Oct 23, 2012

မဲ (၁ရ) သန်းဖြင့် ဆန်ကာတင်သူ( နန်းခင်ဇေယျာ နှင့် အမေးအဖြေ) အပြည့်အစုံအားပြန်လည်ဖော်ပြချက်


From:July Moe

  •  (၁)နန်းခင်ဇေယျာ = ပထမ စရောက်စ ... စစချင်း ဆိုရင် မြန်မာဆိုတာ ဘာမှန်းေ တာင် ရှိမှန်းမသိဘူး၊ အခုက မြန်မာနိုင်ငံ က လူတွေ က အင်တာနက်မှာ Vote လုပ်ပေးတဲ့သူတွေကများတော့ သူများတွေက မြန်မာနိုင်ငံဆိုတာကို စိတ်ဝင်စားလာတယ်။ မြန်မာအ၀တ် အစား က အစ စိတ်ဝင်စားလာတယ်။ အဲဒါတွေကတော့နော် ... ကိုယ့်ရဲ့ မြန်မာအတွက်က ဂုဏ်ယူစရာပေါ့။ '
  • (၂)မေး = အင်တာနက်ကနေ Vote ပေးတဲ့ မဲပေးတဲ့သူအရည်အတွက် က ဘယ်လိုအခြေအနေရှလဲခင်ဗျာ့ (၃)နန်းခင်ဇေယျာ = မဲပေးတဲ့သူအရည်အတွက်ကတော့ ဟိုဟွာ (၁၇) သန်းလောက်ရောက်သွားပြီးတော့ အခုက ညီမက အများဆုံး List ထဲဝင်သွားပြီး မြန်မာနိုင်ငံဘက်က လူတွေကပေါ့နော် ... ဒီကွန်ပြူတာ ပိုင်းမှာ အရမ်းကျွမ်းကျင်တဲ့အတွက်ကြောင့်မို့ လို့  ညီမကို ဘယ်လို Vote လုပ်ရမယ်ဆိုတာ အဲဒါ သူတို့  Share ပြီးတော့ သူတို့ ဆက်ပြီး တော့ Vote လုပ်ပေးတယ်ပေါ့။ 
  •  
  • (၄)မေး = အခုပထမဆုံး မြန်မာနိုင်ငံက ကိုယ်စားပြုပြီးတော့ဝင်ပြိုင်ရတဲ့ အပေါ်မှာရော ဘယ်လိုခံစားမူတွေဖြစ်လဲခင်ဗျာ့ - 
  • (၅)နန်းခင်ဇေယျာ = ဟုတ်... ဒီလိုမျိုးလာပြိုင်ရတယ်ဆိုတာလည်း ကိုယ်က ပထမဦးဆုံးပါ။ ပြီးတော့ ညီမကိုဖိတ်တာလည်း ရက်က သိပ်မရှိဘူး။ ညီမမှာ ပြင်ဆင်ချိန်တွေ ဘာမှမရှိခဲ့ဘူးပေါ့။ ပြင်ဆင် ချိန်ဘာမှမရှိပဲ ကိုယ်ရအောင်ကြိုးစားခဲ့တယ်... စိတ်ရောလူရော ပဲပေါ့နော်။ 
  • (၆)မေး = ရှမ်း-ပအိုဝ့် တိုင်းရင်းသူတယောက်အနေနဲ့  မယ်အလှပြိုင်ပွဲ မျိုးဝင်ရတယ် - ပြီးတော့တခါ ရေကူးဝတ်စုံတွေဘာတွေ ၀တ်ရတဲ့ အပေါ်မှာရော ဘယ်လိုခံစားရလဲ။ မြန်မာ့ယဉ်ကျေးမူနဲ့ ကြည့်မယ် ဒါမှမဟုတ် ကိုယ့်ရဲ့အနေနဲ့ ပေါ့ 
  • (၇) နန်းခင်ဇေယျာ = ဟုတ် ... ဒီ... ဂျပန်ကနေ ညီမကိုပြိုင်ပွဲဝင်ဖို့  လျှောက်လွှာခေါ်တဲ့အချိန်မှာ ညီမက Swim Suite နဲ့ ပြိုင်ရမယ် ဆိုတာ သူတို့ ပြောတယ်ပေါ့။ အဲဒီတော့ ညီမက မြန်မာနိုင်ငံက လူတွေခွင့်ပြုမလား မပြုလား ဆိုတာ ညီမအရင်မေးတယ်ပေါ့။ အဲသည်တော့သူတို့ က ခွင့်ပြုတယ်တဲ့။ အိုကေ ဆိုတော့မှ ညီမ သွားတာပါ။ ပြီးတော့ ဘယ်လိုပြောမလဲ ညီမက Swim Suite ၀တ်တဲ့အပေါ်မှာလည်းပဲ ဘယ်လိုပြောမလဲ ကိုယ့်ကိုယ်ကို Confidence သိပ်မရှိပါဘူး။ ဘာပြုလို့ လဲဆိုတော့ ကိုယ့်ကို မြန်မာနိုင်ငံက ပြောကြမယ်ဆိုတာလည်း ညီမသိပါတယ်။ ဒါပေမဲ့လည်း ပွဲမှာ ကိုယ်ပြိုင်ရမယ်ဆိုတာ စိတ်ထဲမှာထားပြီး တော့ ညီမပြိုင်နေတယ်ပေါ့။ မေး = ရိုးရာ ၀တ်စုံတွေရော ၀တ်ဖြစ်လားခင်ဗျာ့ 
  • (၈) နန်းခင်ဇေယျာ = ရိုးရာဝတ်စုံတွေလည်း ၀တ်ဖြစ်တယ်ပေါ့။ ညီမ .... ဟိုဟာလေ ... ရှမ်းအကနဲ့ လည်း ဖျော်ဖြေခဲ့ပြီးပါပြီ။ 
  • (၉) မေး = အဲသည်တော့ ပြိုင်ပွဲက ဘယ်နေ့ မှာ အပြီးသတ် ကြေညာမလဲ - အလားအလာဘယ်လိုရှိမလဲခင်ဗျာ့ 
  • (၁၀)နန်းခင်ဇေယျာ = ပြိုင်ပွဲကတော့ (၂၁) ရက်နေ့ ပြိုင်ရမယ်ပေါ့။ (၂၁) ရက်နေ့ ပြီးသွားတဲ့အချိန်မှာ ညီမတို့ ထဲက ဆန်ကာတင် (၅) ယောက်ရွေးမယ်။ ပြီးကျရင်အဲ့သည် Special Prize တွေ ပေါ့နော်။ ဥပမာ - Miss Friendship တို့ Miss Internet တို့  ရမယ်ပေါ့နော်။ အဲသည်လိုရမယ်ဆိုရင် ညီမတို့ က (၂၇) ရက် နေ့ အထိနေရမှာပါ။ အကယ်၍မရဘူးဆိုရင် (၂၂) ရက်နေ့  ကျရင် ကိုယ့်နေတဲ့ နေရာကိုပြန်ရမှာပါ။ 
  • (၁၁) မေး = အဲသည်တော့ ကိုယ့်အနေနဲ့ ဘယ်လိုဆုတွေရမယ်လို့  မျှော်လင့်ထားလဲချင်ဗျာ့ -
  •  (၁၂)နန်းခင်ဇေယျာ = (ရယ်လျှက်) ဘယ်လိုဆုတွေရမယ်လို့ မျှော် လင့်ထားလဲဆိုတော့ ... ကိုယ့်ဘက်ကတော့ အကောင်းဆုံးလုပ် ထားပါတယ်။ ကိုယ့်ကြိုးစားမူရဲ့ရလဒ်အပေါ်မှာပဲပေါ့နော်... ညီမ မျှော်လင့်တယ်။ ပြီးတော့ ဒီအင်တာနက်ကနေ Vote လုပ်ပေးတဲ့ လူတွေလည်း ... အတိုင်းမသိဝမ်းသာတယ်... ညီမကထိပ်ဆုံး ဖြစ်နေတယ်ဆိုတာကိုပေါ့နော်။ အခုဆိုဒီမှာဆို ညီမကို ဒီအထဲက လူတွေကပြောနေကြတယ်.... Internet ဆုရမယ်ပေါ့နော် .... ဒါပေမဲ့ ဆုရတာတွေ မရတာတွေထက် ... ညီမဒီ Experience ရသွားရင် မြန်မာနိုင်ငံကိုပေါ့နော် ... ဂုဏ်ပြုနိုင်တဲ့ ... မြန်မာနိုင်ငံ ဆိုတာ ဘာပါလား .... မြန်မာနိုင်ငံဆိုတာ ဘယ်မှာရှိပါသလဲ ... မြန်မာနိုင်ငံရဲ့ဝတ်စားဆင်ယင်မူက ဘာပါလား ... ဆိုတာ ... သိသွားတာကို ညီမကျေနပ်တယ်ပေါ့နော်။----။

(မောင်ကျောက်ခဲ အဖွဲ့)
______________________________________________________________________

Print Friendly and PDF

0 ယောက် ဆွေးနွေးခဲ့တယ်:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ