Sep 30, 2012

အမေရိကန်နှင့်စစ်ရေးပူပေါင်းဖို့ အစီအစဉ် မရှိကြောင်း သမ္မတပြောပြီ

ယခု လ အတွင်းတွင် မြန်မာ့တပ်မတော်မှ အမေရိကန်စစ်တပ်ထိပ်သီးခေါင်းဆောင်များနှင့်တွေ့ဆုံကာ
Cobra Gold စစ်ဆင်ရေးများတွင် ပါဝင်လိုသည်ဟူသော သတင်းများထွက်ပေါ်လာခဲ့ပါသည် ။ထိုအကြောင်းနှင့်ပတ်သတ်၍ ပြည်ပအထောက်အပံဖြင့်ရပ်တည်သော သတင်းမီဒီယာများမှ သမ္မတကြီး
အား တွေ့ဆုံမေးမြန်းရာတွင် သမ္မတကြီးမှ စစ်တပ်အနေဖြင့် အမေရိကန်နှင့် ပူးတွဲစစ်ရေးလေ့ကျင့်ရန်မလို
အပ်ကြောင်းနှင့် နောက်နောင်တွင်လည်း ပုပေါင်းရန် အလားအလာမရှိပါကြောင်းပြောဆိုခဲ့ပါသည် ။

 ဒီမိုကရေစီလမ်းကြောင်းကိုဖော်ဆောင်ပေးနေသော တပ်မတော် အနေဖြင့် နိုင်ငံတော်၏ အခြေခံဥပဒေ
ကို ကာကွယ်ရန်နှင့် တိုင်းပြည်အား ကာကွယ်ပေးရန်အတွက် ခေတ်မှီတိုးတတ်ပြီး ခိုင်မာကျစ်လစ်သော
standard Army တစ်ရပ်ဖြစ်ရန် ဖော်ဆောင်နေပါကြောင်း ၊ ယင်းအတွက် အမေရိကန် ရုရှား တရုတ် ဂျ
ပန် အစရှိသည့် စစ်အင်အားနှင့်စစ်နည်းပညာကောင်းမွန်သော မည်သည့်နိုင်ငံကမဆို ရရှိနိုင်သည့် နည်း
ပညာ အတတ်ပညာများကို ရနိင်သရွှေ့ရယူမည်ဖြစ်ကြောင်း ၊ ယခင်ကတည်းက အမေရိကန်နှင့် အင်္ဂလန်
သို့ မြန်မာ့တပ်မတော် မှ အရာရှိများ စေလွတ်ခဲ့သည်ကို အများအသိဖြစ်ပါကြောင်း လွန်ခဲ့သော နှစ် ၂၀ ခန့်က စတင်၍ ယင်းနိုင်ငံများမှ လက်မခံတော့သည့်အတွက်  ရုရှားတစ်နိုင်ငံတည်းကပင် ဒိုင်ခံခေါ်ယူပြီး
တပ်မတော်အရည်အသွေးများမြင့်တတ်စေရန် စစ်နည်းပညာ အတတ်ပညာများ သင်ကြားပေးခဲ့ကြောင်း ၊
ယခုမူ စစ်နည်းပညာများ တပ်မတော် အရည်အသွေးမြင့်တတ်စေရန် အမေရိကန် ရုရှား ဂျပန် တရုတ် နှင့်
အင်္ဂလန် နိုင်ငံများမှ မည်သည့်နိုင်ငံမဆို စေလွတ်ရန်အစီအစဉ် ရှိပါကြောင်း ပြောဆိုခဲ့ပါသည် ။

ထို့နောက် တပ်မတော် အနေဖြင့် ယခုအချိန်တွင် နိုင်ငံအုပ်ချုပ်ရေးတွင် မစွက်ဖက်ပဲ ဖွဲ့စည်းပုံအခြေခံဥ
ပဒေကို ကာကွယ်ပေးသည့် အနေနှင့်သာ နိုင်ငံရေးတွင် ပါဝင်ခဲ့ပြီး နိုင်ငံတော်ကာကွယ်ရေးတာဝန်ကို
သာ ထမ်းဆောင်နေပြီဖြစ်ကြောင်း ၊ ဆိုသကဲ့သို့ပင် တပ်မတော်၏ ကာကွယ်ရေးကဏ္ဍအတွက် Standard
Army ဖြစ်နေရမည်ဖြစ်ကြောင်း ၊ ယခုအခါ ယင်းအဆင့်သို့ မရောက်ရှိသေးပါကြောင်း ၊ ထို့ကြောင့် ယခု
အချိန်အခါတွင် တပ်မတော်အား အဆင့်မြှင့်တင် ပြောင်းလဲဖွဲ့စည်းနေပါကြောင်း ၊ သို့သော် အင်တာနက်
တွင် ပျံနှံနေခဲ့သော ကောလဟာလ များကဲ့သို့ အမေရိကန်စစ်တပ်နှင့် ပုးပေါင်းရန် လေ့ကျင့်ရန် အစီအစဉ်
မရှိပါကြောင်း နှင့် နောက်နောက်တွင်လည်း ရှိမလာနိုင်ကြောင်း ပြောကြားခဲ့ပါသည် ။



မြန်မာ့တပ်မတော် အနေဖြင့် ယခုအခါ လက်နက်ငယ်မှအစ ဟောင်ဝစ်ဇာအမြောက်ကြီးများ
ဖရီးဂိတ်စစ်ရေယာဉ်ကြီးများ ၊ လူသယ်သံချပ်ကာ ကားများ ကို ပြည်တွင်း၌ပင် တပ်ဆင်ထုတ်လုပ်လာနိုင်
သည့် အနေအထားတွင် ရှိနေပြီး လေတပ်တွင်လည်း ရုရှားနိုင်ငံထုတ်ခေတ်မီ တိုက်လေယာဥင်္များ တိုက်ခိုက်ရေးရဟတ်ယာဉ်များ လည်း ဝယ်ယူဖြည့်တင်းနေပြီဖြစ်ပါသည် ။ အခြေခံ စစ်သည်တစ်ဦးချင်းဆီ
၏ တိုက်ခိုက်ရေး ဝတ်စုံများလည်း ဒေသတွင်းနိုင်ငံများနှင့် အမှီ တပ်ဆင်အသုံးပြုတော့မည်လည်း ဖြစ်ပါ
သည်။
မြန်မာတပ်မတော်ထုတ် နောင်ရိုး ဂျစ်
မြန်မာ့ရေတပ်ထုတ်(ပြည်တွင်းဖြစ်) ဖရီးဂိတ်စစ်သဘောင်္
တပ်မတော်ကာကွယ်ရေးပစ္စည်းစက်ရုံမှထုတ်လုပ်သော ခေတ်မှီမောင်းပြန်စက်သေနတ်များ
အဆင့်မြင့်တင်ထုပ်လုပ်ခဲ့သော မြန်မာ့တပ်မတော်မောင်းပြန်ရိုင်ဖယ်များ
ပုံစံ ၈၇ တင့်ဖျက်၁၀၅ မမ အမြောက်တင် သံချပ်ကာယာဉ်
MBT 2000 တင့်ကား
ရှေ့တည့်တည့်မှ ပစ်သော တင့်ဖျက်ဒုံးကိုပင် လမ်းကြောင်းလွဲနိုင်သော T 72 တင့်များ
အဆောက်အဦတစ်ခုထဲတွင်တွေ့ရသော မြန်မာ့တပ်မတော်ထုတ် BTR 3U သံချပ်ကာကားများ
မြန်မာ့လေတပ်
ခေတ်မှီ MIG 29 များ
MI 35 ရဟတ်ယာဉ်များလည်း ဝယ်ယူနေပြီဖြစ်
လေကြောင်းရန်ကာကွယ်ရေး


(မောင်ကျောက်ခဲ )
_____________________________________________________________________ 
Print Friendly and PDF

1 ယောက် ဆွေးနွေးခဲ့တယ်:

Anonymous said...

The rectangle boxes can only be seen in the text.

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ