Oct 25, 2012

KIO နှင့် အစိုးရ ယခုလကုန် ထပ်တွေ့မည်

From:

ယခင်က နှစ်ဖက်တွေ့ဆုံမှုများရှိခဲ့သော်လည်း တပ်ပိုင်းဆိုင်ရာကိစ္စများတွင် ဆွေးနွေးမှု အဆင်မပြေဖြစ်ခဲ့ရသဖြင့် ဆွေးနွေးပွဲများ ရှေ့ မဆက်နိုင်ဘဲဖြစ်ရကြောင်း၊ ယခုအကြိမ်တွင် ယင်းကိစ္စများကို ဆွေးနွေးနိုင်ရန် စစ်ဘက် ဆိုင်ရာ တာဝန်ရှိသူများ ပါလာနိုင်ပြီး ဖြေ ရှင်းသွားနိုင်မည် ဟုမျှော်လင့်ရကြောင်း ဦးဆန်းအောင် က ပြောသည်။
 “ဒီအချိန်မှာတော့ အဓိက ကတော့ ဘယ်ဘက် ကပဲဖြစ်ဖြစ်၊ စစ်ရေးလှုပ်ရှားမှုကိုတော့ အတတ်နိုင် ဆုံး ထိန်းသိမ်းသွားရင်တော့ အကောင်းဆုံး ဖြစ်မယ်လို့ယူဆပါတယ်၊ ထိန်းသိမ်းနိုင်ခဲ့ရင်တော့ သေချာပေါက် အတိုင်းတာတခုထိ ယုံကြည်မှုရမယ်လို့ ထင်ပါ တယ်၊ အခုဟာ ယုံကြည်မှုမရှိလို့ဘဲ ပျက်ပျက်နေတာ”ဟု ဦးဆန်းအောင် က ပြောဆိုသည်။


 ယခုနှစ် ဇွန်လ ၂၀ ရက်နေ့က ဦးအောင်မင်းနှင့် KIO ခေါင်းဆောင်များ မိုင်ဂျာယန်ဒေသတွင် နောက်ဆုံး တွေ့ဆုံခဲ့စဉ် နှစ်ဖက် တပ်များ တင်းမာနေသည့် စစ်ရေးကိစ္စများ ပြေလည်ရေးအတွက် တွေ့ဆုံရန် စီစဉ်ထားခဲ့ကြသည်။ ထိုအချိန်က ကေအိုင်အေ အလိုကျ တရုတ်နိုင်ငံ ရွှေလီမြို့တွင် ကချင် လွတ်လပ်ရေး တပ်မတော်(KIA) ဒု စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဂွန်မော်နှင့် အစိုးရ ဒု တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စိုးဝင်းတို့ တွေ့ဆုံဆွေးနွေးရန် စီစဉ်ခဲ့သော်လည်း ဗိုလ်ချုပ်ကြီး စိုးဝင်း အနေဖြင့် ရွှေလီမြို့သို့ သွားရောက်ရန် အခက်အခဲရှိသည့်အတွက် အစီအစဉ် အကောင်အထည် မပေါ်ခဲ့ကြောင်း သိရသည်။ အစိုးရ ငြိမ်းချမ်းရေးအဖွဲ့မှ ၀န်ကြီး ဦးအောင်မင်းကမူ ကချင်ဒေသ စစ်မြေပြင်သို့ ရောက်ရှိနေသည့် အစိုးရတပ်များကို တဆင့်ချင်း ရုပ်သိမ်းသွားမည်ဟု ပြောကြားခဲ့သော်လည်း ယခုတွေ့ဆုံပွဲတွင်လည်း သဘောတူညီချက် တစုံတရာ မရရှိသေးပေ။

(မောင်ကျောက်ခဲ အဖွဲ့)
______________________________________________________________________
Print Friendly and PDF

0 ယောက် ဆွေးနွေးခဲ့တယ်:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ