Oct 22, 2012

မြန်မာကိုယ်စားပြု အလှမယ် နန်းခင်ဇေယျာ၏ မြန်မာပြည်သူများထံသို့ကျေးဇူးတင်စကား

အားလုံးကို နက်နက်ရှိုင်းရှိုင်း ကျေးဇူးတင်ပါတယ်လို့ ညီမပြောပါရစေ။ အားလုံးရဲ့ပံ့ပိုးကူညီမှုနဲ့ ညီမမျှော်လင့်ထားတဲ့ ဆုနှစ်ဆုကို ယူခဲ့နိုင်ပါပြီ။ ညီမနဲ့ထပ်တူအားလုံးပျော်ကြမယ်လို့လည်း ညီမယုံကြည်ပါတယ်။ ပြိုင်ဖက်တွေကြားမှာ၊ ဒိုင်တွေကြားမှာ၊ နိုင်ငံတကာမှာ မြန်မာနိုင်ငံသားတွေနဲ့ မြန်မာနိုင်ငံကို အံ့သြသွားရအောင်၊ အသိအမှတ်ပြုသွားရအောင် အတိုင်းအတာတစ်ခုအထိတော့ ညီမတို့လုပ်ပြနိုင်ခဲ့တယ်လို့ ညီမယုံကြည်ပါတယ်။ ညီမရဲ့ရှေ့ဆက်လှမ်းရမယ့် နေ့တွေမှာလည်း ညီမကိုအားပေးကူညီခဲ့ကြတဲ့ မြန်မာနိုင်ငံသားတွေရဲ့ စေတနာတွေ၊ မေတ္တာတွေကို မမေ့ဘဲ၊ အကောင်းဆုံး ဖြစ်အောင် ညီမလျှောက်လှမ်းသွားပါ့မယ်။ ညီမ တတ်နိုင်တဲ့အပိုင်းကနေ မြန်မာလူမျိုးနဲ့ မြန်မာနိုင်ငံကို နိုင်ငံတကာက အသိအမှတ်ပြုအောင် အမြဲတမ်းကြိုးစားသွားပါ့မယ်လို့ ဒီနေရာကနေ အားလုံးကို ညီမကတိပေးလိုက်ပါတယ်။ ညီမချစ်တဲ့ မြန်မာနိုင်ငံသားအားလုံး အားလုံး စိတ်ရောကိုယ်ပါ ကျန်းမာ ချမ်းသာကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
 ချစ်ခြင်းများစွာနဲ့
 နန်းခင်ဇေယျာ
____________________________________________________________________
Print Friendly and PDF

1 ယောက် ဆွေးနွေးခဲ့တယ်:

Anonymous said...

အစ်မရေကြိုးစားထား.... :-)

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ