တကယ်ပါ--အမေစု ကို တကယ်လေးစားတယ်
တကယ်ပါ--အမေစု ဟာ သားတို့အတွက် မျှော်လင့်ချက်ပါ
တကယ်ပါ--အမေစု ဟာ သားတို့ရဲ့ အနာဂတ်ပါ($ လေ -ဒါတွေအမေ သိအောင် ဘယ်လိုပြောပါ့မလဲ)
အမေစု ပေးတဲ့လမ်းအတိုင်း သားတို့ လျှောက်ခဲ့ပြီးပြီ အမေ..။
အမေ့ရဲ့မြေးတွေ နိုင်ငံတကာနဲ့အညီ ဘွတ်တွတ်ရွှတ်တွတ် ပြောတတ်နေပြီ အမေ..
ဗမာစကားကလွှဲရင်ပေါ့အမေရယ်...။
အမေမြေးတွေ ဆိုင်ကြီးတွေမှာ ဇွန်းခက်ရင်း နဲ့ တူတွေကိုင်ပြီး စတိုင်ကျကျ ထိုင်စားနေတတ်ပြီ အမေ...။ငါးပိနံတော့သိပ် မခံနိုင်ဘူးပေါ့အမေရယ်...။
အမေ့မြေးသားမက်တွေကလည်းကောင်းရှာပါတယ်..(အမေ့မြေးမလေးပြောပြချက်အရပေါ့နော်..ဘာကောင်းတာလည်း သားမမေးမိဘူးအမေရယ်)
သူတို့အိမ်ထောင်ဘက်လေးတွေလည်း ဘ၀တူဒုက္ခသည်...