Nov 8, 2011

ဗုဒ္ဓ္ဓဘာသာနိုင်ငံမှပြည်သူများအတွက် အချင်းချင်းရန်တိုက်ပေးနေ-သွေးခွဲနေကြသော ပြည်ပသတင်းဌာနများအတွက်အရေးမကြီးပေမဲ့ ဗုဒ္ဓဘာသာတွေအတွက်အရေးကြီးသော သတင်း

ဗုဒ္ဓဘာသာနိုင်ငံဖြစ်သည့် မြန်မာပြည်သူများအတွက် နိုင်ငံရေးလှည့်ကွက်များ တံတောင်တွတ်မှုများ သာ
ဖန်တီးပေးနိုင်သော HOT NEWS များသာ ဖန်တီးပေးပြီး ပြည်သူကိုယ်စားပြုဟု ၄င်းတို့ဘာသာ အမည်ပေးထားသော အစိုးရအတိုက်အခံသတင်းများ ဘလော့ဂ်ဂါများ အား တဖန်ပြန်လည် ကန့်လန့်တိုက်၍လည်းကောင်း ၊ ဗုဒ္ဓဘာသာဝင်ပီသစွာ ဓမ္မသတင်းလက်ကမ်းလိုသောကြောင့်လည်းကောင်း
ဗုဒ္ဓဘာသာဆိုင်ရာ သတင်းထူးကို စာဖတ်သူများအား ဝေငှလိုပါသည်။
    တရုတ်ပြည့်သူသမ္မတနိုင်ငံတွင် ကိန်းဝပ်စံပယ်တော်မူသည့်             ဗုဒ္ဓမြတ်စွယ်တော်(အစစ်)သည်မြန်မာနိုင်ငံသို့ဒေသစာရီကြွတော်မူ      
   ဂေါတမမြတ်စွာဘုရားသည် မဟာသက္ကရာဇ်(၁၄၈)ခုနှစ် ကဆုန်လပြည့် (အဂါင်္င်္နေ့)တွင် မဟာပရိနိနိဗ္ဗာန်
စံတော်မူပါသည်။ထိုအခါ ရှစ်ပြည်ထောင်မင်းအပေါင်းမှ အရိုးတော်များ၊ပြာများ၊သရီရဓါတ်တော်များအား ရယူလို၍ သူထက်ငါ တောင်းဆိုကြရာ စစ်မက်ဖြစ်ပွား ရုန်းရင်းဆန်ခတ်အနေအားမရောက်မီ ဒေါဏပုဏ္ဏား
မှ ညှိနိုင်းပေးမှုဖြင့် နံ့သာထင်းတုံ့းများဆင့်ကာ ကျန်ရှိခဲံ့သော ဥတုဇရုပ်ကလာပ်တော်အား တေဇောဓါတ်လောင်ကျွမ်း(မီးသဂြိုလ်)စေရာ မီးမတောက်ပဲရှိနေလေ၏ ။ထိုအခါ အရှင်မဟာ ကဿဖ မထေရ်မြတ်ကြီး ကန်တော့ပြီးစဉ်အခါတွင် အံသြဖွယ်ရာပင် အလိုအလျှောက် တေဇောဓါတ် လောင်ကျွမ်းပါတော့သည်။
တေဇောဓါတ်လောင်ကျွမ်းစဉ်ကပင် ပကတိအတိုင်းတည်ရှိသော သရီရ ဓါတ်တော် (၇)ဆူ ကျန်ရှိပါသည်။
၎င်းတို့အနက်မှ-
၁။တာဝတိံသာ နတ်ပြည် ၌ တစ်ဆူ(အထက်လက်ယာ)
၂။တရုတ်ပြည်သူသမ္မတနိုင်ငံရှိ ကွမ်းဂျီစု ဘုရားကျောင်း ၌ တစ်ဆူ(အထက်လက်ဝဲ)
၃။နဂါးပြည် ၌ တစ်ဆူ(အောက်လက်ယာ)
၎။သိရိလင်္ကာနိုင်ငံ ကန္ဒီမြို့ရှိ စွယ်တော်ကျောင်း ၌ တစ်ဆူ(အောက်လက်ယာ)
    ဟူ၍ ယနေ့တိုင် တည်ရှိနေပါသည်။

                ဗုဒ္ဓမြတ်စွယ်တော်များ မြန်မာပြည်သို့ ဒေသစာရီကြွဖူးခဲ့သော သမိုင်း အချက်အလက်များ

   မြန်မာနိုင်ငံသို့ သီရိင်္လကာနိုင်ငံမှ အောက်လက်ဝဲ စွယ်တော်မြတ် သည် ၁၈၉၈ ခုနှစ်တွင်
အရှင် ဝိမလဓီရဟိ အပါအဝင် မရေိမြတ် နှစ်ပါး ဦးဆောင်၍ ဒေသစာရီကြွချီနိုင်ခဲ့ပါသည်။
တရုတ်ပြည်သူု့သမ္မတနိုင်ငံမှ အထက်လက်ဝဲ စွယ်တော်မြတ်သည်လည်း (၃)ကြိမ်တိုင် ဒေသစာရီခရီး
ကြွချီတော်မူခဲ့ဖူးပါသည်။၎င်းတို့မှာ-
၁။ ၁၉၅၅ ခုနှစ်တွင် ပထမအကြိမ်အဖြစ် ၈ လတာခရီးကြွရောက်ဖူးပါသည်။
    ထိုစဉ်က ဆဌသင်္ဂါယနာတင်ပွဲကြီး ကာလအတွင်း ကမ္ဘာအေးကုန်းမြေ  မဟာပါသဏ လိုဏ်ဂူတော်အတွင်း  ကိန်းဝပ်စံတော်မူခဲ့ပါသည်။
၂။ ၁၉၉၄ ခုနှစ်တွင် ဒုတိယအကြိမ်အဖြစ် ၄၅ ရက်တာခရီးအဖြစ်
   (၂၀-၄-၁၉၉၄)ရက်နေ့တွင် မဟာပါသဏ လိုဏ်ဂူတော်ကြီးဆီ ကြွရောက်ခြဲံ့ပီး
   (၅-၅-၁၉၉၄)ရက်နေ့တွင် မန္တလေးမြို့ သို့ ပင့်ဆောင်ရာ ညောင်လေးပင် ၊တောင်ငူ၊ပျဉ်းမနား၊မိတ္ထီလာ၊
   ကျောက်ဆည်မြို့ များတွင် ညအိပ်ရပ်နား၍ အပူဇော်ခံခဲ့ပါသည်။
   တဖန် မန္တလေးမြို့  မဟာမုနိဘုရားကြီး ရင်ပြင်တော်ရှိ မိုးကောင်း ဓမ္မာရုံကြီး၌ (၁၀-၅-၁၉၉၄)
   တွင် ကိန်းဝပ်ပူဇေယ်ခံခဲ့ပါသည်။
   ထိုမှတစ်ဖန် (၁၉-၅-၁၉၉၄) ရက်နေ့တွင် မဟာပါသဏ လိုဏ်ဂူတော်သို့ ပြန်လည်ကြွရောက်ခဲ့ပါသည်။
၃။ ၁၉၉၆ ခုနှစ်တွင် တတိယအကြိမ်အဖြစ် ရက်ပေါင်း ၉၀ ကြာခရီး အဖြစ် (၆-၁၂-၁၉၉၆) ရက်နေ့တွင်
    မဟာပါသဏလိုဏ်ဂူတော်ကြီးဆီ ကြွရောက်လာပြီး ကိန်းဝပ်အပူဇော်ခံကာ
    မန္တလေးမြို့  မဟာအတုလ ဝေယန(အတုမရှိ)ကျောင်းတော်ကြီးသို့(၉-၁-၁၉၉၇)ကိန်းဝပ်အပူဇော်ခံကာ
   (၁-၂-၁၉၉၇)တွင် ရန်ကုန်တိုင်း မရမ်းကုန်းမြို့ နယ် ဓမ္မပါလ ကုန်းမြေ စွယ်တော်မြတ်စေတီတော်
ခန္မကုဋီတိုက်အတွင်း  ကိန်းဝပ်အပူဇော်ခံခဲ့ပါသည်။(၅-၂-၁၉၉၇)တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ပြန်လည်ကြွချီသွားပါသည်။
ဖူးရခဲ့သည့် မြတ်စွယ်တော်
 
           ထူးလှသည့် သည်အရေး ၊ ကြုံနိုင်မှကောင်းဖွယ်
  ယခု အခါ (၃-၉-၂၀၁၁) ရက်နေ့တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ တာဝန်ရှိသူများနှင့် မြန်မာနိုင်ငံရှိ သာသနာရေးဝန်ကြိးဌာနတို့ သည် တွေ့ဆုံဆွေးနွေးပြီးသကာလ ဗုဒ္ဓ္ဓ မြတ်စွယ်တော် အား မြန်မာနိုင်ငံသို့ပင့်ဖိတ်အပူဇော်ခံရေးမှာအောင်မြင်ပါသည်။ထို့ကြောင့်ပင်လျှင် ရန်ကုန်-နေပြည်တော်-မန္တလေး မြို့သုံးမြို့တွင် ပင့်ဆောင် အပူဇော်ခံပါမည်။အစီအစဉ်အရ-
၁။ နေပြည်တော် တွင် နိဝင်ဘာလ ၆ ရက်မှ ၂၁ ရက်နေ့ထိ လည်းကောင်း
၂။ရန်ကုန် တွင် နိုဝင်ဘာ ၂၂ ရက်မှ ဒီဇင်ဘာ ၂ ရက်နေ့ထိလည်းကောင်း
၃။မန္တလေး တွင် ဒီဇင်ဘာ ၈ ရက် ၂၃ ရက်နေ့အထိ 
 ကိန်းဝပ်အပူဇော်ခံသွားမည်ဖြစ်ပါသည်။
ဤသို့ ဖူးရခဲ ကြုံရခဲ ရခဲ တွေ့ခဲ သော ဗုဒ္ဓ္ဓ၏ စွယ်တော် အစစ်အား ကြုံကြိုက်ဆုံခဲသော အချိန်ကာလလေးဝယ်  မိမိတို့ တတ်စွမ်းသလောက် လှူဒါန်းသမှုပြူကြကာ ရောက်အောင်သွားရောက်ဖူးမြော်နိုင်စေကြောင်း ပြည်တွင်းနေ မြန်မာပြည်သူတို့အား တိုက်တွန်းရပါသည်။ဖတ်မိသူ ပြည်ပေ၇ာက် ဗုဒ္ဓ္ဓဘာသာဝင်များလည်း ပီိတိဖြစ်စေလိုပါသည်။မြန်မာနိုင်ငံတချို့ ဒေသများ၌ ရေဘေး ကျရောက်ခြင်း နယ်စပ်ဒေသများ၌ စစ်ရိပ်မကင်းခြင်း များ ဖြစ်ပေါ်နေသော အချိန် ခဏ၀ယ် ဗုဒ္ဓ္ဓစွယ်တော်ကြွချီလာခြင်း ၊ဆင်ဖြူတော် ထပ်မံပေါ်ထွက်လာခြင်း၊ နိုင်ငံတော်အစိုးရမှလည်း ပြည်သူလူထု ဆန္ဒနှင့်အညီ ရှေ့ခရီးတတ်လှမ်းနေခြင်း စသည့် လက္ခဏာကောင်း သင်္ကတများ နမိတ်များ ပေါ်ထွက်လာခြင်းမှာ မြန်မာနိုင်ငံကြီး အေးချမ်းသာယာကာ အလျှင်အမြန် ဖွံ့ဖြိုးတိုးတက်လာမည်ဟု ယုံကြည်ရပေမည်။

                                                                                 မောင်ကျောက်ခဲ
(၃-၉-၂၀၁၁= ရက်ထုတ် မြဝတီ သတင်းစာ ပါ(ကျော်သူရ(ဓနသိဒ္ဒိ)၏ ဆောင်းပါး မှ အချက်အလက်မျာအား မှီငြမ်းသည်)
မှားယွင်းမှုများပါလျှင် ထောက်ပြ စေလိုပါသည်။

 




Print Friendly and PDF

0 ယောက် ဆွေးနွေးခဲ့တယ်:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ