းလိုက်တာဗျာ ဒါမျိုးတွေဖြစ်သင့်နေတာကြာပါပြီဗျာ ဘာပဲပြောပြောကလေးတွေကြိုးစားချင်စိတ်ရှိလာတာပေါ့..
ကောင်း၏

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ