Oct 26, 2012

အမျိုးသားဖွံ့ဖြိုးတိုးတတ်ရေး ဒီမိုကရက်တစ်ပါတီ ရခိုင်တွေကို စော်ကားပြီး ကုလားတွေကို ဖအေခေါ်ပြီ

From:လွင်အောင်စိုးရေးသားတင်ပြသည် ။ အခြေခံဥပဒေကို ဖောက်ဖျက်လျှင် နိုင်ငံရေးပါတီအဖြစ်မှ ပယ်ဖျက်သင့်သည်။ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးဒီမိုကရက်တစ်ပါတီ (National Democratic Party for Development) မှ ၂၅-၁ဝ-၂ဝ၁၂ နေ့ ထုတ်ပြန်သည့် ကြေညာချက်တွင် အကြောင်းပြချက် သက်သေ အထောက်အထား မရှိဘဲ စွပ်စွဲ ရေးသားထားသည်များကို အောက်ပါအတိုင်း တွေ့ရှိ သတိပြုမိပါသည်။




(၁) ရခိုင်တိုင်းရင်းသားတို့ကို အစွန်းရောက် ရခိုင်လူမျိုးဟု စွပ်စွဲရုံမက “ဒေသခံ အစ္စလမ်ဘာသာဝင်” ဆိုသော စကားလုံးကို တရားမဝင် သုံးစွဲ ရေးသားလာခြင်း။

(၂) ရခိုင်တို့က အစ္စလမ်ဘာသာဝင်တို့၏ နေအိမ်များကို မီးရှို့၊ လူသတ်၊ လုယက်သည်ဟု တဖက်သပ် ရေးသားလာခြင်း။ (၃) လုံခြုံရေးနှင့် ဥပဒေ ထိန်းသိမ်းဖို့ တာဝန်ယူထားသူတို့က အခင်းဖြစ်ပွားရာဒေသများရှိ အစ္စလမ် ဘာသာဝင်တို့ကို အကာအကွယ် မပေးဟု ရေးသားလာခြင်း။

 (၄) ကယ်ဆယ်ရေးပစ္စည်းများကို အစွန်းရောက် ရခိုင်တို့က လုယူနေခြင်းကြောင့် အစ္စလမ်ဘာသာဝင်တို့အား အစာရေစာဖြတ်ပြီး သေစေရန် ရည်ရွယ်သည်ဟု ရေးထားခြင်း။

 (၅) ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသည့် ပဋိပက္ခ သတင်းများကို ပြည်တွင်း မီဒီယာတချို့က ဘက်လိုက် ရေးသားသည်ဟု ဖော်ပြခြင်း။

 (၆) လူမျိုးတုန်း သတ်ဖြတ်မှုဆီကို ဦးတည်လာနေသည်ဟု ရေးထာခြင်း။

(၇) အနိုင်ကျင့်မှုများ ရှိသည်ဟု ရေးထားခြင်း။ အထက်ပါအချက်များသည် မြန်မာနိုင်ငံအတွင်း ဘာသာရေးနဲ့ လူမျိုးရေး မုန်းတီးမှုကို ပိုမို ဖြစ်ပေါ်စေပြီး အဓိကရုဏ်းများ ဖြစ်စေအောင် သွေးထိုးလှုံ့ဆော်နေကြောင်း သိသာထင်ရှားပါသည်။

ပိုမိုဆိုးဝါးသောအချက်မှာ နိုင်ငံတကာအလယ်တွင် မြန်မာနိုင်ငံ၏ ဂုဏ်သိက္ခာကို ကျဆင်းစေရန် ကြံစည် ဖန်တီးခြင်း ဖြစ်သည်။ ထိုမျှသာမကသေး၊ အထက်ဖော်ပြပါ မဟုတ်မမှန် စွပ်စွဲချက်များကို အားပြု၍ နိုင်ငံတကာမှ သက်ညှာသနားမှုကို ရယူရန် ကြိုးပမ်းခြင်း၊ မြန်မာနိုင်ငံအား နိုင်ငံတကာမှ အထင်အမြင် လွဲမှားစေရန် အားထုတ်ခြင်းလည်း ဖြစ်သည်။

အထူးသဖြင့် မြန်မာနိုင်ငံကို ဖဲ့၍ ရခိုင်ပြည်နယ်တွင် ရိုဟင်ဂျာ နိုင်ငံသစ် ထူထောင်ရန်အထိ ကြွေးကြော်ထားသော OIC မှ မြန်မာနိုင်ငံတွင်းသို့ ခြေကုပ်ဝင်ရောက်နိုင်စေမည့် အကြံအစည်ကို ဆက်လက် အကောင်အထည် ဖော်နေခြင်း ဖြစ်သည်။ ဖော်ပြပါအချက်တို့မှာ မြန်မာနိုင်ငံ ပျက်စီးရာ ပျက်စီးကြောင်းများကို ဖြစ်နေစေပါသည်။ လက်ရှိတွင် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာနှင့် တည်ငြိမ်ရေးတို့ကို ထိခိုက်စေသည်သာမက နောင်အနာဂတ်တွင် အခြားသော ဆိုးကျိုးများစွာကို ဖြစ်ပေါ်စေနိုင်မည့် အလားအလာများလည်း ရှိနေပါသည်။

သို့ဖြစ်ပါ၍ နိုင်ငံရေးပါတီတခုအနေဖြင့် ဥပဒေအရ မည်သို့ပင် မှတ်ပုံတင်ထားစေကာမူ ထိုသို့ကြိုးပမ်းနေသော အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးဒီမိုကရက်တစ်ပါတီ (National Democratic Party for Development) အား တရားဥပဒေကြောင်းအရ မြန်မာနိုင်ငံတွင် မတည်မငြိမ်ဖြစ်အောင် သွေးထိုးလှုံ့ဆော်မှုဖြင့် တရားစွဲသင့်ပါသည်။

၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄ဝ၄ နိုင်ငံရေးပါတီတရပ်သည်
 (က) ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေးနှင့် အချုပ်အခြာအာဏာ တည်တန့်ခိုင်မြဲရေးတို့ကို ဦးတည်ချက် ထားရှိရမည်။
(ခ) နိုင်ငံတော်၏ ကျေးဇူးသစ္စာကို စောင့်သိ ရိုသေရမည်ဟု အတိအလင်း ပြဋ္ဌာန်းထားသော်လည်း၊

ထို့ပြင် ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှ နိုင်ငံရေးပါတီများ ဆက်လက် ရပ်တည်ခွင့် မရှိခြင်းကိစ္စတွင်
ပုဒ်မ ၄ဝ၇ (ခ) အကြမ်းဖက်လုပ်ရပ်များကို ကျူးလွန်သည်ဟု နိုင်ငံတော်မှ သတ်မှတ်ထားသော အဖွဲ့အစည်းနှင့် ပုဂ္ဂိုလ်များအား တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်၍ဖြစ်စေ ဆက်သွယ်ခြင်း သို့မဟုတ် အားပေးကူညီခြင်း။
 (ဃ) ဘာသာရေးကို နိုင်ငံရေးအတွက် အလွဲသုံစားပြုခြင်းဟု အတိအကျ ပြဋ္ဌာန်းထားသော်လည်း

 အဆိုပါ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးဒီမိုကရက်တစ်ပါတီ (National Democratic Party for Development) သည် အထက်ဖော်ပြပါ ဖွဲ့စည်းပုံအခြေခံဥပဒေများကို လိုက်နာခြင်းမရှိဘဲ ဖောက်ဖျက်ကျူးလွန်ကြောင်း ထင်ရှားနေပါသဖြင့် ထိုပါတီအား နိုင်ငံရေးပါတီအဖြစ်မှ ပယ်ဖျက်သင့်ပါသည်။

(မောင်ကျောက်ခဲ အဖွဲ့)

_____________________________________________________________________
Print Friendly and PDF

4 ယောက် ဆွေးနွေးခဲ့တယ်:

Anonymous said...

MEG ၏တင်ပြချက်များအပေါ် ထောက်ခံအပ်ပါသည်။ တိုင်းပြည် ပြိုကွဲရေးအတွက် နောက်ကွယ်မှ ကြိုးကိုင်နေသော အဖွဲ့အစည်း အဖြစ် ရှု့မြင်မိသဖြင့် ထိရောက်သော အရေးယူဆောင်ရွက်မှု့များ ပြုလုပ်သင့်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များကပါ တင်ပြ တောင်းဆို ပေးနိုင်ပါရန် မေတာရပ်ခံအပ်ပါသည်။

Anonymous said...

MEG ဆိုတော့ ဒီဆိုဒ်က Myanmar Express နဲ့ ဘယ်လိုပတ်သတ်နေတာလဲ မြန်မာအိခ်ပရက်ရဲ့ ဆိုဒ်ခွဲလား???????

Anonymous said...

myanmar express group

Anonymous said...

မြန်မာနိုင်ငံလုံးဆိုင်ရာ အစလာမ်ဘာသာရေး အဖွဲ့ က ဗိုလ်ဆွန်ပက်လမ်း အမှတ်(214)တွင်ဖွင့်ထားတာတွေ့ရပြီး အထက်ဖော်ပြပါ ပါတီ လိပ်စာမှာ ဗိုလ်ဆွန်ပက်လမ်း အမှတ် (202/206)ဟုဖော်ပြထားသဖြင့် အထက်ပါ ပါတီ အနေ ဘာလဲဆိုတာ သိနိုင်ပါပြီ။

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ