၂၀၁၄ ခုနှစ် မတ်လ ၃၀ ရက်မှ ဧပြီလ ၁၀ ရက်အတွင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနက ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူရန်အတွက် သန်းခေါင်စာရင်း (Logo) ရွေးချယ်ရန် မည်သူမဆို ပေးပို့ယှဉ်ပြိုင်နိုင်သည်။
ပြိုင်ပွဲတွင် ရွေးချယ်ခြင်းခံရပါက သန်းခေါင်စာရင်း (Logo) အတွက် (ငွေကျပ်ငါးသိန်း) ကို ချီးမြှင့်မည်ဖြစ်သည်။ သန်းခေါင်စာရင်း (Logo) အတွက် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်တွင် ဆောင်ရွက်မည်ဆိုသည့် အဓိပ္ပါယ်၊ ခေတ်မီဖွံ့ဖြိုး တိုးတက်သော နိုင်ငံတော်သစ် တည်ဆောက်ရာတွင် သို့မဟုတ် အရေးကြီးသော စီမံကိန်းများ ရေးဆွဲ အကောင် အထည်ဖော်ရာတွင် လူဦးရေသည် မည်မျှ အရေးပါကြောင်းကို ဖော်ညွှန်းသည့်အဓိပ္ပါယ် ပေါ်လွင်စေသော ရေးဆွဲချက်၊ ပြည်ထောင်စု တိုင်းရင်းသားအချင်းချင်း ချစ်ကြည်ရင်းနှီးမှု ဖော်ဆောင်သည့် ရေးဆွဲချက်၊ မိမိရေးဆွဲ ယှဉ်ပြိုင်သည့် ပန်းချီ သို့မဟုတ် Graphic Design တွင် ရေးဆွဲထားသော အကြောင်းအရာနှင့် အသုံးပြုထားသည့် အရောင်တို့၏ အဓိပ္ပါယ် ရှင်းလင်းဖွင့်ဆိုချက်တို့ ပါဝင်ရမည်။
သန်းခေါင်စာရင်း (Logo) အတွက် သတ်မှတ်ချက်များမှာ-
မိမိရေးဆွဲထားသော ပန်းချီကား Graphic Design နှင့် Soft Copy (CD) များကို ကိုယ်တိုင်ရေးဆွဲထားကြောင်း ဝန်ခံချက်၊ ဆက်သွယ်ရန် လိပ်စာအပြည့်အစုံတို့ကို လူကိုယ်တိုင် လာရောက်ပို့ဆောင်၍ ဖြစ်စေ၊ ရာသီဥတုကြောင့် မပျက်စီးစေရန် လုံခြုံစွာ ထုပ်ပိုးထားသော အမြန်ချောပို့စနစ်ဖြင့်ဖြစ်စေ ရုံးအမှတ် (၄၈) လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်သူ့အင်အားဦးစီးဌာန၊ နေပြည်တော်သို့ ပေးပို့ရမည်ဖြစ်ကြောင်းနှင့် ရွေးချယ်ခြင်းခံရသူအား နေ့စဉ်ထုတ် သတင်းစာများ၌ ကြေညာ၍ ဆုချီးမြှင့်ပွဲ ကျင်းပမည်ဟု ထုတ်ပြန်ကြေငြာခဲ့သည်။
(မောင်ကျောက်ခဲ အဖွဲ့)
__________________________________________________________________

- နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ထိခိုက်စေနိုင်သော အခြားမည်သည့် အဖွဲ့အစည်းများ၏ တံဆိပ်များ၊ သင်္ကေတများ မပါရှိစေရ။

- ကိုယ်ပိုင်ရေးဆွဲထားသော (Logo) ဖြစ်ရမည်။
- ပြိုင်ပွဲဝင်မည့် (Logo) များသည် မည်သည့်ပြိုင်ပွဲများတွင်မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်း မရှိရ။
- တစ်ဦးလျှင် အများဆုံး သုံးခုအထိ ရေးဆွဲပေးပို့နိုင်သည်။
- ပြိုင်ပွဲဝင်မည့် (Logo) များကို ပြည်သူ့အင်အားဦးစီးဌာနသို့ ၂၀၁၂ ခုနှစ် နိုဝင်ဘာ ၁၄ ရက် နောက်ဆုံးထား၍ ပေးပို့ရမည်။
- ရွေးချယ်သော (Logo) သည် ပြည်သူ့အင်အား ဦးစီးဌာန၏ မူပိုင်ဖြစ်ပြီး ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ယူရေးနှင့် ပတ်သက်သော လုပ်ငန်းကိစ္စအဝဝတွင် အသုံးပြုခွင့်ရှိသည်။
မိမိရေးဆွဲထားသော ပန်းချီကား Graphic Design နှင့် Soft Copy (CD) များကို ကိုယ်တိုင်ရေးဆွဲထားကြောင်း ဝန်ခံချက်၊ ဆက်သွယ်ရန် လိပ်စာအပြည့်အစုံတို့ကို လူကိုယ်တိုင် လာရောက်ပို့ဆောင်၍ ဖြစ်စေ၊ ရာသီဥတုကြောင့် မပျက်စီးစေရန် လုံခြုံစွာ ထုပ်ပိုးထားသော အမြန်ချောပို့စနစ်ဖြင့်ဖြစ်စေ ရုံးအမှတ် (၄၈) လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်သူ့အင်အားဦးစီးဌာန၊ နေပြည်တော်သို့ ပေးပို့ရမည်ဖြစ်ကြောင်းနှင့် ရွေးချယ်ခြင်းခံရသူအား နေ့စဉ်ထုတ် သတင်းစာများ၌ ကြေညာ၍ ဆုချီးမြှင့်ပွဲ ကျင်းပမည်ဟု ထုတ်ပြန်ကြေငြာခဲ့သည်။
(မောင်ကျောက်ခဲ အဖွဲ့)
__________________________________________________________________

0 ယောက် ဆွေးနွေးခဲ့တယ်:
Post a Comment
မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။