Oct 6, 2012
ရန်ကုန်တွင် ကရင်စာပေအခမဲ့ သင်ကြားပေး။
ရေးသားသူအဖွဲ့  = မောင်ကျောက်ခဲ အချိန်= 11:30 PM 0 ယောက် ဆွေးနွေးခဲ့တယ်
မိုးသီးဇွန် မြန်မာပြည် ရောက်စဉ် ဒီမို ၁၀ပါတီတွင် တိုင်းရင်းသား ၅ပါတီ ပူးပေါင်းမှု လျော့ချမည်
“ဆယ်ပါတီထဲက နုတ်ထွက်တာတော့ မဟုတ်ပါဘူး။ တိုင်းရင်းသား တွေရဲ့အရေးကို တိုင်းရင်းသား ပါတီတွေကပဲ လုပ်နိုင်မှာမို့လို့ ပူးပေါင်းဆောင် ရွက်မှုတွေ ဆက်မလုပ်တဲ့သဘောပါ”ဟု ကျားဖြူပါတီပြောရေးဆိုခွင့်ရှိသူ ဦးစောသန်းမြင့်က ဆိုသည်။
အခြားသော တိုင်းရင်းသားပါတီများနှင့်လည်း ညီနောင်တိုင်းရင်းသားပါတီ ၅ပါတီတို့ ပူးပေါင်းဖွဲ့စည်းခြင်းများကို မကြာခင်လပိုင်းအတွင်း ဆောင်ရွက်တော့မည်ဖြစ်ပြီး တိုင်းရင်းသားပါတီပေါင်း ၁၅ ခုခန့် စုစည်းမိမည်ဟုယူဆကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။ မိတ်ဆွေ ၁၀ပါတီဝင် ပြည်မပါတီ တစ်ခုဖြစ်သော ဒီမိုကရက်တစ်ပါတီဥက္ကဌ ဦးသုဝေက ၎င်းတို့မိတ်ဆွေပါတီများ စတင်ဖွဲ့စည်းစဉ်ကပင် ပြည်မ ပါတီများနှင့် တူညီသောကိစ္စရပ်များကို ပူးပေါင်းလုပ်ကိုင်ကြပြီး တိုင်းရင်းသားများ၏အရေးကို တိုင်းရင်းသား ၅ပါတီက သီးခြားလုပ်ဆောင်ကြကြောင်း၊ ပူးပေါင်းမှုလျော့ချခြင်းမှာ ၎င်းတို့၏အရေးကိစ္စများကို ပိုမိုဆောင်ရွက်လိုခြင်းဖြစ်ကာ ယင်းပါတီများ၏ မူလရည်ရွယ်ချက်ဖြစ်သဖြင့် အထူးအဆန်းကိစ္စရပ် မဟုတ်ကြောင်း Yangon Chronicle သို့ ရှင်းပြသည်။
ပြီးခဲ့သော လပိုင်းအတွင်းက ABSDFခေါင်းဆောင်ဟောင်း မိုးသီးဇွန်နှင့် မိတ်ဆွေ ဆယ်ပါတီ အမည်တပ်ကာ တွေ့ဆုံခဲ့ခြင်းအပေါ် တိုင်းရင်းသား ပါတီခေါင်းဆောင်များ သဘောတူညီ ခြင်းမရှိကြောင်း ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ၏ အထွေထွေ အတွင်းရေးမှူး ဦးလှစောက သတင်းမီဒီယာ တစ်ခု၌ ပြောကြားခဲ့သည်။
ဒီမိုကရေစီ မိတ်ဆွေ ၁၀ပါတီမှာ
ပြည်မပါတီ ၅ ခုဖြစ်သော အမျိုးသားဒီမိုကရေစီအင်အားစုပါတီNDF၊
ဒီမိုကရက်တစ်ပါတီ (မြန်မာ)၊
ညီညွတ် ရေးနှင့် ငြိမ်းချမ်းရေးပါတီ၊
ပြည်ထောင်စုဒီမိုကရေစီပါတီ၊
အမျိုးသားနိုင်ငံရေး မဟာမိတ်များအဖွဲ့ချုပ်(နုတ်ထွက်သွား)နှင့်
တိုင်းရင်းသားပါတီများဖြစ်သော
ကျားဖြူပါတီ SNDP၊
ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ၊
ချင်းအမျိုးသားပါတီ၊
ဖလုံစဝေါ် ဒီမိုကရက်တစ်ပါတီ၊
မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီ ပါတီ
တို့ဖြစ်ကာ ကြားဖြတ်ရွေးကောက်ပွဲကာလတွင် ပူးပေါင်းယှဉ်ပြိုင်ခြင်းများ ပြုလုပ်ခဲ့သည်။
From-TransparencyMyanmarblog
ရေးသားသူအဖွဲ့  = မောင်ကျောက်ခဲ အချိန်= 9:38 PM 0 ယောက် ဆွေးနွေးခဲ့တယ်
ဆိုင်ရာကဏ္ဍ = ပန်ကြားပါရစေ
ငါတို့ဆေးပြားတွေ ပြန်ပေးမလား ? မပေးဘူးလား ?ဆိုပြီး ပြည်သူစစ်တွေကို ဝိုင်းထားတဲ့ SSA/SSPP
(shan news)
ရေးသားသူအဖွဲ့  = မောင်ကျောက်ခဲ အချိန်= 7:00 PM 1 ယောက် ဆွေးနွေးခဲ့တယ်
ဆိုင်ရာကဏ္ဍ = ဆင်ခြင်နိုင်ကြစေ, သတင်း
မူဆယ်တွင် စစ်တပ်မှအရာရှိဟန်ဆောင်ပြီး သေနတ်အတုဖြင့် ငွေတောင်းသူအား ဖမ်းမိ
တရားခံ(၃)ဦးနှင့် သေနတ်အတု၊ အရာရှိကဒ်အတုများပုံ |
အမှုအတွက်လိုအပ်တဲ့ အချက်အလက်တွေကို မေးမြန်းဖို့ရောက်လာတဲ့ ရဲအုပ် တင်အောင်နဲ့အဖွဲ့ကို ဒေါ်နန်းစောရင်မှ သတင်းပို့ပြောပြ ခဲ့တာကြောင့် အထက်ပါလိမ်လည်သူ ၃ ဦးကို ဖမ်းနိုင်ခဲ့တာဖြစ်ပါတယ်။
ရန်နောင်စိုး အသုံးပြုခဲ့သော သေနတ်အတုပုံ |
"နေ့လည် ၁ နာရီလောက်မှာ စစ်တပ်က အရာရှိအ၀တ်အစားနဲ့ တစ်ယောက်၊ ဆိုင်ကယ်မောင်းသူ တစ်ယောက်၊ ပေါင်း နှစ်ယောက်ဟာ ကျွန်မအိမ်ထဲကိုရောက်လာပါတယ်။ အရာရှိအ၀တ်အစားနဲ့လူက ဗိုလ်ကြီး ရန်နောင်စိုးဖြစ်ကြောင်းနဲ့ နေပြည်တော်မှစေလွှတ်လိုက်တဲ့သူဖြစ်ကြောင်း ပြောပြီး အမှုအတွက် ငွေ ၅သိန်းတောင်း သွားပါတယ်။ ညနေ ၅ နာရီခွဲလောက်မှာ အရပ်ဝတ်နဲ့နောက်တစ်ခါပြန်လာပြီး သွားလာရေးအဆင် ပြေစေဖို့ဆိုပြီး ကားတစ်စီးထပ်တောင်းပါတယ်။ ည ၈ နာရီလောက်မှာ တစ်ခေါက်ပြန်လာပြီး အိမ်ကို လုံခြုံ ရေးလုပ်ပေးမယ်လို့ပြောပြီး ပြန်ထွက်သွားပါတယ်။ ကျွန်မလည်း ခင်ပွန်းသည် အမှုအတွက် အဆင်ပြေမယ်ထင်ပြီး သူတို့တောင်းဆိုတာတွေကို ဆောင်ရွက်ပေးခဲ့တာပါ"လို့ ဒေါ်နန်းစောရင်က ပြောပြခဲ့ ပါတယ်။
တရားခံ(၃)ဦးစီးလာသည့် နံ့သာရောင် (ပရာဒို)ကားပုံ |
မူဆယ်ခရိုင်မှူး၊ စရဖအဖွဲ့၊ မြို့နယ်ရဲအဖွဲ့တွေပူးပေါင်းပြီး ည ၁၁ နာရီခွဲလောက်မှာ ဒေါ်နန်းစောရင်အိမ် အနီးမှာ သွားရောက်စောင့်ဆိုင်းနေစဉ် ပါရာဒိုကား(နံ့သာရောင်)ဖြင့် လူ ၃ ဦးရောက်ရှိလာပြီး ဒေါ်နန်းစောရင်အိမ်အတွင်း သို့ ၀င်ရောက်လာသဖြင့် လုံးထွေးပြီးဖမ်းဆီးနိုင်ခဲ့ပါတယ်။ ၄င်းအရာရှိ ဟန်ဆောင် ထားသူမှာ ရန်နောင်စိုးဖြစ်ပြီး စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့မှဖြစ်ပါတယ်။ ၄င်းကိုင်ဆောင်သည့်သေနတ်မှာ ပစ္စတိုအတုဖြစ်ကြောင်းလည်း သိရပါတယ်။ ၄င်းအမှုကို မူဆယ်ရဲစခန်းမှ ဆက်လက်စစ်ဆေးစုံစမ်းမှုတွေ ပြုလုပ်နေ တယ်လို့သိရပါတယ်။
(shan news)
(မောင်ကျောက်ခဲ)
________________________________________________________________________
ရေးသားသူအဖွဲ့  = မောင်ကျောက်ခဲ အချိန်= 4:52 PM 1 ယောက် ဆွေးနွေးခဲ့တယ်
ဆိုင်ရာကဏ္ဍ = ဆင်ခြင်နိုင်ကြစေ, သတင်း
တူရကီက ဆီးရီးယားပစ်မှတ်များကို လက်တုံ့ပြန်သည့်အနေဖြင့် အမြောက်ဖြင့် ပစ်ခတ်
ဆီးရီးယားပစ်မှတ်အချို့ကို ပစ်ခတ်ပြီးနောက် ကြာသပတေးနေ့ နံနက်ပိုင်းတွင် ရပ်စဲခဲ့သည်ဟု တူရကီ တာဝန်ရှိပုဂ္ဂိုလ်တစ်ဦးက ပြောကြားသည်။ ပစ်မှတ်များမှာ ဗုဒ္ဓဟူးနေ့က အမြောက်ဖြင့် ပစ်ခတ်ခဲ့သော ဆီးရီးယား စစ်စခန်းများဖြစ်သည်ဟု သိရသည်။ မည်သည့်ဆီးရီးယား ပစ်မှတ်များဖြစ်သည်ဟူသော အသေးစိတ် အချက်အလက်များကိုလည်းကောင်း၊ လူအသေအပျောက်ရှိ၊ မရှိကိုလည်းကောင်း ၄င်းတာဝန်ရှိသူက ပြောကြားခြင်း မပြုပေ။
_______________________________________________________________________
ရေးသားသူအဖွဲ့  = မောင်ကျောက်ခဲ အချိန်= 10:30 AM 0 ယောက် ဆွေးနွေးခဲ့တယ်
ဆိုင်ရာကဏ္ဍ = စစ်ရေး
သဘာဝ ပတ်ဝန်းကျင်ဆိုပြီးကိုင်ကိုင်ပေါက်နေတဲ ဂျာနယ်လစ်ရင်လစ်သလိုအော်များသို့
ရေးသားသူအဖွဲ့  = မောင်ကျောက်ခဲ အချိန်= 8:00 AM 0 ယောက် ဆွေးနွေးခဲ့တယ်
ဆိုင်ရာကဏ္ဍ = ပန်ကြားပါရစေ, သုတကဏ္ဍ
စကြာဝဠာကြီး၏ ပြန့်ကားမှု နာဆာအကြမ်းဖျင်းတိုင်း
Hubble Constant (ဟက်ဘယ်ကိန်းသေ) ကို နက္ခတ္တဗေဒသိပ္ပံပညာရှင် အက်ဒွင်ပီဟက်ဘယ်က ၁၉၂၀ ခုနှစ်တွင် အတည်ပြုခဲ့သည်။ ယင်း၏ အယူအဆအရ မဟာစကြာဝဠာကြီးသည် လွန်ခဲ့သော နှစ်ပေါင်း ၁၃ ဒသမ ၇ ဘီလီယံခန့်က Big Bang ဟူသော မဟာပေါက်ကွဲမှုကြီးဖြင့် အစပျိုးခဲ့ပြီး ယနေ့ထက်တိုင် ပြန့်ကားလျက်ရှိကြောင်း ယူဆရသည်။
၁၉၉၀ ခုနှစ်နောက်ပိုင်းတွင် မဟာစကြာဝဠာကြီး၏ ပြန့်ကားမှု အရှိန်အဟုန်သည် အရှိန်ပိုမြင့်လျက်ရှိကြောင်း နက္ခတ္တဗေဒ ပညာရှင်များက တွေ့ရှိခဲ့ပြီးနောက် မဟာစကြာဝဠာကြီး၏ သက်တမ်းနှင့် အရွယ်အစားကို နားလည်နိုင်ရေးအတွက် စကြာဝဠာကြီး၏ ပြန့်ကားမှု အရှိန်အဟုန်မှာ အရေးပါသော အချက်အလက်တစ်ရပ်အဖြစ် ခေတ်သစ်ရူပဗေဒ ပညာရပ်နယ်ပယ်၌ အရေးပါလာခဲ့သည်။
စပစ်ဇာ အဝေးကြည့်မှန်ပြောင်းကို အသုံးချခြင်းအားဖြင့် နက္ခတ္တဗေဒ သိပ္ပံပညာရှင်များသည် အနီအောက်ရောင်ခြည်၏ အရှည်ဆုံး လှိုင်းအလျားကို မှတ်တမ်းတင်နိုင်ခဲ့ပြီး ဟက်ဘယ်ကိန်းဒေသ၏ မူလတန်ဖိုး၌ တစ်စက္ကန့်လျှင် ကီလိုမီတာ (အပေါင်း ၇၄ ဒသမ ၃) သို့မဟုတ် ကီိလိုမီတာ (အနုတ် ၂ ဒသမ ၁)ကို ထပ်တိုးခြင်းဖြင့်လည်းကောင်း အဓိပ္ပာယ်ဖွင့်ဆို သတ်မှတ်ခဲ့သည်။
_______________________________________________________________________
ရေးသားသူအဖွဲ့  = မောင်ကျောက်ခဲ အချိန်= 4:00 AM 0 ယောက် ဆွေးနွေးခဲ့တယ်
အကယ်ဒမီကို ရုပ်ရှင်အစည်းအရုံးကသာ ပေးတော့မည်
ယခုနှစ်မှ စတင်ကာ အနုပညာသမားများနှင့် လွတ်လပ်စွာ ဖွဲ့စည်းထားသော မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးအနေဖြင့် အဆိုပါရုပ်ရှင် ထူးချွန်ဆု ချီးမြှင့်ခွင့်ကို ပထမဆုံး ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ “အကယ်ဒမီပေးတာနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ ရုပ်ရှင်အစည်းအရုံးအနေနဲ့ ပြောင်းလဲ လာတဲ့ ခေတ်စနစ်တွေနဲ့အညီ အကယ်ဒမီဆုတွေကို ကျွန်တော်တို့ မြန်မာနိုင်ငံ ရုပ်ရှင်လောက သားများကသာ ပေးအပ်လိုပါတယ်လို့ ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးထံသို့ တင်ပြခဲ့ရာမှာ အခုဆို ကျွန်တော်တို့ ဆောင်ရွက်လိုတဲ့အတိုင်း ဆောင်ရွက်ခွင့်ရပြီ ဖြစ်ပါတယ်” ဟု မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှ ဥက္ကဋ္ဌ ဦးဇင်ဝိုင်းက ပြောသည်။
“ကျွန်တော်တို့အနေနဲ့ အကယ်ဒမီပေးခွင့် ရလာပြီဆိုပေမယ့် ၂၀၁၁-၂၀၁၂ ခုနှစ်မှာ ပေးမယ်ဆိုရင် ပြင်ဆင် ဆောင်ရွက်ဖို့အတွက် အချိန်တွေမရှိ ဖြစ်နေပါတယ်။ ဒါကြောင့် ၂၀၁၄ နှစ်ဆန်းကနေ ရုပ်ရှင်ထူးချွန်ဆုတွေ စပေးပါမယ်။ ပေးမယ့် ရုပ်ရှင်ကားတွေကတော့ ၂၀၁၃ ဘဏ္ဍာရေးနှစ်အတွင်းမှာ တင်သမျှ ရုပ်ရှင်ကားတွေပဲ ဖြစ်ပါတယ်။ အဲဒီရုပ်ရှင်ကားတွေကို ကျွန်တော်တို့ ရုပ်ရှင်အစည်းအရုံးနဲ့ အနုပညာရှင်တွေက ပေးအပ်သွားမှာပါ” ဟု ဦးဇင်ဝိုင်းက ဆက်၍ ပြောခဲ့သည်။
______________________________________________________________________
ရေးသားသူအဖွဲ့  = မောင်ကျောက်ခဲ အချိန်= 2:00 AM 1 ယောက် ဆွေးနွေးခဲ့တယ်
ဆိုင်ရာကဏ္ဍ = သတင်း
Oct 5, 2012
ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် အရေးအခင်းကာလ မီးလောင်ဆုံးရှုံးမှုများ အတွက် မြန်မာ့အာမခံလုပ်ငန်းမှ လျော်ကြေးငွေပေးအပ်
အဆိုပါ လျော်ကြေးငွေ ပေးအပ်ပွဲသည် ဇွန်လ ၆ ရက်တွင် ဖြစ်ပွားခဲ့သော မသမာရှို့မီးကြောင့် ကူးစက်လောင်ကျွမ်းပြီး ဆုံးရှုံးမှုဖြစ်ပွားခဲ့သည့် ဈေးနှင့် အဆောက်အအုံများမှ အာမခံထားရှိသော “စက်ရုံစုဈေး”၏ ဆိုင်ခန်းများ အပါအ၀င် မြ၀တီဘဏ်၊ ကမ္ဘောဇဘဏ်၊ မြန်မာ့စီးပွားရေးဘဏ်များမှ ချေးငွေရယူထားသော နေအိမ်များအတွက် စုစုပေါင်း ကျပ် ၅၇၉ ဒသမ ၁၀ သိန်းနှင့်
(သတင်းစဉ်)
_______________________________________________________________________
ရေးသားသူအဖွဲ့  = မောင်ကျောက်ခဲ အချိန်= 11:30 PM 0 ယောက် ဆွေးနွေးခဲ့တယ်
ဆိုင်ရာကဏ္ဍ = သတင်း
စီးတီးဘတ်စ်ကား ၂၀၀၂ မော်ဒယ်ကို ပါမစ်မလိုဘဲ တင်သွင်းခွင့်ပြု
“၂၀၀၇ မော်ဒယ်တုန်းက ဈေးကြီးတော့ ပြည်တွင်းက သိပ်မဝယ်နိုင်ကြဘူး။ တချို့က မော်တော်ကားတွေ အပ်တယ်။ အခက်အခဲရှိတော့ စီးတီးဘတ်စ်တွေ အပ်ပြီးတော့ ဟိုင်းဝေးဘတ်စ်တွေ တင်သွင်းကြတယ်။ ပြည်တွင်းမှာ စီးတီးဘတ်စ် စီးရေကျလာတာကို သက်သောင့်သက်သာနဲ့ ဆွဲနိုင်အောင်၊ အများဝယ်နိုင်တဲ့ ကားဖြစ်အောင် အခုလို ၂၀၀၂ မော်ဒယ်တွေကို တင်သွင်းခွင့် ပြုလိုက်တာပါ” ဟု အထက်ပါ တာဝန်ရှိသူက ဆိုသည်။
အဆိုပါ ၂၀၀၂ မော်ဒယ် စီးတီးဘတ်စ်ကားများကို စက်တင်ဘာလ အတွင်းမှစ၍ ပါမစ်မလိုဘဲ တင်သွင်းခွင့် ပြုလိုက်ပြီး တင်သွင်း မှာယူလိုသူများသည် ၂၀၀၂ မော်ဒယ် စီးတီးဘတ်စ် ဘယ်မောင်းယာဉ်များကိုသာ တိုက်ရိုက် တင်သွင်းနိုင်ပြီး ဟိုင်းဝေးဘတ်စ်ကား များမှာ ယခု တင်သွင်းခွင့် ပြုလိုက်သော အစီအစဉ်တွင် ပါဝင်ကြောင်း ထပ်မံ သိရှိရပါသည်။
ယခင်က မထသ (ရန်ကုန်တိုင်းဒေသကြီး) လက်အောက်တွင် မြို့တွင်းခရီးသည်တင် ဘတ်စ်ကား ‘စ’ အက္ခရာမှ ‘ပ’ အက္ခရာအထိ ၅၇၃ စီး ရှိခဲ့သော်လည်း လက်ရှိတွင် ၂၃၆ စီးသာ ပြေးဆွဲလျက် ရှိသောကြောင့် ယာဉ်အိုယာဉ်ဟောင်း အပ်နှံသည့် စီမံကိန်းတွင် ရန်ကုန်မြို့၌ ခရီးသည်တင်ယာဉ် ဘတ်စ်ကားများမှာ လျော့နည်းသွားရခြင်း ဖြစ်ကြောင်း၊ ယခုအခါ ရန်ကုန်မြို့တွင်းတွင် စီးတီးဘတ်စ်ကားများ အစားထိုးပြေးဆွဲရန် လိုအပ်လာပြီဖြစ်ကြောင်း ရန်ကုန်မြို့တွင်း နေ့စဉ်ဘတ်စ်ကားစီး ခရီးသည် ၂ ဒသမ ၆ သန်းခန့်ရှိကြောင်း မထသ (မြို့တွင်း)မှ စာရင်းများအရ သိရသည်။
______________________________________________________________________
ရေးသားသူအဖွဲ့  = မောင်ကျောက်ခဲ အချိန်= 10:30 PM 0 ယောက် ဆွေးနွေးခဲ့တယ်
ဆိုင်ရာကဏ္ဍ = သတင်း
ခုနှစ်ရက်အတွင်း ဆယ်ပေါင် နှင့်အထက် အဆီချ Diet Program
ဒီစာတွေအားလုံးကို ကျွန်တော့ ကောင်မလေးက ကျွန်တော့ အတွက် အပင်ပန်းခံရိုက်ပေးထားရှာတာပါ...... အခု သူ့ ခွင့်ပြုချက်နဲ့ ပဲ သူငယ်ချင်းတွေကို ဝေမျှပါတယ်.... :)
ဒီ Program ကိုလည်း သူပဲရှာပေးခဲ့တာကိုး......
အဆီကျဟင်းရည် ချက်နည်း
ကြက်သွန်နီဥကြီး 6 လုံး
ငရုတ်သီးပွ (အစိမ်း) 2 ခု
ခရမ်းချဉ်သီး 6 လုံး
တ၇ုတ် နံနံပင် ဂေါ်ဖီထုပ် 1 လုံး
Lapton Omon Soup Mix တစ်ထုပ်
(လိုအပ်လျှင် စွပ်ပြုတ်အခဲ (၁-၂) ခဲ) အရသာရှိစေရန် ဆား၊ ငရုတ်ကောင်း၊ မဆလာ၊ အမွှေးအကြိုင် လိုအပ်သလိုထည့်ပါ။ (တုန်ယမ်း ချဉ်စပ် အနှစ်နဲ့ တွဲဖက်ချက်လျှင်လည်းရပါသည်... ကျွန်တော်ကတော့ တုန်ယမ်းနှင့်တွဲချက်ပါသည်.... အနံအသက်အတော်သက်သာသည်ကို တွေ့ရပါသည်..)
အသီးအရွက်များကို အရွယ်တော် အတုံးများဖြစ်အောင်ဖြတ်ပါ။ ရေဖုံးအောင်ထည့်ပါ။ သစ်သီး၊ ဟင်းသီးဟင်းရွက်မှ ရသောအရည်များကို ထည့်ခြင်းဖြင့်လည်း အနံ့နှင့် အရသာကို ပိုမိုကောင်းမွန်စေပါသည်။ ပွက်ပွက်ဆူ အနေအထားမှာ ၁၀ မိနစ်ခန့် ထားပါ။ ထို့နောက် မီးလျှော့ပြီး ဟင်းသီးဟင်းရွက်များကို နူးနပ်သည်အထိ ချက်ပါ။ အထက်ပါအဆီကျဟင်းရည်ကို အချိန်မရွေး၊ စားချင်သလောက် စားသုံးနိုင်ပါသည်။ ဤဟင်းရည်ကို စားသုံးခြင်းဖြင့် ကယ်လိုရီများမတိုးလာနိုင်ပါ။ များများစားလေ အလေးချိန်ပိုလျော့နိုင်လေဖြစ်ပါသည်။ အလွန်ကြာရှည်စွာစားသုံးလျှင်မူ အာဟာရချို့တဲ့ခြင်းဖြစ်လာနိုင်ပါသည်။ နေ့လည်ပိုင်းများတွင် အပြင်သွားနေရမည်ဆိုပါက ထမင်းချိုင့်ထဲထည့်၍ သယ်ယူသုံးဆောင်နိုင်ပါသည်။
(၇) ရက်စားသုံးနည်းအစီအစဉ်ကို သင်အဆင်ပြေသလို စားသုံးနိုင်ပါသည်။ အညွှန်းအတိုင်း တိကျစွာလိုက်နာပါက သင့်ခန္ဓာကိုယ်အတွင်းရှိ အညစ်အကြေးများ သန့်စင်သွားပါလိမ့်မည်။ ပေါ့ပါးကျန်းမာခြင်း ကိုလည်း ခံစားရပါလိမ့်မည်။ ဤအစီအစဉ်ကို ရက်အနည်းငယ်အတွင်းမှပါပင် ပေါ့ပါးလာသည်ကို တွေ့ရမည်ဖြစ်ပြီး ခွန်အားများလည်း ရှိလာမည်ဖြစ်သည်။ ဤအစီအစဉ်ကို သင်စားနိုင်သလောက်အချိန်အထိ ကြာရှည်စွာစားသုံးနိုင်ပါသည်။ ဤစားသုံးနည်းသည် အဆီများကို လျှင်မြန်စွာ ချေဖျက်နိုင်သည့်နည်း ဖြစ်ပြီး အဓိကလျှို့ဝှက်ချက်မှာ ကယ်လိုရီများကို သင်စားသုံးနိုင်သည့်ပမာဏထက်ပို၍ ချေဖျက်နိုင်ခြင်းဖြစ်ပါသည်။ ဤစားသုံးနည်းကို စားသုံးနေချိန်အတွင်း ကိုယ်ခန္ဓာအတွင်းရှိအဆီများကို ဖယ်ရှားနေသည့်ကာလဖြစ်သောကြောင့် အရက်၊ ယမကာသောက်ခြင်း မသင့်လျော်ပါ။ ဤဟင်းရည်စားသုံးခြင်းကို အနည်းဆုံး ၂၄ နာရီခွာ၍ ရပ်ပြီးမှ အရက်သုံးဆောင်သင့်ပါသည်။
လူတစ်ဦးစီ၏ အစာချေဖျက်စနစ်မတူညီသောကြောင့် ဤစားသုံးနည်း၏ လူတစ်ဦးစီပေါ် သက်ရောက်မှုမှာလည်း ကွဲပြားနိုင်ပါသည်။ ဤစားသုံးနည်းကိုစတင်ပြီး ရက်အနည်းငယ်အတွင်း သင်၏၀မ်းဗိုက်လှုပ်ရှားမှုအခြေအနေ ပြောင်းလဲခဲ့ပါက bran နှင့် fibre ကိုတစ်ခွက်စာစားသုံးနိုင်ပါသည်။ ဤ (၇) ရက်အတွင်း ဘလက်ကော်ဖီ သုံးဆောင်နိုင်သော်လည်း ကော်ဖီမှ ကဖိန်းဓာတ်ကို မလိုအပ်တော့ကြောင်း (၃) ရက်အကြာတွင်တွေ့ရလိမ့်မည်။
အထူးရှောင်ကြဉ်ရန် ပေါင်မုန့်၊ အရက်နှင့် ဂက်စ်ပါသော အချိုရည်များကို ရှောင်ရပါမည်။
ရေ၊ အချိုမပါသော လက်ဖက်ရည်၊ ဘလက်ကော်ဖီ၊ အချိုမပါသော အသီးဖျော်ရည်များနှင့် အဆီဖယ်ထုတ်ထားသော နွားနို့တို့ကို သုံးဆောင်နိုင်ပါသည်။ အရေခွံမပါသော ကြက်သားပြုတ် (သို့) ကြက်သားကင်ကို အမဲသားအစား သုံးဆောင်နိုင်ပါသည်။ သင်ပိုမိုနှစ်သက်မည်ဆိုပါက အမဲသားစားရမည့်တစ်ရက်ကို ငါးပြုတ်နှင့် အစားထိုးနိုင်ပါသည်။ နောက်တစ်ရက်မှာတော့ အမဲသားမှာပါတဲ့ ပရိုတင်းဓာတ်ကို သင်လိုပါလိမ့်မည်။ ဤအဆီကျဟင်းရည်ကို ဆာလောင်သည့်အချိန်တိုင်း၊ ကြိုက်သလောက် ထပ်ကာထပ်ကာစားသုံးနိုင်ပါသည်။ ဤဟင်းရည်ကိုစားသုံးခြင်းဖြင့်ကယ်လိုရီမတိုးလာနိုင်ပါ။ များများစားလေ များများ အလေးချိန်ပိုလျော့လေဖြစ်ပါသည်။ မည်သည့်ဆေးဝါးမဆို ဤစားသုံးနည်းအစီအစဉ်ဖြင့် အန္တရာယ်မဖြစ်လာနိုင်ပါ။ သင်လိုသလောက်အချိန် ကာလအထိ ဤအစီအစဉ်ကို အသုံးပြုနိုင်ပါသည်။ စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုကို သင်ကိုယ်တွေ့ခံစားကြည့်ပါ။
Satred Heart Hospital မှ ခွဲစိတ်ကုသမှုမခံယူမီ ကိုယ်အလေးချိန်လျင်မြန်စွာကျဆင်းရန် လိုအပ်သော အ၀လွန်လူနာများအတွက် အသုံးပြုသည်။ ပထမနေ့ သစ်သီးများအားလုံး (ငှက်ပျောသီးမှအပ)၊ ပထမနေ့တွင်ငှက်ပျောသီးမှ အပ၊ အခြားသစ်သီးများအားလုံးကို စားသုံးနိုင်ပါသည်။ သခွားမွှေးသီးနှင့် ဖရဲသီးများမှာ အခြားသစ်သီးများထက် ကယ်လိုရီပါဝင်မှု လျော့နည်းပါသည်။ ပထမနေ့တွင်အဆီကျဟင်းရည်နှင့် သစ်သီးများကိုသာ စားသုံးခွင့်ရှိပါသည်။
အချိုမပါသော လက်ဖက်ရည်၊ cranberry juice နှင့်ရေကို သောက်သုံးနိုင်ပါသည်။ (ကျွန်တော့ တုန်းက တော့ .. ဖရဲသီး နှင့် အဲဒီဟင်းရည်နှစ်မျိုးတည်းကို ပဲ သောက်ပါတယ်..
ပထမနေ့မှာ
အတော်ခံရခက်ပါလိမ့်မယ်... စိတ်လည်း တိုတတ်ပါတယ်... :) )
ဒုတိယနေ့
ဟင်းသီးဟင်းရွက်များအားလုံး၊ အစိမ်းဖြစ်စေ၊ ကျက်ပြီးသားဖြစ်စေ သင်ကြိုက်ရာ ဟင်းသီးဟင်းရွက်များကို ဗိုက်ပြည့်သည်အထိ စားသုံးနိုင်ပါသည်။ အစိမ်းရောင်ရှိ၊ အရွက်ပါသော ဟင်းရွက်များကို ပို၍စားသုံးသင့်ပါသည်။ ပဲအမျိုးမျိုးနှင့် ပြောင်းဖူးများကိုတော့ ရှောင်ကြဉ်သင့်ပါသည်။ သင်ကြိုက်ရာ ဟင်းသီးဟင်းရွက်နှင့် အဆီကျဟင်းရည်ကိုတွဲဖက်၍ ညစာအတွက်သုံးဆောင်ပါ။ ကင်ထားတဲ့ အာလူးကြီးတစ်လုံးကို ထောပတ်နှင့်ရောပြီး တစ်ခါစားသုံးခွင့်ရှိပါသည်။
ဒုတိယနေ့မှာ အဆီကျဟင်းရည်ကို ကြိုက်သလောက်စားသုံးခွင့်ရှိပါသည်။ သစ်သီးစားခွင့်တော့မရှိပါ။ (ကန်စွန်းရွက် ဂေါ်ဖီထုတ် စတာတွေကို နည်းမျိုးစုံနဲ့ ကြော်စားခဲ့ပါတယ်... ဆီကို ပါလေ့ရုံ အနံ့ကလေး လောက်ထည့်ပြီးရေနဲ့ ကြော်ပါ...... အဆင်ပြေပါလိမ့်မယ်. .... သူတို့ ကတော့ ဘိုစာဆိုတော့ အာလူးကင်ပေါ့လေ... ကျွန်တော်ကတော့ နီးနီးနားနား အဆင်ပြေတဲ့ ကိုရီးယားထမင်းလိပ်တစ်ပွဲဝယ်စားလိုက်ပါတယ်.. အဓိက ကစိဓာတ်ပါတာချင်းတူတူပဲလေ... . )
တတိယနေ့
ပထမနေ့နှင့် ဒုတိယနေ့ကို ရောပြီးစားပါ။ သင်ကြိုက်သလောက် အဆီကျဟင်းရည်၊ သစ်သီးများနှင့် ဟင်းသီးဟင်းရွက်များကို စားသုံးခွင့်ရှိပါသည်။ အာလူးပြုတ်ကိုတော့ စားခွင့်မရှိပါ။
စတုတ္ထနေ့
ငှက်ပျောသီးနှင့် အဆီထုတ်ထားသော နွားနို့၊ အဆီကျဟင်းရည်နှင့် တွဲဖက်စားသုံးတဲ့အခါမှာ ငှက်ပျောသီးကို (၈) လုံးအထိ စားခွင့်ရှိပြီး အဆီထုတ်ထားတဲ့နွားနို့ကိုတော့ ကြိုက်သလောက် သောက်ခွင့်ရှိပါ သည်။ ငှက်ပျောသီးနှင့် နွားနို့မှာ ကယ်လိုရီနှင့် ကာဗိုဟိုက်ဒြိတ်အများအပြားပါဝင်ပါတယ်။ ဒါပေမယ့် ဒီနေ့မှာ အချိုကိုတောင့်တစိတ်တွေ လျော့ကျသွားစေဖို့ အတွက် ပိုတက်ဆီယမ်၊ ကာဗိုဟိုက်ဒြိတ်၊ ပရိုတင်းနှင့် ကယ်(လ)စီယမ်တို့ကို သင့်ခန္ဓာကိုယ်က လိုအပ်ပါသည်။ (အဆီထုတ်ထားတဲ့ နွားနို့ ရှာမတွေ့နိုင်ခဲ့တာကြောင့် .... ငှက်ပျော်သီး ရှစ်လုံးကို မနက်စာအဖြစ် စားပြီး .. နေ့လည် နဲ့ ညနေကို အရွက်ကြော်ပဲစားခဲ့ပါတယ်... သူမှာတဲ့အတိုင်းတော့ မစားဖြစ်ခဲ့ပါဘူး)
ပဉ္စမနေ့
အမဲသားနှင့်ခရမ်းချဉ်သီး။ ၁၀-၂၀ အောင်စရှိတဲ့ အမဲသားကို လတ်ဆတ်တဲ့ ခရမ်းချဉ်သီး (၆)လုံး လောက်အထိတွဲပြီးစားသုံးနိုင်ပါသည်။ ခန္ဓာကိုယ်မှာရှိတဲ့ urine acid ကိုဆေးချဖို့အတွက် အနည်းဆုံးရေ (၈) ခွက် သောက်ပေးပါ။ အဆီကျဟင်းရည်ကို အနည်းဆုံးတစ်ခါလောက်တော့ စားသုံးဖို့လိုပါတယ်။ (ကြက်သားကို ပြုတ်လိုက်ပြီး .... ခရမ်းချဉ်သီးနဲ့ တွဲစားပါတယ်.... ညနေဗိုက်ဆာတော့လည်း ခရမ်းချဉ်သီးပဲစားပါတယ်...... )
ဆဌမနေ့
အမဲသားနှင့် ဟင်းသီးဟင်းရွက်များ။ ဒီနေ့အတွက်တော့ သင်ဆန္ဒရှိသလောက် အမဲသားနှင့် ဟင်းသီးဟင်းရွက်တွေ ရောပြီးစားသုံးနိုင်ပါတယ်။ အရွယ်တော်အသားတုံး (၆)တုံး လောက်အထိကို အရွက်ပါတဲ့ ဟင်းရွက်နှင့်တွဲပြီး စားသုံးနိုင်ပါတယ်။ အာလူးကင်ကိုတော့ စားခွင့်မရှိပါ။ အဆီကျဟင်းရည်ကို အနည်းဆုံးတစ်ခေါက်လောက်တော့ သောက်ဖြစ်အောင်ဂရုစိုက်ပြီး သောက်ပါ။ (ပျော်စရာကောင်းတဲ့နေ့ပါပဲ ... ကြက်ကင် တစ်ခြမ်းဝယ်လိုက်ပြီး မနက်ညကို အရွက် တစ်မျိုးမျိုးနဲ့ တွဲကြော်ပြီး စားလိုက်တယ်.... ညနေဗိုက်ဆာတော့ ခရမ်းချဉ်သီးပဲစားပါတယ်...)
သတ္တမနေ့
ဆန်လုံးညို၊ အချိုမပါသော သစ်သီးရည်များနှင့် ဟင်းသီးဟင်းရွက်များ။ ဒီ (၃) မျိုးကိုလည်း ကြိုက်သလောက် စားနိုင်ခွင့်ရှိပါတယ်။ အဆီကျဟင်းရည်ကို လည်း မမေ့မလျော့ အနည်းဆုံးတစ်ခေါက်လောက် သုံးဆောင်ပေးပါ။ (သစ်သီးရည်က ရှာရခက်တာကြောင့် .... သစ်သီးနဲ့ အရွက်ကြော်ကို တတိယနေ့ ကစားသလိုပဲစားခဲ့ပါတယ်..) (၇) ရက် ပြည့်ပြီး၊ သင့်ဘက်ကလည်း အညွှန်းအတိုင်း အတိအကျ လိုက်နာခဲ့တယ်ဆိုရင် (၁၀) ပေါင်ကနေ (၁၇) ပေါင် အထိ အလေးချိန်လျော့ကျပြီး ဖြစ်နေပါလိမ့်မယ်။
အကယ်၍ (၁၇) ပေါင်ထက်ပိုပြီး ကျသွားခဲ့တယ်ဆိုရင်တော့ ဒီစားသုံးနည်းကို နောက်တစ်ခါ
ပထမနေ့ကပြန်မစခင် အနည်းဆုံး (၂) ရက် ရပ်ထားလိုက်ပါ
(တစ်ပါတ်ပြည့်တဲ့ အခါ ကိုးပေါင်တိတိကျပါတယ်.... ဒါက ဒီကြားထဲမှာ ကျွန်တော် တို့ ဟူးကြော်နည်းနည်းစားလိုက်တာ ပါလိမ့်မယ်ထင်ပါတယ်... နောက်မုန့်ဟင်းခါး တစ်ပွဲလည်း စားမိပါတယ်.. ကဲ ချစ်လှစွာသော သူငယ်ချင်းမိတ်ဆွေပရိသတ်များ လည်း တစ်ပါတ်လောက်စမ်းကြည့်စေချင်ပါတယ်.... အဆင်ပြေမှာပါ.... အစပိုင်းမှာ အနည်းငယ်ဒေါသကြီးပြီး နောက်ပိုင်းတော့ အသားကျလာမှာပါ.... အောင်မြင်ကြပါစေဗျာ.... )
(ဒီ diet program ကို ကျားမ မရွေးလုပ်နိုင်ပါတယ်... မိန်းမပုံပဲပြထားလို့ ယောက်ကျားတွေ လုပ်လို့ မရဘူးထင်မှာစိုးလို့ပါ)
မေတ္တာ သက်သက်ဖြင့်
လင်းလွန်းညိ
_______________________________________________________________________
ရေးသားသူအဖွဲ့  = မောင်ကျောက်ခဲ အချိန်= 9:00 PM 2 ယောက် ဆွေးနွေးခဲ့တယ်
ဆိုင်ရာကဏ္ဍ = သုတကဏ္ဍ
အာဇာနည်ခေါင်းဆောင်ကြီး၏သမီး ကွယ်လွန်
ရေးသားသူအဖွဲ့  = မောင်ကျောက်ခဲ အချိန်= 7:30 PM 0 ယောက် ဆွေးနွေးခဲ့တယ်
ဆိုင်ရာကဏ္ဍ = သတင်း
ဖာတန်းများနဲ့ အောက်ခြေလူတန်းစား ဘဝ တိုက်ရိုက်ပတ်သတ်မှူမှသည် နားပေါက်နဲ့ ခလောက် ပဲကျန်တော့မည်လား
ဖောက်သည်မျှော်နေတဲ့ ကေတီဗွီမယ်လေး |
ရေးသားသူအဖွဲ့  = မောင်ကျောက်ခဲ အချိန်= 6:00 PM 1 ယောက် ဆွေးနွေးခဲ့တယ်
ဆိုင်ရာကဏ္ဍ = ဆင်ခြင်နိုင်ကြစေ
မိကျောင်းမင်းများ သို့ ရေခင်းမိပြန်ခြင်း
မောင်ကျောက်ခဲ ကောက်ယူရရှိသော မဲအရေအတွက် |
မိကျောင်းမင်းများသို့ ရေခင်းပြသည်ဟု ဆိုစေက ဆိုစေတော့
မောင်ကျောက်ခဲတို့လေးစားသော တပ်မတော်သားများနှင့် တပ်မတော်သားတို့၏ မိသားစုများ ကချင်ပြည်နယ်ရှိ စစ်ရှောင်ပြည်သူများ မျက်နှာကို သာ ကြည့်ပြီး ဆွန်ဇု၏ ကျမ်းကြိးကိုသာ
အားကိုးတကြီး ထုတ်ပြမိပါသည် ။
_____________________________________________________________________
ရေးသားသူအဖွဲ့  = မောင်ကျောက်ခဲ အချိန်= 3:30 PM 0 ယောက် ဆွေးနွေးခဲ့တယ်
ဆိုင်ရာကဏ္ဍ = စစ်ရေး
/မီဒီယာတွင်ဖော်ပြပါရှိသည့် သတင်းများ မှန်ကန်မှု. ရှိမရှိ တိုင်ကြားနိုင်ရန် ရဲစခန်းဖုန်းနံပါတ်များ
ရေးသားသူအဖွဲ့  = မောင်ကျောက်ခဲ အချိန်= 1:30 PM 0 ယောက် ဆွေးနွေးခဲ့တယ်
ဆိုင်ရာကဏ္ဍ = သုတကဏ္ဍ
ဖားကန့်တွင် ငြိမ်သက်သွားပြီးဖြစ်သော်လည်း အလှူငွေများလိုအပ်လျက်ရှိ
နာယကဆရာတော် - ၀၇၄၇၀၆၅၂၊
ဒေါက်တာသိန်းဇော် - ၀၉၄၇၀၁၁၈၂၉၊
ဦးမင်းအောင်(ဥက္ကဋ္ဌ) - ၀၉၄၇၀၁၂၁၄၇
______________________________________________________________________
ရေးသားသူအဖွဲ့  = မောင်ကျောက်ခဲ အချိန်= 1:00 PM 0 ယောက် ဆွေးနွေးခဲ့တယ်
ဆိုင်ရာကဏ္ဍ = သတင်း
မြိတ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်နှစ်ဦး စကားများ ရန်ဖြစ်ကြ
ရေးသားသူအဖွဲ့  = မောင်ကျောက်ခဲ အချိန်= 11:30 AM 0 ယောက် ဆွေးနွေးခဲ့တယ်
ဆိုင်ရာကဏ္ဍ = ဆင်ခြင်နိုင်ကြစေ
ပါကစ္စတန်အခြေစိုက် Jamiat-ul-Mujahideen အဖွဲ့မှ မြန်မာပြည်တွင်းတွင် အကြမ်းဖက်မှုများလုပ်ဆောင်ရန်စီစဉ်
ရေးသားသူအဖွဲ့  = မောင်ကျောက်ခဲ အချိန်= 9:30 AM 0 ယောက် ဆွေးနွေးခဲ့တယ်
ကုလား ဟာ ကုလားပြည် ပြန်ရမယ်
ရေးသားသူအဖွဲ့  = မောင်ကျောက်ခဲ အချိန်= 7:00 AM 0 ယောက် ဆွေးနွေးခဲ့တယ်
ဆိုင်ရာကဏ္ဍ = ဓါတ်ပုံကဏ္ဍ
OIC ကို လက်မခံစေချင်ပါ
ရေးသားသူအဖွဲ့  = မောင်ကျောက်ခဲ အချိန်= 5:30 AM 0 ယောက် ဆွေးနွေးခဲ့တယ်
ဆိုင်ရာကဏ္ဍ = ဓါတ်ပုံကဏ္ဍ
မြန်မာအလှမယ် (မစ္စမြန်မာ)အင်တာနေရှင်နယ် ပြိုင်ပွဲမှာ ပထမဆုံးအကြိမ် ပါဝင်ယှဉ်ပြိုင်..အင်တာနက်မှတဆင့် မဲပေးနိုင်.
ဒီပြိုင်ပွဲကြီးမှာ နိုင်ငံပေါင်း ၅၀ ကျော် မှ အလှမယ်များ ပါဝင်ယှဉ်ပြိုင် ကြမှာဖြစ် ပြီး မြန်မာနိုင်ငံကိုလည်း ပါဝင်ဖို့အတွက် International Cultural Association မှ ဖိတ်ကြားခဲ့တာဖြစ်ပါတယ်။ ပြိုင်ပွဲဝင်မယ့် မနန်းခင်ဇေယျာက ပြိုင်ပွဲအတွက် ပြင်ဆင်ချိန်သိပ်မရခဲ့ဘူး လို့ ဂျပန်နိုင်ငံကို မထွက်ခွာခင်မှာ ပြောခဲ့ပါတယ်။
"ကြိုတင်ပြင်ဆင်မှုမှာတော့ အားရမှု လုံးဝမရှိဘူး။ ဘာဖြစ်လို့လဲဆို တော့ ဒီပွဲ အတွက် စက်တင်ဘာလ ၂ ရက်နေ့ကမှ စကမ်းလှမ်းတယ်။ ကျွန်မက စက်တင် ဘာလ ၁၀ ရက်ကနေ ၁၅ ရက်နေ့ထိ ဗီယက်နမ် မှာကျင်းပတဲ့ International Travel Expo ကို သွားရတော့ ပြင်ဆင်ချိန် သိပ်မကျန်တော့ဘူး"လို့ အသက် ၂၃ အရွယ် မြန်မာကိုယ်စားပြု အလှမယ်လေးက ပြောပါတယ်။ ယဉ်ကျေးမှုအသားပေး ပြိုင်ပွဲဖြစ် တာကြောင့် ရတဲ့အချိန်တိုအတွင်းမှာပဲ မြန်မာ့ယဉ်ကျေးမှုကို ဖော်ထုတ်ပြသနိုင်မယ့် ဆင်ယင်မှုတွေ ကို ပြင်ဆင်ခဲ့တယ်လို့လည်း ဆိုပါတယ်။ လိုအပ်တဲ့ ၀တ်စုံ တွေကို ဒီဇိုင်နာပြည်စိုးအောင်၊ မမဉ္ဇူနဲ့ မသွင်စုထွေးတို့က စီစဉ်ပေးကြပြီး ၀တ်စုံခုနစ်စုံ ၀တ်ဆင်မယ်လို့လည်း ပြောပါတယ်။
"မြန်မာနိုင်ငံရဲ့ဓလေ့အတိုင်း ဆွမ်းအုပ်လေးကိုင်မယ်။ ကုန်းဘောင်ခေတ်ပုံစံ မြန်မာဝတ်စုံလေးကို ၀တ်မယ်။ ကျွန်မက တစ်ယောက် တည်းသွားရမှာ ဆိုတော့ မိတ်ကပ်လည်း ကိုယ်တိုင်ပြင်ရမှာပါ"လို့ ရှမ်းတိုင်းရင်းသူလေးဖြစ်တဲ့ မနန်းခင်ဇေယျာက ပြောပါတယ်။ အင်္ဂလိပ်နဲ့ ဂျာမန်စကားပြန်အဖြစ် ငါးနှစ်ကြာ အလုပ်လုပ်ခဲ့ဖူးတဲ့ အလှမယ် လေးက အနုပညာအလုပ်တွေကို အရင်က တစ်ခါမှမလုပ် ခဲ့ဖူးဘူးလို့လည်း ဆိုပါ တယ်။
"အနုပညာကိုတော့ ငယ်ငယ်ကတည်းက ၀ါသနာပါတယ်။ ဒါပေမယ့် လျှောက်လှမ်းရမယ့်ဘ၀အတွက် ကိုယ့်ကိုယ်ကိုယ် ရပ်တည်နိုင်အောင် ဂိုက်လုပ်တာပါ။ ဂိုက်လုပ်ရင်းနဲ့မှ Miss Myanmar International 2012ကို ၀င်ပြိုင်ဖြစ်သွားပြီး မမျှော်လင့်ဘဲ ဆုရခဲ့ တာပါ။ အဲဒါကြောင့် ဂိုက်မှာလည်း အချိန်ပေးပြီး စာကိုမနည်းဖတ်ပြီး လေ့လာထားရတယ်။ အခုဆိုလည်း မစ္စမြန်မာအင်တာနေရှင် နယ်ဆုကို လည်း ခက်ခက်ခဲခဲနဲ့ ရခဲ့တယ်။ အဲဒါကြောင့် နှစ်ခုစလုံးကိုတော့ မစွန့်လွှတ်ချင်ဘူး"လို့ အလုပ်နဲ့ အနုပညာအပေါ် ထားတဲ့ သူရဲ့ခံယူချက်ကိုပြောပါတယ်။
ပြိုင်ပွဲမှာ Miss International၊ 1st Runner-Up ၊ 2nd Runner-Up ဆု တွေအပြင် တခြားဆုတွေကိုလည်း ပေးအပ်သွားမှာ ဖြစ်ပါ တယ်။ ထူးခြားတဲ့ ဆုတစ်ခုကတော့ Miss Internet ဆု ဖြစ်ပြီး ကိုယ့်အကြိုက်ဆုံး အလှမယ်ကို အင်တာနက်ကနေ မဲပေးကြရမှာဖြစ်ပါ တယ်။ မဲအများဆုံး ရရှိတဲ့ အလှမယ်က ဒီဆုကို ရရှိမှာဖြစ်တာကြောင့် မြန်မာပြည်သူ၊ ပြည်သားများလည်းမနန်းခင်ဇေယျာ အတွက် ပါဝင်မဲ ပေးနိုင်ကြပါတယ်။ ပြိုင်ပွဲနဲ့ပတ်သက်လို့ အသေးစိတ် အချက်အလက်တွေ သိချင်တယ်ဆိုရင် လည်း www.miss-international. org မှာ ၀င်ရောက်လေ့ လာနိုင်ပါတယ်။
ဒီပြိုင်ပွဲကြီးမှာ နိုင်ငံပေါင်း ၅၀ ကျော် မှ အလှမယ်များ ပါဝင်ယှဉ်ပြိုင် ကြမှာဖြစ် ပြီး မြန်မာနိုင်ငံကိုလည်း ပါဝင်ဖို့အတွက် International Cultural Association မှ ဖိတ်ကြားခဲ့တာဖြစ်ပါတယ်။ ခုဒီပြိုင်ပွဲက ပြိုင်ပွဲဝင်အလှမယ်တွေကို အဲဒီပြိုင်ပွဲရဲ့အင်တာနက်စာမျက်နှာမှာ မဲပေးလို့ရပါပြီ အားလုံးပဲ ကျွန်တော်တို့နိုင်ငံကိုယ်စားပြု အလှမယ် မနန်းခင်ဇေယျာကို အောက်ကလင့်ကို နှိပ်ပြီး မဲသွားပေးကြစေချင်ပါတယ်။
မဲပေးရန်နေရာ == >> http://poll.pollcode.com/u7r1ht <<
_______________________________________________________________________
ရေးသားသူအဖွဲ့  = မောင်ကျောက်ခဲ အချိန်= 2:16 AM 1 ယောက် ဆွေးနွေးခဲ့တယ်
ဆိုင်ရာကဏ္ဍ = သတင်း
သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ
ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ | ကြိုဆိုသူများနဲ့ အင်တာဗျူး |
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ | ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ |
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ | မြန်မာ့သိုင်းအစွမ်း |
Latest Videos
88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် | ပြောင်ကြီးဘာလို့ထောင်ကျ |