Oct 27, 2012

Double ONE (11) Group ဂျာနယ် အယ်ဒီတာ၏ ကမ်းလှမ်းချက်

အစိုးရဟာကွက်များကိုသာ ဖော်ထုတ်ပြီး ၄င်းတို့ကို ဝေဖန်ပါက မကြိုက်သော မြန်မာအိခ်ပရက်စသော အတိုက်အခံများနဲ့ နိုင်ငံရေးသမားတို့၏ လျှို့ဝှက်ချက်များကိုဖော်ထုတ်ပေးသော ဆိုဒ်များကိုကြောက်သော အစိုးရအတိုက်အခံဟေ့ဆိုလျှင် အစိုးရဝန်ထမ်းများကို ဟောင်မိသော လမ်းဘေးခွေပင် မျက်နှာဖုံးတွင် တင်၍ ဂုဏ်ပြုသော Double ONE (11) ဂျာနယ်မှ ကျွန်တော်တို့ အား ယမန်နေ့က မေးလ် ပို့လာပါတယ် ။
" လူကြီးလူကောင်းမဆန်တဲံ့ ၊ ပရော်ဖက်ရှင်နယ် မကျတဲ့ ၊ နိုင်ငံတော် အတွက် အနှောင့်အယှက်ဖြစ်မဲ့ လူယုတ်မာတွေ အကြောင်းကို ကျွန်တော်တို့ ဂျာနယ်မှာ အခန်းဆက်ဆောင်းပါး ရေးပါလား ၊ စာမူခ ကောင်းကောင်းပေးပါ့မယ် " လို့ ပါရှိလာပါတယ် ။

အဲဒါနဲ့ ပဲ ကျွန်တော်တို့ မေးလ်တစ်စောင်ပြန်ပို့လိုက်ပါတယ် ။
"ခင်ဗျားတို့ရဲ့ Double ONE (11)ဂျာနယ်မှာ အလုပ်လုပ်နေတဲ့ လူတွေရဲ့ နေ့စဉ်မှတ်တမ်းတွေနဲ့ ကိုယ်ေ၇းအကျဉ်းတွေကို ပုံနှိပ်ဖော်ပြလိုကတာက ပိုပြီး ဈေးပေါမယ်ထင်ပါတယ် "


အခုချိန်ထိတော့ ဘာမေးလ်မှ ပြန်မဝင်လာသေးဘူးခင်ဗျ ။
 (မောင်ကျောက်ခဲ အဖွဲ့)
___________________________________________________________________________________
Print Friendly and PDF

3 ယောက် ဆွေးနွေးခဲ့တယ်:

Anonymous said...

Eleven
မင်းတို့ မီဒီယာတွေဟာ ဆိတ်လစိလိုပါဘဲလားကွာ ဟိုလူကောင်းမယ်ထင် ယင်ဟိုလူကိုကပ်တယ် ဒီသူအကြောင်းကို advertise လုပ်တယ် ဒီသူအကြောင်းနဲ့ မင်းတို စာစောင်တွေရောင်းရအောင်ကြိုးပမ်းတယ် ဒါဟာတကယ်တော့ တော်တော်အောက်တန်းစားဆန်တယ်ကွ။
သမ္မတကြီးဖြေမှမဟုတ်ဘူး မင်းမြန်မာနိုင်ငံသားစီစစ်ရေးကဒ်ပြားကိုင်ထား
တယ့်သူဟုတ်ချင်ဟုတ်မယ် ဒါပေမယ့်မင်းစိတ်ဓါတ်က ကျွန်ဖြစ်ချင်နေတာဘဲ ဒီမေးခွန်းကရှင်းတယ် ပြည်သူတွေတိုက်ခိုက်နေ
လို့မြန်မာနိုင်ငံက နောက်ပြန်လှည့်မသွားနိုင်ပေမယ့် မင်းတို့ရဲ့ဇတ်လိုက်
NLDပါတီကြောင့်ဒီပါတီရဲ့ ခေါင်းဆောင်ကြောင့်တော့ မြန်မာပြည်ဟာ ကျွန်နိုင်ငံပြန်ဖြစ်နိုင်တယ် ။
သူ့အဖေအသက်နဲ့ရင်းပေးလိုက်လို့ သူသားသမီးကဆက်လက်ထိမ်းသိမ်းတာတွေ ရှိသလို မိဘကမြေထောင် မြှေက်စိုက်ပျိုးခဲ့ပေမယ် သားသမီးကအမြစ်ကနေနုတ်ပြစ်တာလည်းရှိတာဘဲလေ ခု စုကြည်လုပ်နေတာက မြန်မာနိုင်ငံကို ပျက်စီးစေလိုတဲ့ဆန္ဒတစ်ခုတည်းနဲ့ တိုင်းတပါးလက်ဝါးကွပ်အပ်ဖို့ လမ်း
ကိုခင်းနေထာကွ တကယ်တော့ သူရထားတဲ့နိုဘယ်ဆုဆိုတာကလည်း
တိုင်းတပါးသားတွေက သူ့အတွက်တပ်ဆင်ပေးထားတဲ့ လက်နှက်တစ်
ခုဆိုတာ နားလည်တတ်တယ့်သူအားလုံးသိတယ်။
သိပေမယ့်မသိချင်ယောင်ဆောင်နေတယ့် ၀ိသမလောဘသားတွေကသာ မင်းတို့ဟာမကြီးကောင်းစားရေးအတွက်
တိုင်းပြည်ကိုအရောင်ပြမေးခွန်းတွေမေးပြီး လူကြီတွေအဖြေအမှားကို
စောင့်စားဖေါ်ပြလိုသောဆန္ဒရှိနေတာကတော့ သိပ်သိသာတယ်နော်။
မှန်တယ် အနုပညာသည် လုပ်လျှင်ပရိတ်သတ်ဝေဖန်တာခံနိုင်ရမယ်၊
ဆရာလုပ်လျှင် တပည့်တွေဝေဖန်တာခံနိုင်ရမယ်၊ ခေါင်းဆောင်လုပ်လျှင် အောက်လိုက်ငယ်သားဝေဖန်တာခံနိုင်ရမယ်၊ဒါတွေမခံနိုင်လျှင်မလုပ်သင့်ဘူးပေါ့ကွာ။
နောက်မင်းထပ်သိထားရမှာ ငါတို့နိုင်ငံမှာအခြေခံဥပဒေကို ပြုပြင်စရာ
မလိုဘဲ သမ္မတဖြစ်နိုင်တယ့်သူတွေ အများကြီးရှိသေးတယ်ဆိုတာဘဲ
အကြောင်းမလျှော်ညီလိုဘဲဖြစ်ဖြစ် မှားယွင်းလို့ဘဲဖြစ်ဖြစ် အရေးယူ
ခံကြရတယ့် နိုင်ငံခေါင်းဆောင်ဟောင်းတွေတောင် မင်းတို့အထင်
ကြီးလေးစားတယ့်သူထက်တော့ သမ္မတအရည်အချင်းရှိကြတယ်။
ဒါကိုမင်းတို့ သေသေချာချာ နားလည်ဖို့ဆိုတာတော်တော်ခက်လိမ့်
မယ်။ဘာကြောင့်လဲဆိုတော့ မင်းတို့စိတ်မှာ ကျွန်စိတ်စွဲကပ်နေလို့။
မင်းတို့မျက်စိထဲမှာ ကုလားနဲ့ အနောက်သားကျွန်ကို ဘုရားထင်နေ
လိုဘဲ။
ဒီနေငါရေးလိုက်တာကို လူတွေဆိုယင်လက်ခံနိုင်တယ်ဆိုတာ ယုံကြည်
လို့ရေးလိုက်တာဘဲ။

Unknown said...

ကောင်းလိုက်တဲ့ ဝေဖန်ချက် .......

Unknown said...

ကောင်းလိုက်တဲ့ ဝေဖန်ချက် ...

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ