Oct 26, 2012

KIA တပ်မဟာ (၁ ) ရိက္ခာမရ၍ အာတာလွတ်ဥပဲ စားနေရသောကြောင့် ဆန်တောင်းတာမပေးသော ရွှာသားများအား သတ်ချင်စိတ်များဖြစ်ပေါ်နေ

From: စစ်ငြိမ်းဦး

 KIA တပ်များ၏ ရှေ့တန်း ဆွမ်ပရာဘွမ် ၊ ပူတာအိုနှင့် မချမ်းဘောဒေသမှ KIA တပ်မဟာ (၁ )တွင် ရိက္ခာနှင့် ဆေးဝါးပြတ်လပ်မှု ရှိနေခြင်းကြောင့် KIA တပ်ဖွဲ့ဝင်များ စိတ်ဓာတ်ကျဆင်းလျက်ရှိကြောင်း သိရပါတယ်။ စိတ်ဓါတ်ကျဆင်းနေသော KIA စစ်သည်များ KIA တွင် တပ်မဟာ (၅) ခုရှိရာ စားစရာဝယ်ယူ/ တောင်းရမ်းစားသုံးနိုင်သော ဗန်းမော်ဒေသနှင့် ဖားကန့် ဒေသများအား ချုပ်ကိုင်ထားသည့် တပ်မဟာများမှအပ ကျန်တပ်မဟာများမှာ ရိက္ခာပြတ်လပ်မှုကြောင့် အာတာလွတ်ဥများကိုသာ စားနေရကြောင်း သိရပါတယ်။


အထူးသဖြင့် ဆွမ်ဘရာဘွမ် ၊ ပူတာအို နှင့် မချမ်းဘောဒေသတွင် တာဝန်ထမ်းဆောင်နေသည့် တပ်မဟာ (၁) မှ တပ်ရင်း (၇) ၊ တပ်ရင်း (၂၂) တို့တွင် မတ်လကတည်းက ရိက္ခာပို့နိုင်ခြင်းမရှိတော့သောကြောင့် ၄င်းဒေသရှိ KIA တပ်ဖွဲ့ဝင်များမှာ အစာရေစာ ငတ်မွတ်ခြင်းဒဏ်ကို ခံနေရကြောင်း သိရပါတယ်။ “ ကျွန်တော်တို့ကို (၃) လပိုင်းက ရိက္ခာ တစ်ခါပို့တယ်။ အဲတုန်းကပို့တဲ့ ရိက္ခာက (၅) လပိုင်းကတည်း က ကုန်သွားပြီ ။ ထပ်လည်းလာမပို့တော့ဘူး။ တပ်မဟာကနေတော့ ရွာတွေက ဆန်တောင်းဖို့ ညွှန်ကြားချက် တော့ရှိတယ်။ ဇွန်လထဲတုန်းက တစ်အိမ်ကို တစ်တင်းစီတောင်းပြီးပြီ၊ တောင်းလို့ရတာလည်း တစ်လပဲ အစားခံ တယ်။ ထပ်တောင်းလို့လည်း မရတော့ဘူး။ သူတို့မှာလည်းပေးစရာ မရှိတော့ဘူး။ လူသတ်ရင် သတ်မှပဲ၊ ဆန်တော့မရတော့ဘူး ” ဟု တပ်ရင်း (၇) မှ အမည်မဖေါ်လိုသူ KIA တပ်ဖွဲ့ဝင် တစ်ဦးက ဆိုသည်။



 တပ်မဟာ (၁)ေ ဒ သတွင် အစာရေစာပြတ်လပ်မှုကြောင့် ရောဂါဖြစ်ပွားမှုလဲ များနေကြောင်း သိရ ပါတယ်။ “ ကျွန်တော်တို့ နယ်မြေမှာက တိုက်ပွဲဖြစ်တာ နည်းတော့ တိုက်ပွဲမှာသေတာ မရှိဘူး ၊ နေ မကောင်းဖြစ်ပြီး သေတာကများတယ် ၊ ဖျားရင်လည်း ဆေးကုဖို့က ဆရာဝန်မရှိဘူး။ တပ်မဟာမှ သူနာပြုဆရာမတစ်ယောက် တော့ ရှိတယ်။ သူလည်း ဘာမှမလုပ်တက်ဘူး ။ ခုဆိုဖျားပြီး သေတာက ကျွန်တော်တို့ တပ်ရင်းမှာတင် (၃၆) ယောက်ရှိနေပြီ ” ဟု အဆိုပါ တပ်ကြပ်က ဆက်လက်ပြော ကြားသွားပါတယ်။

 ရိက္ခာပြတ်ခြင်းဒဏ်ကို မခံနိုင်တော့သော KIA တပ်ဖွဲ့ဝင်များမှာ KIA အကြီးအကဲများအပေါ် ယုံကြည်မှုကင်းမဲ့ပြီး ထွက်ပြေးလျက်ရှိပါတယ်။ သြဂုတ်လမှ ယခု အောက်တိုဘာလအတွင်း တပ်မဟာ(၁) မှ ထွက်ပြေးသွားသူ (၄၉) ယောက် ရှိပြီ ဖြစ်ကြောင်းလဲသိရပါတယ်။

(မောင်ကျောက်ခဲ အဖွဲ့)
________________________________________________________________________
Print Friendly and PDF

1 ယောက် ဆွေးနွေးခဲ့တယ်:

Anonymous said...

Kachin Daily News မှာက ထွက်ပြေးတာ ၁၈ ယောက်တဲ့ ဘယ်သူက အမှန်တုန်း။

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ