from:ခေတ်လူငယ်
တရုတ်ရေတပ်သည် နိုင်ငံအတွင်းရှိ ပင်လယ်ငါးဖမ်း လုပ်ငန်းစီမံခန့်ခွဲရေးအဖွဲ့နှင့် ရေကြောင်း ဆိုင်ရာ စောင့်ကြည့်ရေး အေဂျင်စီတို့နှင့် ပူးပေါင်း၍ ပူးတွဲစစ်ရေးလေ့ကျင့်မှု တစ်ရပ်ကို အောက်တိုဘာ ၁၉ ရက်တွင် စတင်ခဲ့ကြောင်း သိရသည်။
ခိုးဝင်လာသော ငါးဖမ်းသဘောင်္များအားဖမ်းဆီးခြင်း အား တရုတ်ရေတပ်လေ့ကျင့်နေစဉ် |
အဆိုပါ စစ်ရေးလေ့ကျင့်မှုကို ငါးဖမ်းလုပ်ငန်း စီမံခန့်ခွဲရေးအဖွဲ့မှ ကင်းလှည့်ရေယာဉ်များနှင့် ရေတပ်သုံး ကင်းလှည့် သင်္ဘောများအကြား နိုင်ငံ၏ ရေပိုင်နက်၊ အချုပ်အခြာအာဏာနှင့် ရေကြောင်းဆိုင်ရာ အကျိုးစီးပွားများအား ကာကွယ်ရာတွင် စွမ်းရည်တိုးမြှင့်ရေးအတွက် ရည်ရွယ်ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ စစ်ရေးလေ့ကျင့်မှုတွင် အရှေ့တရုတ် ပင်လယ်ရေတပ်ဖွဲ့၏ စစ်သင်္ဘောအုပ်စုမှ သင်္ဘော ၁၁ စင်းပါဝင်ပြီး ပင်လယ်ငါးဖမ်းလုပ်ငန်းဆိုင်ရာ စီမံခန့်ခွဲရေးအဖွဲ့နှင့် ရေကြောင်း ဆိုင်ရာ စောင့်ကြည့်ရေး အေဂျင်စီတို့မှ လေယာဉ်ရှစ်စင်း ပါဝင်လေ့ကျင့်ခဲ့ကြကြောင်း သိရသည်။
(မောင်ကျောက်ခဲ အဖွဲ့)
_______________________________________________________________________
0 ယောက် ဆွေးနွေးခဲ့တယ်:
Post a Comment
မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။